Wednesday, July 24, 2019

ဒါဟာ ဘဝရဲ့ အနုပညာတစ်ခုပဲ...

မနေ့က ပျောက်ဆုံးသွားကြတဲ့ လူတွေမှာ
ဒီနေ့ အတွက် မျှော်လင့်ချက်တွေ ရှိမယ်....

ဒီမနက် လောကကြီးကို နှုတ်ဆက်သွားတဲ့ လူတွေမှာ
ညနေအတွက် အစီအစဉ်တွေ ရှိနေမှာပဲ....

နေထွက်ချိန်တွေဟာ တစ်နေ့နဲ့ တစ်နေ့ မတူကြဘူး...
တိမ်တွေဟာ အချိန်ထက် ပိုပြီး
အပြောင်းအလဲ နိုင်လွန်းတယ်...
စိတ်တွေလို
ဟိုလို ပုံဖော်လိုက်...
ဒီလို ပုံဖော်လိုက်နဲ့....

မျက်စိတမှိတ် အတွင်းမှာ
အရာရာဟာ တိတ်ဆိတ်သွားနိုင်တယ်လို့ တွေးမိတဲ့အခါ...
နားလည်နိုင်သလောက် နားလည်ပေးပြီး
ခွင့်လွှတ်နိုင်သလောက် ခွင့်လွှတ်ပေးရတယ်..

ဒါဟာ ဘဝရဲ့ အနုပညာတစ်ခုပဲ...

ကြီးကျယ်ခမ်းနားတဲ့ သီအိုရီ တစ်ခုလို...
အမြဲလှပနေတဲ့ အမှန်တရား တစ်ခုလို...

#nayaung
Credit

No comments:

Post a Comment