#မာနကြီးတာမဟုတ်ဘူး ...!!
အစော်ကားခံရတာများလို့
တဖြည်းဖြည်း တည်တံ့လာတာ ...။
အတ္တကြီးတာ မဟုတ်ဘူး ...!!
ပစ်ထားခံရတာများလို့
တစ်ယောက်ထဲ ရပ်တည်နေတာ ...။
ဒေါသကြီးတာ မဟုတ်ဘူး ...!!
သည်းခံရတာတွေများလို့
အရှိန်ပြင်းပြင်း ပေါက်ကွဲလာတာ ...။
စေတနာမဲ့တာ မဟုတ်ဘူး ...!!
မေတ္တာတွေ ရောင်ပြန်မဟပ်လို့
တန်းဖိုးမထားတော့တာ ...။
မလွမ်းတော့တာ မဟုတ်ဘူး ...!!
ကိုယ့်အပေါ် သံယောဇဉ်မရှိလို့
မတမ်းတတော့တာ ...။
ခံစားချက်မရှိတာ မဟုတ်ဘူး ...!!
ဒဏ်ရာတွေ များလွန်းလို့
နှလုံးသားထဲက ထုတ်ပစ်ခဲ့တာ ...။
နားလည်မှုမရှိတာ မဟုတ်ဘူး ...!!
ခွင့်လွှတ်မှုနဲ့ မတန်တော့လို့
ဥပေက္ခာပြုလိုက်တာ ...။
သစ္စာမရှိတာ မဟုတ်ဘူး ...!!
ယုံကြည်မှုတွေ ရိုက်ချိုးခံရလို့
လှည့်မကြည့်တော့တာ!!
အထီးကျန်နေတာ မဟုတ်ဘူး ...!!
ရင့်ကျက်သွားလို့
တစ်ယောက်တည်း နေတာ ...
စိတ်ခိုင်နေတာ မဟုတ်ဘူး ...!!
နာကျင်မှုတွေများလို့
မျက်ရည်တွေ ရပ်တန့်သွားတာ ...။
လောဘကြီးတာ မဟုတ်ဘူး ...!!
ဘဝသစ် တည်ဆောက်မလို့
အချိန်တွေ လုနေရတာ ...။
အစွန်းရောက်တာ မဟုတ်ဘူး ...!!
အမှားမရှိအောင်လို့
လမ်းမှန်တွေကို ရွေးချယ်နေတာ ...။
ကိုယ့်ရဲ့စိတ်ကို ပြုပြင်မွမ်းမံရင်း အချိန်တွေကြာလာတော့
နောက်ဆုံး တည်ငြိမ်လာပါတယ် ...။
#အချစ်ကိုတန်ဖိုးမထားသူတွေနဲ့တွေ့ရပါများတော့ ...
အချစ်မရှိလည်း ဘဝကို အဆင်ပြေပြေနဲ့နေတတ်လာတယ် ...။
#တစ်ယောက်တည်းနေရပါများတော့ ... အထီးကျန်မှာကိုထူးပြီးကြောက်မနေတော့
အောင်နှလုံးသွင်းတတ်လာတယ်...။
#ခဏခဏထားခဲ့ခံရပါများတော့
အလွမ်းဒဏ်ကိုခံနိုင်ရည်ရှိလာတယ်...။
#အရေးမထားခံရပါများတော့
ကိုယ့်ကိုကိုယ် ပိုဂရုစိုက်တတ်လာတယ်...။
#အလှည့်စားခံရတာများလာတော့ ...
လူတိုင်းကိုသတိနဲ့ဆက်ဆံတတ်လာတယ်...။
#အစော်ကားခံရပါများတော့
စေတနာကို တန်သလောက်ပဲထားဖို့ချင့်ချိန်တတ်လာတယ်...။
#အလိမ်အညာခံရပါများတော့
အရာရာကို စိတ်ရောကိုယ်ပါနစ်ပြီးခံစားမပစ်လိုက်ဖို့
သတိပေးတတ်လာတယ်...။
#အသုံးချခံရပါများတော့ ...
ကိုယ့်အပေါ် မကောင်းသူတွေကိုလည်း စိတ်ထားမပြောင်းဘဲ
ခွင့်လွှတ်နိုင်အောင်ကြိုးစားတတ်လာတယ်...။
တကယ်တမ်းကျတော့...
လောကဓံဆိုတာက လူတစ်ယောက်ကို
ရင့်ကျက်တည်ငြိမ်သွားတဲ့အထိအကောင်း
ဆုံးလေ့ကျင့်ပေးနိုင်တဲ့နိယာမတစ်ခုပဲဖြစ်ပါတယ်။
#စာဖတ်သူအားလုံးကျေးဇူးပါ။
Kurneair Zion #Kz:-)ptn
No comments:
Post a Comment