Saturday, July 27, 2019

ပိုအရေးကြီးတယ်။

❤ကိုယ်ဘယ်လောက်_သိသလဲဆိုတာထက်
     ကိုယ်ဘယ်လောက် ဝေမျှနိုင်သလဲဆိုတာက
     ပိုအရေးကြီးတယ်။

❤ကိုယ်ဘယ်လောက်_ချမ်းသာသလဲဆိုတာထက်
     ကိုယ်ဘယ်လောက် ဒါနပြုနိုင်သလဲဆိုတာက
      ပိုအရေးကြီးတယ်။

❤ကိုယ်ဘယ်လောက်_ပိုင်ဆိုင်ခဲ့သလဲဆိုတာထက်
     ကိုယ်ဘယ်လောက် စွန့်လွှတ်နိုင်သလဲ ဆိုတာက
      ပိုအရေးကြီးတယ်။

❤ကိုယ်ဘယ်လောက်_အနိုင်ရခဲ့သလဲဆိုတာထက်
     ကိုယ်ဘယ်လောက် သည်းခံနိုင်ခဲ့သလဲ ဆိုတာက
     ပိုအရေးကြီးတယ်။

❤ကိုယ်ဘယ်လောက်_မုန်းနေသလဲဆိုတာထက်
     ကိုယ်ဘယ်လောက် မေတ္တာထားနိုင်ခဲ့သလဲဆိုတာက
      ပိုအရေးကြီးတယ်။

❤ကိုယ်ဘယ်လောက်_မောက်မာခဲ့သလဲဆိုတာထက်
     ကိုယ်ဘယ်လောက် ကျိုးနွံခဲ့သလဲ ဆိုတာက
      ပိုအရေးကြီးတယ်။

❤ကိုယ်ဘယ်လောက်_ရန်လိုခဲ့သလဲဆိုတာထက်
     ကိုယ်ဘယ်လောက် ဥပေက္ခာပြုနိုင်သလဲ ဆိုတာက
      ပိုအရေးကြီးတယ်။

❤ကိုယ်ဘယ်လောက်_လှပခဲ့သလဲဆိုတာထက်
     ကိုယ်ဘယ်လောက် စိတ်ထားဖြူစင်ခဲ့သလဲ ဆိုတာက
      ပိုအရေးကြီးတယ်။

💚ကိုယ်ဘယ်လောက်_တော်သလဲဆိုတာထက်
     ကိုယ်ဘယ်လောက် လောကကို ကောင်းကျိုးပြု သလဲ
     ဆိုတာက ပိုအရေးကြီးတယ်။
Credit

No comments:

Post a Comment