“ဟန်ချက်ညီတဲ့ ဘ၀(Balanced life)”
(၁)
ကျနော်မှာ ညီလို သိပ်ခင်တဲ့  သူတစ်ယောက်ရှိတယ်၊သူက သိပ်ရည်မှန်းချက်ကြီးတယ်၊ သိပ်လဲ ကြိုးစားသလို ဘ၀မှာ သိပ်အောင်မြင်ချင်တယ် ။ဒါကြောင့် အချိန်တော်တော်များများမှာ သူ့ အလုပ်အောင်မြင်ဖို့ အတွက် အမြဲကြိုးစား နေတာ တွေ့ ရတယ်။ ဒီလို ကြိုးစားလို့ လဲ သူလုပ်နေတဲ့ အလုပ်မှာ အချိန်တိုတို အတွင်း ရာထူးတက်သွားတာ၊ အထက်လူကြီးတွေရဲ့ ယုံကြည် အားကိုးတာကို ခံရတယ်။လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတော့ သတင်းတစ်ခု ကြားရတယ်.. သူ့ သားအကြီးဆုံးကို မူးယစ်ဆေးဝါး သုံးစွဲ မှုနဲ့ အဖမ်းခံရတဲ့ အကြောင်း။သူ့ ခေါင်းကို မိုးကြိုး ပစ်လို်က်သလိုပဲ ၊သူသိပ် စိတ်ဆင်းရဲ၊ တော်တော် ယူကြုံး မရဖြစ်ရတယ်၊ အရူးကြီးတစ်ယောက်လိုပဲ။ တကယ်တော့ သူလုပ်နေတာ သူ့ မိသားစု အတွက်။
သူ ဘာတွေ မှားခဲ့ သလဲ.. သေချာတာကတော့ သူ့ ကို သူ အောင်မြင်အောင်လုပ်ရင်း သူ့ မိသားစုကို ကောင်းကောင်း မစောင့် ရှောက် ဖြစ်ခဲ့ဘူး။
(၂)
ကျနော်ဟာ အောင်မြင်မှု အကြောင်း စာတွေရေးလေ့ရှိပါတယ်၊တစ်ဦးချင်း ရော၊အဖွဲ့ အစည်းတွေ ရော အောင်မြင်စေချင်တဲ့ စေတနာ နဲ့ ပါ ၊တကယ်တော့ အောင်မြင်မှုရဲ့ အကျိုးဆက်တွေဟာ တစ်ဦးချင်း အတွက်သာမက..၊လူ့ အဖွဲ့ အစည်းအတွက်ပါ အကျိုးရှိ တယ် လို့ ယုံကြည်လို့ ပါ။လျှပ်စစ်မီးတီထွင်ခဲ့ တဲ့ သောမတ် အက်ဒီဆင် ကို ကျနော် ဥပမာ ပေးလေ့ရှိပါတယ်။
(တကယ်တော့ လူတစ်ဦးချင်းစီအတွက် အောင်မြင်ခြင်းဆိုတာကို အဓိပ္ဗါယ်ဖွင့်တာ တူမှာတော့ မဟုတ်ပါဘူး။ဒါပေမယ့် ဒီစာ မှာ ကျနော် ပြောချင်တာက ဒီလို အဓိပ္ဗါယ် ဖွင့်ဆိုတဲ့အကြောင်း မဟုတ်ပါ။)အခုစာ မှာ ပြောချင်တာက ကိုယ့် အောင်မြင်မှုကို လုပ်ရင်း တစ်ခြား ဆုံးရှုံးသွားနိုင်တာကို ကျယ်ပြန့် တဲ့ အမြင်နဲ့ ကြည့်စေချင်၊ဟန်ချက်ညီတဲ့ ဘ၀(Balanced Life) ရှိစေချင်တာပါ..
(၃)
တကယ်တော့  ကျနော်တို့ ရဲ့ ဘ၀ဆိုတာ Dimension မျက်နှာစာ တစ်ဖက်ထဲ ရှိတာ မဟုတ်ပါဘူး၊Multi-dimensional လို့ ခေါ်တဲ့  မျက်နှာစာတွေ အများကြီးရှိတဲ့ ဘ၀ ပါ။ အဲဒီတော့ မျက်နှာစာ တဖက်ဖက် မှာ ထူးချွန်ပေါက်မြောက်နေပေမယ့် တစ်ခြားမျက်နှာစာမှာ အဆင်မပြေ၊ ကျဆုံးနေရင်.. ဘယ်မှာ ပျော်ရွှင်တဲ့ ဘ၀၊ပြည့် စုံတဲ့ ဘ၀ ဖြစ်တော့ မှာလဲ..
ကျနော့် အနေနဲ့ တော့ ..ဘ၀ဟာ အနည်းဆုံး ထောက်တိုင် ၅ ခု ရှိတဲ့ ထိုင်ခုံ တစ်လုံးနဲ့ တူ တယ်လို့ တွေးမိတယ.်..ဒီထောက်တိုင် ၅ ခု ညီညီမျှမျှ ရှိမှ ဒီထိုင်ခုံက ငြိမ်မှာ(တနည်းအားဖြင့်) အဆင်ပြေတဲ့ ဘ၀ ရှိမယ်လို့ .ယုံကြည်ပါတယ်။
အဲဒီင်္ထောက်တိုင် ၅ ခုက..
(၁)Personal life(ကိုယ့် ရဲ့ ကိုယ်ပိုင် ဘ၀ပေါ့)ကို်ယ့် အတွက် ကိုယ်ကျန်းမာ ၊စိတ်ချမ်းသာတဲ့  ဘ၀မျိုး၊မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတဲ့ ဘဝမျိုး ရှိသင့်တယ်။
(၂)Professional life(ကို်ယ့် အသက်မွေးဝမ်းကြောင်းနဲ့ ဆိုင်တဲ့ ဘ၀) ကိုယ့် အသိပညာ ၊အတတ်ပညာမှာ လူတွေ ယုံကြည်လေးစားရတဲ့ အဆင့်မျိုးအထိ ကြိုးစားသင့်တယ်။
(၃)Family life( မိသားစု ဘ၀)ပျော်ရွှင်တဲ့ မိသားစုဘ၀ တည်ဆောက် သင့်တယ် ၊မိသားစုဆိုတာမှာ ကိုယ့် အနီးကပ် မိသားစု သာမက ကို်ယ့် မိဘ၊ညီအကို မောင်နှမ၊ဆွေးမျိုး သားချင်းအထိ ပါရင် ကောင်းတာပေါ့ ။
(၄)Financial(ငွေကြေး အခြေအနေ) စားဝတ်နေရေး နဲ့ သားသမီး ပညာရေးဖူလုံတဲ့ အနေအထား ရှိအောင်တော့ လုပ်ထားသင့်တယ်။
(၅)Society(လူ့ အဖွဲ့ အစည်း)ကို်ယ့် မြို့ ၊ကိုယ့် ရွာ၊ကိုယ့် နိုင်ငံ၊ကိုယ့် လူ့ အဖွဲ့ အစည်း အတွက် တတ်နိုင်သမျှ ပါဝင်လုပ်ဆောင်သင့်၊စောင့်ရှောက်သင့်တယ်။
တကယ်တော့  ကိုယ့် အခြေအနေ၊ကိုယ့် ခံယူချက်ပေါ် မူတည်ပြီး ဒီထောက်တိုင်တွေ များနိုင်သလို၊နဲလဲ နိုင်ပါတယ်..ဒါပေမယ့် ကျနော် ပြောချင်တာကတော့ ..ကျနော်တို့ ရဲ့ ဘ၀ဆိုတာ Multi-dimension လို့ ခေါ်တဲ့  မျက်နှာစာတွေ အများကြီးရှိတဲ့ ဘ၀ ဖြစ်ပါတယ်၊ ဒီတော့  တတ်နိုင်သမျှ “ဟန်ချက်ညီတဲ့ ဘ၀” “Balanced life” ကို ထူထောင်ကြပါစို့ ..လို့ ပဲ။
အားလုံး ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
No comments:
Post a Comment