Thursday, July 25, 2019

နာကျင်နေသူများသို့ပေးစာ..

နာကျင်နေသူများသို့ပေးစာ..
____________________

ကိုယ့်ကိုအချိန်မပေးနိုင်တဲ့သူတွေကို
ကိုယ်ကအချိန်မပေးနိုင်တဲ့ အထိပြောင်းလဲပါ

ကိုယ့်ကို ဂရုမစိုက်နိုင်တဲ့သူတွေကို
ကိုယ်က မေ့နိုင်လောက်တဲ့အထိပြောင်းလဲပါ

ကိုယ့်အတွက် အနာဂါတ်မရှိတဲ့သူတွေကို
ကိုယ့်အနာဂါတ်မှာ သူမပါတော့တဲ့အထိပြောင်းလဲပါ

ပေးဆပ်​ဖို့ပဲမကြိုးစားနဲ့ စွန့်​လွှတ်​ဖို့လည်းကြိုးစားပါအုံး
ဖမ်းဆုတ်​ထားလို့ နာကျင်​​နေပြီလား
လွှတ်​ချဖို့ သင်​​မေ့​နေတယ်​ဆို သတိထားပါ
လိုအပ်တာသယ်ပါ
မလိုအပ်တာ ဖယ်ပါ
အသုံးမဝင်နိုင်တော့တာတွေအတွက်
သွားရမယ့်လမ်းမှာ နှောင့်နှေးမှုမဖြစ်ပါစေနဲ့..

ကျေနပ်လိုက်ပါ
ကိုယ် အကောင်းဆုံးပေးဆပ်ခဲ့ပြီးပြီပဲ
အကောင်းဆုံးတွေပေးခဲ့တဲ့ကိုယ့်ကို
တစ်နေ့ သူတို့
ကောင်းကောင်းကြီးပြန်လွမ်းနေလိမ့်မယ်
တန်ဖိုးဆိုတာ လိုအပ်တဲ့အချိန်မှာ ပိုသိတာပါ
လူတစ်ယောက်ရဲ့တန်ဖိုး
အဲ့ဒီလူ မရှိတဲ့အချိန် သိပါလိမ့်မယ်..။

ကိုယ့်ကိုကိုယ် သတိပေးပါ
ကိုယ့်ဘဝနစ်မွန်းအောင်လောက်ထိ
ကြေကွဲရင်း အချိန်တွေမဖြုန်းတီးပါနဲ့တော့.။
ဘဝကရှေ့ကိုဆက်နေရဦးမှာ
ပြဿနာတစ်ခုခုကြောင့် ရပ်တန့်ထားရင်
ဘဝပါနာရလိမ့်မယ်
ကိုယ့်ကိုကိုယ်သာ အကောင်းဆုံးပြင်ဆင်လိုက်ပါ..။

ခရက်ဒစ် Daw Gyi Mhone

No comments:

Post a Comment