Friday, July 26, 2019

"" တူ​သောအကျိုး ""

"" တူ​သောအကျိုး ""
******************

•• ကိုယ့်ဒဏ်ရာတွေ သက်သာချင်လား.....?
အခြားသူတွေရဲ့ ရင်ထဲကဒဏ်ရာတွေကို
နားလည်ဖြေသိမ့်ပေးပါ ~~~

•• ကိုယ်တန်ဖိုးထားရတဲ့ အရာတွေ
ဆုံးရှုံးရမှာ ကြောက်နေလား.....?
အခြားသူတန်ဖိုးထားတဲ့အရာတွေ ကိုယ်ကြောင့်
မဖျက်စီးမိအောင် သတိထားပါ ~~~

•• ကိုယ်ချစ်တဲ့သူနဲ့
ရှင်ကွဲခွဲခွာရမှာကြောက်နေလား.....?
အတ္တတွေလျှော့ပြီး ပိုင်ရှင်ရှိပြီးသားသူကို
မသိမ်းသွင်းမိအောင် သတိထားပါ ~~~

•• ကိုယ့်ကိုယ် အများကအထင်သေးမှာ
ကြောက်နေလား.......?
အခြားသူရဲ့ အားနည်းချက်ကို ကိုယ့်ကြောင့်
အရှက်မကွဲရအောင် မလှောင်ပြောင်မိအောင်
သတိထားပါ ~~~

•• ကိုယ့်ဘဝမှာ ကံကောင်းခြင်းတွေ
ပြည့်စုံချင်လား......?
မိဘကျေးဇူးကို သိတတ်ပြီး
စိတ်ကောင်းမွေးပါ ~~~

•• လောကကြီးက မျှတပါတယ်
ကိုယ်ပေးသမျှ ကိုယ်လုပ်ဆောင်ခဲ့သမျှကို
သူက တန်ပြန်ပေးမှာ ဖြစ်ပြီး
တူ​သောအကျိုးကို မလွဲမသွေ ခံစားရမှာ
အသေအချာပါပဲ ~~~

credit;ဇိနပုတ္တ

No comments:

Post a Comment