Wednesday, July 17, 2019

‼ ကျောင်းဆရာကြီး၏ ချီးမွမ်းသံ ‼

‼‼‼ ကျောင်းဆရာကြီး၏ ချီးမွမ်းသံ ‼‼‼
**********************************
လူတွေကို မှတ်မှတ်ရရ ချီးမွမ်းတတ်တဲ့ အကျင့်ဟာ အလွန်ကောင်းတဲ့ အကျင့်ဘဲဖြစ်တယ် ချီးမွမ်းခြင်းနဲ့ ပက်သက်လို့ ကျောင်းကပွဲ တစ်ခုမှ ကျောင်းအုပ်ဆရာကြီးက သူ့ရဲ့ တပည့်တွေကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြု ချီးမွမ်းတာနဲ့ ပက်သက်လို့ပြောပြချင်ပါတယ် အဲဒီကျောင်းသား စုံညီပွဲတော်မှာ သီးသန့်ဇာတ်အဖွဲ့ကို မငှားတော့ပဲ ကျောင်းသား ကျောင်းသူတွေကို ပေါင်းပြီး ကပွဲကျင်းပစေခဲ့ပါတယ် ကျောင်းသူကျောင်းသားတွေ ဆိုပေမဲ့လဲ သူ့နေရာနဲ့သူ အထာကိုက်နေကျတော့ ကြည့်ရတာ အရမ်းကောင်းပါတယ် ကျောင်းသားမိဘတွေကလဲ လှိုက်လှိုက်လှဲလှဲ အားပေးချီးကျူးကြတယ် တကယ့် ဇာတ်အဖွဲ့တွေကသလိုပဲ လူတွေရဲ့ စိတ်ကို ခံစားမှုဖြစ်စေခဲ့တယ် ကျောင်းအုပ်ဆရာကြီးကလဲ နာမည်ကောင်းရလို့ ဝမ်းမြောက်ဝမ်းသာဖြစ်နေတယ် ဆရာကြီးဟာ နောက်တစ်နေ့ညရောက်တော့ သူ့ရဲ့ တပည့်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ကြက်သား အုန်းထမင်း ကျွေးတယ် ပြီးတော့ ကဲ ...... ငါ့တပည့်တို့ မနေ့က ဇာတ်ကတာ ကောင်းလွန်းလို့ ဘယ်သူတွေက ဘယ်နေရာ သရုပ်ဆောင်ကျတာလဲ ပြောစမ်းပါဦး တပည့်တွေကို ချီးမွမ်းချင်လို့ မေးတာပါ ။
...... ဆရာကြီး ... တပည့်က နတ်သမီးက " က " ပါတယ်လို့ပြောလိုက်တော့ . သြော် နတ်သမီးက " က " တာမင်းလား မင်းရဲ့ ကကွက်တွေက အရမ်းကြည့်လို့ကောင်းတယ် လူတွေကလည်း လက်ခုပ်တီးအားပေးကျတာ အရမ်းပဲ ငါ့တပည့်မလေးက အရေးကြီးတဲ့ အခန်းက ကပြသွားလိုက်တာ ဆရာကြီးရဲ့ အာရုံထဲမှာ ယခုချိန်ထိ မြင်ယောင်နေတုန်းပဲ ကြည့်လို့အရမ်းကောင်းတာပဲလို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းလိုက်တယ် ..ကဲ ..ကဲ .....မောင်တင်အေးကရော မင်းက ဘာလုပ်ရသလဲ ? ဆရာကြီး .ကျွန်တော်က စန္ဒယားတီးတာပါပြောတော့ ဆရာကြီးက .....သြော် .. စန္ဒယားတီးတာမင်းလား ကောင်းလိုက်တဲ့ လက်သံပဲကွာ မင်းရဲ့တီးကွက်ကလည်း အရေးကြီးတဲ့ အခန်းက ပါဝင်တာပဲလို့ ချီးမွမ်းလိုက်တယ် ...ကဲ မင်းကတော့ ဘယ်အခန်းကပါဝင်သလဲ ..ဆရာကြီး ကျွန်တော်ကတော့ လိုက်ကာရဲ့ နောက်ခံ ပန်းချီကားတွေကို ရေးဆွဲရတယ်လို့ပြန်ဖြေတယ် ..သြော် .. လက်စသတ်တော့ ပန်းချီကားဆွဲတာ မင်းကို မင်းဆွဲတဲ့ပန်းချီကားတွေက တို့ဇာတ်စင်ရဲ့ ထည်ဝါမှုနဲ့ စိုပြေမှုကို ဖြစ်စေတယ် အရောင်ခြယ်မှုန်းထားတာတွေကလည်း တကယ့် ပန်းချီကျော်တစ်ယောက် ရေးထားတဲ့အတိုင်းပါပဲ မင်းရဲ့ ပန်းချီးကားဟာလဲ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တာပဲလို့ မှတ်မှတ်သားသား ချီးမွမ်းလိုက်တယ် .. အဲဒီနောက် ခပ်လှမ်းလှမ်းမှာ ထိုင်နေတဲ့ တပည့်တစ်ယောက်ကို လှမ်းမေးလိုက်ပြန်တယ် မင်းကကော ဘယ်အခန်းကဏ္ဍမှာ ပါသလဲ ? ဆရာကြီး ကျွန်တော်ကတော့ " အရေးကြီးတဲ့ အခန်းက မပါပါဘူး လိုက်ကာကြိုးဆွဲတဲ့ နေရာမှာပဲ အတင်အချ လုပ်ပေးရပါတယ် " အဲဒီအခါမှာ ဆရာကြီးက ဘယ့်နှယ့် အရေးမကြီးရမှာတုန်း ငါ့တပည့်ရ မနေ့က တာဝန်တွေအားလုံးထဲမှာ မင်းဟာ အရေးကြီးဆုံး တာဝန်ကို ယူထားတာပဲ လိုက်ကာကြိုးဆွဲတာက ဇာတ်ပွဲ တစ်ခုလုံးမှာ အရေးကြီးဆုံးလူပဲဖြစ်တယ် မင်းကသာ အချိန်ကိုက် လိုက်ကာကြိုးဆွဲ မတင်နိုင် မချနိုင်ခဲ့ရင် နောက်ခံပန်းချီးကားတွေလဲ မြင်ရမှာမဟုတ်ဘူး အဆိုတွေ အကတွေ အတီးတွေ ဘယ်လောက်ပဲကောင်းကောင်း ဒီဇာတ်ပွဲ တစ်ခုလုံးရဲ့ အသက်ဟာ မင်းရဲ့ လက်ထဲမှာပဲလေကွာ မင်းရဲ့ ကဏ္ဍက အရေးကြီးဆုံးပါပဲလို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းလိုက်ပါတယ် ။
တစ်ဖက်သားကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းတတ်ခြင်း ချီးကျူး တတ်ခြင်းဟာ အရေးကြီးဆုံးကိစ္စပဲဖြစ်တယ် လူတွေရဲ့ အောင်မြင်မှုဆီကို တွန်းပို့တဲ့ တွန်းအားတစ်ခုပဲဖြစ်တယ် .... ဒီနေ့က စပြီး လူတိုင်းကို မှတ်မှတ်ရရ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းလိုက်ပါ ..
ချီးကျူးလိုက်ပါ ။

#Jonsnow
#Crd

No comments:

Post a Comment