ဝမ်းနည်းပုံပြင် (အက်ဆေး-ဝထ္ထုတို)
ဘယ်လိုအကြောင်းကြောင့် ဒီဈေးကွက်ထဲ ကျွန်
တော် ရောက်လာသလဲ...?
နားမလည်ပါ။
ကျွန်တော့်ရဲ့ အသွေးအသား၊ ခန္ဓာနှင့်မျိုးဆက်
ကို သူတို့ ငွေကြေးနဲ့လဲလှယ် နေကြသည်။
ကျွန်တော်ဝမ်းနည်းသည်။
ကျွန်တော့်ဘဝ ဒီလိုဖြစ်နေလို့ ဝမ်းနည်းခြင်းနေ
ခြင်း မဟုတ်ရပါ။ကျွန်တော် ဝမ်းနည်းရခြင်း အဓိက
အကြောင်းက.......
ကမ္ဘာမြေအတွက်......။
သတ္တဝါတွေအတွက်......။
လောကအတွက်...........။
ကျွန်တော့်ကို ချစ်တဲ့ ကျွန်တော့်သူငယ်ချင်းတွေ
အတွက် ဝမ်းနည်းနေရခြင်းဖြစ်ပါသည်။
ကမ္ဘာမြေကြီးကြောင့် အသက်ရှင်ခွင့်ရခဲ့သော
ကျွန်တော်ဟာ မြေကြီးကိုကျေးဇူးပြန်ဆပ်ခွင့်ရချင်
သည်။ခုတော့ သူတို့ရဲ့အတ္တကြောင့် ကျွန်တော်
ဟာ အရွယ်မတိုင်ခင် ဈေးကွက်ထဲ ရောက်ခဲ့ရသည်
အရွယ်မတိုင်ခင် ကုန်ကူးခံရသည်။ကျွန်တော့်ရဲ့
မျှော်လင့်ချက်တွေ၊ရည်မှန်းချက်တွေ၊ကမ္ဘာမြေကြီး
အတွက် ပေးဆပ်ချင်တဲ့ ကျွန်တော့်ရဲ့စိတ်ကူးတွေ
အားလုံး....အားလုံး အရောင်းစားခံလိုက်ရသည်။
သတ္တဝါတွေအတွက်.......
သူတို့ဘဝတွေချိုမြိန်အောင် ကျွန်တော်အသွေး
အသားတွေနဲ့ ပေးဆပ်ချင်သည်။ကျွန်တော့်အသွေး
အသားတွေဟာ သူတို့တွေအတွက် အဟာရတစ်
ခု ဖြစ်စေချင်ခဲ့သည်။ခုတော့ သူတို့က အရွယ်မတိုင်
ခင်.....။
လောကအတွက် ကျွန်တော်ဟာ အေးမြတဲ့
အရိပ်စစ်တစ်ခုဖြစ်စေချင်ခဲ့သူပါ။အရိပ်ကို ခိုသူ
ုဖြစ်စေ။ အခက်ကိုချိုးသူ ဖြစ်စေ။ ကျွန်တော့်ရင်ငွေ့
ုဖြင့် အေးချင်ခဲ့သူပါ။ သူတို့ရဲ့ ဘဝအမောတွေ ပြေ
အောင် ဖန်းတီးပေးချင်ခဲ့သူပါ။ "သစ်တစ်ပင်
ကောင်း ငှက်တစ်သောင်းနားနိုင်စေ" ဆိုတဲ့ ဆိုရိုး
စကားရှိပေမဲ့။တစ်သောင်းမက ငှက်အပေါင်း အား
လုံးနားခွင့်ရသော ပုဂ္ဂိုလ် မျိုး ဖြစ်ချင်တဲ့သူပါ။ကျွန်
တော့်အရိပ်ကို ခိုဝင်သူတိုင်း ကျွန်တော့်မေတ္တာရိပ်
အောက်မှာအေးမြ စေချင်ခဲ့တာပါ။ခုတော့ အရွယ်
မတိုင်ခင် ရောင်းစားခံခဲ့ရပြီ။
ချစ်သူငယ်ချင်း များစွာမရှိပေမယ့် အားလုံးထဲမှာ
တော့ သူငယ်ချင်းဆိုလဲဟုတ်။ အစ်ကိုကြီးဆိုလဲ
ဟုတ်တဲ့ ကိုကြီး '' အုံး " ကို သနားဆုံးပါ။သူက
ကျွန်တော့်ကို အရမ်းခင်တာလေ။ခုဆို သူကျွန်တော့်
ကို မတွေ့လို့ စိတ်ပူနေလောက်ပြီ။ကျွန်တော့်အတွက်
စိတ်ပူနေမယ့်သူ့ကို သနားမိတာပါ။
နောက်တစ်ယောက်ကတော့........
ရင်နင့်သီး(သည်း)စွာ ချစ်ရပါသော ကျွန်တော့်
ချစ်သူ။ကျွန်တော် အရမ်းချစ်ရသော....။ကျွန်တော့်
ကိုလည်း အရမ်းချစ်သော.......။
မိုး.........။
ကျွန်တော့် ချစ်သူ.......မိုး။
သူနာမည် အပြည့်အစုံက မိုးစက်ပါ။ကျွန်တော်
ကတော့ မိုး ဟုပဲခေါ်သည်။
သူမ ကြောင့် ကျွန်တော့်မှာ ခွန်အားများစွာ ရ
ခဲ့သည်။သူမ ကြောင့် ကျွန်တော် အသက်ရှင်ခွင့်ရ
ခဲ့သည်။မိုး....ကြောင့် မျှော်လင့်ချက်တွေ ရှင်သန်ခဲ့
သည်။မိုး......ကြောင့် ရည်မှန်းချက် တွေဖြစ်တည်
ခဲ့သည်။မိုး........သည် ကျွန်တော့် အလှတရား။
မိုး....သည် ကျွန်တော့် အချစ် ဖြစ်ခဲ့သည်။
မိုးရာသီမှာပဲ သူမနှင့် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။မိုးရေထဲမှာ ပျော်ခဲ့ဖူးသည်။
သူ့ရဲ့အေးမြတဲ့ မေတ္တာဟာ ကျွန်တော့်
အတွက် ခွန်အားတိုးစေတဲ့ ရေကြည်တစ်ပေါက်။
ကျွန်တော့်ဘဝရဲ့ ဆင့်ကဲတိုးတက် ပြောင်းလဲမှု
တိုင်းဟာ သူမကြောင့်ပါ။
သူမနဲ့တွေ့ဆုံခြင်း၏ အဓိက ဇတ်ပို့ဆုရှင်က
တော့ ကိုကြီး " အုံး "ပါ။
ကိုကြီး " အုံး " ကို စတွေ့စဉ်က သူကိုသိပ်သ
ဘောမကျခဲ့ပါ။ဘာဖြစ်လို့လဲဆိုတော့ ......
သူက သီချင်းဆို ဝါသနာပါပေမယ့် သူသီချင်းက
မယ်လိုဒီ နှစ်လုံးထဲရယ်။နေ့တိုင်းလဲ ဆိုတယ်။
ဆိုတိုင်းလဲ ဒီသီချင်းပဲ။ဒီသီချင်းကြီးပဲ အမြဲကြား
နေရတော့ ကျွန်တော် မုန်းတာမဆန်းပါဘူး။
ဒါပေမယ့်.........
တိုက်ဆိုင်မှုလို့ပြောရမလာ....။
ဆက်သွယ်မှုလို့ ပြောရမလားပဲ။
သူအသံကြားရင် မိုးက ကျွန်တော်ကိုသတိရလေ့
ရှိတယ်လို့ ပြောတယ်။ဒါကြောင့်....သူ သီချင်းဆို
ရင်......မိုး.....ရောက်လာသည်။ထို့ကြောင့် ဖိုးဆိုချင်
ခင်မောင်ညွှန့်ကို ကပ်ပေါင်းပြီး ခဏ ခဏ သီချင်း
ဆို ခိုင်းရသည်။ဒါမှ မိုးက ခဏ ခဏ သတိရ ပြီး
ခဏ ခဏ လာမှာလေ။ကြာလာတော့ သူ့သီချင်း
သံဟာ ကျွန်တော်အတွက် နဝင်ပီယံ ဖြစ်လာပြီး
သူဟာလဲ ကျွန်တော့်ရဲ့ အခင်ဆုံး ပုဂ္ဂိုလ်ဖြစ်လာ
ပါတော့သည်။
ဒီလိုနဲ့ ကျွန်တော်ရယ်၊မိုးရယ်၊ကိုကြီး" အုံး "ရယ်
ဟာ သုံးကိုယ့်တစ်စိတ်ဖြစ်ခဲ့ရပါတယ်။သံယောဇဉ်
တွေ အထပ်ထပ်ရစ်၊တစ်ယောက်နဲ့တစ်ယောက်
မပစ်နိုင်၊မပြတ်နိုင်တဲ့ ကြိုးတွေ တင်းတင်းကျပ်ကျပ် ရစ်ပတ်ခဲ့ပြီးလေမှ ......
ပျော်စရာတွေ ဆုံးရှုံးခဲ့ရလေပြီ။
နံနက်စောစော.......
ကျေးငှက်တို့၏ ဆူညံသံကြောင့် နိုးတဝက်ဖြင့်
ပျော်စရာ အိပ်မက်မှ နိုးထလာခဲ့သည်။
ပတ်ဝန်းကျင် တစ်ခုလုံး ဆူညံပွက်လော ရိုက်
နေသည်။ အပင်အောက်မှ လောဘ၊ရမ္မက်
ရှိန်းရှိန်းတက်နေကြသော အသံတို့က လောက၏
အလှတရားများကို ရိုက်ချိုး ဖျက်စီး ပစ်နေသည်။
" ဟဲ့......ဟဲ့။ဟို...ဘက်မှာ
ဟိုဘတ်ထောင့်မှာ အခိုင်လိုက်ကြီး ပြွတ်
သိပ်နေတာပဲ။ဒီအပင်က ရွက်ပုန်းသီးတွေ
များတယ်.....အေ့။သေချာကြည့်...တွေ့လား
အေး......အေး......ဟုတ်ပြီ။"
ဇွန်းခွက်သဏ္ဍန်နဖူးစည်း၏ အတွင်းဘက်တွင်
အချွန်တတ်ထားသော သုတ်ကိုင်းကြီးဖြင့်၊အပင်
မှာ ရှိသမျှ အသီးများကို ပင်လုံးကျွတ်ဆွတ်ခူးနေ
တော့သည်။တဖြည်ုးဖြည်းနှင့် ကျွန်တော့်အနား
ရောက်လာသည်။
ဒီအချိန်တွင် တောင်ပံတစ်စုံကို တောင်းတမိ
သည်။ မဖြစ်နိုင်ပါ။ လှုပ်ရှားပြေးလွှားနိုင်သော
ခြေထောက် တစ်စုံ လိုချင်သည်။ ဒါလည်း မဖြစ်
နိုင် ။
ကျွန်တော့်ရင်တွင်းမှဆူညံစွာပေါက်
ကွဲမိသည်။သူတို့ကြားနိုင်မယ်လို့ တော့မထင်မိပါ
သို့သော်လည်း ကျွန်တော် အော်ပြောလိုက်သည်
မလုပ်ကြပါနဲ့ဦး....။
ကျွန်တော် အရွယ်မရောက်သေးလို့ပါ။
အချိန်မတိုင်သေးလို့ပါ။
ကျွန်တော့် generation ဖွံ့ဖြိုးတဲ့တစ်နေ့။
ကမ္ဘာမြေအတွက် အသစ် အသစ် သော မျိုးဆက်
များနှင့် အပင်ပေါင်းများစွာ ပေါက်ဖွားပေးချင်လို့ပါ။
အဲ့ဒီအခါ......ဒီထက်ပိုများတဲ့ အသီးတွေ ခင်ဗျား
တို့ရမှာပါ။ဒီထက်ပိုသာတဲ့ အရိပ်ကိုလည်း ခိုလှုံခွင့်
ရမယ်။အောက်စီဂျင်တွေလဲ အများကြီးရမယ်။
မြောက်များစွာသော ကာဗွန်ဒိုင်အောက်ဆိုက်
တွေကိုလည်း ကျွန်တော်စားသုံးပေးမှာပါ။
ကျွန်တော်အားကုန်ထုတ်အော်ပေမယ့်
သူတို့မကြားနိုင်ပါ။သူတို့ လောဘ၊သူတို့ အတ္တများ
က
သူတို့နားများကို မကြားနိုင်အောင် ဖန်တီးထား
လေပြီ။
မတတ်နိုင်တော့ပါ။
ဒီအချိန်....တမ်းတမိတာ ချစ်သူကို။
ကျွန်တော့်ချစ်သူ.....မိုးကို။သူသာအချိန်မှီရောက်
လာလျှင် ကယ်တင်နိုင်မည်။ မိုး......ရေ။မင်းဘယ်ဆီများတိမ်းနေသလဲ။အမြန်လာကယ်လှည့်ပါမိုး
ရယ်။
ကိုကြီး "အုံး"ကလဲ ဘယ်သဝေထိုးနေမှန်းမသိ
သူသီချင်းဆိုရင် မိုးရောက်လာမှာ။မိုးရောက်လာ
ရင် ကျွန်တော်တို့ချစ်ခြင်းတွေ ကွဲကြတော့မှာ
မဟုတ်ဘူး။အမြန်လာပါမိုးရယ်။
ကိုကြီး "အုံး"ကိုလဲမတွေ့
မိုးကိုလဲ မခေါ်နိုင်
ကျွန်တော် ဘဝ ဇတ်သိမ်းခန်းစိုက်ရတော့မယ်
ထင်ပ......။ သုတ်ကိုင်းကြီးက တရွေ့ရွေ့နီးကပ်
လာပြီး ကျွန်တော့် ညှာတံကို တေ့အဖြုတ်
" အုံး.......အွမ် "
ကိုကြီး "အုံး"ရဲ့ အသံ။
အလာကောင်းပေမယ့် အခါနှောင်းခဲ့ပါပြီ။
အသံ အဆုံးမှာပဲ မူးမေ့ပြီး၊ လောကကြီးနှင့် ခေတ္တ
အဆက်အသွယ် ပြတ်တောက်သွားရပါတော့သည်။
သတိပြန်ရတော့ ဈေးကွက်ထဲ ရောက်နေပြီ။
"သရက်သီး အကင်းလေးတွေရမယ်နော်
သရက်သီး အကင်းလေးတွေ။တစ်ပုံမှ
တစ်ရာထဲ။"
ဟူသောအသံကြောင့် ကျွန်တော် ရင်ထဲဆို့နင့်
သွားခဲ့သည်။ ကျွန်တော့်ရဲ့တန်ကြေးဟာ ငွေကြေး
တန်ဖိုးအရ. ဆယ်ဂဏ္ဍန်းပဲ တန်သလား ...?
ကျွန်တော်ရဲ့ Generation. ဒီထက်မက စွမ်းဆောင်
နိုင်တယ်ဆိုတာ ဦးနှောက်ရှိတဲ့ လူသား တွေ
မတွေး၊မမြင်၊မသိကြခြင်းအတွက် ကျွန်တော်ဝမ်း
နည်းလို့ မဆုံးဘူး။
ထိုထက် ပိုဝမ်းနည်းရခြင်းမှာ သူတို့၏ အတ္တ
ကြောင့် ကျွန်တော် မိုးနှင့်ခွဲ ခဲ့ရပြီ။
ထာဝရ ခွဲခြင်း
သေကွဲ ကွဲခြင်း။
ထိုစဉ်...တိုင်းရှစ်ခွင်လုံး မဲမှောင်လာသည်။
မိုး....သိသွားပြီ။
ဟုတ်တယ် သူကျွန်တော့်နောက်ကို လိုက်လာနေ
ပြီ။အရှိန်ပြင်းစွာ။မာန်ဟုန်တင်းကာ။ဒေါသတကြီး
" ဂျိမ်း......ခြိမ်း....ထလိမ်း"
မိုး....မိုး...မိုးရယ်။
မငိုပါနဲ့မိုးရယ်။သူတို့ကို
ငြိုးမာန်တွေလည်း မဖွဲ့ပါနဲ့တော့
မင်းငိုရင် ကိုယ့်ရင်တွေပိုကွဲရလိမ့်မယ်။ရှိပါစေတော့
မိုး......ရယ်။ကိုယ့်ကံလို့ပဲသတ်မှတ်ပါ့မယ်။
မင်းမငိုလိုက်ပါနဲ့။
မငိုပါနဲ့မိုးရယ်
နင်ငိုရင် ငါ့ရင်ပြိုတာထက်
ပိုနာမှာ စိုးမိတယ်
ငါ့ဘဝကံ ဆယ်ဆ ခံရလဲ
ဒီဝေဒနာ ငါတစ်ဦးထဲ
ငါ့တစ်ယောက်ပဲခံစားမယ်
ဝဋ်ကြီးလို့ကွယ်
တွေးဆရွယ် လူတွေသိအောင်ပ
ငါ့ရင်ကို ကွဲကာပြခဲ့မယ်
ရင်ကွဲ သရက် ဖြစ်စေသား။
ထိုအချိန်မှစ၍ သရက်သီးတစ်လုံးတွင် ရင်ကွဲ
နေသောအမှတ်အသား ပါရှိခဲ့ခြင်း ဖြစ်ရပါတော့
သတည်း။
မျိုးစေ့မှန်ရန် အပင်မြိုင်ဖို့ အချိန်တိုင်မှ ဆွတ်ခူးစို့။
ကြိုးစားပါဦးမည်
လရောင်
No comments:
Post a Comment