Friday, February 24, 2017

“ခြင်္သေ့စိတ်ဓါတ်နဲ့ Plan-B”

“ခြင်္သေ့စိတ်ဓါတ်နဲ့ Plan-B”

ဒီမေးခွန်းကတော့ မြန်မာနိုင်ငံက လူငယ်တော်တော်များများရဲ့ ရင်ထဲမှာ ရှိနေတဲ့ မေးခွန်းတစ်ခုပါ။

‘ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါမှန်း မသိတဲ့ လူငယ်တွေ၊ သိလည်း ကိုယ့်ဝါသနာကို အကောင်အထည်ဖော်လို့ မရတဲ့ လူငယ်တွေ ဘာလုပ်သင့်ပါသလဲ’ တဲ့။

ကျွန်တော်တို့ဆီမှာ မိဘတွေရဲ့ အုပ်ထိန်းမှု၊ ကျောင်းက ဆရာဆရာမတွေရဲ့ လမ်းညွှန်မှုဟာ ဘယ်ကိုပဲ အဓိက ဦးတည်လဲဆိုရင် စာမေးပွဲမှာ အမှတ်များဖို့နဲ့ ဆယ်တန်းအောင်တဲ့အခါ တက္ကသိုလ် ကောင်းကောင်း တက်ရဖို့ပါပဲ။ ကလေး ဘာဝါသနာပါတယ်ဆိုတာကို ထုတ်ဖော်ဖို့ အားမပေး တတ်ကြဘူး။ အဲဒီအပြင် ပိတ်ပင်ခံရတာတွေတောင် ရှိပါတယ်။ ဒီအရွယ်မှာ အပြင်စာတွေမဖတ်နဲ့၊ ဘောလုံးချည်းပဲ ကန်နေတာပဲ၊ စသဖြင့် ကျောင်းစာမှာ အမှတ်နည်း မှာ စိုးတာကြောင့် ကန့်သတ်ချုပ်ချယ်ကြတာတွေ ရှိပါတယ်။ကျွန်တော်တို့ ရဲ့ ပညာရေးစနစ်ကလည်း ဒီလိုဖြစ်အောင် ဖန်တီး ပေးထားတာကိုး။

အဲဒီရဲ့ အကျိုးဆက်ကတော့ လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါမှန်း မသိတော့ဘူး။ အိမ်က တက်ခိုင်းတဲ့ တက္ကသိုလ်၊ အမှတ်မီတဲ့ တက္ကသိုလ် တက်တယ်၊ နောက်တော့မှ ကိုယ့်ဝါသနာ ကိုယ်တွေ့ပြီး စီးပွါးရေး လုပ်ဖြစ်တာတို့၊ အနုပညာလိုင်းကို ကူးပြောင်း ကုန်တာတို့ ဖြစ်ကုန်တာပေါ့။

နောက်တစ်ခုက ကိုယ့်ဝါသနာ ကိုယ်သိပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ကျတော့လည်း ပြဿနာရှိပြန်ပါတယ်။ ဥပမာ ဘောလုံးကန်ရတာ ၀ါသနာပါတယ် ဆိုပါတော့။ သူများတိုင်းပြည်တွေဆို ဒါကို ပရော်ဖက်ရှင် အဖြစ် ရွေးချယ်ပြီး ကြိုးစားလိုက်လို့ ရပေမယ့် ကျွန်တော်တို့ဆီမှာ အဲ့လောက် မလွယ်ပါဘူး။ နိုင်ငံက ဖွံ့ဖြိုးမှု နောက်ကျနေတဲ့အခါ လူငယ်တွေအတွက် ရွေးချယ်စရာ ပရော်ဖက်ရှင်အလုပ်က အင်မတန်မှ နည်းပါတယ်။

ဒီတော့ ကျွန်တော်တို့ လူငယ်တွေ ဘာလုပ်ကြမလဲ။

ဆရာတို့က ဖြေပါတယ်။ ခြင်္သေ့စိတ်ဓါတ် မွေးပါတဲ့။

မြန်မာနိုင်ငံက ဆရာဝန်တစ်ယောက်အနေနဲ့ ယူလို့ရတဲ့ဘွဲ့ အကုန်လုံးကို ရထားပြီးပြီဖြစ်တဲ့ ဆရာရဲမြင့်ကျော် (လကာင်္ရည်ကျော်)ဟာ ဆရာဝန်အလုပ်ကို ၀ါသနာမပါခဲ့ဘူးလို့ ပြောရင် အံ့သြသွားကြမယ်ထင်ပါတယ်။ ကျွန်တော်တို့လည်း ကြားကြားချင်းမှာ အံ့သြခဲ့ရတယ်။
ဟုတ်ပါတယ်။ ဆရာဟာ ဆေးတက္ကသိုလ်ကို မိသားစုထဲမှာ ဆရာဝန်မရှိသေးဘူး ဆိုပြီး အိမ်က တက်ခိုင်းလို့ တက်ခဲ့ရတာပါ၊ တကယ်ဖြစ်ချင်ခဲ့တာက စာရေးဆရာပါတဲ့။

ဒါဖြင့် ၀ါသနာမပါတဲ့အလုပ်မှာ ဘာဖြစ်လို့ ဒီလိုထူးချွန်နေသလဲ ဆိုတော့ ငါ ဒီကျောင်းကို တက်ရတော့မယ်၊ဒီအလုပ် လုပ်ရတော့မယ်ဆိုမှတော့ တခုခုထွန်းပေါက်အောင် လုပ်ရမယ်ဆိုပြီး ကြိုးစားခဲ့တာပါတဲ့။ ဒေါက်တာ လို့ နာမည် တပ်ပြီးမှတော့ ဆေးမကုတတ်ရင် သူများကို သတ်သလို ဖြစ်တော့မယ် ဆိုတဲ့စိတ်နဲ့ ကြိုးစားလိုက်တာ ခုလိုဖြစ်လာတဲ့အထိပဲ။

ဆရာတော်အရှင်ဆန္ဒာဓိက ဟောဖူးတာလေးကို သွားသတိရပါတယ်။ ဆရာတော်ဟာ ဆယ်တန်းတုန်းက ဘာသာစုံဂုဏ်ထူးထွက်ပါတယ်။ အဲဒီအချိန်မှာကတည်းက ဆယ်တန်းအောင်ပြီးရင် သာသနာ့ဘောင် အပြီးအပိုင် ၀င်တော့မယ်လို့ ဆုံးဖြတ်ပြီးသားပါ။ ဒီအကြောင်းကို ကြားရတော့ ဒကာတစ်ယောက်က အံ့သြတစ်ကြီး လျှောက်တယ်။ ဒါနဲ့တောင် ဆရာတော်က ဘာသာစုံ ဂုဏ်ထူးထွက်တဲ့အထိ ကြိုးစားခဲ့ရသလား ဆိုတော့ ဆရာတော်က ပြန်ဖြေပါတယ်။ "ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ချင်တဲ့စိတ်ကြောင့်ပါ" တဲ့။

အဲဒီဆယ်တန်းအမှတ်က ဆရာတော့်အတွက် ဘာမှ အသုံးမ၀င်ခဲ့ပါဘူး။ အမှတ်တမဲ့ကြည့်ရင် အလဟဿပေါ့။ ဒါပေမယ့် အဲဒီအချိန်ကတည်းက အမြစ်တွယ်ခဲ့တဲ့ 'ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်မယ်'ဆိုတဲ့ စိတ်ကတော့ ခုလို သံဃာတော်တစ်ပါး ဖြစ်လာတဲ့အခါမှာလည်း လိုက်ပြီး အကျိုးပြုနေတုန်းပါပဲ၊၊

ခြင်္သေ့တွေဟာ သားကောင်ကို လိုက်တဲ့အခါ ကြီးတဲ့အကောင်ဖြစ်စေ၊ ငယ်တဲ့အကောင်ဖြစ်စေ တူညီတဲ့လုံ့လ၀ီရိယကို စိုက်ထုတ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝါသနာမပါတဲ့အလုပ်ကို လုပ်နေရတဲ့ လူငယ်တွေအနေနဲ့လည်း ဟိုအပြစ်တင်၊ ဒီအပြစ်တင် လုပ်မနေပါနဲ့။ ၀ါသနာပါတဲ့အလုပ်ကိုဖြစ်စေ၊ မပါတဲ့အလုပ်ကိုဖြစ်စေ၊ အကောင်းဆုံးဖြစ်အောင် လုပ်မယ် ဆိုတဲ့ ခြင်္သေ့စိတ်ဓါတ်မျိုး ထားလိုက်ပါ။ တူညီတဲ့ အကျိုး ရလဒ်တစ်ခု ပြန်ရပါလိမ့်မယ်။

ဒီလိုပြောလိုက်လို့ ၀ါသနာကို စွန့်လွှတ်လိုက်ရမှာလား ဆိုတော့ မဟုတ်ပါဘူး။ ဆေးကျောင်းတက်၊ ဆရာဝန်လုပ်ခဲ့ပေမယ့် စာရေးဆရာဖြစ်ချင်တယ် ဆိုတဲ့ အိပ်မက်ကို ဆရာဟာ ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး။ တစ်ခုပဲ၊ အချိန်လေးနောက်ဆုတ်လိုက်တာပါပဲ။

အဲဒီအချိန်က မရေရာခဲ့တဲ့ စာရေးဆရာဖြစ်ရေး ဆိုတာထက် ပိုသေချာတဲ့ ဆရာဝန်ဘ၀ကို အရင်လျှောက်လှမ်းတယ်၊ ပြီးတော့မှ အဲဒီဘ၀အပေါ် အခြေခံတဲ့ဝတ္ထုတွေရေးတယ်။ အဲဒီကနေတစ်ဆင့် ခုလိုနိုင်ငံကျော်စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။

ဆရာကပြောပါတယ်၊ Plan B ဆိုတာ လက်မြှောက် အရှုံးပေးလိုက်တာ မဟုတ်ပါဘူး၊ ဒီလမ်းက ပိတ်နေလို့ တခြားတစ်ဖက်က ပတ်သွားလိုက်တာပါ တဲ့။ အချိန်တော့ ကြာကောင်းကြာမယ်၊ ဒါပေမယ့် တစ်နေ့တော့ ရောက်မှာပါပဲ တဲ့။

တကယ်တော့ ဘ၀ဆိုတာ စာမေးပွဲတစ်ခုဆိုရင် အဲဒီစာမေးပွဲမှာ ကျွန်တော်တို့ဟာ ကိုယ့်ကိုပေးလာတဲ့ပုစ္ဆာကိုပဲ ဖြေဆိုကြရပါတယ်။ သူများမေးခွန်း သွားဖြေချင်လို့ မရပါဘူး။ လက်တွေ့ဘ၀မှာ တချို့လူတွေအတွက် မိဘပံ့ပိုးမှုဆိုတာ အဆင်သင့်ဖြစ်နေပေမယ့် ကိုယ်ကတော့ မိဘကို ပြန်ထောက်ပံ့နေရတာမျိုးတွေ ရှိနိုင်တယ်။ ဒါကို သူများလို မဖြစ်ရကောင်းလားဆိုပြီး ညည်းတွားနေလို့ မရပါဘူး။ ဘာမှလည်း ထူးလာမှာ မဟုတ်ဘူး။

တစ်ခါတစ်လေမှာ လက်တွေ့ကျတာကို ကိုယ့်ဆန္ဒထက် ဦးစားပေးရတာမျိုးတွေ ရှိပါတယ်။ ဒီအတွက် စိတ်ဓါတ်မကျပါနဲ့။ ကိုယ့်အိပ်မက်ကိုလည်း မစွန့်လွှတ်လိုက်ပါနဲ့။ လတ်တလောမှာ ဒီလမ်းက ဘယ်လိုမှလျှောက်မရတာမို့ တခြားတစ်လမ်းက ပတ်သွားရတာသာ ဖြစ်ပါတယ်။ အဲဒီနေရာကို မရောက်ရောက်အောင် သွားမယ်ဆိုတဲ့စိတ်နဲ့သာ
ကြိုးစားရင် တကယ်ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ဝါသနာကို မသိသေးတဲ့သူပဲဖြစ်ဖြစ်၊ သိရက်နဲ့ လက်တွေ့မလုပ်နိုင်သေးတဲ့သူပဲဖြစ်ဖြစ် လက်ရှိ လုပ်နေတဲ့ အလုပ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ပါ။
အဲဒီခြင်္သေ့စိတ်ဓါတ်က ကိုယ့်အိပ်မက်တွေဆီ သွားမယ့် ဒုတိယလမ်း Plan-B ကို ပိုပြီး အဆင်ပြေ ချောမွေ့စေပါလိမ့်မယ်။

ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ
၂၂.၂.၂၀၁၇

သင့်ဘဝကိုတိုးတက်ပြောင်းလဲသွားစေမယ့်အချက်များ

သင့်ဘဝကိုတိုးတက်ပြောင်းလဲသွားစေမယ့်အချက်များ
🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽

၁။ ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်အောင် ကြိုးစားပါ။ တိကျတဲ့ ရည်မှန်းချက်တွေထားပြီး အာရုံစိုက် လုပ်ဆောင်နိုင်မှသာ သင်လိုချင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

၂။ လေ့လာသင်ယူခြင်းက သင့်ရဲ့ ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးတာကြောင့် ဗဟုသုတအသစ်တွေကို အမြဲတမ်း ရှာဖွေလေ့လာပါ။

၃။ လက်တလော ရည်မှန်းချက်တွေနဲ့ ရေရှည် ရည်မှန်းချက်တွေကို ခွဲခြားထားပြီး ပန်းတိုင်ရောက်အောင် ကြိုးစားပါ။ ဒါပေမယ့် သင့်ရဲ့ စိတ်ကူးအိမ်မက်တွေကို ဘဝအခြေအနေအပေါ် မူတည်ပြီး အလိုက်သင့် ပြောင်းလဲပေးသင့်ပါတယ်။

၎။ အတိတ်က စိတ်ညစ်စရာတွေကို မေ့ထားလိုက်ပါ။ အတိတ်က အရာတွေက ပြောင်းလဲလို့ မရနိုင်တော့တာကြောင့် အနာဂတ်အတွက်သာ အချိန်ပေး ကြိုးစားသင့်ပါတယ်။

၅။ သက်သာတဲ့နေရာမှာ နေသာသလိုမနေဘဲ အမူအကျင့်ကောင်းတွေကို သင်ယူ လေ့ကျင့်ပါ။ ဥပမာ သင်က လူအများရှေ့ စကားပြောရတာ ကြောက်တဲ့ လူတစ်ယောက်ဆိုရင် စကားပြောကို ပုံမှန် လေ့ကျင့်နေသင့်ပါတယ်။ အထပ်ထပ် လေ့ကျင့်ပြီးတဲ့ အချိန်မှာတော့ သင်ဟာ လူအများကြား စကားပြောကောင်းတဲ့ လူတစ်ယောက် ဖြစ်လာမှာပါ။

၆။ ရည်ရွယ်ထားတဲ့ စိတ်ကူးအိမ်မက်တွေကို ယုံယုံကြည်ကြည်နဲ့ အကောင်အထည်ဖော်ပါ။ အသက်တွေ ဘယ်လောက်ပဲ ကြီးကြီး သင့်မှာ အိမ်မက်တွေ ရှိနေဖို့ အရေးကြီးပါတယ်။

Credit to လင်းလင်းမောင်
Prospect Myanmar

ဘဝအတွက်​​လေ့ကျင့်​ပါ

ဘဝအတွက်လေ့ကျင့်​ပါ
🔑🔑🔑🔑🔑🔑🔑

လျှောက်​ခဲ့တဲ့ လမ်းတိုင်းဟာ အမှန်​ဆုံးမဟုတ်​​တောင်
အ​ကောင်းဆုံး​တော့ ​လျှောက်​လှမ်းပါ

ဘဝ ဆိုတာ ထုဆစ်​ရတယ်​ ဆို​ပေမယ့်
လူတိုင်းဟာ လိုသလိုမထုဆစ်​နိုင်​ကြဘူး​လေ

ရွေးချယ်​ခွင့်​ဆိုတာ လူတိုင်းရှိကြ​ပေမယ့်
ရွေးချယ်​ရပုံခြင်း အ​ကြောင်းတရား မတူညီကြဘူး

ဘဝ ရဲ့ ဖြတ်​သန်းမှုပုံစံ​တွေ မတူကြ​ပေမယ့်
အ​ကောင်းဆုံး ​ဆောင်​ရွက်​ဖြတ်​သန်း​နေကြတာတူတယ်

ပျော်​ရွင်​မှု​တွေကို ​တောင်းတ​​နေကြ​ပေမယ့်
ဝမ်းနည်းပူ​ဆွေးမှုက ပိုများ​နေတတ်​တယ်

ဟန်​​ဆောင်​ခြင်း​တွေလည်း မကြာခဏကြုံရ​ကောင်း
ကြုံနိုင်​​ပေမယ့်​ ကိုယ်​လုပ်​သင့်​တာကို ​ရှေ့ဆက်​လုပ်​ပါ

ဓားဆိုတာ ​သွေးမှထက်​တယ်
ဘဝဆိုတာဖြတ်​သန်းမှ အဓိပ္ပါယ်​ရှိတာပါ

မကြာခဏ ရှုံးနှိမ့်​​နေလို့လည်း စိတ်​ဓာတ်​မကျနဲ့
အောင်​မြင်​သူတိုင်းရဲ့ ​နောက်​​ကြောင်းရှုံးနှိမ့်​မှုကို
လူ​တွေ စိတ်​မဝင်​ကြဘူး

လဲ ကျ ​နေရင်​ ပြန်​ထလိုက်​ပါ မ​လောပါနဲ့
စစ်​ပွဲတိုင်းနိုင်​တဲ့ စစ်​သူကြီးဟာ တချိန်​က
အဆူခံ အရိုက်​ခံ ​ချွေး ​သွေး ​တွေရင်းပြီးမ
ှရပ်​တည်​နိုင်​တာပါ

ကြာကြာရပ်​ချင်​ရင်​ ​အောက်​​ခြေခိုင်​​အောင့်​​လေ့ကျင့်​ပါ

   Credit....ဘာမထီ ဘွား

တရုတ်​​တွေရဲ့မ​ပြောမိ​အောင်​ပိတ်​ပင်​ထားတဲ့စကားငါးခွန်း

ရှေးတရုတ်ပညာရှိရဲ့သားမြေးတွေကိုလုံးဝမပြောမိစေဖို့ပိတ်ပင်ထားတဲ့စကား ၅ ခွန်း
🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽

၁. ခက်ခဲတယ် 难
ခက်တယ်ဆိုတဲ့စကားပြောလိုက်တာနဲ့ ပြသနာတွေ ဖြေရှင်းဖို့ တွန်းအားစွမ်းအားတွေ ရပ်ဆိုင်းကုန်တတ်ပါတယ် ။
…………………………….
၂. မလုပ်နိုင်ဘူး 不会做
လုပ်ဆောင်နေတဲ့အရာကနေ ကိုယ့်ကိုယ်ကို မောင်းထုတ်လိုက်သလိုဖြစ်စေပြီး ဆက်လက်လေ့လာဖို့ ပိတ်ပင်ပြီးသားဖြစ်စေတတ်တယ်
…………………………….
၃. အားလျော့တယ် 灰心

ဒီစကားလေးတစ်ခွန်းတည်းနဲ့ တင် ခန္တာ နဲ့ စိတ်ထဲမှာရှိနေတဲ့ အားအင်တွေ အကုန်လုံး လျော့ကျပြီး အားအင်ကုန်ခမ်းသွားစေတတ်ပါတယ်
…………………………………….
၎.ပျင်းတယ် 懶
အပျော်သဘောတောင်မပြောသင့်တဲ့ စကားဖြစ်ပါတယ် ဒီစကားဟာ တာဝန်မယူတတ်ခြင်းကိုဖြစ်ပေါ်စေတတ်ပါတယ်
…………………………
၅.ပင်ပန်းတယ် 累
ဒီစကားလုံးကိုပြောလိုက် တာနဲ့ ခန္တာကိုယ်က နွမ်းနယ် မှု့တွေနဲ့ တန်းပြီးတုန့်ပြန်လိမ့်မယ်
………………………….
တရုပ်လူမျိုးတွေ ဟာ ကမ္ဘာ မှာ အရောင်းအဝယ်နဲ့ ပါတ်သက် ပြီး စွမ်းအားကြီးမားလှတာ ကိုတော့ လက်ခံ ရပါမယ် ။ အထူးသဖြင့် ၂၀၁၅ အတွင်း တရုပ်မဟာသဌေး မင်းကြီးတွေ အများအပြားပေါ် ထွက်လာတယ် ခန့်မှန်းချက်တွေ အရ တရုပ်သဌေးတွေက ဥရောပ နဲ့ အမေရိကန် ကိုတောင် ကျော်တက် သွားလိမ့်မယ် လို့ ဆိုနေကြပါတယ်

Credit: Happy Life Project

ဗဟုသုတ​လေးပါ

ထူးဆန်းသောနည်းဖြင့် သေဆုံးသူများ.....
- ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ ရုပ်တူပန်းချီကိုကြည့်ပြီး တအားရယ်မောရာကနေ သွေးကြောပြတ်သေသွားပါတယ်။

- ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။

- ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ ဖျားပြီးသေပါတယ်။

- အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီး သေဆုံးပါတယ်။

- ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီဝါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး ၀ံ့ကြွားစွာပြန်လာပါတယ်။ ရွံ့နွံတစ်ခုရောက်တဲ့အခါ ၀တ်ထားတဲ့သံချပ်ကာအကျီ င်္ရဲ့အလေးချိန်ကြောင့် မြင်းရောလူရော မြုပ်ပြီး သေပါတယ်။

- ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။

- စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့တဲ့ ခေါင်းဖြတ်စက်နဲ့ သူကိုယ်တိုင် အသတ်ခံရပါတယ်။

- ဗြိတိသျှစာရေးဆရာ ဖရန့်ဆစ်ဘေကွန်ဟာ ဆီးနှင်းက အသေကောင်တစ်ခုကို မပုပ်ပွအောင်တားဆီးနိုင်စွမ်းရှိမရှိဆိုတာကို စမ်းသပ်တဲ့အနေနဲ့ ကြက်တစ်ကောင်ကိုသတ်ပြီး ဗိုက်ကိုခွဲလို့ နှင်းခဲတွေဖြည့်လိုက်ပါတယ်။
အဲဒီလိုလုပ်နေရင်းနဲ့ပဲ သူ အအေးပတ်ပြီးသေသွားပါတယ်။

- ဗြိတိသျှစာရေးဆရာ သောမတ်မေဆိုသူဟာ အသက်ကြီးပြီး တဖြည်းဖြည်းဝလာတဲ့အတွက် မေးစေ့ကို အ၀တ်နဲ့ပတ်ပြီး ဦးခေါင်းကသိုင်းထားရပါတယ်။ အဲဒီသိုင်းထားတဲ့ အ၀တ်ကြောင့် အသက်ရှုကြပ်ပြီး သေပါတယ်။

- ဗြိတိသျှစာရေးဆရာ သောမတ်အုတ်ဝေး ဆိုတဲ့လူဟာ ၁၆၈၅ ခုနှစ်မှာ အလွန်ဆင်းရဲသွားပါတယ်။ အစာမရှိဘဲ ရက်ပေါင်းများစွာနေခဲ့ရတဲ့အတွက် သူတပါးထံက လက်ဖြန့်တောင်းရာက ငွေတစ်ဂီနီရပါတယ်။ ပေါင်မုန့်တစ်လုံးဝယ်စားပါတယ်။
တစ်လုတ်တည်းနဲ့ နင်ပြီး သေသွားပါတယ်။

- ပြင်သစ်စာရေးဆရာ ဂျီရပ်ဒီနာ့ဗယ့် ဟာ ၁၈၅၅ ခုနှစ်မှာ လမ်းဘေးမီးတိုင်တစ်တိုင်မှာ ဂါဝန်တစ်ထည်နဲ့ ကြိုးဆွဲချသေသွားပါတယ်။

- ၁၈၈၄ ခုနှစ်မှာ အမေရိကန်စုံထောက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အယ်လင်မင်ကာတင်ဟာ ကိုယ့်လျှာကိုယ်ကိုက်မိရာကနေ အနာရှိန်တက်ပြီး သေဆုံးသွားပါတယ်။

- ဗြိတိသျှစာရေးဆရာ မြို့စားကြီး ဟယ်ရီစတင်းဘော့ဟာ ၁၉၀၅ မှာ မိတ်ဆွေတစ်ယောက်ကို အရက်မူးပြီး မီးထိုးတဲ့သံချောင်းနဲ့ ရိုက်နှက်မယ်ပြုရင်းပဲ မီးပုံထဲ လဲကျသေပါတယ်။

- ဗြိတိသျှစာရေးဆရာ အားနောကင်းနက်ဟာ ပြင်သစ်ကသောက်ရေဟာ စိတ်ချရပါတယ်လို့ ဟောပြောပြီး ရေကို လက်တွေ့သောက်ပြပါတယ်။ အဲဒီရေကနေ တွိုက်ဖိုက်ရောဂါရပြီး သူသေသွားပါတယ်။

- ဗြိတိသျှကဗျာဆရာ လိုယိုနယ်ဂျွန်ဆင်ဟာ ၁၉၀၂ မှာ အရက်ဆိုင်ကုလားထိုင်ပေါ်က လိမ့်ကျပြီး သေသွားပါတယ်။

- ရုရှားဘာသာရေးဆရာကြီး ရပ်စပြူတင်ကို ၁၉၁၆ ခုနှစ်မှာ အဆိတ်ခတ်ထားတဲ့ကိတ်မုန့်၊ ၀ိုင်အရက်တွေနဲ့ လုပ်ကြံပေမယ့် မသေပါဘူး။ သေနတ်နဲ့ နှစ်ကြိမ်တိတိ ပစ်ခတ်လုပ်ကြံပေမယ့်လည်း မသေပါဘူး။ နောက်ဆုံး ကြိုးတုပ်ပြီး မြစ်ထဲတွန်းချလိုက်တော့မှ သေပါတယ်။

- အမေရိကန်မှာနေတဲ့ နပိုလီယန်ရဲ့အနွယ်တော် ဂျာရိုဗီနပိုလီယန်ဟာ သူ့ဇနီးမွေးထားတဲ့ ခွေးက ကိုက်လို့ သေသွားပါတယ်။

- အမေရိကန်က ကောလိပ်တော်အရာရှိ လန်ဂလီတော်လီယားဟာ သူ့ရဲ့ အိမ်ထဲကို သူခိုးဝင်ရင် ဖမ်းမိအောင်လို့ ထောင်ချောက်ဆင်ထားပါတယ်။ ၁၉၄၇ မှာ သူ့ထောင်ချောက်ကို သူပြန်မိသွားပြီး အပ်ချုပ်စက်နဲ့ စာအုပ်တွေ ခေါင်းပေါ်ပြုတ်ကျသေပါတယ်။

- ဂရိဘုရင် အလက်ဇန်းဒါးနောက်တစ်ယောက်ဟာ သူမွေးထားတဲ့ မျောက်က သူ့ပြန်ကိုက်လိုက်လို့ သွားဆိပ်တက်ပြီး သေသွားပါတယ်။

အတုအယောင်ပျော်ရွင်မှု့တွေကိုပစ်ထားခဲ့ပါ

အတုအယောင်ပျော်ရွင်မှု့တွေကိုပစ်ထားခဲ့ပါ
🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽

မြေခွေးတစ်ကောင်ဟာ ကြက်ခြံတစ်ခြံကိုတွေ့တော့ ခြံထဲကိုဝင်ပြီးကြက်ခိုးစားဖို့ ကြံစီတယ်ဒါပေမဲ့ သူ့ခန္တာကိုယ်က ဝလွန်းတာကြောင့် ခြံထဲကို တိုးဝင်လို့ မရဘူး ဘယ်လိုရှာရှာ တိုးတိုး မရတာနဲ့ အစာငတ်ခံတဲ့ နည်းကိုသုံးပြီး ၃ရက် အငတ်ခံပြီး ကိုယ်လုံးသေးသွားတော့မှ ခြံထဲကို တိုးဝင်လို့ရသွား ရော ။

..ဒါပေမဲ့ ကြက်တွေ ကိုခိုးစားလို့ ဝပြီး ပြန်ထွက်မယ် လုပ်တော့ ပြန်ဝနေတာနဲ့ ထွက်လို့ မရတော့ပြန်ဘူးဖြစ်နေရော ဒါနဲ့ နောက်သုံးရက် အစာအငတ်ခံ တော့မှပဲ ကြက်ခြံထဲကပြန်ထွက်လာလို့ ရလာတော့တယ်။

နောက်ဆုံးတော့ မြေခွေး လည်းစဉ်းစားမိတယ် ။ကိုယ့် ရဲ့တုံးအမှု့ကြောင့် ကိုယ့် အခြေအနေ ကိုကိုယ်ပြောင်းလဲ နေမိတယ် နောက်ဆုံးတော့ဘာ အကျိုးမှလဲ မရှိဘူး ဆိုတာပါပဲ ။

ကျွန်တော်တို့ဘဝတွေ ဟာလည်းအတူတူပါပဲ ဘာမှသိပ်မကွာခြားလှပါဘူး ကျွန်တော်တို့ မွေးဖွားလာတုန်းက ကိုယ်အလွတ် နဲ့ လက်ဗလာမွေးဖွားလာ ကြပြီး ပြန်သွားတဲ့ အချိန်ကျတော့လည်း လက်ဗလာနဲ့ ပဲပြန်သွားကြရတာ ပါ ဘယ်အရာမှသယ်သွားလို့ မရ နိုင်ပါဘူး ။

ဘယ်သူက မှလည်းရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာ နဲ့ ဂုဏ်ဓန တွေ ကို မသယ်သွားနိုင်ကြဖူးပါဘူး ။ကျွန်တော်တို့ နုပျိုငယ်ရွယ်တုန်းအချိန်မှာ ကြိုးစားရုန်းကန်ပြီးငွေ ကို အသဲ အသန်ရှာဖွေ ခဲ့ကြပေမဲ့ အဲ့ဒီပိုက်ဆံတွေ နဲ့ ကျွန်တော်တို့ ရဲ့ ပျိုရွယ်တဲ့ ဘဝတွေ ကိုပြန်ဝယ်လို့ ဘယ်လိုမှ မရ နိုင်ပါဘူး …ပျော်ရွင်မှု့တွေ ကို ငွေ နဲ့ သွားလဲခဲ့ကြပေမဲ့ အဲ့ငွေ တွေ နဲ့ ပျော်ရွင်မှု့နဲ့ အချိန်တွေကိုပြန်သွားဝယ်လာ လို့ မရ နိုင်ပါဘူး ။

တစ်ကမ္ဘာ လုံးမှရှိတဲ့ ဥစ္စာပစ္စည်းတွေ နဲ့ လဲ ကိုယ့်ရဲ့ဘဝ ကိုပြန်ဝယ်လို့ မရ နိုင်ပါဘူး ။ဒါကြောင့် အလုပ် တဲ့အခါ ဆိုရင် လဲလုပ်ပါ ။အနားယူတဲ့အခါ မှာလဲ အနားယူပါအလုပ်လုပ်နေရင်းနဲ့ လဲ ဘဝရဲ့ ပျော်ရွင်မှု့လေးတွေ နဲ့ တန်ဖိုးတွေ ကို ရိတ်သိမ်းသွားဖို့ သိတတ်ပါစေ ။

ကိုယ့်မှာရှိနေတဲ့ တန်ဖိုးကို ရှာတွေ့တတ်ပါစေ ။ကိုယ့်မှာရှိနေတဲ့ အချစ်တွေ ကို ထိန်းသိမ်းဂရုစိုက်တတ်ပါစေ။
ကုန်းဆုံးနေတဲ့ တစ်ရက်ပြီးတစ်ရက် ကိုပျော်ရွင်မှု့တွေ သာရရှိနေပါစေ ။အင်မတန်ခမ်းနားတဲ့ ဈေးကြီး အိမ်ကြီးဖြစ်နေပါစေ သင်လဲ ကုတင် တစ်လုံးတည်းပေါ်မှာပဲ အိပ်ရမှာပါပဲ။

ကားအကောင်းစားဈေးကြီး ကြီးနဲ့ ဘယ်လောက်ပဲ ကောင်းနေ မြန်နေ ပါစေ ရန်ကုန် ကားတောထဲ မှာ ညပ်ပြီး ပိတ်ခံ နေရမှာပါပဲ အမြန်မောင်းပြန်ရင်လဲ ဒဏ်ငွေဆောင်ရမှာပါ ။

ဈေးကြီးတဲ့ အိတ်အကောင်းစားကြီးပဲ ဖြစ်နေပါစေထည့်လို့၇တာကတော့ ပလပ်စတစ်အိပ်သာသာပါပဲ။

သူများမိန်းမ ဘယ်လောက်ချောနေပါစေ တစ်နေ့ တော့ ဆံဖြူသွားကျိုး ခါးကိုင်းပြီး အိုမှာအတူတူပါပဲ ။

သူများယောက်ျား အင်မတန်ချမ်းသာ အရမ်းချမ်းသာနေပါစေ သင့်ကိုသစ္စာရှိရှိချစ်နေတဲ့ ဆင်းရဲ သားယောက်ျားကိုတော့ မမှီနိုင်ပါဘူး။

မဖြစ်နိုင်တဲ့အရာ အတွက် ဖွေ ရှာမနေမိပါစေနဲ့ ဆုပ်ကိုင်ထားနေတဲ့အတုအယောင်ပျော်ရွင်မှု့တွေကို ပစ်ထားခဲ့လိုက်ပါ။ ဘာကြောင့်လဲ ဆိုတော့ တကယ်တမ်း ပျော်ရွင်မှု့ အစစ်အမှန်ဆိုတာ နေရာ တိုင်း အချိန်တိုင်းမှာပေါ်ပေါက်နေနိုင်ပါတယ် အကယ်လို့ ကိုယ်ကို ကိုယ်သာ“ ရောင်ရဲတင်းတိမ် ”တတ်ဖို့ သတိပေးနိုင်ခဲ့မယ် ဆိုရင်ပေါ့ ။

လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်။ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ။

Credit to သင်သိရင် သင်ချမ်းသာလာလိမ့်မယ်

ဥာဏ်ကောင်းလွန်းသူတွေသာကြုံရတဲ့အခက်အခဲများ

ဥာဏ်ကောင်းလွန်းသူတွေသာကြုံရတဲ့အခက်အခဲများ
🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽

လူတွေရဲ့အမြင်မှာတော့ ကိုယ်ကဥာဏ်ကောင်းတယ် ထက်မြက်တယ်ဆိုပြီး အစစအရာရာလွယ်ကူစွာ ဖြေရှင်းနိုင်မယ်ထင်ကြတာပေါ့။
ဒါပေမယ့် လက်တွေ့မှာတော့ ဒီပြသနာသေးသေးလေးတွေက ကိုယ့်လိုဥာဏ်ကောင်းသူတွေအတွက် အကြပ်ရိုက်စရာအခက်အခဲလေးတွေဖြစ်နေပါတယ်။ မိသားစုနဲ့ အပေါင်းအသင်းတွေကတောင် နားမလည်နိုင်ဖြစ်ရတဲ့ အခက်အခဲတွေကတော့

၁။ လူမှုရေးအရ အလာပ သလာပ စကားမပြောတတ်ဘူး။
ဘာရယ်မဟုတ်ပြောကြတဲ့ အပျင်းပြေစကားဝိုင်းတွေထဲမှာမင်းပါဝင်ပြောဆိုဖို့ခက်ခဲနေတတ်ပါတယ်။ နေကောင်းလား စားပြီးပြီလား ဒီလိုမျိုး အရေးမကြီးတဲ့အကြောင်းအရာတွေကို ပြောဆိုဆွေးနွေးဖို့ကို မင်းရဲ့ဦးနှောက်ကမအားပါဘူး။ မင်းစိတ်ဝင်စားတဲ့အကြောင်းအရာတွေက အနုပညာ ၊ အတွေးအခေါ်ပညာ ၊ သိပ္ပံပညာတို့လိုမျိုး အခြေအတင်ဆွေးနွေးရတဲ့ ခေါင်းစဉ်တွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့
ဥာဏ်ကောင်းသူတွေက စကားဝိုင်းရဲ့အပြင်ဘက်မှာကိုယ့်အတွေးနဲ့ကိုယ်ငြိမ်နေတတ်ကြပါတယ်။

၂။ အပြောထပ်အတွေးကပိုများပါတယ်။
ဦးနှောက်ကအလွန်လျင်မြန်တဲ့နှုန်းနဲ့အလုပ်လုပ်နေတဲ့အတွက် အတွေးတွေတစ်မျိုးပြီးတစ်မျိုး အဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။
ဒါ့ကြောင့် တစ်ဖက်လူကစကားမဆုံးသေးဘူး ကိုယ့်ဦးနှောက်ကစဉ်းစားအဖြေထွက်ပြီးဖြစ်လို့  အင်း တစ်လုံးတည်းအပြင်ပိုမပြောဖြစ်ကြပါဘူး။
်တစ်ခါတစ်ရံကိုယ်ကကွက်ကျော်မြင်ပေမယ့် တစ်ဖက်လူကိုရှင်းပြရမှာမောလို့ ပြန်မပြောနားမထောင် လုပ်ချင်ရာလုပ်တဲ့ သူအဖြစ် သတ်မှတ်ခြင်းလဲခံရပါသေးတယ်။

၃။ ငြီးငွေ့လွယ်တယ်။
အလုပ်လုပ်လွန်းတဲ့ဦးနှောက်ဟာ တစ်စုံတစ်ခုကိုအလိုက်သင့်နစ်မြောပြီး မနေနိုင်ပါဘူး။ အသစ်အဆန်းတွေနဲ့ စိန်ခေါ်မှုများတဲ့အလုပ်တွေကို စိတ်အားထက်သန်စွာကြိုးစားချင်တဲ့သူများဖြစ်ကြပါတယ်။ နေ့စဉ်ပုံမှန်ဝတ္တရားတွေထဲကနေရုန်းထွက်ပြီး အသစ်အသစ်တွေကိုစမ်းသပ်ချင်စိတ်ကြောင့်
မြေစမ်းခရမ်းပျိုးတာတွေများပြီး အပြင်လူတွေက ဘာလုပ်လုပ်ဆုံးခန်းတိုင်အောင်မလုပ်သူ အဖြစ်မရှိသူလို့ဝေဖန်ကြပါတယ်။

၎။ အတွေးလွန်တယ်။
အထက်မှာဖော်ပြခဲ့တဲ့အတိုင်း မင်းဟာစဉ်းစားတွေးခေါ်နေရတာကိုကြိုက်သူဖြစ်တဲ့အတွက် တစ်ခါတစ်ရံမှာ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကိုမပြုလုပ်နိုင်တော့ပါဘူး။ အတွေးများလွန်းတဲ့အတွက် အတွေးအခေါ်ကနေ အတွေးအချော်တွေဖြစ်သွားခြင်းပါ။ ဒီအခါမှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ဖို့ကို အချိန်ယူစဉ်းစားရင်းနဲ့ပဲ တခြားဘာမှမလုပ်ဖြစ်တော့လို့ ဘေးလူတွေကမင်းကိုငပျင်းလို့မြင်ကြပါတော့တယ်။

၅။ ဆက်ဆံရေးမကောင်းတဲ့ လူ့ဂွစာ။
ဥာဏ်ကောင်းသူတွေရဲ့အဓိကလက္ခဏာတွေဖြစ်တဲ့ စကားနည်းခြင်း တစ်ဇွတ်ထိုးဆန်ခြင်း ငြီးငွေ့ခြင်း အတွေးလွန်ခြင်းတို့ကြောင့်ပဲ မင်းကိုဆက်ဆံရေးမကောင်းသူလို့သတ်မှတ်လိုက်ကြပါတယ်။ သူတို့ကမင်းကိုတမူထူးခြားသူလို့ သတ်မှတ်ပြီး လိုက်လျောညီထွေနေဖို့ ဖိအားပေးလေ မင်းကသူတို့နဲ့ပိုကွဲပြားခြားနားလေပါပဲ။ ဒါ့ကြောင့် တစ်ခါတစ်လေတော့ အထီးကျန်ခြင်းကိုခံစားရပါလိမ့်မယ်။

၆။ လွယ်လွယ်နဲ့မချစ်တတ်သူပါ။
မင်းရဲ့စိတ်ကူးထဲကဘ၀လက်တွဲဖော်ဟာ တခြားသူတွေထပ် သတ်မှတ်စံချိန်စံနှုန်းပိုမြင့်နေပါတယ်။ ဒါ့အပြင်ဥာဏ်ကောင်းသူတွေဟာ လူကဲခတ်တော်ပြီး အသေးစိတ်ဇီဇာကြောင် တဲ့အတွက်တော်ရုံလူချဉ်းကပ်ဖို့မလွယ်ပါဘူး။ တစ်ယောက်တည်းလဲအေးဆေးနေတတ်သူတွေဖြစ်တဲ့အတွက် တစ်စုံတစ်ယောက်ကိုသီးသန့်အချိန်ဖဲ့ပေးပြီး ဦးနှောက်ထဲထည့်ထားဖို့မစဉ်းစားကြပါဘူး။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ဒီလိုအခက်အခဲအသေးအဖွဲလေးတွေကြောင့် မင်းရဲ့တွေးခေါ်ပုံနဲ့ အပြုအမူတွေကို ဆန့်ကျင်ဘက်ပြောင်းလဲလိုက်စရာမလိုပါဘူး။ မင်းဟာဒီလိုပင်ကိုစရိုက်ရှိသူဖြစ်ကြောင်းကို ပတ်ဝန်းကျင်ကလက်ခံလာအောင်အသိပေးပါ။ မင်းလိုပဲဥာဏ်ကောင်းသူတွေကိုရှာဖွေပေါင်းသင်းပါ။

Credit to 👇👇👇
#ProspectMyanmar
#HninPwint
#LifeStyle