📃 သိပ်တော်တဲ့ မိန်းမတိုင်းဟာ.....📃
✒✒✒✒✒✒✒✒✒✒✒✒
📝သိပ်တော်တဲ့ မိန်းမတိုင်းဟာ
အရှုံးကို အပြုံးနဲ့ သိမ်းပါတယ်...
သိပ်တော်တဲ့မိန်းမ တိုင်းဟာ
သူ့မ ရဲ့လှပမှုကို ကိုယ့်ကျင့်တရား
နဲ့ ထိန်းသိမ်းတယ်...
📝သိပ်တော်တဲ့ မိန်းမတိုင်းဟာ
နာကျင်မှုကို တိတ်ဆိတ်နေခြင်းနဲ့ သိမ်းတယ်...
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
မနာလိုခြင်းနဲ့ အချိန်မဖြုန်းဘူး
ကိုယ့်အစွမ်းအစကိုဘဲ တိုးတက်အောင်
ချိန်ဆနေတတ်တယ်...
📝သိပ်တော်တဲ့မိန်းမတိုင်းဟာ..
ကိစ္စရပ်တိုင်း မြန်ဖို့ထက် မှန်ဖို့ကိုဘဲ
အာရုံစိုက်ကြတယ်...
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
ကိုယ့်အနားမရှိတဲ့ ယောကျာ်း
တစ်ယောက်အတွက် တမ်းတ ပူဆွေး မနေဘူး...
📝သိပ်တော်တဲ့ မိန်းမတိုင်းဟာ
ဝမ်းနည်းစရာအတိတ်ကို ဒိုင်ယာရီ
ထဲမှာဘဲ သိမ်းထားတတ်ကြတယ်....
သတိရမှ ပြန်ဖတ်ပြီး ပြုံးတတ်ကြတယ်...
ပျော်စရာ အနာဂတ်ကိုလဲ
နေ့တိုင်း ဖန်တီးယူနေတတ်တယ်...
📝သိပ်တော်တဲ့မိန်းမတိုင်းဟာ
သွေး ထွက်မှာထက် မျက်ရည်ကျမှာကို
သေမလောက် ကြောက်ကြတယ်..
📝သိပ်တော်တဲ့မိန်းမတိုင်းဟာ
ငွေမက်ခြင်းက သူမ ဘဝကို
မလုံခြုံမှန်း သိထားကြတယ် ...
စစ်မှန်တဲ့ ရိုးသားဖြူစင်ခြင်းကိုသာ
သူမ ရွေးချယ်တယ် ...
📝သိပ်တော်တဲ့မိန်းမတိုင်းဟာ
မာနကို သူမရဲ့လက်နက်တစ်ခု အဖြစ်
မသုံး မပြုဘူး...
စာနာ စိတ်ထားတယ်....
မာယာများဖို့ထက် ...
ဒဏ်ရာများခဲ့တာကိုဘဲ
သူမ ပိုအမှတ်ထားတယ်...
#Credit ... AR ARKAR
No comments:
Post a Comment