ဘောင်ခတ်ခံရခြင်း
============
ကမ္ဘာပေါ်မှာ အမုန်းဆုံးအလုပ်ကိုပြပါဆိုရင် ကျမအတွက်တော့ဘောင်ခတ်ခံရခြင်း လို့ပဲပြောပါရစေ
ကျမ ဆယ်တန်းတုန်းကအဖြစ်အပျက်လေးသတိရမိတယ်
စာမေးပွဲ ပထမဆုံးဘာသာဖြေပြီး ပြန်လာတော့ မဖြေနိုင်လို့ အမေက ကျမကို ခြစ်ချမလား ဆက်ဖြေမလားဆိုပြီးမေးတယ်
ကျမဆက်ဖြေဖို့ ဆုံးဖြတ်ခဲ့တယ် ဘာလို့လဲ ဆိုနောက်နှစ်ဖြေလဲ ဘာမှထူးမှာမဟုတ်လို့
အမှတ်ထွက်လာတော့ သိနေတဲ့အတိုင်း အမှတ်အနည်းဆုံးရတဲ့ ဘာသာကတော့မြန်မာစာပေါ့
မြန်မာလူမျိုးဖြစ်ပြီး မြန်မာစာအားနည်းတာ ရယ်စရာတော့ကောင်းပါတယ်
ဒါပေမယ့် ကျက်စာအားနည်းတဲ့ ကျမ ၊ခတ်ထားတဲ့ ဘောင်ထဲ မှာ မနေတတ်တဲ့ ကျမ အတွက်တော့ မြန်မာစာ အားနည်းတဲ့အတွက်ဘယ်လို မှ မနေပါဘူး
အဓိက အားနည်းရခြင်းအကြောင်းရင်း က စာစီစာကုံးကို သေချာစီကုံး မရေးတတ်တာ ကဗျာကို စာမဖွဲ့တတ်ခဲ့တာက ကျမကို အမှတ်လျော့စေခဲ့တယ်
ကျမ က စာဖတ်ရင်လည်း တိုတို နဲ့ လိုရင်းရောက်တဲ့ စာဖတ်ရတာ ပို သဘောကျတယ်
စကားပြောရင်လည်း ဒဲ့ဘဲ ပြောတတ်တယ်
စာရေးရင်လည်း လိုတာထက်ပို မကွန့်တတ်ပါဘူး
ကျမ ရဲ့ အရေးအသားတွေ ကိုကြည့်ရင်သိသာပါတယ်
တိုတိုတောင်းတောင်း ရှိတယ်
ပြောချင်တာ ကိုရှင်းရှင်းလင်လင်းပဲပြောတယ်
ကျမရဲ့ အဓိက ခံယူချက်က စာဖတ်ကောင်းဖို့ထက် ကျမက စာဖတ်သူ ကိုပေးချင်တဲ့ message စာဖတ်သူရသွားဖို့ အရေးကြီးတယ်လို့ ခံယူထားတယ်
တချို့နေရာတွေမှာ စကားလုံးရွေးချယ်မှု မှန်ချင်မှ မှန်မယ် ဒါပေမယ့် ကျမရဲ့ စာဖတ်သူ အပေါ်ထားတဲ့ စေတနာက အမှန်ပါ
လူတယောက်ဟာဘောင်ခတ်ခံရရင် အဲ့ဒီလူမှာ သူ့ရဲ့ အရည်အချင်းကို အပြည့်အဝ ပြသခွင့်မရှိတော့ဘူး လို့ ကျမထင်တယ်
ပြသနာတခု မှာ အဖြေတခုထဲ ရှိတာမဟုတ်ပါဘူး အဖြေတွေ အများကြီးရှိပါတယ်
ကိုယ်အဆင်ပြေတဲ့ အဖြေလေးနဲ့ ကိုယ့်ပြသနာ ကိုယ်ရှင်းတတ်ရမယ်
ဒါပေမယ့် ကိုယ့်ကြောင့် တခြားသူကိုတော့ မထိခိုက်စေရဘူးပေါ့
ဥပမာ အိမ်မှာ ရေမြောင်းပိတ်လို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်း လိုက်ပြီး အဆင်တော့ပြေသွားပါရဲ့ ဘေးအိမ်မှာ ရေမြောင်းသွားပိတ်နေတယ်ဆိုရင် ဒါဟာမှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူးလို့ပြောရလိမ့်မယ်
ဒီတော့ စာဖတ်သူတို့လဲ ဘောင်ခတ်မထားတဲ့ အဖြေတွေနဲ့ သူတပါးကို မထိခိုက်ပဲ ပြသနာဖြေရှင်းနိုင်ကြပါစေလို့ 💜💜💜💜
Credit
No comments:
Post a Comment