Tuesday, July 9, 2019

အခု​တော့ ​နေတက်​ပါပြီ

#စာနာတတ်ပါတယ်
အရင်လိုတော့ 
သဘောမကောင်းရဲတော့ဘူး
ကိုယ်ပေးတဲ့ စေတနာတွေနဲ့ ပဲ 
ပြန်စော်ကား သွားကြတယ်လေ …

သနားတတ်ပါတယ်
အရင်လိုတော့
မလိုက်လျောရဲတော့ဘူး
ကိုယ်ပေးတဲ့မေတ္တာတွေကို
အဆိပ်ခတ်သွားကြတယ်လေ …

ကိုယ်ချင်းစာတတ်ပါတယ်
အရင်လို နေရာတကာ
မလိုက်လျောရဲတော့ဘူး
ကိုယ်ရဲ့သနားစိတ်နဲ့ ကိုယ့်စိတ်ကို
သတ်သွားကြတယ်လေ…

အားနာတတ်ပါတယ်
အရင်လိုလူတိုင်းကို 
မကူညီရဲတော့ဘူး
ကိုယ့်ရဲ့ အကူညီနဲ့ ပဲ 
ဒုက္ခတွေချန်ထားသွားကြတယ်လေ…

ဟန်မဆောင်တတ်တဲ့စိတ်
မာယာ မသုံးတတ်တဲ့စိတ်
သနားတတ်တဲ့စိတ် 
အဲ့ဒီအရာတွေကပဲ
အမြဲတမ်း အရှုံးဖက်ကနေခဲ့ရတယ် ။

အခုတော့  နေတတ်ပါပြီ 
ကမ္ဘာပေါ်မှာ သနားစရာ
အကောင်းဆုံးလူဟာ
ငါပါလားလို့  ကိုယ့်ကိုယ်ကိုယ်
သနားလာတတ်ပြီးတဲ့နောက်
ရှုံးနိမ့်ခြင်းတွေကို မလိုလားတော့သလို
မျက်ရည်တွေလည်း မစတေးချင်တော့ဘူး …

လူတိုင်းအပေါ် စေတနာထားလို့  
မရနိုင်ဘူးဆိုတာလည်း သိခဲ့ရပြီးပြီ
ယုံကြည်မှုဆိုတာလည်း 
လူတိုင်းနဲ့ မထိုက်တန်တာမို့ 
လိုအပ်သူတွေကိုသာ ပေးဝေလိုက်ပြီး
အရင်လို ပူလောင်မှုတွေ မရှိတဲ့ 
ကိုယ်ပိုင်တဲ့နေရာလေးထဲ
တိတ်တဆိတ်ပဲ နေထိုင်လိုက်ပါတယ် ။

Crd_MayNoe


No comments:

Post a Comment