ဒီ လုပ်ငန်းပိုင်းမှာ ကျောင်းပြီးအောင် သည်းခံပြီးကျောင်းတက်လာတာ ဒီအလုပ်လုပ်ရမှာပေါ့
မဟုတ်ရင်နှမျောစရာကြီး
.
ကိုယ့်စီးပွားရေး ဒီလောက်ကြာကြာ သည်းခံပြီး တည်ဆောက်လာတာ ဆက်သည်းခံရမှာပေါ့
မဟုတ်ရင်နှမျောစရာကြီး
.
ပိုက်ဆံကုန်ခံပြီး ဝယ်လာတာ ကုန်အောင်စားရပေါ့
မဟုတ်ရင်နှမျောစရာကြီး
.
ဒီလိုမျိုးဖြစ်ဖူးကြလားဗျ ?
.
ပြီးတော့
ဒီလိုဖြစ်တဲ့ အချိန်တိုင်း အဲ့ဒီအရာတွေကပဲ
ကျွန်တော်တို့ကို ကိုယ်လုပ်ချင်တဲ့အရာတွေလုပ်လို့မရအောင်
ဆွဲထားပြီး ကန့်ကွက်ထားကြတယ်
…..
ကျွန်တော့် ဆရာမ ပြောဖူးတဲ့ စကားကိုပြန်ပြောပြပါရစေ
.
“ကောင်းတဲ့အရာကို မကောင်းတဲ့ အရာထဲ ထည့်မပေါင်းပါနဲ့”တဲ့
.
အကယ်လို့ ကိုယ့်စီးပွားရေးရှေ့ဆက်မကောင်းနိုင်တော့ဘူးလို့သိရင်
ကိုယ့်ဆီမှာရှိတဲ့ကောင်းတဲ့အရာ၊ရင်းနှီးငွေကို ဘာဖြစ်လို့ ထပ်ရှုံးအောင်အဲ့ဒီ စီးပွားရေးထဲထည့်ပေါင်းရမှာလဲ?
.
အကယ်လို့ ကိုယ်ကျောင်းပြီးအောင် ၄ နှစ်ကျောင်းတက်လာခဲ့ရပေမဲ့ အဲ့ဒီအရာကိုကိုယ်မကြိုက်ဘူးလို့ သိတယ်ဆိုရင်
ဘာဖြစ်လို့ တန်ဖိုးရှိတဲ့ ကိုယ့်ရဲ့ တစ်သက်လုံးစာကို အဲ့ဒီ ၄ နှစ်နဲ့ လဲ ရတာလဲ
.
ကိုယ်ပိုက်ဆံ ကုန်ခံပြီးတော့ မှားဝယ်လာတဲ့ စာအုပ်တစ်အုပ်က ကိုယ့်အတွက် အသုံးမဝင်ဘူးဆိုရင်
ဘာဖြစ်လို့ ပိုက်ဆံ နှမျောပြီးတော့ တန်ဖိုးရှိတဲ့ ကိုယ့်ရဲ့အချိန်ကုန်ခံပြီးတော့ ဖတ်နေရတာလဲ
.
ကိုယ်ပိုက်ဆံကုန်ခံပြီးဝယ်လာတဲ့ အစားအစာက ခင်ဗျား ပိုက်ပြည့်ရင် တော်ရောပေါ့
ဘာဖြစ်လို့ ပိုက်ဆံ နှမျောပြီးတော့ ကိုယ့်ရဲ့ကောင်းနေတဲ့ ကျန်းမာရေးကို မကောင်းအောင်ပိုက်ထဲအတင်းထိုးထည့်ရတာလဲနေရတာလဲ
.
ဒါကြောင့် ကျွန်တော်တို့ကျော်ဖြတ်လာတဲ့ အရာတွေ ၊ ပျက်ဆီးခဲ့ သမျှတွေကို သင်ခန်းစာလို့မှတ်ထားလိုက်ပါ
.
ကိုယ်ရဲ့ တန်ဖိုးရှိတဲ့ ပိုက်ဆံ၊ အချိန် ၊အခွင့်အရေး ၊ အားအင်တွေကို အဲ့ဒီအရာတွေနဲ့ ထပ်ရှုံးအောင်မလုပ်တော့ပါနဲ့
.
ဒါကြောင့်အခုအရေးကြီးဆုံးက ကိုယ်လက်ရှိဘာလိုချင်လဲ ၊ ဘယ်လိုဖြစ်ချင်လဲ ဆိုတာကို သိအောင်လုပ်ပြီးတော့ ရှေ့ဆက်ကြိုးစားဖို့ပါပဲ
.
ကိုယ့်အတိတ်က ဘာကို ၊ ဘယ်လောက်ကြိုးစားလာလဲ ဆိုတာ ခေါင်းထဲမထည့်ပါနဲ့တော့
Ok လား ?
.
ဒါပေမဲ့ ချွတ်ယွင်းချက်တစ်ခုတော့ရှိတယ်
ဒီလိုတော့တွေးးစေချင်ပါတယ်
.
ဒီတစ်သက် သည်းခံပြီးမွေးလာပြီးပြီ
ဒီတစ်သက် ကိုယ့်အိပ်မက်ကိုအကောင်အထည်မဖော်ရင်
ဘယ် တစ်သက်မှာ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ရမှာလဲ?
.
.
ဟုတ်တယ်ဟုတ်?
.
အားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်
.
ကောင်းသောနေ့လေးဖြစ်ပါစေ
Credit
No comments:
Post a Comment