ရေစက် …….
💧💧💧💧
ရေစက် ……
ရှိသရွေ့တော့ ဆုံနေကြအုံးမှာပဲ။
ကုန်ဆုံးတဲ့နောက်တော့ ခွဲသွားကြရမှာပဲ။
အချစ်မှာလည်း အစွဲအလမ်း မကြီးပါနဲ့။
အစွဲအလမ်းကြီးရင် ပိုပြီး ခံစားရတတ်တယ်။
အရမ်းချစ်လည်း အဆုံးသတ်မှာ လမ်းခွဲရမှာပဲ။
လမ်းခွဲခြင်းမှာ မျက်ရည်မကျဖို့ အစွဲတွေကို လျှော့ရမယ်။
အမုန်းမှာလည်း အစွဲလမ်း မကြီးပါနဲ့။
အစွဲအလမ်းကြီးရင် ပိုပြီး ခံစားရတတ်တယ်။
အရမ်းမုန်းလည်း အဆုံးသတ်မှာ လမ်းခွဲရမှာပဲ။
လမ်းခွဲခြင်းမှာ အပါယ်မကျဖို့ အစွဲတွေကို လျှော့ရမယ်။
ချစ်သူဖြစ်စေ၊မုန်းသူဖြစ်စေ "အဆုံးသတ်"ဆိုတဲ့ ……
စာတန်းတစ်ခုအောက်မှာ လမ်းခွဲကြရတယ်။
ရေစက်ကုန်တဲ့အခါ ကျောခိုင်းကြရတယ်။
ဘ၀ဆိုတဲ့ ခဏတာ ရှင်သန်ခြင်းမှာ ……
ရေစက်ကြောင့်သာ လာရောက်တွေ့ဆုံကြရတာပါ။
အချစ်တွေ၊အမုန်းတွေနဲ့ ခဏတာရှင်သန်ချိန်လေးကို ……
မပူလောင်ပါစေနဲ့။
ကိုယ်က အရင်ထွက်ခွားသွားနိုင်သလို ……
သူက အရင်ထွက်ခွာသွားတာလည်း ဖြစ်နိုင်ပါတယ်။
မုန်းသူတွေလည်း တစ်ဘ၀ပဲ။ချစ်သူတွေလည်း တစ်ဘ၀ပဲ။
အစွဲအလမ်းကြီးရင်တော့ ဘ၀အဆက်ဆက် ……
သံသရာဆုံးတိုင် ခံစားရလိမ့်မယ်။
အတိတ်ဘ၀က အတူပြုခဲ့တဲ့ ရေစက်တစ်ခုကြောင့် ……
အခုဘ၀မှာ အတူတူ လာရောက်တွေ့ဆုံကြတယ်။
ခံစားချက်တွေကြောင့် မပူလောင်ချင်ရင် ……
ဥပေက္ခာသဘောနဲ့ နေထိုင်လိုက်ပါ။
"ဥပေက္ခာ"ဆိုတာ လစ်လျှူရှုတာ အဟုတ်ပါဘူး။
ကိုယ့်အပေါ် ချစ်သူဖြစ်စေ၊မုန်းသူဖြစ်စေ သဘောထားမပြောင်းပဲ
စိတ်တစ်ခုတည်းနဲ့ ဆက်ဆံတာကို ဆိုလိုတာပါ။
ဥပေက္ခာ ပြုနိုင်လေ စိတ်အေးချမ်းရလေပါပဲ။
"ရေစက်ကုန်ရင် ခွဲသွားကြမှာပဲ"ဆိုတဲ့ အသိတစ်ခုကို ခေါင်းထဲမှာ ထည့်ထားနိုင်ရင် အမုန်းကြောင့်လည်း မပူလောင်တော့ဘူး။
အချစ်ကြောင့်လည်း မခံစားရတော့ဘူးပေါ့။
ငြိမ်းအေးခြင်းဆိုတဲ့ ခံစားမှုလေး ကိုယ့်ထံမှာ ……
ကိန်းအောင်းနေတော့မှာပါ။
©®Thi Ha
❀ စာပေချစ်သူများကို အစဉ်လေးစားလျှက် ❀
photo-crd
Khin Win Shwe

No comments:
Post a Comment