ကိုယ့်ဘဝကို ကိုယ်တိုင် ဆေးခြယ်ရင်း
ဆန့် ကျင်ဖက်ကလာတဲ့ စကားတိုင်း
ပြန်တုန့် ပြန်နေရင် ကိုယ်ဟာ ငပေါတစ်ယောက် ဖြစ်သွားမှာပေါ့ .
မလိုလို့  ပြောကြတဲ့ စကားတိုင်း လိုက်ခံစားနေရင်
ကိုယ်ဟာ လူညံ့တစ်ယောက်လို့  ဝန်ခံသလိုဖြစ်သွားမှာပေါ့။
မြှောက်ပင့်တဲ့စကားတွေတိုင်း လိုက်သာယာနေရင်
အရည်ချင်း မရှိသူဖြစ်သွားမှာပေါ့ ။
သွေးထိုးတဲ့စကားတိုင်း လိုက်ယုံနေရင်
ကိုယ့်တန်ဖိုး ကိုယ်မသိသူ ဖြစ်သွားမှာပေါ့ ။
လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးရမှာ ဖြစ်သလို
ကိုယ့်ဘဝကို ကိုယ်တိုင်ဆေးခြယ်တာပဲ ကောင်းပါတယ် ။
ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်အလုပ်ကို တစိုက်မတ်မတ်လုပ်မယ်
မှားသော်ရှိ မှန်သော်ရှိ ကိုယ်တိုင်ခံယူတတ်တာအမှန်ဆုံးသော နေထိုင်မှုပဲ ။
လူတွေဆိုတာ " မလိုတမာ လိုသကာ " ဆိုသလိုပဲ
ကောင်းခြင်ရင်လည်း သူတို့ ပဲ မကောင်းရင်လည်း
သူတို့ နှုတ်တင် ဖန်တီးတတ်တာ သဘာဝလေ ။
ကိုယ့်ဘဝနဲ့ ဆိုင်တဲ့ အကြောင်းမှန်သမျှ တပါးသူတွေကို
ဝင်မပါစေပဲ ကိုယ်စိတ်နဲ့  ကိုယ်ရှင်သန်ရတာ တွေဝေမှုလည်း မရှိဘူး လွတ်လပ်ပေါ့ပါးစေတယ် ။
ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေပေါ်ရပ်တည်ဖို့  ကြိုးစား
ခြင်းဟာ ပင်ပန်းစေရင်တောင် ဘယ်သူ့ မျက်နှာမှ ငဲ့စရာ
မလိုအပ်ပါဘူး အေးချမ်းတယ် ။
ဒါကြောင့် ဘယ်သူတွေက နောက်ကွယ်မှာ ဘယ်လို
ပြောပြော ကိုယ့်လုပ်ရပ်တွေမှန်နေသရွေ့  ပြန်ရှင်းပြဖို့ 
စိတ်မဝင်စားဘူး ။
ဘယ်နားက ကြားရင် ညာဖက်နားက ထုတ်ပစ်လိုက်တယ်
ညာဖက်နားက ကြားရင် ဘယ်ဖက်နားကထုတ်ပစ်
လိုက်တယ် ။
ကိုယ်မသိအောင် နောက်ကွယ်က ဘယ်ပုံစံနဲ့ တိုက်ခိုက်
ကြပါစေ အမှန်တရားကို လက်ကိုင်ထားပြီး
သာသာယာယာပဲ ပြန်တုန့် ပြန်ဖို့  အာရုံမလာဘူး ။
ချစ်သူတစ်ရာရှိရင် မုန်းသူတစ်ရာရှိတဲ့ လောကကြီးထဲ
မလိုသူတစ်ထောင်ရှိနေပါစေ လိုသူ တစ်ရာရှိရင် ပြည့်စုံပြီ ။
မာနကြီးတာ ၊ ပါတ်ဝန်းကျင်ကို ဂရုမစိုက်တာတော့ မဟုတ်ဘူး ။
တခါတလေ လူတွေက တန်ဖိုးထားရမဲ့ အရာကို
တန်ဖိုးမဲ့အောင် လုပ်တတ်ကြသလို !
တချို့ အရာတွေက ရှင်းပြလေ ရှုပ်လေ ဖြစ်သွား
စေတတ်သလို !
လူတချို့ က စေတနာ မေတ္တာကို အလကားရတယ်
ထင်တတ်ကြလို့  !
ကိုယ့်ဘဝနဲ့  ကိုယ်ပဲ အကောင်းဆုံးဖြစ်အောင်
ဆေးခြယ်ရင်း အပြစ်လွတ်အောင်နေလိုက်ပါတယ် ။
#MayNoe
Credit
No comments:
Post a Comment