မုသားနဲ့သစ္စာ
--------------------
"သေခြင်း" က "ရှင်ခြင်း" ကို မေးတယ်။
"ရှင်ခြင်း... ငါ့ကိုအတင်း နှင်လွှတ် တတ်တဲ့ လူသားတွေ ဟာ...မင်းကို ကျတော့ ဘာလို့ ချစ်တာလဲ။"
ရှင်ခြင်း - "သေခြင်း... မင်းကမဲ့တာကိုး။ ငါ့လို ပြုံးနေကြည့်ပါလား။"
ပြောပြီး ရှင်ခြင်း ဟာ ထွက်ခွာသွားတယ်။
"ရှင်ခြင်း" ထွက်သွားပြီး မရှေးမနှောင်း "အသက်" ရောက်လာတယ်။
"သေခြင်း" က "အသက်" ကို ထပ်မေးတယ်။
"အသက်... ရှင်ခြင်းက ငါ့ကို သူ့လို ပြုံးခိုင်း နေ တယ်။ ငါ ဘယ်လိုပြုံးရမှာလဲ။"
"အသက်" - "ဘာလို့ ပြုံးချင်ရတာလဲ။"
"သေခြင်း" - "သူ့လိုမျိုး လူတွေရဲ့ အချစ်ခံ ရအောင်။"
"အသက်" က ရယ်တယ်။ "သေခြင်း... မင်းက အမှန်။ သူက အမှား။ သစ္စာနဲ့ မုသားကြားမှာ ဒီလောက် တော့ ခပ်ကွာကွာ ပေးဆပ်ရမှာပေါ့။ ရှင်ခြင်း အနား ကို လူတွေ အလွန်ဆုံး ကပ်နေ.. တစ်သက်ပေါ့။ ပြီးရင် မင်းဆီပဲ အားလုံး လာကြရမှာ မဟုတ်လား။ တကယ်တော့ ရှင်သန်တယ် ဆိုတာ ပြုံးတတ် ပေမယ့် မုသား၊ သူ့ အားမကျနဲ့။ သေဆုံးခြင်း မင်းကမှ မဲ့တတ်တဲ့ သစ္စာ ကွဲ့။"
- kyawngeမှတ်စုကြမ်း #
Credit
No comments:
Post a Comment