မိဘ
-------
အဖေ ကွယ်လွန် ပြီးတဲ့နောက် အမေ ကို လူအိုရုံ ပို့ ဖို့
သားဖြစ်သူက ဆုံးဖြတ်လိုက် တယ်
အမေ ဆီ ကို အားတဲ့အခါ မှပဲသွားကြည့်ဖြစ်တယ်။
တရက်တော့ လူအို ရုံ က ဖုံးဆက်လာတယ်
မင်းရဲ့ အမေ တော်တော် အသည်းအသန်
ဖြစ်နေတယ်၊လာကြည့်ပါဦး။
သားဖြစ်သူရောက်သွား တော့ အမေဟာ သေဖို့ရာ
အိပ်ယာ ထဲ လဲ နေတာ ကို တွေ့ ရတယ်။
သားက အမေ ကို မေး လိုက်တယ်
"အမေ သားဘာလုပ်ပေးရမလဲ"
အမေက ပြန်ပြောတယ်
သားရယ်ကျေးဇူးပြု ပြီး သည်လူအိုရုံ မှာ ပန်ကာ
တတ်ပေးပါလား သည်မှာ ပန်ကာ မရှိ လို့ ပါ။
နောက်ပြီး စားစရာ ကောင်းကောင်းလေး ထည့်ထား ဖို့ ရေခဲသေတ္တာ ထားပေးပါ ဘာဖြစ်လို့ လည်းဆိုတော့ စားစရာ မရှိပဲ အိပ်လိုက်ရတဲ့ ရက်တွေ များတယ် သားရယ်။
သားဖြစ်သူ က တအံ့တသြ နဲ့ ပြန်မေးတယ်
အမေရယ်တလျှောက်လုံးနေလာတာ
တခါ မှ မပြောပဲခုလို နာရီ
ပိုင်းလောက်ပဲ နေရတော့ မယ့်
အချိန် မှဘာလို့ ပြောရတာလဲ။
အမေ က ပြန်ပြောပါတယ်၊
"ဟုတ်ပါတယ် သားလေး ရယ်"
သည်လို ပူအိုက် တာတွေ ဗိုက်ဆာလို့ 
့နာကျင်တာတွေ အမေ အတွက်တော့
နေတတ်အောင် စီမံနိုင်တယ် သားရဲ့ ။
ဒါပေမယ့် သားရဲ့ကလေး တွေက သားကို သည်နေ ရာ ကို ခေါ်လာတဲ့ အခါ ကျရင် သား က နေတတ်အောင် မ စီမံတတ် မှာ ကို အမေ စိုးရိမ် လို့ ပါ သားရယ်။
Credit သူငယ်ချင်း တင်ထား တာကို ဘာသာပြန်သည်
မူးမြင့်အောင်
၈ဇူလိုင်၂၀၁၉

No comments:
Post a Comment