❆ လူ နဲ့ ကျီးကန်း ❆
______________
တခါက ကျီးကန်း တစ်ကောင်ဟာ ယာခင်းတစ်ခုကို ဖြတ်ပြီး ပြန်လာတော့ လူတစ်ယောက် နဲ့ တွေ့တယ် ။
တွေ့လိုက်တာနဲ့ပဋိသန္ဓာယစကားကိုဆိုလိုက်တယ်။
ကျီးကန်း --- " မင်္ဂလာပါဗျာ "
လူ --- မင်္ဂလာပါ ကိုကျီးရေ
ခင်ဗျားတို့ နိစ္စဓူဝ ဒီလိုပဲ အစာရှာလိုက် ပြန်လာလိုက်နဲ့ ပဲလား ၊ ခင်ဗျား အသက် ဘယ်လောက် ရှိပြီလဲ …?
ကျီးကန်း --- ၃၇၆ နှစ် ။
လူ --- အမ်....... နည်းနည်း နောနော အသက်လားဗျာ
ဒီအတွင်း ခင်ဗျား ဘာတွေ လုပ်ဖြစ်တုန်း ။
ကျီးကန်း --- ဘာမှ မလုပ်ခဲ့ရ ပါဘူးဗျ ဘာတွေ များကော ထပ်လုပ် ရဦးမှာလဲ ။ အစာစားတယ် ၊ ရေသောက်တယ်
မျိုးဆက် ပြန့်ပွား အောင် လုပ်တယ် ၊ အိပ်တယ် ဒါပဲပေါ့ -- အဟာတ်……။
လူ --- ဖြစ်မှဖြစ်ရလေ ကိုကျီးကန်းရယ် ဒီအသက် ဒီအရွယ် အထိ ဒါနဲ့ ပဲ အချိန်ကုန်ခဲ့ သတဲ့လား ရှက်စရာ ဗျာ ။
ဒီလောက် နှစ်အကြာကြီး နေခဲ့တာတောင် ခင်ဗျားမှာ အခြား ဖွံ့ဖြိုးမှု ဘာမှ မရှိတော့ဘူးလား ။ အံ့ပါ့…… မိုက်ပါ့ ။
ကျီးကန်း --- အိမ်း ……… ဂလိုတော့လဲ ဘယ်ဟုတ် ပါ့မလဲလေ အသိဥာဏ် ဆိုတဲ့ဟာက အသက် ရှည်တိုင်း အသက် ကြီးတိုင်း ရနိုင်တာမျိုး ရယ်မှ မဟုတ်တာ ။ လေ့လာမှု သင်ယူ မှတ်သားမှုနဲ့လဲ ဆိုင်သေးတာကိုး ဗျ ။
လူ --- ဘယ်လိုပဲဖြစ်ဖြစ်လေဗျာ အသက် ၃၇၆ နှစ် ဆိုတာ
လောက မှာ တော်တော်ကြီး ကို ကြာရှည်တဲ့ နှစ်ဗျ ကျုပ်သာ အဲလိုနေရမယ် ဆိုရင် တက္ကသိုလ် မှာ ပညာစုံ အတတ်စုံသင်ပြီးလောက်ပြီ အိမ်ထောင် လည်း အခါ နှစ်ဆယ် လောက် ကျနေလောက်ပြီ အသက်မွေးဝမ်းကျောင်းမှု လည်း စုံလောက်ပြီ ။ ရာထူးတွေ လည်း တက်ပြီ စီးပွားရှာရင် ကျိကျိတက် သူဋ္ဌေး ဖြစ်လောက်ပြီ ။ ဘဏ်မှာ ငွေတစ်ရာ ကို တစ်မတ်နှုန်း နဲ့ စုရင်တောင် ခုလောက်ဆို သန်းပေါင်း ရာချီ နေလောက်ပြီ ။ ခင်ဗျား အဲ့သလောက် ပိန်းရသလားဗျာ ။ အင်းလေ -- ဒါကြောင့်မို့လဲ ကျီးကန်း ဖြစ်နေရတာ ထင်တယ် ။
ကျီးကန်း --- အမလေးဗျာ…… ဟာဟ ကျုပ်ကဖြင့် မရှက်သေးဘူး ကျုပ်တို့ ကျီးကန်းတွေ နေတဲ့ အနှစ် သုံးရာဟာ ခင်ဗျားတို့ လူတွေ နေတဲ့ အနှစ်သုံးဆယ် နဲ့ပဲ နှိုင်းကြည့်ပါဦး
ခင်ဗျားတို့ နှစ်သုံးဆယ် အတွင်း လုပ်ခဲ့တဲ့ မိုက်မဲမှုမျိုး ကျုပ်တို့ဆီမှာ တစ်ခါမှ မရှိဘူးဗျ ။ ကျုပ်တို့ ကျီးကန်းတွေ အချင်းချင်း ....စစ်မတိုက်ဘူး ။
ငွေတိုး ချေးမစားဘူး ။
ဘဏ်တိုက်မှာ ငွေမစုဘူး ။
ဘော်လုံးမလောင်းဘူး ။
ချဲမထိုးဘူး ။
စိတ်ကြွဆေးမရောင်းဘူး ။
ပါတီမထောင်ဘူး ။
တက္ကသိုလ် ပညာရပ်တွေ မရှိဘူး ။
အသိတွေ အတတ်တွေက ၀င်တဲ့ မာနတွေ မရှိဘူး ။
အချင်းချင်း ခြိမ်းခြောက် ငွေမညှစ်ဘူး ။
အပေါစား ကဗျာ တွေ ၀တ္ထုတွေ မရေးဘူး ။
ကျီးကန်းမ တွေက လင်သားကို သစ္စာမဲ့တာ မရှိဘူး ။
ကျီးကန်းထီး တွေကလည်း ကိုယ့် အိမ်သူ သက်ထား
အပေါ် ဖောက်ပြားတာ မရှိဘူး ။
ကပ်ဖား ရပ်ဖား မရှိဘူး ။
ချောက်တွန်းမယ့် သူ မရှိဘူး ။
လူလိမ် မရှိဘူး ။
ကြောင်သူတော် မရှိဘူး ။
တတ်ယောင်ကား မပါဘူး ။
ကဲ --- ပြောစမ်းပါဦး ကိုယ့်လူ ။
လူ……တိန်………။
။ ။ ဝန်ခံချက် ။ ။
ချက်ကော့ဖ်ရဲ့ ကျီးကန်း ပြဇာတ်ဖတ်ပြီး
ရောဖြီးထားတာ 😂
#AungOo
Credit

No comments:
Post a Comment