Wednesday, July 31, 2019

"အရာရာဟာ ကောင်းဖို့ ဖြစ်လာတာ" ဆိုတဲ့ ပုံပြင်လေးကို သတိရပါ..

ယနေ့အကြိုက်ဆုံးဥပမာ....

ငါးတစ်ကောင် ကုန်းပေါ်ရောက်လာပါတယ် …
ရေထဲပြန်ဆင်းဖို့ သူ.. လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..သေပါစေတော့ ပေါ့ …

ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ …

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်…
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကို နာအောင် ဝိုင်းကိုက်ကြမယ် "ဆိုပြီး
ဝိုင်းကိုက်ကြလေတော့..

ငါးက..နာလွန်းပြီး တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ ရောက်သွားနိုင်ခဲ့တယ်. . .

တစ်ချို့ နာကျင်ခြင်းတွေဟာ.. …
တစ်ချို့တိုက်ခိုက်မှု့တွေဟာ  . …
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။

တစ်ခါတလေ..တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် … စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း,ကြောင်း ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...

နင်းတတ်ရင်..အားလုံးဟာ လှေကားထစ်တွေချည်းပါပဲ။

"အရာရာဟာ ကောင်းဖို့ ဖြစ်လာတာ" ဆိုတဲ့ ပုံပြင်လေးကို သတိရပါ..

#credit

တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ

🌺 အမြဲပြုံးနေတတ်တဲ့သူတွေမှာလည်း
🌺 ဘယ်တော့မှ သတိမရချင်တော့ လောက်အောင် မုန်းတဲ့
🌺 အတိတ်တစ်ခု ရှိချင်ရှိနေနိုင်တယ်။

🌺 ဟာသတွေသိပ်ပြောတတ်သူတွေဟာလည်း
🌺 သူ့ဘဝရဲ့ဒဏ်ရာဒဏ်ချက်တွေကို
🌺 စကားလုံးတွေနဲ့ အရည်ဖျော် ပစ်နေတာဖြစ်နိုင်ပါတယ်။

🌺 ခပ်ပေါပေါနေတတ်သူတွေမှာလည်းပြန်မတူးဆွချင်တော့တဲ့
🌺 အထိလေးနက်တဲ့နာကျင်မှုတွေရှိနေတတ်တယ်

🌺 သူများတွေကို အရမ်းနားလည်ပေးတတ်တဲ့ သူတွေမှာလည်း
🌺 ဘယ်သူမသိနိုင်တဲ့ ဘဝနာကျည်းချက် တွေရှိနေတတ်တယ်

🌺 သူများကိုအရမ်းဦးစားပေးတတ်တဲ့သူတွေမှာလည်း
🌺 ဘယ်သူမှ စာနာမပေးခဲ့တဲ့ အပယ်ခံ
🌺 နေ့ရက်တွေကိုပိုင်ဆိုင်ခဲ့ရဖူးတာတွေရှိတယ်။

🌺 စကားအရမ်းနည်းသွားတဲ့သူတွေမှာလည်း
🌺 စကားလုံးတွေနဲ့ပုံဖော်လို့ မရနိုင်လောက်အောင်
🌺 ကြေကွဲမှုတွေ မျိုသိပ်ထားရတာရှိတတ်ကြတယ်။

🌺 လွယ်လွယ်နဲ့မျက်ရည်မကျတတ်တဲ့သူတွေမှာလည်း
🌺 မျက်ရည်တွေနောက်ထပ်မကျနိုင်
🌺 လောက်တော့တဲ့အထိ ဝမ်းနည်းငိုကြွေးခဲ့ရတဲ့
🌺 နေ့တွေရှိနေတတ်တယ်။

🌺 အသည်းမာလှတယ်ဆိုတဲ့သူတွေမှာလည်း
🌺 ဘယ်သူမှနားလည်မပေးနိုင်တဲ့ အသည်း
🌺 နာစရာအကြောင်းအရာတွေရှိနေတတ်တယ်။

🌺 လူတိုင်းကတော့ ခံစားချက်ကိုယ်စီနဲ့ဘဝကို
🌺 လောင်စာလုပ်ပြီး သံသရာခရီးကိုခုတ်မောင်း
🌺 နေကြတဲ့သူတွေပါပဲ။လူတစ်ယောက်ရဲ့
🌺 အတိတ်အကြောင်းကိုဂဃနဏမသိဘဲ သူနဲ့ပတ်သက်ပြီး
🌺 ဝေဖန်ပုတ်ခတ်တာတွေမလုပ်ကြပါနဲ့။

🌺 ဒါကြောင့်တွေ့တုန်းဆုံခိုက်မှာ လူအချင်းချင်း
🌺 မတရားအနိုင်ယူခြင်းကနေ ကင်းဝေးကြပြီးနားလည်
🌺 မှုရှိရှိနဲ့ လောကကြီးထဲမှာအတူယှဉ်တွဲနေထိုင်
🌺 သွားကြတာကအကောင်းဆုံးပါပဲ

🌺 အတူနေချိန်မှာ ချစ်ခြင်းမေတ္တာကိုအလေးနက်
🌺 မထားမိတာလား မသိတာလား အမှုမဲ့ အမှတ်မဲ့ နေခဲ့ မိပေမဲ့ 

🌺 တစ်နေ့ နေ့တစ်ချိန်ချိန်မှာခွဲခွာကျရပြီဆိုရင်တော့
🌺 လွမ်းတတ်လာတယ် သတိရတတ်လာတယ် ။

Thi Ha🇲🇲
Credit

Life is a gift

Life is a gift


ရှုထောင့်တွေ ပြောင်းသွားတဲ့အခါ မြင်ကွင်းတွေလည်း ပြောင်းသွားတာကို လက်ခံတယ်မဟုတ်လား ။🍋

အခြေအနေတွေပြောင်းလဲသွားတဲ့အခါ လူတွေရဲ့ အတွေးအခေါ်ခံယူချက်တွေဟာလည်းပြောင်းလဲသွားတတ်ပါတယ်။ 🍇

ဒီတော့ သင်ဟာ ဘယ်လိုဆိုးရွားတဲ့ ထိခိုက်ကြေကွဲဖွယ်အဖြစ်ဆိုးတွေနဲ့ကြုံတွေ့နေပါစေ အောက်ပါ သတိရဖွယ်အချက်လေးတွေကိုသာ သတိရလိုက်စမ်းပါ ။🍒

၁။ဒီနေ့ကစပြီး သင့်ပါးစပ်က အကြင်နာကင်းတဲ့စကားမျိုး ပြောတော့မယ်ကြံရင့့်လူတစ်ချို့ဟာ သင့်လိုစကားမပြောနိုင်ဘဲ ဆွံ့အနေကြတယ်ဆိုတာ သတိရလိုက်စမ်းပါ ။🍏

၂။ ဒီနေ့ကစပြီး သင်စားမယ့် အစားအစာရဲ့ အရသာကိုခံတွင်းမတွေ့လို့ အပြစ်တင်တော့မယ်ဆိုရင့် စားစရာမရှိတဲ့လူတစ်ချို့ကို သတိရလိုက်စမ်းပါ ။🍑

၃။ ဒီနေ့ကစပြီး သင့်ရဲ့ ချစ်ရည်းစားလေးကို စိတ်အလိုမကျ အပြစ်တော်တင်တော့မယ်ကြံရင်  ရည်းစားမရှိလို့ အထီးရောအမရောကျန်နေတဲ့သူတွေကို သတိရလိုက်စမ်းပါဦး ။🍇

၎။ သင့်ရဲ့ကလေးတွေကို ဆူပူမောင်းမဲတော့မယ်ဆိုရင်လည်း
အကြောင်းအမျိုးမျိုးကြောင့် ကလေးမရနိုင်တဲ့ မိဘတွေကိုသတိရလိုက်စမ်းပါ ။🍅

၅။ အိမ်မှာ တစ်ယောက်ယောက်ကဖွထားလို့ သန့်ရှင်းရေးမလုပ်လို သင့်အိမ်ကိုကြည့်ပြီးစိတ်တွေရှုပ်လာတဲ့အခါ နေစရာမရှိလို့ လမ်းဘေးအိပ်နေရသူတွေကို သတိရလိုက်ပါဦး ။🍊

၆။ စိတ်တိုင်းမကျလှတဲ့ ကိုယ့်ဘဝကြီးကို အပြစ်တင်တော့မယ် ဆိုရင်လည်း ကိုယ့်ထက်စောပြီး ရေဝေးရောက်ကုန်တဲ့သူတွေကို သတိရလိုက်ပါ ။🍓

၇။သင်ကားဖြင်မောင်းသွားရမယ့်ခရီးဟာ ဝေးလွန်းလို့ စိတ်ပျက်ငြီးညူတော့မယ်ဆိုရင် ဒီခရီးကိုပဲ ခြေလျှင်သွားနေကြသူတွေကိုသတိရလိုက်ပါ ။🍇

၈။ လက်ရှိသင့်ရဲ့အလုပ်ဟာ ပင်ပန်းပြီးအဆင်မပြေမှုတွေများလို့ စိတ်ပျက်မယ်ဆိုရင် အလုပ်အကိုင်မရှိလို့ သင့်အလုပ်မျိုးကို ငမ်းငမ်းတက်လုပ်ချင်နေသူတွေကို သတိရလိုက်စမ်းပါ ။🍒

၉။ သင်ဟာသူတစ်ပါးကို လက်ညှိုးထိုး အပြစ်ရှာတော့မယ်ကြံရင်လည်း  တို့တွေအားလုံး အမှားနဲ့မကင်းနိုင်ဘူးဆိုတာ သတိရလိုက်ပါ ။🍉

၁၀။ ကဲနောက်ဆုံး စိတ်ဓာတ်ကျစရာ အတွေးတွေက သင့်ကိုကျရူံးအောင်လုပ်တော့မယ်ဆိုရင် သင့်မျက်နှာပေါ်မှ အပြုံးလေးတစ်ပွင့် အမြန်ဖန်ဆင်းလိုက်စမ်းပါ ။ ခုချိန်အထိ အသက်ရှင်နေထိုင်ခွင့်ပေးထားတဲ့ သင့်ကံကြမ္မာကို ကျေးဇူးတင်လိုက်စမ်းပါ ။🍏
(ဒီလိုဆိုတော့လည်း ကိုယ့်ဘဝက ထင်သလောက်မဆိုးဘူးပဲ နော့ )🍎

•Life is a gift.•
( ဘဝဆိုတာလက်ဆောင်ကောင်းတစ်ခုပါပဲ ဘဝမှာနေလိုက်စမ်းပါ့ပျော်လိုက်စမ်းပါ အောင်မြင်မှုတွေ ကျော်ကြားမှုတွေ ပျော်ရွှင်မှုတွေ နဲ့ ဘဝကိုအကောင်းဆုံး ဖြည့်ဆည်းလိုက်စမ်းပါ )🍉

ကဲ ……သင်စိတ်ချမ်းမြေ့ရပြီဆိုရင့့်သင့်ရဲ့ သူငယ်ချင်းတွေအတွက်လည်း မမေ့နဲ့ဦ့း့စိတ်ချမ်းသာစေချင်လွန်းလို့ပါ ။🍑

Thi Ha🇲🇲
Credit

" တွေးမိ​တွေးရာ (ဖတ်ကြည့်) "

"  တွေးမိ​တွေးရာ (ဖတ်ကြည့်)  "
🌺🌺🌺🌺🌺🌺🌺🌺🌺

🍓 "ဖိနပ်​"
🍏 ဘယ်​​လောက်​အဖိုးတန်​တန်​……
🍏 ​ခေါင်းမှာပန်​လို့​တော့ မရဘူး။

🍓 "လူယုတ်​မာ"
🍏 ဘယ်​​လောက်​​တော်​​တော်​……
🍏 သူ​တော်​​ကောင်းဘွဲ့​တော့ မရဘူး။

🍓 "မိဘ"
🍏 ဘယ်​​လောက်​ပဲ သားသမီးကိုချစ်​ချစ်​……
🍏 မချစ်​တတ်​ရင်​ ချစ်​ရာမ​ရောက်​ဘူး။

🍓 "သားသမီး"
🍏 ဘယ်​​လောက်​ပဲ မိဘကဆိုးဆိုး……
🍏 မပြစ်​မှားထိုက်​ဘူး။

🍓 "ဆရာ"
🍏 ဘယ်​​လောက်​ပဲ ပညာ​တွေစုံစုံ……
🍏 လမ်းမှားကိုသင်​​ပေး​နေရင်​ တပည့်​​တွေဒုက္ခ​ရောက်​တယ်​။

🍓 "တပည့်​"
🍏 ဘယ်​​လောက်​ပဲ ဆရာဆိုးဆိုး……
🍏 လမ်းမှန်​ကိုညွန်​ပြရင်​ ချည်းကပ်​သင့်​တယ်​။

🍓 "သူငယ်​ချင်း"
🍏 ဘယ်​​လောက်​ပဲ ကိုယ့်​အ​ပေါ်​ကောင်း​ကောင်း……
🍏 လမ်းမှားကိုဆွဲ​​ခေါ်​နေရင်​ မ​ပေါင်းထိုက်​ဘူး။

🍓 "မိသားစု"
🍏 ဘယ်​​လောက်​ပဲ သ​ဘေားထား​တွေ……
🍏 ကွဲလွဲ​နေပါ​စေ ​သွေး​တော့မကွဲသင့်​ဘူး။

🍓 "ချစ်​သူ"
🍏 ဘယ်​​လောက်​ပဲ ချစ်​ချစ်​……
🍏 နာကျင်​မှု​တွေ​ပေး​နေရင်​ လမ်းခွဲသင့်​တယ်​။

🍓 "အိမ်​​ထောင်​​ရေး"
🍏 ဘယ်​​လောက်​ပဲ နားလည်​မှု​တွေ​ပေး​ပေး……
🍏 ​ဖောက်​ပြန်​တာကို​တော့ လက်​မခံသင့်​ဘူး။

🍓 "ပတ်​ဝန်းကျင်​"
🍏 ဘယ်​​လောက်​ပဲ ​ဝေဖန်​ဖန်​……
🍏 ကိုယ်​အ​နေမှန်​ရင်​……
🍏 ​ဝေဖန်​တာ​တွေ ရပ်​သွားလိမ့်​မယ်​။

🍓 "စကား"
🍏 ဘယ်​​လောက်​ပဲ တတ်​တတ်​……
🍏 လိုအပ်​သ​လောက်​ပဲ ​ပြောသင့်​တယ်​။

🍓 "နား"
🍏 ကိုယ်​အ​ပြောထက်​……
🍏 သူ​ပြောကို နား​ထောင်​​ပေးတာ……
🍏 ပိုပြီးအကျိုးရှိတယ်​။

🍓 "မျက်​စိ"
🍏 ကိုယ်​ဘာမြင်​လိုက်​သလဲဆိုတာ………
🍏 ကိုယ်​ဘယ်​လို ကြည့်​သလဲဆိုတဲ့အ​ပေါ်မှာ မူတယ်​တယ်​။

🍓 "အကျင့်​"
🍏 ဘယ်​​လောက်​ပဲ ရုပ်​ဆိုးဆိုး……
🍏 အကျင့်​​ကောင်း​နေရင်​ လူချစ်​တယ်​။

🍓 "မာန"
🍏 ဘယ်​​လောက်​ပဲ ပညာတတ်​တတ်​……
🍏 မာန်​ရှိ​နေရင်​ ပညာရှိမဟုတ်​ဘူး။

🍓 "​စေတနာ"
🍏 ဘယ်​​လောက်​ပဲ ပါပါ……
🍏 ဥာဏ်​ပညာမပါရင်​ မထိ​ရောက်​ဘူး။

🍓 "ဝီရိယ"
🍏 ဘယ်​​လောက်​ပဲ ​ကောင်း​ကောင်း……
🍏 ဥာဏ်​ပညာနဲ့မလုပ်​ရင်​ မ​အောင်​မြင်​နိုင်​ဘူး။

🍓 "ပိုက်​ဆံ"
🍏 မရှိခင်​ ​ချွေတာစု​ဆောင်းပြီး……
🍏 ရှိလာတဲ့အခါ မျှ​ဝေသုံးစွဲသင့်​တယ်​။

🍓 "အ​ကောင်းမြင်​စိတ်​"……
🍏 မိမိစိတ်​ကို ငြိမ်းချမ်း​စေဖို့……
🍏 လိုကို လိုအပ်​တဲ့အရာဖြစ်​တယ်​။

🍓 "စာအုပ်​ စာ​ပေ"
🍏 စာ​ပေအရသာကို……
🍏 ခံစားမိရင်​……
🍏 စာဖတ်​ချိန်​ဆိုတာ……
🍏 အလိုလို ရလာပါလိမ့်​မယ်​။

Thi Ha🇲🇲
Credit

မယုံနိုင်တဲ့ ခွန်အား

မယုံနိုင်တဲ့ ခွန်အား


တစ်ခါက..... ခရီးသွား ကုန်သည်အဖွဲ့တစ်ဖွဲ့ဟာ တောင်တန်းတစ်ခုကို ဖြတ်ပြီး ခရီးသွားကြရင်း မထင်မှတ်ပဲ အဖွဲ့ထဲမှ တစ်ယောက်ဟာ ခြေချော်ပြီး ချောက်ကမ်းပါးထဲကို ပြုတ်ကျသွားခဲ့တယ် ။

ပြုတ်ကျသူဟာ ချောက်ကမ်းပါးရဲ့ ထက်ဝက်မှာရှိတဲ့ ကျောက်စွယ်လေးမှာ တင်နေတယ်။ ချောက်ကမ်းပါးကြီးကလဲ အင်မတန်မှ နက်ရှိုင်းတော့ ဘယ်သူမှလဲ ဆင်းမကယ်ဝံ့ကြဘူးပေါ့ ။

ဒီတော့ ကုန်သည်အဖွဲ့က....." ပြုတ်ကျသူကို ကူညီဖို့ဟာ တကယ့်ကို မလွယ်ကူဘူး။ သူဟာ သေလူ ဖြစ်သွားပါပြီ။

ဒီတော့ သူ့အိမ်ကို ဘာများမှာချင်လဲဆိုပြီး ကမ်းပါးထိပ်ကနေ အော်ဟစ်ပြီး မေးကြမယ် " ဆိုပြီး.....

" ဟေ့လူ မင်းဟာ မကြာခင် သေရတော့မယ်။ ဒီချောက်ကမ်းပါးကြီးကို မင်း တက်နိုင်မှာ မဟုတ်ဘူး။ ငါတို့လဲ ဆင်းကယ်လို့ မရနိုင်ဘူး။ ဒီတော့ မင်းအိမ်က မိသားစုကို ဘာမှာချင်လဲပြော ငါတို့ သွားပြောပေးမယ် " လို့ အော်ပြောကြသတဲ့ ။

ဒီအချိန်မှာ ပြုတ်ကျသူဟာ ချောက်ကမ်းပါးကြီးကို ကုတ်ခြစ်ပီး တက်ဖို့ ကြိုးစားပါတော့တယ် ။

ကမ်းပါးထိပ်က အဖွဲ့ကလဲ တက်ဖို့မကြိုးစားပါနဲ့တော့ ဆက်ပြီး အောက်ကို ပြုတ်ကျလိမ့်မယ်။

မင်းအိမ်ကို မှာချင်တဲ့ စကားကိုသာ ငါ့ကိုပြောပါ။ အဖွဲ့ကရမယ့် မင်းရဲ့ ဝေစုကိုလဲ မင်းအိမ်ကို ပေးပေးပါ့မယ် " လို့ အော်ဟစ်ပြောဆိုကြပြန်တယ်။

ဒီလိုပြောလေ.....ပြုတ်ကျသူဟာ ကြိုးစားပြီး ကုတ်ခြစ်တက်လာလေပါပဲ။

ဒီလိုနဲ့ တက်လာလိုက်တာ မယုံနိုင်အောင်ပါပဲ။ သူဟာ အပေါ်ကို ရောက်လာနိုင်ခဲ့ပါတယ် ။

ဒီတော့မှ အပေါ်က သူ့အဖွဲ့ဟာ ဝမ်းသာအားရဖြစ်ပြီး -

" မင်းကို မဖြစ်နိုင်ပါဘူး။ မကြိုးစားနဲ့တော့လို့ ပြောတာကို ဂရုမစိုက်ပဲ ဘာလို့ ဇွတ်အတင်း တက်လာနိုင်ခဲ့တာလဲ " လို့ ဝိုင်းမေးကြတော့…..

" ငါဟာ နားသိပ်မကြားသူ တစ်ယောက်ပါ။ မင်းတို့ပြောတာကို ငါမကြားဘူး။ ငါက မင်းတို့ဟာ ငါ့ကို အပေါ်တက်ဖို့ တိုက်တွန်း အားပေးနေကြတာလို့ ထင်တာနဲ့ အားကြိုးမာန်တက် တက်လာခဲ့တာပါ " လို့ ပြန်ပြောလိုက်ပါတော့တယ်။

ဒီလိုပါပဲ.....ဘဝမှာ အောင်မြင်ဖို့အတွက် အခက်အခဲတွေ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပတ်ဝန်းကျင်ရဲ့ အထင်သေး ကဲ့ရဲ့ ထိုးနှက်ချက် စကားတွေကို လျစ်လျှူရှုပြီး သင့်ရဲ့ ခွန်အားတွေအဖြစ် အသုံးချလိုက်ပါ ။

Thi Ha🇲🇲
Credit

မေးကြည့်ချင်လို့.....

မေးကြည့်ချင်လို့.....
🍓🍓🍓🍓🍓🍓

🌸 ကိုယ့်တန်ဖိုးကို မသိလို့ စွန့်ခွာသွားသူကို ……
🌸 ဖက်တွယ်နေရလောက်အောင် မင်းမှာရွေးချယ်စရာ……
🌸 မရှိတော့ဘူးလား။

🌸 ကိုယ့်ကို လိမ်နေမှန်းသိသိကြီးနဲ့ ယုံကြည်နေရလောက်အောင်
🌸 မင်း အတွက် အဖော်ဆိုတာ အရမ်းရှားနေလို့လား။

🌸 ကိုယ့်ကို အရမ်းနာကျင်အောင် လုပ်သွားသူကို……
🌸 တမ်းတနေရလောက်အောင် မင်းနှလုံးသားက ……
🌸 အသိမဲ့နေပီလား။

🌸 ကိုယ့်အပေါ်ကို ပစ်ပစ်ခါခါ မညှာမတာ ……
🌸 ရက်စက်စွာ လူမဆန်တဲ့သူကို……
🌸 မေ့လို့မရဖြစ်နေရအောင် မင်းအသိဥာဏ်တွေက…
🌸 အကန်းရေတွင်းကျ ဖြစ်နေပီလား။

🌸 ကိုယ့်ဂုဏ်သိက္ခာကို ချနင်းပြီး အမြင့်တက်သွားသူကို……
🌸 အရူံးပေးဒူးထောက်နေရအောင် ……
🌸 မင်း က အစွမ်းအစ မရှိတဲ့သူလား။

🌸 လူဘုံအလယ်မှာ မင်းကို အရှက်ခွဲခဲ့သူကို ခေါင်းငုံ့ခံပြီး……
🌸 ငြိမ်နေရအောင် မင် တန်ဖိုးက အဝီစိရောက်နေပီလား။

🌸 လောကအလယ်မှာ အဖော်မရှိလို့ဆိုပီး အားငယ်နေရအောင်
🌸 မင်းမွေးတုန်းက အဖော်ပါလို့လား။

🌸 မင်းလဲကျတိုင်း ပြန်မထနိုင်ရအောင်……
🌸 ငယ်ငယ်တုန်းက မင်းလမ်းလျှောက်တတ်အောင် …
🌸 ဘယ်လိုကြိုးစားခဲ့ရလဲ။

🌸 သူငယ်ချင်း....
🌸 မျက်လုံးရှိရင် မျက်ရည်ကျမှာပဲ ။

🌸 ခြေထောက်ရှိရင် ချော်လဲဖူးမှာပဲ……
🌸 အရူံးရှိရင် အနိုင်ရှိမှာပဲ
🌸 အချစ်ရှိရင် အမုန်းရှိမှာပဲ……

🌸 ပေါင်းစည်းခြင်းရှိရင် လမ်းခွဲခြင်းရှိမှာပဲ
🌸 နှလုံးသားရှိရင် ခံစားရမှာပဲ……
🌸 အဖော်မက်နေရင် အထီးကျန်ဝေဒနာဆိုတာ ရှိလာမှာပဲ…
🌸 မျှော်လင့်ချက်ရှိရင် ဆုံးရူံးခြင်းဆိုတာလည်း ရှိနေမှာပဲလေ။

🌸 သိပ်မထူးဆန်းတော့ပါဘူး………
🌸 ကိုယ့်အတွက် ဘယ်လိုရလဒ်ပဲ ဖြစ်နေပါစေ……
🌸 လက်ခံတတ်မှ မင်း လူဖြစ်ရကျိုးနပ်မှာပေါ့။

Thi Ha🇲🇲
Credit

တွင်း

တွင်း
🍀🍀

တစ်ခါတုန်းကပေါ့. . . ။
ရတနာသိုက်ရှိတယ်လို့ နာမည်ကြီးနေတဲ့ ဒေသတစ်ခု ရှိတယ်။ အဲ့ဒီဒေသမှာ ရတနာတွေကို လိုက်ပြီးရှာကြတဲ့ မုဆိုးတွေလည်း ရှိတယ်။

တစ်ရက်မှာ မိုးကြီးလေကြီး ကျပါလေရော။
မိုးတွေကလည်း သဲသဲမဲမဲ ရွာတယ်။ ချောင်းရေတွေ ဒလဟောစီးလို့ မြေတွေပြိုတယ်။ သစ်ပင်တွေ လဲတယ်။

အဲဒီအခါ....တောစပ်တစ်ခုရဲ့ ချောင်းနံဘေးမှာရေတွင်းဟောင်းကြီးတစ်ခု ပေါ်လာတယ်။  အဲဒီတွင်းရဲ့ နှုတ်ခမ်းဝမှာ လူတွေဝိုင်းအုံလာတယ်။တွင်းထဲကို စူးစိုက်ပြီး ကြည့်နေကြတယ်။

"ဟာ . . .တွင်းထဲမှာ လိုးလိုး လက်လက်နဲ့ ရွှေတွေဖြစ်မယ်ကွ"

"မဟုတ်ဘူး၊ ပတ္တမြားခဲတွေ နေမှာပါ"

"ငါကတော့ စိန်ရောင်တွေ တောက်နေတယ် ထင်တာပဲ"

"မဟုတ်ဘူးကွ၊ ရှေးဟောင်း ရွှေငွေပစ္စည်းတွေ နေမှာ"

"ငါတို့ရှာနေတဲ့ ရတနာသိုက် တွေ့ပြီကွ"

တွင်းနှုတ်ခမ်းဝမှာ ဝိုင်းအုံပြီး ကြည့်နေကြတဲ့ လူတွေအားလုံးက တစ်ယောက်တစ်ပေါက် ပြောနေကြတယ်။ အားလုံးဟာလည်း 'လောဘ' မျက်လုံးတွေ ကိုယ်စီနဲ့ပေါ့။

အဲဒီအချိန်မှာ လူတစ်ယောက်က မပြောမဆို တွင်းထဲကို ခုန်ဆင်းမယ် လုပ်တယ်။

"ဟိတ်ကောင် . . မင်း မဆင်းနဲ့။ ငါ အရင်ဆင်းမယ်။ ငါအရင်ရောက်တာကွ"

"ဘယ်ရမလဲ။ ဒီလိုဆိုရင် ငါ အရင် ဆင်းရမှာကွ"

"ဒီတွင်းပေါက်ဝကို မင်းထက် ငါ အရင် ရောက်တာလေ"

ဘာမပြော ညာမပြောနဲ့ လူတစ်ယောက်ဟာ တွင်းထဲကို 'ဝုန်းခနဲ' ခုန်ဆင်းလိုက်ပါတော့တယ်။

တွင်းအောက်ခြေကိုလည်း ရောက်ရော လိုးလက်နေတဲ့အရာတွေက ရွှေတွေလည်း မဟုတ်ဘူး၊ ပတ္တမြားတွေလည်း မဟုတ်ဘူး၊ စိန်တွေလည်း မဟုတ်ဘူး။ မိုးရွာလို့ မြေပြို ပြီး တွင်းထဲမှာရှိတဲ့ မြွေပွေးတွေ၊ မြွေဟောက်တွေ အကောင်တွေ ပေါက်နေကြတာ။ 'မြွေပွေး၊ မြွေဟောက်' အကောင်တွေရဲ့ 'မျက်လုံး'တွေ အရောင်တောက်နေတာ...။

ဒီတော့...တွင်းထဲကို ရောက်နေတဲ့သူက တွင်းအပေါ်ကို အော်ပြီး ပြောလိုက်တယ်။

"ဟိတ်ကောင်တွေ . . .ဆင်းမလာကြနဲ့။ ရွှေတွေ၊ စိန်တွေ မဟုတ်ဘူးကွ။ 'မြွေပွေး'တွေရဲ့ မျက်လုံးတွေ၊ 'မြွေဟောက်'တွေရဲ့ မျက်လုံးတွေ။ သူတို့မျက်လုံးတွေရဲ့ အရောင်တွေကို ငါတို့က စိန်တွေ ထင်နေတာ၊ ရွှေတွေ ထင်နေတာ၊ ပတ္တမြားတွေ ထင်နေတာ။ ငါတို့ ထင်သလို မဟုတ်ဘူးကွ။ တွင်းထဲကို ဆင်းမလာကြနဲ့။ ငါ့ကိုတော့ မြွေကိုက်ကုန်ပြီ။ မင်းတို့ ဆင်းမလာကြနဲ့"

တွင်းနှုတ်ခမ်းဝက လူတွေ...မယုံကြဘူး။ ဒီကောင် တစ်ယောက်တည်း လိုချင်လို့ လိမ်ပြောတာပဲ ဖြစ်မယ်။ နောက်တစ်ယောက် ထပ်ခုန်ချလိုက်တယ်။

"ဟုတ်တယ်ဟေ့၊ ဆင်းမလာကြနဲ့။ 'စိန်'တွေ မဟုတ်ဘူး။ ရတနာတွေ မဟုတ်ဘူး။ သူ ပြောတာ မှန်တယ်ကွ။ ဒီကောင် သေနေပြီ။ ငါ့ကိုလည်း မြွေတွေ ဝိုင်းပြီး ပေါက်ကုန်ပြီ။ 'မြွေ' ရဲ့ မျက်လုံးတွေကွ။ သူတို့ရဲ့မျက်လုံးတွေကို ငါတို့က ရတနာတွေလို့ ထင်နေတာ။ မင်းတို့ တွင်းထဲကို ဆင်းမလာကြနဲ့၊ အားလုံး သေကုန်ကြလိမ်မယ်"

တွင်းနှုတ်ခမ်းဝက လူတွေအားလုံးဟာ တွင်းထဲက လူတွေပြောတဲ့ စကားကို မယုံကြဘူး။ ဒီနှစ်ကောင် အပိုင်စီးချင်လို့ 'လီဆယ်' ပြီးတော့ ပြောတယ်လို့ပဲ ထင်နေကြတယ်။

ဒီလိုနဲ့. . .
တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းလိုက်ကြတာ။
တွင်းနှုတ်ခမ်းဝက လူတွေအကုန်လုံး တွင်းထဲမှာ သေကုန်ကြတော့တယ်။

လူကြီးဆိုတာ . . .
မြွေတွေရဲ့ အရောင်တောက်နေတဲ့ မျက်လုံးတွေကို 'စိန်'တွေမှတ်ပြီး၊ ရတနာတွေမှတ်ပြီး တွင်းနက်ထဲကို ခုန်ဆင်းခဲ့ဖူးတဲ့သူတွေ။

သူတို့က မြွေကိုက်ခံရပြီးမှ တွင်းနက်ထဲကနေ အော်ပြောတဲ့ စကားဖြစ်တယ်။

ဒါကြောင့် ခုန်မဆင်းနဲ့လို့ ပြောတာ။
လူငယ်တွေက မယုံကြည်ဘူး။
ဒီတော့ ခုန်ဆင်းကြဦးမယ်ပေါ့။

လူငယ်၊ လူလတ်၊ လူကြီးကို ဘယ်လိုအဓိပ္ပါယ် သတ်မှတ်သင့်သလဲ။

ကျွန်တော်ကတော့ ဒီလို အဓိပ္ပါယ် ဖွင့်ချင်တယ်ဗျာ။
မသိလို့ လုပ်လိုက်မိတဲ့ အမှား၊ မှန်တယ်ထင်လို့ လုပ်လိုက်မိတဲ့ အမှား၊  အမှားတွေကို အမှန်ဖြစ်အောင် ကြိုးစားရင်း ထပ်ပြီး မှားမိတဲ့အမှား၊ မှားမှန်းသိရက်နဲ့ မထူးပါဘူးဆိုပြီး ဇွတ်တိုးပြီး မှားမိတဲ့အမှား...။

အဲဒီ အမှားတွေကို ရင်မှာပိုက်ပြီး အမှားများစွာဖြင့် နောင်တတရားများနဲ့ ရှင်သန်နေထိုင်သူကို လူကြီးလို့ ခေါ်တယ်။

အမှားကို အမှားမှန်း မသိဘဲ အမှားကို အမှန်ထင်ပြီး အဲ့ဒီ အမှားတွေနဲ့ ပျော်ရွှင်ကျေနပ်နေသူများကို လူလတ်ဟု ခေါ်တယ်။

အမှားများကို မှားရန်အတွက် ကြိုးစားပမ်းစား လိုက်လံရှာဖွေနေသူများအားကို လူငယ်လို့ ခေါ်တယ်။

ဒီတော့. . .
နောင်တနဲ့ရင်းပြီး၊ အမှားနဲ့ရင်းပြီး ရထားတဲ့ ဘဝသင်ခန်းစာတွေကို လူငယ်လေးတွေအတွက် မမှားဖို့၊ လိုက်နာဖို့၊ ရှောင်ကြဉ်ဖို့၊ သတိပြုဖို့ ပြောကြားတာကို လူငယ်တွေ နားလည်သင့်တယ်။

တကယ်တော့ . . .
အရောင်တောက်ပနေတဲ့ မြွေတွေရဲ့မျက်လုံးတွေကို စိန်၊ရွှေ၊ရတနာအမှတ်နဲ့ ရယူဖို့ ကြိုးစားရင်း..... ဆုံးရှုံးမှုတွေ၊ နောင်တတွေ၊ မျက်ရည်တွေ၊ ဆင်းရဲခြင်းတွေ၊ ခံစားချက်တွေနဲ့ရင်းလို့ သိလာခဲ့ရတဲ့ လူကြီးတွေရဲ့ ဆုံးမစကားကို လူငယ်လေးတွေ နားလည်စေချင်လို့ ဒီပုံပြင်လေးနဲ့ ပြောပြလိုက်ပါတယ်။

ဟေ့.......
မယုံရင် တွင်းထဲခုန်ဆင်းလိုက် ။ ။

Thi Ha🇲🇲
Credit

နွားကို ချောက်ထဲတွန်းချလိုက်ပါ

ကျေးဇူးပြု၍ဖတ်ကြည့်ပါနော် မိတ်ဆွေအတွက်
တစ်ခုခုတော့ ရမယ် ထင်ပါတယ် ။

နွားကို ချောက်ထဲတွန်းချလိုက်ပါ
🍑🍑🍑🍑🍑🍑🍑🍑🍑

တစ်ခါက.. ဥာဏ်ပညာနဲ့ပြည့်စုံတဲ့ လူတစ်ယောက်ဟာ တပည့်တစ်ယောက်နဲ့အတူ ခရီးကြမ်းတစ်ခုကို ထွက်ခွာခဲ့ပါသတဲ့..။ အဲဒီလို ဆရာတပည့်နှစ်ယောက်ဟာ ခြေကျင်ခရီးထွက်လာရင်းမှာပဲ ညဥ့်အမှောင်ဟာ တဖြည်းဖြည်း ၀င်ရောက်လာပါသတဲ့..။

ညရဲ့အမှောင်ထုဟာ ပိုမိုပြီး ကြီးစိုးလာပြန်တာကြောင့် ဆရာက တပည့်ကို ဒီလိုပြောတယ်

"တပည့် ငါတို့တည်းခိုဖို့နေရာလေးဘာလေးရှာမှ ဖြစ်မယ်၊ ဒီအတိုင်းအိပ်လို့တော့ မဖြစ်ဘူး။ ဟိုဟိုဒီဒီသွားပြီး တည်းဖို့ခိုဖို့နေရာလေးရှာစမ်းပါဦး"

အဲဒီအခါ တပည့်လုပ်သူလည်း အနီးအပါးလှည့်လည်သွားလာပြီး တည်းခိုနေနိုင်တဲ့ နေရာကိုလိုက်ရှာတယ်။ အဲဒီလိုနဲ့ ဖုန်းဆိုးမြေတစ်ခုရဲ့ အစပ်မှာတော့ အင်မတန်သေးငယ်စုတ်ချာလှတဲ့ တဲပုတ်တစ်လုံးကိုတွေ့ခဲ့တယ်။

အဲဒါကြောင့်လည်းသူဟာ ဆရာကို ပြန်လည်ခေါ်ဆောင်ပြီး သူတွေ့ခဲ့တဲ့ တဲပုတ်လေးဆီကို ဆရာတပည့်နှစ်ယောက် သွားရောက်ခဲ့ကြတယ်။

အဲဒီလို စုတ်ချာလှတဲ့တဲပုတ်လေးမှာ အင်မတန်ဆင်းရဲနုံချာလှတဲ့ မိသားစုတစ်စုနေထိုင်တယ်။ အဖေ၊ အမေနဲ့ ကလေးငယ်တွေအကုန်လုံးဟာ အရောင်မွဲလွန်းလှပြီး အဖာရာတွေ ဗရပွနဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ထားရရှာတယ်။

ပညာရှိရဲ့တပည့်ဟာ ဆင်းရဲလှတဲ့မိသားစုကို အားနာလှပေမယ့် ဒီတစ်ညအဖို့ ဒီမှာအိပ်မှသာဖြစ်မှာမို့ သူက တည်းခိုခွင့်တောင်းခဲ့တယ်။

"ကျွန်တော်တို့ ဆရာတစ်ပည့်နှစ်ယောက် ဒီတစ်ညတော့ ဒီမှာအိပ်ပါရစေ" လို့ တပည့်က ခွင့်တောင်းလိုက်တယ်။ အဲဒီအခါ သူဆင်းရဲမိသားစုရဲ့ဖခင်က -

"အိုး.. ခရီးသွားဧည့်သည်တွေပဲဗျ။ ဧည့်သည်လာတာကိုပဲ ကျွန်တော်က အင်မတန်ဝမ်းမြောက်လှပါတယ်။ တည်းပါဗျာ။ တည်းပါ။ အိမ်ထဲကိုကြွကြပါ" လို့ ပြုံးရွှင်စွာပဲဆီးကြိုလိုက်တယ်။

အဲဒီနောက်မှာတော့ ဆင်းရဲမွဲတေလှတဲ့မိသားစုဟာ ဆရာတပည့်နှစ်ယောက်အတွက် ညစာအဖြစ် အစားအသောက်တွေနဲ့ကျွေးမွေး ဧည့်ခံခဲ့တယ်။

သူတို့ကျွေးမွေးတဲ့ အစားအသောက်ထဲမှာတော့ သူတို့ဟာ ဒိန်ခဲတွေ၊ နို့မလိုင်တွေ၊ နွားနို့တွေကို အကောင်းဆုံးပြင်ဆင်ကျွေးမွေးကြရှာတယ်။

အဲဒီလို ပျူငှာဖော်ရွေလွန်းတဲ့ သူဆင်းရဲမိသားစုကိုမြင်ရတဲ့အခါ တပည့်လုပ်သူဟာ အင်မတန်မှ သနားမိတယ်။ သူတို့ဟာ ဆင်းရဲနုံချာလှပေမယ့် သဒ္ဒါတရားမှာတော့ ဇောတိက၊ အနာထပိဏ်တို့ထက် မနည်းဘူးလို့သူတွေးတောနေမိတယ်။

အဲဒီလို ညစာစားသောက်အပြီးမှာတော့ ဆရာဖြစ်သူက ဒီလိုမေးတယ်။

"ခင်ဗျားတို့တွေ ကျွေးမွေးဧည့်ခံတာကို ကျေးဇူးတင်လို့မဆုံးပါဘူး။ ဒါနဲ့ ဒီလို ခေါင်လှတဲ့နေရာမှာ ဘာအလုပ်အကိုင်တွေနဲ့များ လုပ်ကိုင်စားသောက်ကြတာတုန်းဗျ"

အဲဒီအခါ အိမ်ရှင်ယောက်ျားက-

"ကျွန်တော်တို့မှာ နွားတစ်ကောင်ရှိတယ်လေ၊ ကျွန်တော်က နေ့တိုင်းနွားနို့ညှစ်ပြီး သိပ်မဝေးတဲ့နေရာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းဆီမှာ သွားပေးတယ်"

"သူက ကျွန်တော်တို့အတွက်လိုအပ်တဲ့ အ၀တ်အထည်၊ ဆန် တွေပြန်ပေးတယ်၊ ကျွန်တော်တို့ရဲ့ဟင်းလျာကတော့ ဒီနွားကရတဲ့ ဒိန်ခဲ၊ ဒိန်ချဉ်၊ နွားနို့ ပေါ့ဗျာ။ အဲဒီလိုနည်းနဲ့ မိသားစုအသက်မွေးရတာပေါ့ ကျန်တဲ့ရပေါက်ရလမ်းတော့မရှိပါဘူး"

အဲဒီလိုနဲ့ နောက်တစ်နေ့မနက်မှာတော့ ဆရာတပည့်နှစ်ယောက်ဟာ ခရီးဆက်လက် ထွက်ခွာခဲ့တယ်။ ဆရာဖြစ်တဲ့ပညာရှိကြီးဟာ တစ်စုံတစ်ခုမှ ပြောဆိုခြင်းမရှိပေမယ့် တပည့်လုပ်သူကတော့ ဆင်းရဲလှတဲ့မိသားစုအပေါ် သနားစိတ်၊ စာနာစိတ်တွေသာ ကြီးစိုးနေတယ်။

ဒီမိသားစုလေးကို ကယ်တင်လိုစိတ်၊ ကြီးပွားချမ်းသာစေလိုစိတ်တွေနဲ့ တနုံ့နုံ့ ဖြစ်လို့လာတယ်။ တစ်ကြိမ်မှာတော့ သူက ဆရာပညာရှိကြီးကို ဒီလိုပြောလိုက်တယ်

"ဆရာ ကျွန်တော်တို့တည်းခဲ့တဲ့အိမ်က မိသားစုလေးကို ကျွန်တော် အင်မတန်သနားမိပါတယ်ဗျာ။ သူတို့ကို တစ်နည်းနည်းနဲ့ချမ်းသာအောင် လုပ်ပေးနိုင်တဲ့နည်းလမ်းလေးများ မရှိဘူးလား" လို့မေးလိုက်တယ်။ အဲဒီအခါ ပညာရှိကြီးက

"မင်းသူတို့ကို တကယ်ချမ်းသာစေချင်လား"လို့ပြန်မေးလိုက်တယ်။ အဲဒီအခါ တပည့်က

"ဘယ်လိုပြောလိုက်ပါလိမ့်ဆရာရယ်။ ချမ်းသာစေချင်တာပေါ့ဗျ" လို့ပြန်ပြောလိုက်တယ်။ အဲဒီအခါ ဆရာပညာရှိက

"ဒါဆို သူတို့ပိုင်တဲ့ နွားမကို ချောက်ထဲတွန်းချပြီး သတ်ပေးလိုက်" လို့ပြန်ပြောတယ်။ အဲဒီအခါ တပည့်က

"မဟုတ်တာဆရာရယ်၊ သူတို့မှာပိုင်တာဆိုလို့၊ ဒါလေးပဲရှိတာကို၊ ဒါလေးမရှိရင် ဒုက္ခရောက်သွားမှာပေါ့" လို့ပြောလိုက်တယ်။ အဲဒီအခါ ဆရာက-

"တကယ်ချမ်းသာစေချင်ရင်၊ ငါပြောတဲ့အတိုင်းသာ လုပ်စမ်းကွာ" လို့ပြန်ပြောလိုက်တယ်။

အဲဒီလိုနဲ့တပည့်ဟာ လေးလံတဲ့စိတ်နှလုံးနဲ့ တဲပုပ်လေးရှိရာကို ပြန်လာတယ်။ အိမ်သားတွေမသိအောင် သူတို့ရဲ့နွားမလေးကို ချောက်ကမ်းပါးအစွန်းကိုဆွဲလာခဲ့တယ်။ အဲဒီနောက်တော့ သူဟာ နွားကို ချောက်ထဲတွန်းချပြီးသတ်ခဲ့လိုက်တယ်။

အဲဒီလိုနဲ့ နှစ်ပေါင်းများစွာအကြာမှာတော့ ဆရာတပည့်နှစ်ယောက်ဟာ အဲဒီလမ်းအတိုင်းဘဲ ခရီးတစ်ခေါက် ထွက်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့တွေဟာ အရင်တည်းခိုခဲ့ဖူးတဲ့ တဲပုပ်လေးနေရာမှာ ကောင်းမွန်သပ်ယပ်တဲ့ အိမ်တစ်လုံးကိုတွေ့ရတယ်။

အဲဒီအိမ်ဘေးမှာ မျက်စေ့တဆုံးကျယ်ဝန်းတဲ့ သီးနှံစိုက်ခင်းတွေနဲ့တကွ၊ နွားပေါင်း တစ်ဒါဇင်လောက် မွေးမြူထားတဲ့ နွားတင်းကုပ်ကြီးတစ်ခုကိုပါတွေ့ကြရတယ်။ အဲဒီအိမ်ထဲမှာလည်း တစ်ချိန်က ဆင်းရဲချို့တဲ့စွာနေခဲ့ရတဲ့မိသားစုဟာ ကောင်းမွန်သပ်ယပ်တဲ့ အ၀တ်အစားတွေနဲ့တကွ ပျော်ရွှင်ကြည်နူးနေကြတာကိုလည်း တွေ့ရပြန်တယ်။

ဆရာတပည့်နှစ်ယောက်ဟာ အရင်နည်းအတိုင်းပဲ အိမ်ရှင်ကိုတဲခိုခွင့်တောင်းပြီး တည်းခိုခဲ့တယ်။ ညစာစားအပြီးမှာတော့ တပည့်လုပ်သူဟာ သူတို့ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေကို ရောက်လာလာလဲဆိုတဲ့ သိချင်စိတ်ကို ထိန်းမရတဲ့အတွက်-

"အစ်ကို ခင်ဗျားတို့မိသားစုဟာ အရင်က အင်မတန်ဆင်းရဲချို့တဲ့ခဲ့တယ်၊ ခုတော့ တော်တော်လေး အဆင်ပြေနေပါလား၊ ဘယ်လိုဖြစ်ပြီး ဒီဘ၀ ရောက်သွားတယ်ဆိုတာ ပြောပြပါလားအစ်ကို" လို့မေးလိုက်တယ်။ အဲဒီအခါ အိမ်ရှင်ယောက်ျားက ဒီလိုပြန်ပြောလိုက်တယ်-

"ကျွန်တော်တို့မှာ အရင်က ဆရာတို့သိတဲ့အတိုင်း နွားတစ်ကောင်ရှိတယ်လေ။ ကံဆိုးချင်တော့ ဆရာတို့နှစ်ယောက်ပြန်သွားတဲ့ နေ့မှာပဲ အဲဒီနွားလေးက ချောက်ထဲကျပြီးသေသွားရှာတယ်။ ကျွန်တော်တို့မိသားစု အရမ်းသောက ရောက်ခဲ့တာပေါ့ဗျာ"

"ဒီနွားလေးမှီခိုနေရတာကို၊ နွားကသေသွားတော့ ငါတို့တော့ ဒုက္ခရောက်ပြီပေါ့။ ဒါပေမယ့်လည်း လူဆိုတာမျိုးက ဒီအတိုင်း အသေခံပါရိုးလားဆရာရယ်။ နွားအားကိုးလို့မရတော့လည်း ကိုယ့်အားကိုယ်ကိုးကြရတာပေါ့။ တစ်မိသားစုလုံး ညီတူညာတူ စိုက်ကြပျိုးကြ၊ ရရာအလုပ် လုပ်ကြနဲ့ အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်ကြရတာပေါ့။ အရင်ကတော့ တစ်နှစ်ကြာအောင် အလုပ်လုပ် ပိုက်ဆံစု နွားပြန်ဝယ်မယ်ပေါ့"

" ဒါပေမယ့် တစ်နှစ်ကြာတဲ့အခါ အလုပ်လုပ်လို့ရတဲ့ငွေက နွားတစ်ကောင်တင် မဟုတ်ဘူးဆရာရေ၊ နွားသုံးကောင်စာလောက် ၀ယ်လို့ရနေတာကို ကျွန်တော်တို့ သိလိုက်ရတယ်။ အဲဒါကြောင့် နွားပြန်ဝယ်ရုံတင်မကဘူး ရှိသမျှမြေတွေ၊ စိုက်လို့ရသမျှမြေတွေကို အကုန်စိုက်၊ လုပ်လို့ရသမျှ အကုန်လုပ်နဲ့ ဒီဘ၀ရောက်လာတာပဲ၊ နောက်တော့ ကျွန်တော်တို့အကုန်လုံး သဘောပေါက်လာတယ်။ ဘာမှမလုပ်ရင်၊ ဘာမှမဖြစ်ဘူး။ တစ်ခုခုလုပ်ရင်။ တစ်ခုခုဖြစ်လာမယ်ပေါ့ဗျာ"

ကျွန်တော်တို့လူသားတိုင်းဟာ (Comfort Zone) လို့ခေါ်တဲ့ သက်တောင့်သက်သာ နေရတဲ့ဘ၀ကိုသာ မှီတွယ်နေ၊ သာယာနေတဲ့သဘာဝရှိသူတွေပဲ ဖြစ်တယ်။ ဆိုလိုတာက သူဆင်းရဲမိသားစုဟာ နွားကိုမှီခိုနေရင်းနဲ့ သူတို့ဘ၀ကို ဒီထက်ပိုမိုမြှင့်တင်ကောင်းမွန်စေဖို့ သတိမရကြသလို၊ ကျွန်တော်တို့တွေဟာလည်း လက်ရှိဘ၀ရေစီးကြောင်းထဲမှာသာ အလိုက်သင့်လေး စီးဆင်းလိုက်ပါနေကြသူများပဲဖြစ်တယ်။

အဲဒီလို အလိုက်သင့်မြောပါနေရင်းနဲ့ပဲ လက်ရှိဘ၀ထက် ပိုမိုကောင်းမွန်တဲ့ ဘ၀တစ်ခု၊ အောင်မြင်မှုတစ်ခုကို ရုန်းထွက်ကြိုးစားဖို့ မေ့လျော့နေကြတယ်လို့ဆိုတယ်။

လောကုတ္တရာသဘောအရလည်း သူဆင်းရဲ မိသားစုရဲ့ နွားကိုမှီခိုခြင်းလို ၊ လောကလူသားတိုင်းဟာ "ဘ၀တဏှာ"လို့ခေါ်တဲ့ လက်ရှိဘ၀ကို မှီတွယ်နေတတ်၊ တွယ်တာနေတတ်ပြီး၊ ဘ၀ရဲ့ဆင်းရဲဒုက္ခကိုစွန့်ပယ်ဖို့၊ သံသရာရဲ့လွတ်မြောက်ခြင်းကို ရှာဖွေဖို့ မေ့လျော့နေတတ်တဲ့ သဘာဝကို ဒီပုံပြင်လေးက ထင်ဟပ်စေမှာပဲဖြစ်တယ်။

လူသားတွေဟာ မိမိရဲ့ဘ၀၊ သားသမီး၊ ဇနီးကြင်ယာတွေကို တွယ်တာခြင်းနဲ့အတူ ပိုမိုကောင်းမွန်တဲ့ သံသရာက လွတ်မြောက်ခြင်းအတွက် ဒါန၊သီလ၊ ဘာဝနာမှုတွေကို မေ့မေ့ပျောက်ပျောက်နဲ့ပဲ ဘ၀သံသရာရဲ့ဆင်းရဲဒုက္ခကိုခံနေကြသူများပဲဖြစ်တယ်တို့ဆိုမယ်။

လောကီအမြင်အရလည်း-- လောကီလူသားတွေဟာ သူဆင်းရဲမိသားစုဟာ နေ့စဉ်ရရှိတဲ့နွားနို့လေးကိုသာအမှီပြုနေတာကြောင့် ပိုမိုပြည့်စုံတဲ့ဘ၀နဲ့ ဝေးကွာနေကြရသလို ကျွန်တော်တို့တွေဟာလည်း လတ်တလောရရှိနေတဲ့အခြေအနေမှာသာ မိန်းမောလိုက်ပါရင်း ဘ၀ကိုဖောက်ထွက်ဖို့၊ အောင်မြင်ခြင်းကို အရယူဖို့ အားထုတ်လေ့၊ ကြိုးပမ်းလေ့မရှိကြဘူးလို့ဆိုတယ်။

ကျွန်တော်တို့ဟာ မိမိရဲ့ (comfort zone) ကို မှီခိုတတ်၊ မိန်းမောတတ်တဲ့သဘာဝကို ဆင်ခြင်သင့်လှတယ်။

"ငါဟာ ဒီထက်ပိုပြီးကောင်းတဲ့ဘ၀ကို ဦးတည်နေသူလား၊ ဒီဘ၀နဲ့ပဲ တစ်သက်လုံးအရိုးထုတ်ရမယ့်သူလား" ဆိုတဲ့အတွေးနဲ့ မိမိကိုယ်ကို ဆန်းစစ်သင့်ကြတယ်လို့ဆိုတယ်။ အဲဒီလို ဆန်းစစ်ပြီးတဲ့အခါမှာလည်း နွားကိုချောက်ထဲတွန်းချပစ်သလို မိမိရဲ့ မေ့လျော့ပျော်ပါးတတ်တဲ့သဘာဝကို လုံးဝဥဿုံ စွန့်ပယ်သင့်ကြတယ်လို့ဆိုတယ်။ အဲဒီလို စွန့်ပယ်နိုင်မှသာ သူဆင်းရဲမိသားစုရဲ့ ကြီးပွားချမ်းသာခြင်းနဲ့တူတဲ့ အောင်မြင်ခြင်းကို မုချရောက်နိုင်မယ်လို့ဆိုလိုတာပဲဖြစ်တယ်။

(Comfort zone is a beautiful place, but nothing ever grows there.)

သက်တောင့်သက်သာနေထိုင်ရတဲ့ဘ၀ဟာ အင်မတန်လှပတဲ့နေရာပဲဖြစ်တယ်။ ဒါပေမယ့်လည်း ဒီနေရာဟာ ဘာတစ်ခုမှ စိုက်ပျိုးလို့တော့ ရမှာမဟုတ်ဘူး"

ဆိုလိုတာက ကျွန်တော်တို့ရဲ့ သက်တောင့်သက်သာနဲ့ စီးမြောလိုက်ပါနေတဲ့ ဘ၀နေထိုင်မှုဟာ ပျော်ရွှင်မှု၊ သက်သာမှုတွေ ရှိကောင်းရှိနိုင်ပေမယ့် ဒီအတိုင်းနေထိုင်သွားခဲ့ရင် အောင်မြင်ချမ်းသာတဲ့ဘ၀ကို ဘယ်သောအခါမှ ရလိမ့်မှာမဟုတ်ဘူးလို့ဆိုလိုတာပဲဖြစ်တယ်။

(Comfort Zone) ကနေ ရုန်းကန်ဖောက်ထွက်နိုင်မှသာ အောင်မြင်ခြင်းကို အရယူနိုင်လိမ့်မယ်လို့ဆိုတယ်။ ဘာမှမလုပ်ရင်၊ ဘာမှမဖြစ်ဘူး၊ တစ်ခုခုလုပ်မှ၊ တစ်ခုခုဖြစ်မယ် ဆိုတဲ့ သူဆင်းရဲရဲ့စကားလို လက်ရှိဘ၀မှာ သာယာပြီး အလိုက်သင့်မြောပါနေရုံနဲ့တော့ ဘာတစ်ခုမှ အောင်မြင်လာမှာမဟုတ်ဘူးလို့ဆိုလိုတာပဲဖြစ်တယ်။

တကယ်တော့လည်း ကျွန်တော်တို့ဟာ "နွား"ကို ချောက်ထဲတွန်းချပစ်ဖို့ လိုအပ်နေသူများပဲဖြစ်တယ်။

လက်ရှိဘ၀မှ ရုန်းကန်ဖောက်ထွက်နိုင်ကြပါစေ…………

Thi Ha🇲🇲
Credit

" ခါးပိုက်နိုက် "

" ခါးပိုက်နိုက် "
🌺🌺🌺🌺

🍀 လူ … လို့ ပြောလိုက်တာနဲ့ ……
🍀 ဖြူစင်မှုတွေချည်း ယူလာမယ်မထင်နဲ့ ။

🍀 အချို့လူတွေက ……
🍀 တစ်ကောင်ပေးပြီး ……
🍀 နှစ်ကောင်ယူသွားတတ်ကြတာ …။

🍀 လူတိုင်းကို ……
🍀 ကိုယ်နဲ့ယှဉ်ပြီး မမြင်နဲ့ ။

🍀 အချို့လူတွေက ……
🍀 လူကို ခင်သလိုနဲ့ ……
🍀 လိုတာကို ထွင်သွားတတ်ကြတာ …။

🍀 ဒေါက် … ဒေါက် ဆိုတဲ့ ……
🍀 တံခါးခေါက်သံတွေရဲ့နောက်မှာ ……
🍀 ကြောက်စရာ ဖေါက်ထွင်းခံရမှုတွေရှိတတ်တယ် ။

🍀 အချို့လူတွေက ……
🍀 မင်္ဂလာပါဆိုပြီး ဝင်လာကြပေမယ့် ……
🍀 ပြီးရင်တော့ ……
🍀 မထင်တာတွေချည်း လုပ်သွားတတ်ကြတာ …။

🍀 ပစ္စည်းဥစ္စာ အနှိုက်ခံရမှ ……
🍀 ခါးပိုက်နှိုက်ခံရတာမဟုတ်ဘူး ။

🍀 စကားလုံးတွေ အနှိုက်ခံရတာဟာလည်း ……
🍀 ခါးပိုက်နှိုက်ခံရတာပါပဲ။

🍀 ခါးပိုက်နှိုက်သတိပြု ……
🍀 မဟုတ်ရင် ကိုယ့်ကိုခုပြီး ……
🍀 လိုချင်တာတွေ လုယူသွားလိမ့်မယ် …။

Thi Ha🇲🇲
Credit

ဒုက္ခရောက်ချိန်မှာ သိလာရတဲ့ အသိအမြင်များ

ဒုက္ခရောက်ချိန်မှာ သိလာရတဲ့ အသိအမြင်များ
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

၁။ ဒုက္ခရောက်ချိန်မှ လူတွေရဲ့ စိတ်ရင်းတွေကို သိလာရတယ်။

၂။ ဒုက္ခရောက်ချိန်မှ ပြုံးပြုံးလေးနဲ့ အကူအညီတောင်းတတ်တဲ့သူတွေရဲ့ မျက်နှာဆိုးတွေကို သိလာရတယ်။

၃။ ဒုက္ခရောက်ချိန်မှ မိတ်ဆွေစစ်နဲ့ မိတ်ဆွေတုကို ကွဲကွဲပြားပြား သိလာရတယ်။

၎။ ဒုက္ခရောက်ချိန်မှ ဆွေမျိုးအချို့ရဲ့ အပေါ်ယံသကာလောင်းစကားတွေအကြောင်းကို သိလာရတယ်။

၅။ ဒုက္ခရောက်ချိန်မှ ကိုယ့်ကို ပုတ်ခတ်ပြောဆိုဖို့ ဘယ်သူတွေစောင့်မျှော်နေတာလဲဆိုတာကို သိလာရတယ်။

၆။ ဒုက္ခရောက်ချိန်မှ "ကိုယ့်ဆီမှာရှိမှသာ ကိုယ့်ပိုက်ဆံ" ဆိုတာကို သိလာရတယ်။

၇။ ဒုက္ခရောက်ချိန်မှ "တောင်ဝှေးလဲရင် ဘိုးသူတော်ထူနိုင်တယ်၊ ဘိုးသူတော်လဲရင် တောင်ဝှေးမထူနိုင်" ဆိုတဲ့ စကားရဲ့ နက်နဲမှုကို သိလာရတယ်။

၈။ ဒုက္ခရောက်ချိန်မှ ကိုယ့်လက်တွဲဖော်ရဲ့ အကျင့်စရိုက်ကောင်းခြင်း၊ ဆိုးခြင်းကို ပိုသိလာတယ်။

၉။ ဒုက္ခရောက်ချိန်မှ ကိုယ့်ဘဝမှာ ဘယ်သူတွေကို အားကိုးပြီး ဘယ်သူတွေကို ဝေးဝေးရှောင်ရမလဲဆိုတာ သိလာတယ်။

၁ဝ။ ဒုက္ခရောက်ချိန်မှ "ကိုယ်ပေးသလောက် ပြန်ရချင်မှ ရတတ်တဲ့လောက သဘာဝအကြောင်း" ကိုသိလာတယ်။

၁၁။ ဒုက္ခရောက်ချိန်မှ အမေ့ရဲ့ ရင်ခွင်နဲ့ အဖေ့ရဲ့ နှစ်သိမ့်မှုတွေရဲ့ တန်ဖိုးကို သိလာရတယ်။

၁၂။ ဒုက္ခရောက်ချိန်မှ "လောကမှာ လည်သူစားစတမ်း" ဆိုတဲ့ သဘောကို သိလာရတယ်။

ဒါပေမဲ့လည်းလေ… လောကမှာ လူပီသဖို့ ဘယ်သူကောင်းကောင်းမကောင်းကောင်း၊ ကိုယ့်ဘက်က ကောင်းနေသင့်တယ်မဟုတ်လား။

ဟမ်မူရာဘီဥပဒေလို "မျက်လုံးတစ်လုံးဆုံးတိုင်း မျက်လုံးတစ်လုံးပေးလျာ်ရမယ်"ဆိုရင် တစ်ကမ္ဘာလုံး မြင်ကွင်းတွေပျောက်သွားမှာပေါ့။

အငြှိုးတွေ၊ အာဃာတတွေဆိုတာ ဆုပ်ကိုင်ထားသူအတွက် ပူလောင်စေပြီး မေတ္တာတရားကို လက်ကိုင်ထားမှသာ အေးချမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်သူ့ကိုမဆိုမေတ္တာနဲ့သာ တုံ့ပြန်လိုက်ပါ။ လောကမှာ ဘယ်သူတွေဘယ်လိုပဲ ဆိုးယုတ်နေပါစေ၊ ကိုယ်ကောင်းနေသရွေ့တော့ ကိုယ့်ဘဝကို ဘယ်သူမှ ဆိုးသွားအောင် မလုပ်နိုင်ဘူးလေ။

Thi Ha🇲🇲

Credit

သင်ခန်းစာ

သင်ခန်းစာ
🍑🍑🍑

အမေလုပ်သူ နေမကောင်း၍ဆေးကုသရန် အဆင်ပြေသောသူငယ်ချင်းထံ ပိုက်ဆံခဏ ချေးမိသည်။ ရှိပါလျက်နဲ့ မရှိပါဘူးဆိုပြီးဗြောင်ငြင်းလွတ်သည်။

ရုတ်တရက် ဒေါသထွက်သွားသည်။ နောက်မှသူ့ဆီက ရလိုက်သောအရာကို တစ်ချက်တွေးပြီး ပြုံးမိသည်။

မကူညီတက်တဲ့ သင်ခန်းစာ...
…………………………………………………………………………………

ကောင်မလေးတစ်ယောက်ကို စာလိုက်ပေးမိသည်။ ဘာစာလဲဟု သူကမေးသည်။ရည်းစားစာဆိုတော့ သူပြုံးပြီးယူလိုက်တယ်။မနက်ကျရင် သူခေါ်တဲ့နေရာလာခဲ့ဖို့ ပြောသွားသေးသည်။

ဝမ်းသာအားရ အရောက်သွားမိသည်။ ဟိုရောက်တော့ သူ့ချစ်သူရယ် သူ့သူငယ်ချင်းတွေရယ်ရှေ့မှာ ကျွန်တော်စာကို ဖတ်ပြီးဝိုင်းရယ်ကြတယ်။ထောင်းကနဲဆို ဒေါသထွက်သွားသည်။ နောက်မှသူ့ဆီက ရလိုက်သောအရာကို တစ်ချက်တွေးပြီး ပြုံးမိသည်။

မစာနာတတ်တဲ့ သင်ခန်းစာ....
…………………………………………………………………………………

ရန်ကုန်သို့ အသွားလမ်း၌ ကားရပ်ကာ ခရီးသည်တွေအားလုံး
ထမင်းစားဖို့ ကားပေါ်က ဆင်းကာ ဆိုင်အတွင်း အသီးသီးနေရာယူကြသည်။ကျွန်တော်လဲနေရာယူကာ ထမင်းတစ်ပွဲမှာယူလိုက်သည်။

တော်တော်နှင့်ရောက်မလာ ထိုအစဉ်ဆိုင်ရှေ့သို့ ဆိုင်ကယ်တစ်စီးထိုးရပ်ကာ လူနှစ်ယောက် ဆိုင်အတွင်းသို့ဝင်လာသည်။ ပခုံးပေါ်မှာလဲ အပွင့်တွေ အရစ်တွေနဲ့....

ထိုစဉ်စားပွဲထိုးလေးပြေးလာပြီး ဗိုလ်ကြီးဘာစားမလဲဟု မေးကာ ထမင်းနှစ်ပွဲကို ဟင်းစုံစွာ ချက်ချင်းချပေးသည်။ ကျွန်တော်ဆီကို အခုထိရောက်မလာသေး။ရုတ်တရက် ဒေါသထွက်သွားသည်။ နောက်မှ သူတို့ဆီက ရလိုက်သောအရာကို တစ်ချက်တွေးပြီး ပြုံးမိလိုက်သည်။

ခွဲခြားဆက်ဆံတက်တဲ့ သင်ခန်းစာ...
…………………………………………………………………………………

လုပ်ဖော်ကိုင်ဖက် မိန်းကလေးအား မန်နေဂျာမှ ဆွဲလားရမ်းလားလုပ်၍ ကောင်မလေးက အော်ဟစ်အကူအညီတောင်းသည်။ ကျွန်တော်လဲ မန်နေဂျာအား ဆွဲထိုးလိုက်သည်။

နောက်တစ်နေ့မနက် သူဌေးရုံးခန်း၌ ပြသာနာဖြေရှင်းကြသည်။ သူဌေးက မန်နေဂျာအား ဘာကြောင့်ထိုးသလဲဟု မေးသည်။ ကျွန်တော်လည်း အဖြစ်မှန်ကိုရှင်းပြလိုက်သည်။

ထိုအခါသူဌေးက ကောင်မလေးအားမေးပြန်သည်။သူပြောတာဟုတ်လား.. ကောင်မလေးကပြန်ဖြေသည်၊ မဟုတ်ပါဘူး.. သူကကျွန်မကို တစ်ဖတ်သတ် ကြိုက်နေသူပါ၊ မန်နေဂျာနဲ့ စကားပြောနေတာကို သူမနာလိုဖြစ်ပြီး မန်နေဂျာအား ထိုးလိုက်တာပါဟု သူဖြေသည်။ကျွန်တော် အလုပ်ဖြုတ်ခံရသည်။ ထောင်းကနဲဒေါသထွက်မိသည်။
နောက်မှ သူ့ဆီက ရသောအရာကို တွေးပြီးပြုံးမိသည်။

ကျေးဇူးကန်းတက်တဲ့ သင်ခန်းစာ.....
…………………………………………………………………………………

ငယ်ငယ်က အဘွားပြောသော ပုံပြင်လေးအား သတိရမိသည်။ တစ်ခါက ဟင်းသီးဟင်းရွက်ရောင်းစားသော အဘိုးဟာ သူ့လယ်တောက အသီးအရွက်တွေခူးပြီး မြင်းလှည်းပေါ်တင်ကာ အိမ်ပြန်လာခဲ့သည်။ လမ်း၌ အိပ်ငိုက်၍ လိုက်ပါလာသည်။အသက်ကြီးပြီး မျက်စိမကောင်း၊ မှတ်ညဏ်မကောင်းတော့တဲ့မြင်းဟာ မြက်ပင်စိမ်းစိမ်းလေးအားတွေ့ကာ ရှေ့ဆက်မသွားဘဲစားသောက်ကာ ရပ်နေလိုက်သည်။

အဘိုးအိုနိုး၍ ကြည့်လိုက်သောအခါ အိမ်မဟုတ်ဘဲ တောမှာဆိုတာသိရ၍ မြင်းအို မြင်းစုတ် မြင်းနာ ဟူ၍ကြိမ်ဆဲကာ ရိုက်နှက်လေတော့သည်။ ကျွန်တော်တစ်ချက်တွေးပြီး ပြုံးလိုက်မိသည်။မိမိအပြစ်ကိုမမြင်ဘဲ သူတစ်ပါးအား..

အပြစ်ပုံချတက်သော သင်ခန်းစာ
…………………………………………………………………………………

နေမကောင်းဖြစ်၍ ချိန်းထားတဲ့နေရာအား မလာဖြစ်တော့တဲ့ အကြောင်း ချစ်သူက ဖုန်းဆက်၍ ပြောရှာသည်။စိတ်ပြေလက်ပျောက် ပန်းခြံထဲ လျှောက်ကာ ဟိုဒီငေးရင်း ကြည်နူးနေသော အတွဲလေးအားကြည့်ကာ ကိုယ့်ချစ်သူအားသတိရမိသည်။

သေချာကြည့်လိုက်တော့မှ ကိုယ့်ရည်းစားဖြစ်နေသည်။ ထောင်းကနဲဒေါသဖြစ်မိသည်။ နောက်မှသူ့ဆီက ရလိုက်သောအရာအား တွေးပြီး တစ်ချက်ပြုံးလိုက်မိသည်။

သစ္စာမရှိသော သင်ခန်းစာ....
…………………………………………………………………………………

သူငယ်ချင်းလုပ်သူ မူးပြီးအိမ်ရောက်လာသည်။ သူ့ချစ်သူကောင်မလေးအား ဖွင့်မပြောရဲ၍ ရဲဆေးတင်ကာ အရက်သောက်လာကြောင်းပြောသည်။ အဖော်လိုက်ခဲ့ဖို့ အတင်းခေါ်သည်၊ငြင်းသည်၊ မရတဲ့အဆုံး လိုက်လာလိုက်သည်။ ကောင်မလေးအားရည်းစားစကားပြောတာ လက်မခံ၍ဆွဲလား ရမ်းလားလုပ်သည်။

ကောင်မလေးကရှက်ပြီး အမေလုပ်သူအားငိုပြီးတိုင်သည်။ အမေလုပ်သူကမကျေနပ်၍ သူကြီးကိုတိုင်လေသည်။ သူကြီးလုပ်သူအမေးကို သူငယ်ချင်းကဖြေသည်။

ဒီကောင် အရက်တိုက်ပြီး မြှောက်ပေးလို့လုပ်တာပါဆိုပြီး ကျွန်တော့်အားအပြစ်ပုံချသည်။ ဒေါသအတစ်လိုက် အတုံးလိုက်ထွက်လာသည်။ နောက်မှ သူ့ဆီကရလိုက်သော အရာအားတွေးပြီး ပြုံးလိုက်သည်။

ချောက်တွန်းတက်သော သင်ခန်းစာ...
…………………………………………………………………………………

ဘုရားပွဲတစ်ခု၌ ခွက်တစ်လုံးရှေ့ချကာ မျောက်ကလေးအား ကခိုင်းနေသော လူတစ်ယောက်အား တွေ့မိသည်။လူအများလဲ စိတ်ဝင်တစားကြည့်ကာ မျောက်လေးအားသြဘာပေးကာ ငွေစက္ကူများထည့်ကြသည်။ ထိုလူလဲ သဘောကျစွာ မျောက်ကလေးအား ငှက်ပျောသီးတစ်လုံးကျွေးလိုက်သည်။

စေတနာရှိလို့ ကျွေးလိုက်သည်ဟုထင်မိသည်။ နောက်မှသတိရ၍ပြုံးမိသည်။

မျောက်ပြ၍ ဆန်တောင်းတက်သော သင်ခန်းစာ..
…………………………………………………………………………………

ရွာထဲတွင် အလှူပွဲလုပ်ဖို့အတွက် အလှူငွေကောက်ခံကြသည်။ အဆင်ပြေသောသူတွေက သိန်း၊သောင်း စသည်အားဖြင့်ထည့်ကြသည်။အဆင်မပြေသော ကျွန်တော်မှာ ရှိစု မဲ့စု၊ တစ်ထောင်အားစေတနာထက်သန်စွာ ထည့်ကာလှူလိုက်သည်။

အလှူငွေနည်းသော ကျွန်တော်အားကြည့်ကာ လူတစ်ချို့၏မျက်နှာမကောင်းကြပေ။သူတို့ကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ နောက်မှတွေးကာ ပြုံးမိသည်။

အခြေအနေကိုကြည့်ကာ နားလည်မှု မပေးနိုင်သော သင်ခန်းစာ
…………………………………………………………………………………

(facebook) စာမျက်နှာပေါ်၌ (အရူးထကြည့်တာ) ဆိုပြီး မိမိဓာတ်ပုံနှင့် ပေါတောတော စာတစ်ချို့ကိုတင်လိုက်သည်။
(like and comment) တွေကပျော်စရာကောင်းလှသည်။

နောက်တော့ (အကောင်းထကြည့်တာ)ဆိုပြီး အများသူငါ အကျိုးရှိစေမယ့် စာပေတွေမျှဝေတင်ပေးလိုက်သည်။ မင်းကဘယ်လောက်ကောင်းနေပြီလဲဟု လူတစ်ချို့ရဲ့ ဝေဖန်မှုကို ခံရသည်။စိတ်မကောင်းဖြစ်မိသည်။ နောက်မှတွေးပြီးပြုံးလိုက်မိသည်။

အကောင်းအဆိုးကို နားမလည်သော သင်ခန်းစာ...
…………………………………………………………………………………

သူဌေးသမီးကို ရည်းစားစကားလိုက်ပြောမိသည်။ မချစ်နိုင်ဘူးဟုပြန်ပြောသည်။ ပြသာနာမရှိသေးချေ။ သူကဆက်ပြောသည်၊နင့်လိုဆင်းရဲသားကို ငါလိုသူဌေးသမီးကကြိုက်စရာလား၊ကိုယ့်အဆင့်အတန်း ကိုယ်သိဟုပြောသည်။ ဒေါသငယ်ထိပ်ထိ ရောက်သွားသည်။နောက်မှ သူ့ဆီက ရသောအရာကို တွေးပြီးပြုံးမိသည်။

နှိမ့်ချတက်သော သင်ခန်းစာ...
…………………………………………………………………………………

လူတစ်ယောက် သူ့သူငယ်ချင်း မကောင်းကြောင်းလာပြောသည်။ အားနာ၍ အလိုက်သင့်ပြန်ပြောမိသည်။ နောက်သူ့ သူငယ်ချင်းအား သူ့မကောင်းကြောင်းတွေ ကျွန်တော်ပြောသည်ဟု တို့မီးရို့မီးလုပ်သည်။ဒေါသ အချောင်းချောင်းထွက်မိသည်။ နောက်မှ သူ့ဆီကရသောအရာကို တွေးပြီးပြုံးမိသည်။

ကုန်းချောတက်သော သင်ခန်းစာ...
…………………………………………………………………………………

အဘွားပြောသော ပုံပြင်လေးအား သဘောကျမိသည်။ မြေးလုပ်သူက အဘိုးဖြစ်သူကိုပြောလေသည်။အဘိုး..ဓူဝံကြယ်ဆိုတာ မြောက်အရပ်မှာရှိတာမဟုတ်လားဟု မေးသည်။ထိုအခါ အဘိုးက မဟုတ်ဘူးကွ တောင်အရပ်မှာရှိတာကွလို့ ပြန်ဖြေသည်။ မြေးလုပ်သူက ပြန်ပြောလေသည်။

မြေးကြားဖူးတာတော့ မြောက်အရပ်မှာ ရှိတာလို့မြေးကြားဖူတာ.... အခုမဟုတ်တော့ဘူး တောင်အရပ်ကိုပြောင်းသွားပြီ ဘယ်သူမှမသိသေးဘူး အဘိုးတစ်ယောက်ပဲ သိသေးတာ အဘိုးလဲဘယ်သူမှမပြောဘူး ငါ့မြေးလဲဘယ်သူ့မှမပြောနဲ့ ကြားလား ကိုယ်သိထားတာကိုတေတေနိပ်ပြီး တိတ်တိတ်နေရတယ်....

ကျွန်တော်လည်း သဘောကျစွာပြုံးလိုက်မိသည်။

သိထားတဲ့အရာတိုင်းကို လူတိုင်းကို ဖွင့်မပြောဘဲ တေတေနိပ်ပြီး
တိတ်တိတ်နေရမယ် ဆိုတဲ့ သင်ခန်းစာ....

Thi Ha🇲🇲
Credit

Tuesday, July 30, 2019

ကျွန်တော် နမ်းလို့  မဝသေးတဲ့ ပါးတစ်ခြမ်း

ကျွန်တော် နမ်းလို့  မဝသေးတဲ့ ပါးတစ်ခြမ်း ။

ကျွန်တော့် မိန်းမက သူ ကိုယ်ဝန်ရှိနေပြီ လို့
ပြောတော့ကျွန်တော် မြန်မာ ဗီဒီယို ကားထဲက
မင်းသားတွေ ပျော်သလိုမျိုး ဟိုလျောက်ပြေး
ဒီလျောက်ပြေး ၊ဟိုအော်ဒီအော် ပုံစံမျိုးနဲ့
မပျော်ခဲ့ပါဘူး

မိန်းမက လည်း သူကိုယ်ဝန်ရှိနေတာကို
ရုပ်ရှင်ထဲကလို နား နားကပ်ပြီးမပြောပါဘူး

ကြေးအိုး ဆိုင်မှာ
ကြေးအိုးစားရင်းပလုပ်ပလောင်းနဲ့ ပြောတာ ၊
ကိုယ်ဝန်ရှိနေပြီထင်တယ်တဲ့

ကျွန်တော် လည်း ဟုတ်လား
ပျော်စရာကြီးပေါ့၊လို့ ပြောလိုက်တယ်
ဒီလောက်ပါပဲ

အာထရာ စောင်းရိုက်ကြည့်တော့
သမီးလေး လို့သိရတယ်
ငါ သမီးလေးရတော့ မယ်၊
ကလေးအဖေ ဖြစ်တော့မယ်
ဒီထက်ကြိုးစား ရတော့မယ်ဆိုတဲ့
အသိ တော့ ရှိလာတာအမှန်ပဲ။

သမီးလေးကို
SSC ရွှေဂုံတိုင် ဆေးရုံမှာမွေးတာ
မိန်းမမွေးခန်း ဝင်တော့ စိတ်တော့ပူသား ၊
မိန်းမ နေကောင်းဖို့ နဲ့
သမီးလေး ကောင်းကောင်းမွန်မွန်ဖြစ်ဖို့

ရုပ်ရှင်ထဲက ကလေးအဖေတွေလို
ဆပ်ပြာသည်လင်ပျောက်သလိုတော့
မဖြစ်ပါဘူး။

မွေးခန်း ထဲက နပ်(စ်) မက
ဘေဘီ ချောစုဝင်း ရှိလား တဲ့
ဒီ နပ်(စ်)မ က ငါ မိန်းမ ကို ဘေဘီလို့ ခေါ်တာ
သူဘယ် လိုများသိသွားသလည်းပေါ့ ။

ဟုတ် ကျွန်တော်ပါ ကျွန်တော်ပါ

ရော့ — မွေးခန်း အသုံးစာရိတ် ဘောက်ချာ
ကလေးရောလူကြီးရောကျန်းမါပါတယ်

ကလေးကိုအရင်မပြသေးဘူး ၊
ဘောက်ချာအရင်ပြတာ
ဘောက်ချာကြည့် လိုက်တော့ ၅၀၀၀၀၀
(၅) သိန်း ကျတယ်

ဟယ် တန်ဖိုးရှိလိုက်တဲ့ ငါ့ သမီးလေးပါလားဆိုပြီး
ငွေ သွားသွင်းရတယ်။

ငွေသွင်းပြီးတော့မှ ကလေးကိုပြတာ ၊
ငွေ သာမသွင်းရင် ကလေး ကို ပြန်ပေးဆွဲ မယ့်
သဘောရှိတယ်။

သမီးလေးမြင်တော့  အော် ငါ ကလေးအဖေဖြစ်ပြီ
ငါ သမီးလေး တစ်ယောက်ရပြီပေါ့ ။

ဖြစ်ချင်တော့ သမီးလေး ၂ ရက် နေတော့
အသားဝါ လို့ကလေးဆေးရုံကြီးကိုတင်ရတယ်

ကလေးတွေနေ မကောင်းဖြစ်ရင်
ကိုယ်သာဖြစ်လိုက်ချင်တယ် ၊

မိန်းမ က ရွှေဂုံတိုင်ဆေးရုံမှာ ၊
သမီးက ကလေးဆေးရုံကြီးမှာ
ကျွန်တော် က သမီးလေးတက်တဲ့
ကလေးဆေးရုံလိုက်သွားလိုက်တယ်

ယောက္ခက သူ့ သမီးကို စိတ်ပူ
ကျွန်တော်က ကျွန်တော့သမီးကို စိတ်ပူပေါ့။

သမီးလေး သူငယ်တန်း စ ထားတဲ့ နေ့ 
သမီးက မျက်နှာငယ်လေးနဲ့
အတန်းဖေါ်တွေကြားထဲမှာ
သမီးလေးရေ ဒါ လောက သင်ခန်းစာ အစ ပဲ၊
ငါ့ သမီးလေး အဆင်ပြေမှာပါဆိုပြီး
သမီးကို ကျောင်းခန်းထဲပို့လိုက်တယ်၊

ကျွန်တော် နောက်ကို လုံးဝလှည့်မကြည့်ဘူး ၊
သမီးလေး ကို ထားခဲ့ရတာကို မကြည့်ရဲလို့
မနေနိင်လို့လှည့်ကြည့်လိုက်တော့
သမီးက ကျွန်တော့ကို့ ကြည့်နေတာ ၊။

ကျွန်တော်ကြည့်နေတာလည်းသိသွားရော
ပါပါး ဆိုပြီး ပြေးထွက်လာတယ် ၊
ကျွန်တော်ကလည်း သမီးလေးဆိုပြီး
ပြေးဖက် လိုက်တယ်

သမီး လေး ပါးပေါ်မှာ
ကျွန်တော်လိမ်းပေးလိုက်တဲ့ သနပ်ခါး
ပါးကွက်လေး ၊
မျက်ရည်ကြောင့် နှစ်ခြမ်း ကွဲသွားသလို
ကျွန်တော့် ရဲ့ အသဲတွေလည်း ကွဲနေပါပြီ။

ကျွန်တော့် ကို ဖက်ပြီး ပါးပါး ပြန်လိုက်ခဲ့မယ်
သမီး… ပါပါး အခန်းအပြင်ကစောင့်နေမယ်နော်၊
ပါးပါး ဘယ်မှ မသွားဘူး
ဆိုပြီးအခန်းထဲပြန်ပို့ရတယ်။

မိုးဖွဲဖွဲ လေးကျပြီး မိုးမင်းကြီးက
ကျွန်တော်တို့ သားအဖ ကို
ပိုပြီး ကြေကွဲအောင်များ လုပ်နေရော့သလား၊

ကျွန်တော့် သမီးလေးကို ဖက်ပြီး
ကျောင်းခန်းထဲ လိုက်ပို့ တဲ့ အခန်း ကို
ရုပ်ရှင်ရိုက် ရင် သမီးရော ကျွန်တော်ရော
အကယ်ဒမီ ရမှာ သေချာ တယ်။

သမီးကို ပို့ပြီး ၊
ကျွန်တော်ကားပေါ်ရောက်တဲ့ အထိ
ချက်ချင်း မပြန်သေးဘူး။

ကား စတီယာတိုင် ပေါ်မှာ ခေါင်းကို မှောက်ပြီး
မျက်ရည်ကျခဲ့တယ်ဆိုတာကို ဝန်ခံပါရစေ။

စဉ်းစားကြည့်လေ လာတုန်းက သမီးလေးနဲ့ ၊
အခုတစ်ယောက်တည်းပြန်ရမှာ။

ကျောင်းခန်းထဲက ကမ္ဘာမကြေ သီချင်းသံကြားမှ
ငါ့သမီးလေး သီချင်းဆိုနေပြီဆိုပြီး
အိမ်ပြန်ခဲ့ရတယ်။

အခု သမီး က ၁၄ နှစ်
ဟိုတလော က သူ့ ရဲ့  ဖုန်း ring မြည်နေလို့ 
ကိုင်လိုက်တော့

ဟဲလို
ဟိုဘက်က ကျွန်တော့အသံကြားသွားလို့ ထင်တယ်
ဦးလေး ၊အဲ အန်ကယ် ရည်မွန်ရှိလား ခင်မျတဲ့။

ယောကျာင်္း တွေဆိုတာ သံလိုက် သဘောရှိတယ်
အဖို နဲ့ အမ လောက်ပဲ ကပ်ချင်တဲ့သဘော
ငါ့ ကိုများ အန်ကယ်တဲ့ ၊တော်သေးတာပေါ့
Dady မခေါ်လို့။

ယောကျာင်္းလေးတစ်ယောက်ရဲ့  အသံကြားတော့
လို့အပ်သည့်အသံထက် ၆ ဆ လောက်မြင့်လိုက်ပြီး

အေး ခဏ ကိုင်ထားဆိုပြီး ၊
ရုပ်ရှင်ထဲက ဦးသိန်း မောင်လေသံနဲ့
ဖုန်းနားကပ်ပြီး ရည်မွန် လို.
တစ်ချက်အော်ခေါ်လိုက် တယ်

ဟို ဘက် က တစ်ယောက်လည်းလန့် 
သွားအောင်လို့။

သမီးကလည်း အခြေအနေကို
ရိပ်မိနေတဲ့သဘောရှိတယ်

ရေဒီယို ဟာသရရွှင်ဆေး ထဲက
မိန်းမတစ်ယောက်ရဲ့ အသံမျိုးနဲ့ 
ရှင်--- ပါပါး ဆိုပြီး ဖုန်းဆီအလာ

သမီးလမ်းလျောက်ရာလမ်း ကို
ကျွန်တော့် စိုက်ကြည့်နေလို့
သမီး သူ့ ခြေထောက်အချင်းချင်းတောင်
ခလုပ်တိုက်တယ် ။

သမီးက လိုင်းမမိလို့  အခန်းထဲသွားပြောတာ
ဘယ်ရမလဲ
ကျွန်တော်က တံခါးကို နားနဲ့ ကပ်ပြီးနားအထောင်
သမီးက အခန်းထဲကအထွက် တံခါးပြန်အဖွင့်
နှစ်ယောက်သားတိုက်မိလို့
ရှက်ရမ်းရမ်းပြီး ဟောက်လိုက်ရတယ်။

ဘယ်လိုဖြစ်နေတာလည်း
ယောက်ယက်ကို ခတ်နေတာပဲလို့၊

အမှန် ယောက်ယက်ခတ်နေတာက
ကျွန်တော် ပါ။

သမီးက ဧည့်ခန်းထဲဖုန်းသွားပြောတာ
ဘယ်ရမလဲ အောင်မျိုးအေးပဲ
ဧည့်ခန်းထဲ တံမြက်စီး လှဲချင်ယောင်ဆောင်ပြီး
နားထောင်နေတာပေါ့။

သမီးက နဂါးမင်းနဲ့  ဖွတ်ကျား စစ်ခင်းတော့မယ့်
အခြေအနေကို သိသွားတယ်ထင်တယ်။

အော်အေး အော်အေးအေး အော်အေး ဆိုပြီး
ဖုန်းချပြီး ပွဲကို အမြန်ဆုံး သိမ်းပစ်လိုက်တယ်။

ဘယ်သူလဲသမီး?
ကျောင်း ကပါ ၊ကျောင်းမတက်လို့ စာမေးတာပါ။

ရိုးနေပြီ ဒါငါ့အကွက်တွေ။

ပထမစာမေးမယ်၊ပြီးရင်
ထမင်းစားပြီးပြီလားမေးမယ် ၊
ပြီးရင်ဂရုစိုက်နော်ဆိုပြီး ဖုန်းချသွားမယ်

သမီးကိုတော့မပြောပါဘူး ၊
စိတ်ထဲကပဲ ပြောနေတာပါ။
မချောစု သမီးဖုန်း ကိုလည်း ဂရုစိုက်ဦး
တိုးတိုးတိတ်တိတ်မှာထားရတယ်။

သမီးက ငယ်ပါသေးတယ် ၊
ကျွန်တော့်က စိုးရိမ်လွန်နေတာပါ။

အော် သမီးသမီး အချိန်တန်ရင်တော့
သမီးလေးနဲ့ခွဲရမှာပါလေ —-လို့တွေးမိရင်း…

တကယ်တော့ —
သမီး လေးဟာ
ကျွန်တော် နမ်း လို့ မဝသေးတဲ့ပါးတစ်ခြမ်းပါ။

Credit to Maung Pinlal

ပေါင်းတတ်ရင် ရန်သူက မိတ်ဆွေ

ပေါင်းတတ်ရင် ရန်သူက မိတ်ဆွေ
•••••••••••••••••••••••••••••••••

ထုံတာ ကျင်တာပဲဖြစ်ဖြစ်
ကိုက်ခဲတာပဲ ဖြစ်ဖြစ် …

စိတ်ကလေး အသာလျှော့ထားပြီး
တော့ သူ့အပေါ်မှာ လက်မခံချင်တဲ့ စိတ်မဖြစ်စေပဲ …

စိတ်အေးအေးနဲ့ အရှိကို အရှိအတိုင်း သိသိ
ပေးနေလို့ရှိရင် အဲဒီနာကျင်မှု ဖောက်ပြန်မှု
တွေဟာ ပြောင်းပြောင်းသွားတာ တွေ့ရမယ်။

မပင်ပန်းပဲနဲ့ ကြည့်နိုင်လာမယ်။ ကိုယ်နာ
သော်လည်း စိတ်မနာဆိုတဲ့ အခြေအနေထဲ
ရောက်လာမယ်။

ဒါကြောင့် ဘာပဲဖြစ်လာ ဖြစ်လာ
စိတ်အေးအေးနဲ့ ကြည့်နိုင်ဖို့လိုတယ်။

ဒီလိုသတိလေးနဲ့ အေးအေးကြည့်တဲ့အကျင့်
ရသွားရင် ဒီထက်ပိုဆိုးတဲ့ နာကျင်ခံခက်မှုမျိုး
ကြုံလာရင် …

အေးအေးကြည့်တတ်တဲ့ အရည်အချင်းဟာ
တဖြည်းဖြည်း တိုးတက်လာမယ်။

စိတ်ကိုကျင့်တာ အာရုံကောင်း မကောင်းနဲ့ မဆိုင်ပါဘူး။
 အခုဖြစ်တဲ့ဝေဒနာက ထိုင်တုန်း
ခဏတဖြုတ် ဖြစ်တာပါ။

ခုချက်ချင်း ပြင်လိုက်ရင် ပျောက်သွားမှာပါ။
ဘယ်လောက်မှ မကြီးကျယ်ပါဘူး။

နောင်တစ်ချိန် ဆေးရုံမှာဖြစ်စေ ဆေးခန်းမှာ
ဖြစ်စေ ဘယ်လိုနည်းနဲ့မှ ဖျောက်လို့မရတဲ့
ဝေဒနာတစ်ခုခုနဲ့ကြုံလာရင် …

လှည့်လို့ ပြောင်းလို့မရတဲ့ အိပ်ယာထဲမှာ
ဝေဒနာတစ်ခုခု ကြာရှည်ခံစားရမယ်ဆိုရင်

စိတ်မနာအောင် ဘယ်လိုနေမလဲ။
ဘယ်လို စိတ်ထားမျိုးနဲ့ ကြည့်မလဲ။

ကြိုတင်ပြင်ဆင်ထားဖို့ ခုကတည်းက
လေ့ကျင့်ထားဖို့လိုတယ်။

ဒုက္ခကို တွန်းဖယ်ရင် ဒုက္ခဟာပိုဆိုးတယ်။
ဒါကြောင့် တွန်းဖယ်ဖို့မကြိုးစားပဲ လိုလိုချင်
ချင်နဲ့ ကြည့်ပါ။

တစ်ခါတလေ ကြည့်ရင် လျော့သွားတာ
လည်း ရှိတယ်။ မသက်မသာ တိုးလာရင်
စိတ်ထဲတင်းကျပ်မှု များလာမယ်။

ကိုယ်ခန္ဓာလည်း တောင့်တင်းလာတယ်။
စိတ်မကျေမနပ်လည်း ဖြစ်လာတတ်တယ်။

အဲဒီမကျေနပ်တဲ့စိတ်ကို သိသိပြီးတော့
အသာကလေး နေပေးလိုက်ပါ။ ကိုယ်နာ
ပေမယ့် စိတ်တင်းကျပ်မှုလျှော့လာမယ်။

စိတ်တင်းကျပ်မှုဖြစ်ရင် စိတ်ထဲမှာ
တင်းတာကို အရင်သိအောင် ကြည့်ပါ။

ကြည့်ရင်းနဲ့ နောက်ဆုံးမှာ ဘယ်လိုနည်းနဲ့မှ
သည်းမခံနိုင်ဘူးဆိုရင်တော့ သတိလေးနဲ့
သိပြီးတော့ လက် ခြေအနေအထား ပြင်ပါ။

ဝေဒနာ ရှုနည်းနဲ့ပတ်သက်ပြီး နာကျင်
ကိုက်ခဲတာကိုပဲ အာရုံစိုက် ရှုခိုင်းတာ များတယ်။
နာလေလေ စူးစိုက်လေလေ။

စိတ်ခံစားချက်ဘက်က ရှုဖို့မမေ့နဲ့။
သိပ်နာနေရင် သူ့ကို အာရုံမပြုနဲ့။
မခံချင်တဲ့ ခံစားချက်ကို အာရုံပြုပေး။

မကြိုက်ရင် မကြိုက်တဲ့ စိတ်ကလေးကို အာရုံပြုပေး။
 သတိထားပေး။

စိတ်ကောင်းရင် အားလုံးကောင်းသွားတယ်။
မခံချင်တဲ့စိတ် ပျောက်ချင်တဲ့စိတ် ဖြစ်နေရင်
အဲဒီစိတ်ကိုကြည့်ကြည့်ပေးရင် အေးချမ်း သွားမယ်။

နာတဲ့နေရာကိုချည်း သွားမကြည့်နဲ့။
နာတာကိုချည်း သွားကြည့်နေရင်
နာတာကြီးကို ပုံကြီးချဲ့သလိုဖြစ်တယ်။

မကြိုက်ရင် မကြိုက်တဲ့စိတ်ကလေးကိုကြည့်။
တင်းကျပ်တဲ့ စိတ်ကလေးကို လျှော့ပြီး
သက်သက်သာသာနဲ့ ကြည့်ပေးပါ။

သည်းခံပြီး ကြည့်ပေးပါ။ မရတော့လည်း
ပြောင်းပြင်ရတာပေါ့။ သတိထားပြီးကြည့်
နေပါ။

နာတာကို ခန္ဓာနဲ့ မရောစေနဲ့။
ကိုယ်က သတ်သတ်၊ စိတ်ခံစားမှုက
သတ်သတ်စီမှန်း သိအောင်ကြည့်ပါ။

ပညတ် ပရမတ် ခွဲခြားနားလည်ဖို့ပြောတာပါ။
ကိုယ်နဲ့ခန္ဓာ မရောစေနဲ့။ မရှိတာကို မကြည့်နဲ့။

မရှိတာက"ပညတ်"
ဒူး ခါး တင် ရင် ခြေလက် စသည်။
ရှိတာက "ပရမတ်"

ရုပ်နာမ် သဘောသဘာဝ ဝိပဿနာတရား ရှုရာမှာ
ပညတ် ပရမတ်ကွဲဖို့ သိပ်အရေးကြီးတယ်။

ဝေဒနာကို ဘာဖြစ်လို့ မကြိုက်တာလဲ။
ဝေဒနာနဲ့ဖက်ပြီး သေရမှာပါ။

အသုံးချတတ်ရင် ရန်သူဟာ မိတ်ဆွေ
ဖြစ်တယ်။ ပေါင်းတတ်ဖို့ပဲ လိုပါတယ်။

crdရွှေဥမင်ဆရာတော်ဘုရားကြီး

"ငွေ"ဆိုတာ ❓

"ငွေ"ဆိုတာ ❓
--------&--------

အရာရာတိုင်းကို ငွေနဲ့ ဖြေရှင်းလို့ 
မရနိုင်ပေမယ့်ငွေရှိမှ ဖြစ်နိုင်တာတွေက
လူလောကမှာ.....
အများကြီးရှိနေပါတယ်....။

ငွေက ပါးစပ်တာမပါတာ....
စကား အင်မတန် ပြောနိုင်သူပါ....။

ငွေက သူကိုယ်တိုင် ခရီးမသွား
နိုင်ပေမယ့် သူကိုဆောင်ထားရင်....
စိတ်စေရာ ခရီးတော်တော်များများကို
ရောက်စေနိုင်ပါတယ်......။

မချစ်လို့ မုန်းနေသူကိုတောင်
ငွေဆောင်ထားရင် အနည်းဆုံး......
အပြုံးလောက်တော့ ပြန်ရစေ
တတ်တာက ငွေပါဘဲ.....၊

မပိုင်ဆိုင်သေးတဲ့ ပစ္စည်းတွေ
အဆောင်အရောင် အခြွေအရံတွေ
ရလာအောင် ငွေက ကူညီ ဖြေရှင်း
ပေးနိုင်ပါတယ်....။

ငွေက လူအကျင့်စရိုက်နဲ့ ဘဝကို
ဖျက်စီးနိုင်သလို ဘဝရဲ့ လွတ်မြှောက်ရာ
ဖြစ်တဲ့ဒါန၊သီလ၊ဘာဝနာ ဆိုတဲ့
သံသရာအတွက် အိမ်အပြန် ရိက္ခာ
အထုပ်တွေကို ထုပ်ပိုးနိုင်ဖို့လည်း
ပြုလုပ်ပေးနိုင်ပါတယ်.....။

ဒီနေ့ လူတွေ သတိထားမိသူ
တစ်ယောက် မဖြစ်နိုင်ပေမယ့် ငွေနဲ့
ပေါင်းသင်းနိုင်ခဲ့ရင် မနက်ဖြန်
ပေါ်ပြူ လာဖြစ်ဖို့ ဖန်တီး ပေးနိုင်
ပါတယ်....။

ငွေက ဖန်တီးရှင်မဟုတ်ပေမယ့်
သူကို အသုံးပြုသူအပေါ် မူတည်ပြီး
ဖန်တီးနိုင်တဲ့ စွမ်းအားတွေကို
အပြည့်ဝ ပေးတတ်သူပါ.....။

ဒါပေမယ့် 'ငွေ' ရဲ့
အခြားတစ်ဖက်မှာတော့....

ချစ်ခင်နေတဲ့ သူငယ်ချင်း....
မိတ်ဆွေတွေကို အမုန်းပွားစေအောင်
ငွေက လုပ်ပေးနိုင်တဲ့ အစွမ်းတွေ
အပြည့် ရှိနေတတ်ပြန်တယ်.....။

ချမ်းသာပါတယ်ဆိုတဲ့ မိတ်ဆွေ
သူငယ်ချင်းတွေဆီက ငွေ
ချေုးကြည့်လိုက်ပါ....။

မပြေလည်တာ အမှန်မို့
ချမ်းသာတဲ့ မိတ်ဆွေတွေက
အကူညီတစ်ချို့ရနိုင် ငွေချေးနိုင်မယ့်
ကာလတစ်ခုအတွင်းမှာ.....
အဲ့ဒီငွေကြောင့် သင့် ခင်မင်မှုတွေ
ဆုံးရှုံးရဖို့ ၈၀%သေချာနေပါပြီ....။

ဘာကြောင့်လည်း ဆိုတော့
မပြေလဲမှုနောက်က
ကြပ်တည်းမှုတွေနဲ့ ရုန်းကန်နေရတဲ့
ဘဝ အစစ်မှန်ကို
ငွေကြေးချမ်းသာသူ မိတ်ဆွေတွေက
မမြင်နိုင်ကြတော့လို့ပါ......။

ငွေက မိဘနဲ့ သာသမီး
ညီအစ်ကိုမောင်နှမ ဆွေမျိုးတွေကိုလည်း
စိတ်ဝမ်းကွဲလာအောင်......
ပြု လုပ်နိုင်စွမ်း ရှိပါတယ်.....။

ငွေမရှိခင်က လူတစ်ယောက်ရဲ့
ရိုးသားမှုတွေကို ငွေရှိလာပြီး
လိုရာတွေ ဖန်တီးယူနိုင်တဲ့ တစ်နေ့မှာ အဲဒီလူရဲ့ စိတ်ကို ပြောင်းပြန်
ဖြစ်သွားအောင်....'ငွေ'က
ဖန်တီးနိုင်စွမ်းရှိနေပါတယ်....။

ငွေက ကြီးမားတဲ့ ကုသိုလ်တွေ
ပြု လုပ်နိုင်သလို ကြီးမားတဲ
'အ'ကုသိုလ်တွေကိုလည်း....
ပြု လုပ်လာအောင်ဆွဲဆောင်နိုင်တဲ့
အစွမ်းတွေ ရှိနေပါတယ်.....။

တကယ်တော့ ငွေ ဆိုတာက
ဘဝမှာ အကောင်းတွေ ဖန်တီးပေးနိုင်သလို အဆိုးတွေကိုလည်း
ခေါ်ဆောင်ပေးနိုင်တဲ့ အစွမ်းတွေ
ရှိနေပါတယ်....။

''ငွေ''ကို လူသားတွေက ဖန်တီးယူခဲ့ပြီး ကိုယ်နဲ့ အမြဲရှိနေဖို့ ဖန်တီးမယူ
နိုင်ကြလို့ ငွေဒဏ် ပြန်ခံကြရတာက
လည်း ဖန်တီးရှင် လူတွေပါဘဲ....။

အသက်မရှိသော.....
လူတို့ ဖန်တီးပြီးယူခဲ့သော
'ငွေ'ကြောင့် အသက်ရှိသော လူသားများ
ငွေ ကြောင့် ဘေးမဖြစ်ပဲ
ဆေးဖြစ်ဖို့ လိုပါတယ်....။

အသက်မဲ့ဖြစ်သော 'ငွေ' ကြောင့်
အသက်ရှိသော လူသား မိတ်ဆွေ
ညီအစ်ကို မောင်နှမ တွေ
မိတ်ဆွေသူငယ်ချင်းတွေ အကြားမှာ
ဘေးမဖြစ်စေဘဲ ဆေးအနေနဲ့
အသုံးပြုနိုင်ကြဖို့ လိုပါတယ်.....။

 'ငွေ'ကို ဖန်တီးခဲ့ကြတာကလည်း
လူသားတွေမို့ ကိုယ်ဖန်တီးခဲ့တဲ့
ငွေကြောင့် စိတ်ဆင်းရဲမှု ကင်းဝေ
အောင်နေပြီး ငွေကို အသုံးချကာ
ကောင်းကျိုး ချမ်းသာ သုခများ.....
ရရှိနိုင်ဖို့ အကောင်မြင်
အမြင်ကောင်း နိုင်ကြပါစေ.....။

မြင့်စီုး(ကဘော်မြေ)
~~~~~~~~~~~~~~~~~~

အတိတ်က အကြွေးမှန်သမျှ
ပစ္စုပ္ပန်ပေးရန်ရှိသော  အကြွေးမှန်သမျှ
အမြန် ဆပ်နိုင်ပါရစေ....
သံသရာသို့ အပါမယူသွားလိုပါ...

credit

အရာရာဟာ ခဏလေးပါပဲ

အရာရာဟာ ခဏလေးပါပဲ
****************

ဘဝရဲ့ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ချိုလိုက်၊ခါးလိုက် မတူညီတဲ့ ကံကြမ္မာအလှည့်အပြောင်းမှာ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားရင်းမောပန်းနေပြီလား သူငယ်ချင်း။

ဘဝဆိုတာ တစ်ယောက်တည်းလျှောက်ရတဲ့ ခရီးတစ်ခုဆိုတာ နားလည်လာတဲ့အခါ ခံစားချက်တွေကို မျိုသိပ့်ရင်း တစ်ယောက်တည်း နေတတ်လာတယ်။ ရင်ထဲမှာငိုနေပေမယ့်လည်း လူတွေအမြင်မှာ အဆင်ပြေပါတယ်ဆိုတဲ့စကားနဲ့ ဟန်ဆောင်ပြုံးရင်း အခက်အခဲတွေကို တစ်ယောက်တည်း ကြုံသလို အဆင်ပြေအောင်ဖြေရှင်းရင်း နေတတ်လာတယ်။

ဒီနေ့ရဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှာနိုင်ရင်တောင် ဘဝတစ်ခုကိုရထားသူတိုင်း အသစ်အသစ်သော အခက်အခဲတွေနဲ့ သင်ယူလို့မကုန်တဲ့ ဘဝသင်ခန်းစာတွေကို သင်ယူရင်း မပြီးဆုံးသေးတဲ့ ဒီခရီးရှေ့ဆက်နေရအုံးမှာပါပဲ။

လောကဓံရဲ့ ရိုက်ခတ်မှုတွေ ပြင်းထန်လာချိန် ကိုယ့်ကိုယ်ကိုအားပေးလို့ အားတင်းရင်း လဲကျမသွားဖို့ ထိန်းထားပေးပါ သူငယ်ချင်း။ အဆိုးတွေပြီးရင် အကောင်းတွေရရှိဖို့ အဆိုးတွေနဲ့တူတဲ့ နာကျင်စရာတွေနဲ့  ဝမ်းနည်းစရာမျက်ရည်တွေကို လူမသိသူမသိ ခံစားရင်းကျော်ဖြတ်ရမှာ ကိုယ့်ရဲ့တာဝန်ပါ။

ဘဝပန်းတိုင်ကို သွားနေချိန် ကိုယ့်မှာကောင်းမွန်တဲ့ အကျင့်စာရိတ္တ၊ ရိုးသားမှုနဲ့ ရောင့်ရဲတင်းတတ်တဲ့စိတ်၊ သူ့ဘက်ကိုယ့်ဘက် မျှတစွာ တွေးပေးတတ်တဲ့ ကိုယ်ချင်းစာတရားတွေလည်း ရှိဖို့လိုအပ်တယ်။

တသက်လုံးရိုးသားခဲ့ပြီး တစ်ကြိမ်တခါမျှ မရိုးမသားပြုမိရင်လည်း အကြိမ်ပေါင်းများစွာ ရိုးသားခဲ့တာတွေက ပျောက်ကွယ်သွားပြီး မရိုးသားမှုရဲ့နောက်ဆက်တွဲက ကိုယ့်အနာဂတ်မှာ အရိပ်မဲကြီးတစ်ခုလို  အကျည်းတန်စေပါလိမ့်မယ်။

ရိုးသားမှုကပေးတဲ့ ယုံကြည်မှုကိုရဖို့ အရမ်းခက်ခဲတယ် အချိန်တွေနဲ့ ပင်ပန်းမှုချွေးစက်တွေ ရင်းရတယ်။ တခါတလေ ပျော်ရွှင်မှုတွေနဲ့ မာနတချို့ကိုပါ ဘေးဖယ်ထားရမယ်။  ယုံကြည်မှုကို ဆုံးရှုံးဖို့တော့  အချိန်ခဏလေးနဲ့ လုံလောက်တယ်။

ဘဝမှာ ကိုယ့်ကိုချစ်ခင်သူ  မများရင်တောင်၊ ကိုယ့်ကိုမုန်းနေသူတော့ မများဖို့လိုတယ်။ အမှားတွေနည်းအောင် ဆင်ခြင်သတိနဲ့နေထိုင်ရင်း ခြေလှမ်းတွေကိုလည်း မရပ်တန့်ပစ်ပါနဲ့။ ရောက်နေတဲ့နေရာကို သည်းခံခြင်းနဲ့ ရှေ့ဆက်မကြိုးစားပဲ နောက်ပြန်လှည့်ပြီး အသစ်ကပြန်စဖို့ မတွေးလိုက်ပါနဲ့။  ဘယ်အလုပ်ပဲဖြစ်ဖြစ် စိတ်ရောကိုယ်ပါ ခွန်အားတွေနဲ့ အချိန်တွေရင်းခဲ့ရတာမို့။ ကုန်ဆုံးသွားတဲ့အချိန်တွေကို ပြန်မရနိုင်တော့တာဖြစ်လို့ သည်းခံခြင်းနဲ့ ရှေ့ဆက်နိုင်ဖို့ လိုတယ်သူငယ်ချင်း။

ပျော်စရာဆိုလည်း ခဏလေးပဲ၊
ဒုက္ခနဲ့ အခက်အခဲတွေဆိုတာလည်း ခဏလေးပါပဲ။ ကိုယ့်ဘဝထဲကို မကြာခဏဆိုသလို အလည်လာတတ်တဲ့ အကောင်းအဆိုး အကြောင်းအကျိုးတွေကို သေချာစွာဧည့်ခံရင်း သူတို့ကပြန်ပေးခဲ့တဲ့ ဘဝသင်ခန်းစာတွေထဲကမှ ကိုယ့်အတွက် လိုအပ်တာတွေကိုပဲ ရွေးချယ်မှတ်သားရင်း နောက်ပြန်မလှည့်ပဲ ရှေ့ဆက်လျှောက်ပါလို့ ပြောလိုက်ပါရစေ သူငယ်ချင်းရယ်...

credit toဆောင်းသဇင်

အသုံးပြု မမှားကြစေဖို့

အသုံးပြု မမှားကြစေဖို့
*************

မိတ်ဆွေ
နံနက်မိုးသောက် အလင်းဝင်ရောက်ချိန်
တစ်နေ့တာ ခရီး သင်စတင်ရတော့မယ်။
ထို့အတွက် ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်း
နိုင်ဖို့ အကြံပြု ချက်လေး ပေးချင်ပါရဲ့။

သင့်မှာ မျက်လုံး တစ်စုံ ရှိပါတယ်။
အခြားသူတွေကို ဝေဖန်အပြစ်မြင်မှုတွေ
မကြည့်မိဖို့ လိုအပ်ပါသည်။
သို့ပေမယ့် ပကတိ အခြေအနေကို
ကျော်လွန်ကြည့်မြင်နိုင်ဖို့ တော့ အရေးကြီး
ပါသည်။

သင့်မှာ ပါးစပ် တစ်ပေါက် ရှိပါတယ်။
အပြစ်ရှာတဲ့ စကားတွေ ကို မပြောမိဖို့
ဂရုပြု သင့် ပါသည်။
ဒါပေမယ့် အမှန်တရားအတွက် ဆို
ပြောဆိုဖို့ ဝန်မလေး သင့်ပါဘူး ။

သင့်မှာ နားတစ်စုံ ရှိပါတယ်။
ကြားသမျှ တွေ အပေါ် ဆတ်ဆတ်ထိမခံ
တုန့်ပြန်ဖို့ မလိုအပ်ပါ။
သို့သော်ငြား အခြားသူတွေရဲ့
နာကျင်မှုတွေကိုအကူအညီ ပေးဖို့
နားထောင်ပြီး ယုံကြည်မှုရှိသင့်ပါတယ်။

သင့်မှာ လက်တစ်စုံ ရှိပါတယ်။
အပြစ်ရှာ အပြစ်ပေးဖို့ ချည်းသာ
အသုံးမပြု သင့်ပါ။
သို့ပေမယ့် ဆန့်တန်းလိုက်သော
မိမိ၏ လက်တစ်စုံ သည် အခြားသူများ
အတွက် အကူအညီပေးမယ့်
လက်တစ်စုံ သာ ဖြစ်သင့်ပါသည်။

တတ်နိုင်သမျှ ပြု မူ လုပ်ဆောင်ကြည့်ပါ
သင့် တစ်နေ့တာ ပေါ့ပါးလန်းဆန်း
နေမှာပါ ။

#kazaw
Credit

"သူငယ်ချင်းတွေဟာ ဒီကနေပြီး မိတ်ပျက်သွားတာပဲ"

"သူငယ်ချင်းတွေဟာ ဒီကနေပြီး မိတ်ပျက်သွားတာပဲ"

ကျီးကန်း က ကြက်ဥမကြိုက်ဘူး၊ ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။
ခွေးက အစကတော့ ကျေးဇူးတင်ပါတယ်ပေါ့၊ ကြာတော့လဲ အကျင့်ဖြစ်သွားတယ်။

အကျင့်ဖြစ်လာတော့၊ ဒါက ပေးကိုပေးရမလိုဖြစ်လာတယ်။
တနေ့ကျတော့ ကျီးကန်းက ကြက်ဥကို ငါးကို ပေးလိုက်တော့ ခွေးက မကျေနပ်တော့ဘူး
ကြက်ဥက စကတည်းက ကျီးကန်းဟာ ဆိုတာ သူမေ့သွားတယ်။
ကြက်ဥဘယ်သူကို ပေးမယ်ဆိုတာ ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာမေ့သွားတယ်။
ဒါနဲ့ သူတို့စကားများကြပြီး မိတ်ပျက်သွားကြတယ်။

***************************

သိပ်ပူတဲ့နွေရာသီတခုမှာ၊ လူတစုက မြစ်ရေလှိုင်းထဲဖောင်စီးသွားကြတယ်
ကောင်မလေးတယောက်ရေဆော့နေတုံး၊ ဖိနပ်က ရေထဲကျသွားတယ်။

ကမ်းပေါ်ရောက်တော့ နေပူထဲမှာ ပူကျစ်နေတဲ့ ရေချိုးကျောက်သဲပြင်ကျယ်ကြီးကို ဖြတ်ရမယ်။
ဒါနဲ့ကောင်မလေးက တယောက်ယောက်ဖိနပ်ငှားနိုင်မလားလို့ ကူညီတောင်းတယ်။

ဒါပေမဲ့ လူတယောက်မှာ ဖိနပ်တရံပဲပါတာ ဘယ်သူမှမပေးချင်ကြဖူး၊
ကောင်မလေးက မကျေနပ်ဖြစ်သွားတယ်
သူကမိန်းခလေးသဘာဝ နဲနဲလောက် ချွဲလိုက်ရင် သူများအကူညီရနေကျလေ
ဒါပေမဲ့ဒီတခါတော့မရတော့ဘူး။

ဒါနဲ့သူက ဒီလူတွေအားလုံး မကောင်းဘူး ၊ ကူညီချင်စိတ်မရှိဘူးလို့တွက်လိုက်တယ်
နောက်တော့ ကောင်လေးတယောက်က သူ့ဖိနပ်ကို ပေးလိုက်တယ်။
သူကတော့ ဖိနပ်ဗလာနဲ့အကြာကြီး ရေချိုးကျောက်ပူပူထဲ ပြေးလိုက်ရတယ်
သံပူနဲ့ကပ်နေသလိုပါပဲ။☹️

ကောင်မလေးက ကျေးဇူးတင်ကြောင်းပြောလိုက်တယ်
ကောင်လေးက ၊ ဘယ်သူမှမင်းကို ကူညီဖို့တာဝန်မရှိပါဘူး။ မင်းကိုကူညီတာ ခင်မင်မှုတစ်ခုကြောင့်ပဲ၊ မကူညီဖြစ်ရင်ဒါသမကြီးပါနဲ့ ဒါ သမရိုးကျပါ။
အဲ့လိုပြောတော့ ကောင်မလေးစိတ်ထဲ အောင့်သက်သက်ဖြစ်သွားခဲ့တယ်။
အဲချိန်ကစပြီး သူ့ကိုကူညီဖူးသူတွေကို အမြဲမှတ်သားထားလေ့ရှိပြီး ပြန်လည်ကျေးဇူးဆပ်လေ့ ရှိသတဲ့။💖

ကျမတို့ဟာ အမြဲတမ်းသူများက ကိုယ့်အပေါ်ကောင်းဖို့ပဲ မျော်လင့်ကြတယ်။
အစပိုင်းတော့ ကျေးဇူးတင်မဆုံးဘူးပေါ့
ကြာလာတော့ သူများကိုယ့်အပေါ်ကောင်းတာကို အကျင့်ဖြစ်လာတယ် ။

ဒါက ဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။
တနေ့မှာ ကိုယ့်အပေါ်မကောင်းခဲ့ရင် အပြစ်တင်ရှုံ့ချ မိတော့တယ်။

တကယ်တန်းကျတော့၊ သူများမကောင်းတော့တာမဟုတ်ပါဘူး
ကိုယ့်ရဲ့ စိတ်တွေက ပြောင်းကုန်တာပါ
ရနေကျဆိုတော့ ကျေးဇူးတရားဆိုတာကို မေ့သွားတာပေါ့။

***************************

ညနေတခုမှာ၊ ဆိတ်ကလေးတကောင်တည်း တောင်ကုန်းလေးပေါ်ဆော့နေတယ်။
ရုတ်တရက် သစ်ပင်ခြုံကြားထဲက ၀ံပုလွေတကောင်ထွက်လာပြီး ဆိတ်ကို စားမယ်ပြင်တယ်။

ဆိတ်ငယ်က လန့်ခုန်ပြီး ခြေထောက်နဲ့အသားကုန်ကန်တယ်
အသံကျယ်နဲ့အော်ပြီး သူငယ်ချင်းတွေကို ကူညီလှမ်းတောင်းတယ်။

နွားက သစ်ပင်ခြုံထဲက တချက်လှမ်းကြည့်ပြီး ၀ံပုလွေကိုမြင်တော့ ပြေးပါလေရော
မြင်းကခေါင်းငုံပြီးတချက်ကြည့်၊ ၀ံပုလွေမြင်တော့ ၀ှစ်ကနဲကိုပြေးတာ
မြည်းကသွားနေရင်ကရပ်သွားတယ် ဒါပေမဲ့ ၀ံပုလွေမြင်တာနဲ့ တောင်အောက်ဆင်းပြေးတယ်။

ဝက်က ဖြတ်သွားရင်း ၀ံပုလွေမြင်တာနဲ့ ကမန်းကတန်းတောင်ပေါ်ကဆင်းပြေးရော
ယုန်ငယ်က အသံကြားတာနဲ့ မြှားပြစ်သလိုကိုပြေးတာ
တောင်အောက်မှာရှိတဲ့ ခွေးက ဆိတ်အော်သံကြားတော့ ကမန်းကတန်းတောင်ပေါ်ပြေးတက်
ခြုံပုတ်တွေထဲကနေဖြတ်ပြီး ၀ံပုလွေရဲ့ လည်မြိုကို ခဲပစ်လိုက်တယ်။

ဝံပုလွေက နာလွန်းလို့ထအော်တယ်၊ ခွေး မာန်ဖီလိုက်တော့ လန့်ပြီးပြေးပါလေရော
အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေအားလုံး ရောက်လာတယ်။

နွားက… နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ.. ငါဂျိုနဲ့ သူ့ဗိုက်ပေါက်အောင်လုပ်ပစ်မှာပေါ့

မြင်းက… နင်ကဘာလို့ငါ့ကိုမပြောလဲ၊
ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့

မြည်းက… နင်သာငါ့ကိုပြောရင် ငါအော်သံနဲ့ကို သူလန့်ပြေးမှာ

ဝက်က… နင်ငါ့ကိုခေါ်ရောပေါ့ ငါတချက်ပက်လိုက်ရင် သူတောင်ပေါ်ကတောင်ပြုတ်ကျသွားမယ်

ယုန်ကလည်း နင်ငါ့ကိုခေါ်လိုက်ရင် ငါကအပြေးသန်တော့ သူများတွေကို သွားခေါ်ပေးနိုင်တာပေါ့တဲ့..။

အဲ့ဆူဆူညံညံ ပြောသံတွေကြားမှာ ခွေးပဲ မပါခဲ့ပါ။

***************************

မိတ်ဆွေစစ်ဆိုတာ စကားအလှတွေသုံးနေစရာမလိုပါ
တကယ့်လိုအပ်ချိန်မှာ မင်းကိုလက်လှမ်းကူညီတဲ့သူပါပဲ။🙂

မင်းနားမှာတနေကုန်ဝိုင်းဝိုင်းလည်နေတဲ့သူငယ်ချင်းတွေ ၊ မင်းကိုခင်သလိုလိုလုပ်နေတဲ့ သူငယ်ချင်းတွေက
သူငယ်ချင်းအစစ် ဟုတ်မဟုတ်မသေချာပါ။🙂

Credit : Original uploader

️သစ်သားပုံး နှင့် လူဘဝ

#အရမ်း​ကောင်းတဲ့ပို့စ်​​လေးဗျ
...............................................

️သစ်သားပုံး နှင့် လူဘဝ

သစ်ခုတ်သမား (၄) ယောက်က သစ်ပင်တစ်ပင်ဆီ
ခုတ်လှဲပြီး သစ်သားပုံးတစ်ခုဆီ လုပ်ကြတယ်။

ပထမသစ်ခုတ်သမားက ဝက်, မစင်ထည့်တဲ့ပုံး
လုပ်လိုက်တဲ့အတွက် မစင်ပုံးလို့ခေါ်တယ်။
လူတွေရဲ့နောက်မှာ အမြဲတမ်းပုန်းနေရတယ်။

ဒုတိယသစ်ခုတ်သမားက ရေထည့်ပုံး
လုပ်လိုက်တဲ့အတွက် ရေပုံးလို့ခေါ်တယ်။
လူတွေအသုံးပြုကြတယ်။

တတိယသစ်ခုတ်သမားက အရက်ထည့်ပုံး
အသုံးပြုလိုက်တဲ့အတွက် အရက်ပုံးလို့ခေါ်တယ်။
လူတွေနှစ်သက်ကြတယ်။

စတုတ္ထသစ်ခုတ်သမားက ရွှေတုံးတွေထည့်ပြီး
အသုံးပြုလိုက်တဲ့အတွက် ရွှေပုံးလို့ခေါ်တယ်။
လူတွေတန်ဖိုးထားကြတယ်။

ပုံးအားလုံးကအတူတူပဲ၊ ထည့်တဲ့ပစ္စည်း
မတူတာနဲ့ အခေါ်အဝေါ် တန်ဖိုးထားတာချင်း
မတူကြတော့ဘူး။လူ့ဘဝကလည်း အဲဒီလိုပဲ။
လူတိုင်းကတော့ အတူတူပဲ။

ဒါပေမယ့် ကိုယ့်ဦးဏှောက်မှာ ဘာတွေးလဲ..
ကိုယ့်စိတ်ကို ဘယ်လိုထားမလဲပေါ်မူတည်ပြီး
ကိုယ့်ပတ်ဝန်းကျင်ရှိ လူတွေက ကိုယ့်ကို
ဘယ်လိုခေါ်ဝေါ်မလဲ.. ကိုယ့်သူငယ်ချင်းတွေက
ကိုယ့်ကို ဘယ်လိုတန်ဖိုးထားမလဲ..
.ဒီလိုပဲ ကွဲပြားသွားကြတယ်။

ခြင်္သေ့ဟာ သားကောင်မိဖို့အတွက် မိုင်ရာချီသွားတယ်။
မြင်းက မြက်ကောင်းစားရဖို့အတွက် မိုင်ထောင်ချီသွားတယ်။
ငါးကလေးတွေက ကိုယ်ကျက်စားရာနေရာက မရွေ့ဖို့ ကြီးမားတဲ့ရေအရှိန်ကို ဆန်ပြီး အသက်ရှင်နေထိုင်ကြတယ်။
ကြားဖူးလို့ ကြိုက်တဲ့စကားအချို့မှတ်ထားဖူးတယ်။

"ခင်ဗျား ပင်ပန်းနေတာ သေချာသလား ...
အေး.... အဲဒါမှ မှန်တာကွ၊ သက်တောင့်သက်သာ
ဆိုတာ လူသေကောင်တွေအတွက်စကား " တဲ့။

ခါးသီးမှ လူ့ဘဝ။
ပင်ပန်းမှ အလုပ်။
ပြောင်းလဲမှ ကံကြမ္မာ။
သည်းခံမှ ကျောက်ကောင်းဖြစ်။
အနာခံမှ အသာစံ။
ခွင့်လွှတ်မှ ပညာရှိ။
ငြိမ်သက်မှ သုံးသပ်နိုင်။
ရဲမှ မင်းဖြစ်။
လုပ်မှ ပိုင်ဆိုင်တာတဲ့။

တကယ်လို့ မိမိကိုယ်ကို အရမ်းပင်ပန်းနေတယ်လို့
ထင်မိတဲ့အခါတိုင်း စကားတစ်ခွန်းကိုသတိရပါ။
" လွယ်လွယ်ကူကူ လျှောက်လို့ရတာ ကုန်းဆင်း၊
ငါအခု ပင်ပန်းနေတာ ကုန်းတက်ချိန်မို့လို့ "

ခေါက်ဆွဲက ပြောတယ် : " အောင်မြင်ချင်သလား
ကျနော့်လို ခေါက်လိုက်ဆွဲလိုက် အလုပ်ခံလေ"

ဖက်ထုပ်ကပြောတယ် : " အတွင်းသားနုပေမယ့်
အခွံမာမှ ကောင်းမှာနော် "

ငါးဖယ်က ပြောတယ် : " ငါ့လို သေပြီးသည့်တိုင်
အခြစ်ခံ၊ အရိုက်ခံ ၊ အထုခံမှ ကောင်းမှာကွ "

ပဲပြားကပြောတယ် :
" အဓိက, က အဆင့်တိုင်း အဆင့်တိုင်းခံနိုင်ရည်ရှိရမယ်၊
ဒါမှ နူးညံ့ပေမယ့် မကွဲထွက်တဲ့ ပဲပြားကောင်းဖြစ်မှာ "

ပုဇွန်ကပြောတယ် : " မသေခင်မျက်လုံးပြူးတယ်၊
အကြော်ခံပြီး သေသွားရင် ပိုပြူးပြနိုင်ရတယ် "

ရေနွေးကရားအိုး ကပြောတယ် :
"ငါကတော့ ငါ့ကိုပူအောင်လုပ်လေလေ နှုတ်ခမ်းဖျားက
တစ်ရွှီရွှီနဲ့ လေချွန်လေပဲ ငါ့ကောင်ရေ ... "

ဘီယာကပြောတယ် : "
မလောပါနဲ့၊ မင်းကိုယ် အမြှုပ်ထွက်မှ အဆင့်ကောင်းကိုရမှာ "

ပေါင်မုန့်က ပြောတယ် :
" အပူခံ ဖုတ်နေတဲ့အချိန်မှာ မိမိက ပြည့်ဝနေရင်
ဘာကိုကြောက်ရမှာလဲ၊ တစ်ခါတည်း ဖောင်းထည့်လိုက်၊
ဒါပေမယ့် အထဲမှာ ဗလာနတ္ထိ မဖြစ်သွားရဘူး ၊
အယ့်.. နောက်တစ်ခုက မပြည့်ဝခင် မဖောင်းရဘူး "

အီကြာကွေးက ပြောတယ် :
" ဆီပူ မထိရင် မကျက်ဘူး၊ မကျက်တော့ မင်းကို
ဘယ်သူလိုချင်မှာလဲ၊ အပူခံနိုင်မှ အီကြာကွေးအိုကြီးဖြစ်မှာ...."တဲ့။

လူ့ဘဝဆိုတာ ဒီလိုပါပဲ။
အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ဖို့ဆိုတာ တစ်ပါးသူရဲ့အကူအညီ၊ ဆရာကောင်းရဲ့ ညွှန်ကြားမှု၊
မိတ်ဆွေရဲ့နားလည်မှု၊ မိသားစုရဲ့ အားပေးမှု၊
မသမာတဲ့လူတွေရဲ့ထိုးနှက်မှု....အဲဒါတွေ မပါဘဲ
ဘယ်တော့မှ မရောက်ဘူး။လူ့ဘဝဟာ
ရခဲသလို လုပ်ရခဲတယ်။မှန်မှန်ကန်ကန်လျှောက်လှမ်းရင်း
အလှမ်းတိုင်း အလှမ်းတိုင်းကို ချစ်တတ်၊ မြတ်နိုးတတ်ဖို့ လိုပါတယ်။

Credit။ ။စာပေ
လင်းအာရုဏ်(စာပေ ပျိုးခင်း)

Monday, July 29, 2019

အတိုင်းအတာမသိတဲ့လူ

အတိုင်းအတာမသိတဲ့လူ
“အရိပ်သုံးပါး နားမလည် ချေသငယ် ကျားစာဖြစ်” ဟူသောစကားရှိသည်။ ချေငယ်မှန်လျှင် ကျား၏အရိပ်အယောင်၊ အသံဗလံ၊ အနံ့အသက်ကို သိတတ်ဖို့လိုသည်။ သို့မဟုတ်လျှင် အချိန်မရွေး ကျားစာဖြစ်သွား နိုင်သည်။ သို့သော် သည်စကားက ချေအတွက်ပြောတာမဟုတ်။ လူအတွက်ပြောခြင်းသာဖြစ်သည်။ လူမှာလည်း အရိပ်သုံးပါး သိဖို့ လိုသည်။ အခါကာလကို သိရမည်။ ဝန်းကျင်အခြေအနေကို သတိထားရမည်။ မိမိအတိုင်းအဆ၊ မိမိအလုပ်၏ သက်ရောက်မှုကို ချင့်တွက်တတ်ရမည်ဟု ဆိုခြင်းဖြစ်ပါသည်။

အဲသည်အရိပ်သုံးပါးအနက် ကာလနှင့် ဒေသဆိုသည့်ပထမအချက်ကို လူတို့ သတိထားတတ်ကြသည်။ နီးနီး စပ်စပ်လည်း အကဲဖြတ်တတ်ကြသည်။ သို့သော် မသိသည်က မိမိအတိုင်းအဆ၊ မိမိပမာဏ၊ မိမိ အဆင့်နှင့် ပတ်သက်၍ ဖြစ်သည်။ ဒါကိုသိဖို့ခက်သည်။ Know theyself. (ကိုယ့်ကိုကိုယ်သိပါ၊)တဲ့။ ရှေးဂရိတွေလက်ထက် ကတည်းက ပြောခဲ့သောစကားရှိသည်။ ကိုယ့်ကိုကိုယ် သိခြင်းသည် အသိဉာဏ် အမြော်အမြင်၏ အခြေခံအုတ်မြစ် တစ်ရပ် ဖြစ်သည်ဟူ၍လည်း အစဉ်အဆက် ပြောဆိုခဲ့ကြသည်။
သို့သော် ကိုယ့်ကိုကိုယ်သိဖို့က အရေးကြီးတာမှန်သလို သိရန်ခက်ခဲတာလည်း အမှန်ပဲဖြစ်သည်။ “လူအတွက် ဘယ်ဟာသည် အခက်ဆုံးလဲ” မေးသောသူအား “ကိုယ့်ကိုကိုယ်သိဖို့သည် အခက်ဆုံး” ဟု ဂရိ တွေးခေါ်ရှင် သေးလိ(စ) (Thales ဘီစီ ၆၄၀ခန့်- ၅၄၆ခန့်) ကဖြေကြားခဲ့သည်။ ရှေးဂရိတွေအတွက် ခက်သလို ယနေ့အထိလည်း ခက်ခဲတုန်း။ သို့သော်ခက်ခဲသည်ဆိုသော မိမိကိုယ်တိုင်၏ အကြောင်းကို ဦးနှောက်ရော နှလုံးသားပါ အတန်အသင့် တည်ငြိမ်သည့် အခိုက်အတန့်မျိုးတွင် ကျိုးကြောင်းဆင်ခြင်တတ်သော သူတို့မြင်နိုင်တတ်ကြပါသည်။ ငါ့အဆင့်က ဘာပဲ၊ ဘယ်ဟာတွေငါလုပ်လို့ ရနိုင်သည်၊ ဘယ်ဟာတွေဆိုလျှင်တော့ ငါ့အတိုင်းအတာကို ကျော်သွားတော့မည်၊ ငါရပ်မှတော်မည်၊ စသဖြင့်။

သို့သော် စိတ်နှလုံးတည်ငြိမ်သော ကာလမျိုးကတိုတောင်းလှပါသည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန တစ်ခုခုကြောင့် တည်ငြိမ်မှုပျက်ပြားသည်နှင့် တစ်ပြိုင်နက် “ငါဘာ” ဟူသည်ကိုမေ့လျော့ကာ သတိ လက်လွတ်တွေပြုမှု မိတတ်ကြ ပါသည်။ ကိုယ့်အတိုင်းအတာ အဆင့်အတန်းကို မေ့လျော့သူအတွက် သင်ခန်းစာတစ်ခု ငယ်စဉ်ကတည်းက ကျွန်တော်တို့မှတ်သားဖူးကြသည်။ မဟော်သဓာဇာတ်တော် ကကဏ္ဋကပဥှာခဏ်းလာ ပုတ်သင်အကြောင်း သင်ခန်းစာ။ ပဲဝက်အသပြာ လည်မှာဆွဲရသဖြင့် ဥစ္စာမာနတက်သွားသော ပုတ်သင်အကြောင်း ဇာတ်လမ်းကို အကျဉ်းချုပ်၍ ပြောရလျှင်၊

တစ်ခါ၌ဝိဒေဟရာဇ်မင်းကြီးသည် ဥယျာဉ်တော်သို့ထွက်စဉ် ဥယျာဉ်တံခါးရွက်ထိပ်မှ ပုတ်သင်တစ်ကောင်သည် မြေသို့ ဆင်း၍ မင်းကြီးအား အရိုအသေပြု၏။ ထိုအခါ မင်းကြီးက ပုတ်သင်အား ဆုလာဘ်ချီးမြှင့် သည့်အနေဖြင့် နေ့စဉ် ပုတ်သင်စာ အမဲသား ငါး လေးရွေး(ပဲဝက်)ဖိုးမျှ ဝယ်၍ကျွေးစေဟု အမိန့်တော်မြတ်ချမှတ်၏။ ပုတ်သင်စာကျွေးရန် တာဝန်ကျသော မင်းမှုထမ်းသည် နေ့စဉ် လေးရွေးဖိုး မှန်မှန်ဝယ်ကျွေး နေရာမှ ဥပုသ်နေ့တွင်မှု ဈေး၌ သားငါးဝယ်မရ သဖြင့် ပုတ်သင်ရထိုက်သည့် ပိုက်ဆံလေးရွေးကို အပေါက်ဖောက်ကာ ကြိုးနှင့်သီပြီး ပုတ်သင်၏လည်ပင်းမှာ ဆွဲပေးထား၏။

ပုတ်သင်သည် ပိုက်ဆံကို လည်ပင်းမှာဆွဲရလျှင်ပင် သူ့ကိုယ်သူ ဥစ္စာရှင်ဟု ဘဝင်မြင့်သွားတော့သည်။ အဲသည် နေ့မှာပင် ဥယျာဉ်တော်သို့ ဝိဒေဟရာဇ်မင်းကြီး ရောက်လာသည့်အခါ ပထမအကြိမ်ကကဲ့သို့ အောက်သို့ဆင်းပြီး အရိုအသေမပေး၊ သူလည်းသူဌေး၊ ငါလည်းသူဌေးဟူသော သဘောဖြင့် စည်းစိမ်ခြင်းပြိုင်ကာ တံခါးရွက်ထိပ်မှာပင် ခေါင်းတညိတ်ညိတ်နှင့် နေတော့သည်။ မင်းကြီးလည်းအကျိုးအကြောင်းမေး၍ ပုတ်သင်ဘဝင်မြင့်ကာ မိမိကို ပမာမခန့်ပြုခြင်းဖြစ်ကြောင်းသိလျှင် သည်တိရစ္ဆာန်မိုက်အား အစာမပေးနှင့်ဟု ချက်ချင်းအမိန့်ချမှတ်၏။ သို့သော် မဟော်သဓာသုခမိန်က မင်းကြီးအား ဥစ္စာစည်းစိမ်နှင့် ပတ်သက်လာ
လျှင် တိရစ္ဆာန်ကိုထား၍ ပညာရှိသောလူများပင် မာနတက်တတ်ပါသေးသည်ဟု ဖျောင်းဖျပြောဆိုပြီး ယခင်က ခစားဖူးသည့် အတွက် ချီးမြှင့်ခဲ့သည့် ဆုလဘ်တော်ကို မဖြတ်တောက်ရန် လျှောက်တင်တော့မှ မင်းကြီးစိတ်ပြေကာ ပုတ်သင်အား အစာပေးမြဲပေးစေသည်၊ ဟူ၍ ဇာတ်တော်၌ ဆိုပါသည်။

သည်နေရာ၌ပုတ်သင်ဆိုသည်မှာ မဖြစ်ညစ်ကျယ် သတ္တဝါငယ်မျှသာဖြစ်ရာ သူ မာနတက်ခြင်းအတွက် ဝိဒေဟရာဇ် မင်း အဖို့ ဒေါသမထွက်စလောက်ကဲ့သို့ ငါ့ကိုများ အန္တရာယ်ပြုလာလေမည်လားဟုလည်း မစိုးရိမ် မကြောင့်ကြ လောက်ပေ။ ထို့ကြောင့် မဟော်သဓာသုခမိန်က တင်လျှောက်သည့်အခါ ပုတ်သင်အား သည်းခံခွင့်လွှတ် နိုင်ခဲ့ခြင်း ဖြစ်တန်ရာပါသည်။ သို့သော် ပုတ်သင်က ပုတ်သင်မို့ လွတ်ငြိမ်းချမ်းသာခွင့် ရသွားခဲ့သော်လည်း သူနှင့်အလားတူ ပြုမိသည့် လူသတ္တဝါများအဖို့မှာမှု သူ့လောက်ကံကောင်းလေ့မရှိခဲ့ပေ။ သည်တွင် နမူနာတစ်ခုက ရှေးခေတ် ဂျပန်ပြည်မှ ဆင်နိုရိကျူး( Sen no Rikyu) အမည်ရှိ ပုဂ္ဂိုလ် တစ်ယောက်။

ဆင်နိုရိကျူးက ဂျပန်ပြည်တွင် ဟိဒေယောရှိဧကရာဇ် (၁၅၃၆- ၁၅၉၈) စိုးစံစဉ်ကာလက  နိုင်ငံအနှံ့ထင်ရှားသည့် လက်ဖက်ရည်တော်ပွဲ ပညာရှိတစ်ဦးဖြစ်သည်။ လက်ဖက်ရည်တော်ပွဲ(tea ceremony) ဟူသည်ကား ဂျပန်လူမျိုးတို့ အနုပညာရသ ခံစားတတ်လှပုံအကြောင်း ပြသသည့် ရိုးရာဓလေ့တစ်ခုဖြစ်သည်။ လက်ဖက်ရည်ပွဲအတွက် သီးသန့် တည်ဆောက်ထားသည့် အဆောင်ငယ်၊ သို့မဟုတ် နေအိမ်ရှိ အထူးခန်းတစ်ခုတွင် နေရာထိုင်ခင်း ပြင်ဆင်ကာ ဧည့်သည်များဖိတ်ကြားပြီး အခြားသင့်တင့်သော စားဖွယ်အချို့နှင့်အတူ အထူးစီမံထားသည့် လက်ဖက်ရည်ကို  တခမ်းတနား တရိုတသေ စီစဉ်တင်ဆက်ခြင်း ဖြစ်သည်။ ဧည့်သည်များသည် လက်ဖက်ရည်ကို စနစ်တကျ အရသာခံ သောက်သုံးကြရင်း ပန်းချီပန်းပု အနုပညာများအကြောင်း၊ အိမ်ရှင် ခင်းကျင်းပြသထားသည့် ပန်းအိုး၊ ပန်းခြင်းတို့၏ အလှနှင့် ပန်းအလှ ပြင်ဆင်မှု အတတ်ပညာအကြောင်း၊ လက်ဖက်ရည်၏ အရသာနှင့် လက်ဖက်ရည် ပြင်ဆင်ပုံ အကြောင်း၊ ကြွေအိုးကြွေခွက်စသည့် လက်ဖက်ရည်ပွဲ အသုံးအဆောင်ပစ္စည်းများအကြောင်း စသည်တို့ကို ဆွေးနွေး ပြောဆိုလေ့ရှိသည်။

စင်စစ်လက်ဖက်ရည်ဓလေ့သည် တရုတ်ပြည်မှ စတင်ခဲ့ပြီး ၄င်းကမှတစ်ဆင့် ဂျပန်ပြည်သို့ရောက်ရှိကာ ဂျပန် သူကောင်းမျိုးတို့အကြား အထူးရေပန်းစားလာခဲ့ခြင်း ဖြစ်သည်။ ဂျပန်ဧကရာဇ် ဟိဒေယောရှိနှင့် သူ၏ လက်ဖက်ရည် တော် ပညာရှင် ဆင်နိုရိကျူးတို့ လက်ထက်တွင်မှု လက်ဖက်ရည်တော်ပွဲသည် အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ နန်းတွင်းပွဲတော် အခမ်းအနားများ ကြီးမှူးပြုလုပ်ပေးရသည့် အရှိန်အဝါကို ယူကာ ဆင်နိုရိကျူးသည် လက်ဖက်ရည် တော်ပွဲတို့၏ အခင်းအကျင်း၊ အဆင်အပြင်၊ အစီအစဉ်နှင့် လုပ်ထုံးလုပ်နည်းများ သာမက လက်ဖက်ရည်ပွဲ ယဉ်ကျေးမှု ၏ ဦးတည်ချက်၊ ရည်ရွယ်ချက်များကိုပါ စိတ်တိုင်းကျပုံစံ ချပေးနိုင်ခဲ့သည်။ မင်းစိုးရာဇာအသိုင်းအဝိုင်း၌ လက်ဖက်ရည် တော်ပွဲ၏ အခန်းကဏ္ဍကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ ပွဲတော်ပညာရှင် ဆရာကြီး ဆင်နိုရိကျူး၏ တန်ခိုးသြဇာလည်း ကြီးမားလာခဲ့သည်။

ဆင်နိုရိကျူးသည် ဘုရင်ဟိဒေယောရှိ၏ လက်ဖက်ရည်တော် ပညာရှင်မျှသာမက ဘုရင်အားထားရသည့် အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်လာသည်။ သူ့အားဘုရင်က နန်းတော်ဝင်းအတွင်း သီးသန့်အဆောင်အခန်း ပေး၍ ချီးမြှင့်မြှောက်စား သည်။ နန်းတော်အဝန်းအဝိုင်းရော တိုင်းပြည်အနှံ့အပြားတွင်ပါ သူ့အား လူအများ လေးစားရိုကျိုး လာရသည်။ သို့သော်အေဒီ ၁၅၉၁ ခုနှစ်တွင်မှု ဘုရင့်အမိန့်ဖြင့် ဆင်နိုရိကျူး ဖမ်းဆီးခံရကာ သေဒဏ်စီရင်ခြင်း ခံရသည်။ ဘာကြောင့် သူ၏ဘကံကြမ္မာ ဇောက်ထိုးမိုးမျှော် ကျဆင်းသွားခဲ့ရသနည်း။ အကြောင်းက ရှေ့တွင်ဖော်ပြခဲ့သည့် အတိုင်းအတာကိစ္စပဲဖြစ်သည်။


ပုတ်သင်ဘဝင်မြင့်ခြင်းကို ဥပေက္ခာပြုနိုင်သော်လည်း မိမိမျက်နှာသာပေးသဖြင့် အရေးပါလာသူတစ်ယောက် သွေးနားထင်ရောက်သည်ကို လျစ်လျူရှုမနေနိုင်။ မိမိအတွက် အန္တရာယ်ဖြစ်လာနိုင်သည်ဟု မယူဆသည့်တိုင် ခြေရာတိုင်းသော အပြုအမှု၊ ပခုံးချင်းယှဉ်သည့် အပြုအမှုဟုမြင်လျှင်ပင် သည်းခံခွင့်လွှတ်ဖို့မဖြစ်နိုင်။ ယခု ဆင်နိုရိကျူးက အဲသည်ခွင့်မလွှတ်နိုင်သော အမှုတစ်ခု ကျူးလွန်မိခြင်းဖြစ်သည်။

နဂိုမူလ တောင်သူလယ်သမားဘဝမှလာသော ဆင်နိုရိကျူးသည် သူ့ပုံတူသစ်သားရုပ်တုတစ်ခု ထုလုပ်သည်။ ရုပ်တု၌ ထိုစဉ်ကမင်းညီမင်းသားမှူးမတ်များနှင့်သာ သက်ဆိုင်သည့် လွှာဖိနပ်ကိုစီးပေးထားသည်။ သည်ရုပ်တုကို နန်းတော် ဝင်းတံခါးဝရှိ အဓိကရ ဘုရားရှိခိုးကျောင်းတစ်ခုတွင် ထင်ထင်ရှားရှား နေရာချထားရာ ရှင်ဘုရင်၊ မိဖုရားနှင့် မင်းညီ မင်းသားများ ဝင်တိုင်းထွက်တိုင်း မြင်နေရသည်။ အတိုင်းအတာက အတော်ပင်ကျော်သွားခြင်းဖြစ်သည်။ ‘ဆင်နိုရိကျူးက ငါကိုယ်တိုင်ပါ သူ့ကို အရိုအသေပေးစေချင်သွားပြီလား’ ဟု ရှင်ဘုရင် တွေးမိသွားသည့် နေ့သည် ရိကျုး၏ဘဝနိဂုံးကို အဆုံးအဖြတ်ပေးလိုက်သော နေ့ပင်ဖြစ်တော့သည်။

ကိုယ့်အတိုင်းအတာ ကိုယ်မသိ၍ ဒုက္ခလှလှကြီးရောက်ခဲ့ရသူ နောက်တစ်ဦးက ပြင်သစ်ရာဇဝင်ထဲမှ ထင်ရှားသော ဇာတ်ကောင်တစ်ဦးဖြစ်သူ နီကိုလတ်ဖူကေး(Nicolas Fouquet ၁၆၁၅-  ၈၀) ဖြစ်သည်။ နီကိုလတ်ဖူကေးသည် ပြင်သစ်ဘုရင်လူဝီ- ၁၄ (Louis XIV ၁၆၃၈- ၁၇၁၅) စိုးစံသည့် စောစောပိုင်နှစ်ကာလများအတွင်း ဘဏ္ဍာရေးဝန်ကြီး အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်။ ဖူကေးက အဆောင်အယောင် အခမ်းအနားမက်သည်။ ဧည့်ခံပွဲကြီးတွေ ကျင်းပဖို့ ဝါသနာပါသည်။ အမျိုးသမီး ချောချောတွေနှင့် ရောရောနှောနှောနေချင်သည်။ အနုပညာကဗျာလင်္ကာများလည်း ခုံမင်သည်။ အသုံးအဖြုန်းကြီးသူ ဖြစ်သည့် အလျောက် ငွေရအောင်လည်း အနည်းနည်းအဖုံဖုံ ရှာတတ်သည်။ သို့သော်တစ်ဘက်တွင်လည်း သူက အလွန်လည်ပတ်နှံ့စပ်သူ၊ စွမ်းဆောင်ရည်ရှိသူ၊ ရှင်ဘုရင်က အစစအရာရာ အားကိုးပြုနေရသူဖြစ်သည်။ ထို့ကြောင့် ၁၆၆၁ ခုနှစ်တွင် နန်းရင်းဝန်မာဇရင် ကွယ်လွန်သည့်အခါ ၎င်းရာထူးနေရာ၌ မိမိအား ခန့်ထားလိမ့်မည်ဟု ဖူးကေး မျှော်လင့်ခဲ့သည်။ သို့သော်ရှင်ဘုရင်က သူ့အစီအစဉ်နှင့်သူ ဖြစ်သည်။ မည်သူ့ကိုမျှ တိုးမြှင့်ခန့်ထားမနေတော့ဘဲ နန်းရင်းဝန်ရာထူးကိုပါ ပယ်ဖျက်ပစ်လိုက်သည်။

ဖူးကေးက ရှင်ဘုရင်သူ့အား တစ်ခုခုမျက်သဖြင့် သည်ရာထူးကို ပယ်ဖျက်ခြင်းဖြစ်ဟု ယူဆပြီး ရှင်ဘုရင် အမျက်ပြေ ကျေနပ်ကာ သူ့အစွမ်းအစများကိုလည်း နှစ်ခြိုက်သဘောကျရလေအောင် ပြသမည်ဟု ရည်ရွယ်လျက် ဧည့်ခံပွဲကြီး တစ်ခု ကျင်းပရန် စီစဉ်သည်။ ဧည့်ခံပွဲသို့လူအများကို ဖိတ်သည့်အခါ သူ့စံအိမ်ရဲတိုက်သစ်ကြီးဖွင့်လှစ်ပွဲဟု ခေါင်းစဉ် တပ်သည်။ သို့သော်တကယ်ရည်ရွယ်သည်က အထူး ဧည့်သည်တော်အဖြစ် ကြွရောက်ချီးမြှင့်မည့် ဘုရင်မင်းမြတ်အား ဂုဏ်ပြုပူဇော်သည့်ပွဲ။

သည်ပွဲသို့ ဥရောပတစ်ခွင်မှ ထိပ်သီးမြို့စားရွာစား မြေရှင်ပဒေသရာဇ်များအပြင်၊ ပြင်သစ်စာပေနယ်မှ အကျော် အမော် များဖြစ်သည့် ပုံပြင်ဆရာလာဖွန်တိန်း၊ စာရေးဆရာကြီး လာရို့ရှ်ဖူကိုး၊ စာပေပညာရှင် မဒမ်ဒီဆယ်ဗင်ညီ စသူ တို့လည်း တက်ရောက်သည်။ ထို့ပြင် မဟယဆန်ချင်သူ၊ ဆရာဝန်ပါပဲ စသည့်ပြဇာတ်များ ရေးသားသူ ပြင်သစ် ပြဇာတ်ရေးဆရာကြီး မိုးလျဲ ယခုပွဲအတွက် အထူးတလည်ရေးသား ထားသည့် ပြဇာတ်သစ် တစ်ပုဒ် တင်ဆက်ကပြရန် နှင့် မိုးလျဲကိုယ်တိုင်လည်း ဇာတ်တွင်ပါဝင်သရုပ်ဆောင်ရန် စီစဉ်ထားသည်။ ညစာတည်ခင်းသည့် အခါ ဟင်းပွဲတွေ အလီလီအလာလာချသည်။ ဟင်းလျာများက ပြင်သစ်တွေ မစားဖူးသေးသည့် အရှေ့တိုင်း ဟင်းလျာ အသစ် အဆန်းတွေ၊ သည်ပွဲအတွက် စားဖိုမှူးတွေ အထူးတလည် တီထွင်ချက်ပြုတ်သည့် ဟင်းလျာ အကောင်းအညွန့်တွေချည်း ဖြစ်သည်။

စားသောက်ပြီးနောက်တွင် ဥယျာဉ်ခြံဝင်း၏ အလှအပကို လှည့်လည်ကြည့်ရှုကြသည်။ ဖူးကေး၏ခြံမှ မြက်ခင်း၊ သစ်ပင်၊ ရေပန်းအိုင်များ၊ လမ်းကေလေးများနှင့် ပန်းအလှများသည် နောက်တစ်နေ့ လူဝီ- ၁၄ ဗာဆိုင်းနန်းတော်ကြီး တခမ်းတနား တည်ဆောက်သည့်အခါ နမူနာယူစရာ၊ သူ့ထက်ပိုကောင်းအောင် ယှဉ်ပြိုင်တုပစရာများ ဖြစ်ခဲ့သည်။ ခြံဝင်းထဲလှည့်လည်ပြီးသည့်နောက်တွင် မီးရှူးမီးပန်းများ ပစ်ဖောက်သည် ကို ကြည့်ရှုကြသည်။ ပြီးလျှင် မိုးလျဲ၏ ပြဇာတ်။ ဧည့်ခံပွဲသို့တက်ရောက်ကြသူ အားလုံးကပင်သည်ပွဲကတော့ သူတို့ကြုံတွေ့ဖူးခဲ့သမျှထဲတွင် အပြည့်စုံဆုံး အကောင်းဆုံးပွဲဟူ၍ မှတ်ချချက်ကြသည်။ ဖူးကေး၏ စိတ်ထဲတွင်လည်း ရှင်ဘုရင်ကတော့ ငါလုပ်ထားတာတွေ အရမ်း သဘောကျနေပြီ၊ ငါ့ကိုရာထူးတိုးပေးဖို့ မုချုပြန်စဉ်းစားလိမ့်မည်ဟု တစ်ယောက်တည်း ကြိတ်ပြီး သေချာနေသည်။

တကယ်လည်းရှင်ဘုရင်က ဖူးကေး၏လက်ရာတွေကို သဘောကျတာအမှန်ပင်။ နောက်တစ်နေ့ ဗာဆိုင်းနန်းတော်ကြီး တည်ဆောက်သည့်အခါ ဖူးကေးစေခိုင်းခဲ့သည့် ဗိသုကာတွေ၊ မွမ်းမံခြယ်သသူတွေ၊ ပန်းဥယျာဉ်ဒီဇိုင်းသမားတွေကိုပင် ခေါ်ယူအသုံးပြုခဲ့သည်။ သို့သော် တဖက်တွင်၊ ဖူးကေး၏အစွမ်းအစပြမှုတွေသည် သူနှင့် အဆင့်ချင်းမတိမ်းမယိမ်းရှိသူ တစ်ပါးသူတို့အတွက် မနာလိုချင်စရာဖြစ်ခဲ့သည်။ သူက ဘာကြောင့် သည်လောက်လုပ်နေရတာလဲ၊ ဘာကြောင့်ကော လုပ်နိုင်နေတာလဲ စသဖြင့် လက်ညှိုးထိုးစရာ၊ မေးငေါ့စရာ၊ အပြစ်ရှာစရာ ဖြစ်ခဲ့သည်။ ပို၍ဆိုးသည်က သူတော်တာ တတ်တာ၊ ဖန်တီးနိုင်စွမ်း ရှိတာတွေ အလွန်အကျွံထုတ်ပြလိုက်သည့်အခါ ရှင်ဘုရင်ပါ ပခုံးချင်းယှဉ်သလို၊ ထိပါး စော်ကားသလို အနေအထားမျိုး ရောက်သွားခြင်းဖြစ်သည်။ ဖူးကေးအစွမ်းပြတာ လွန်သွားပြီ။

နောက်တစ်နေ့တွင် ဖူးကေးအား ဘုရင့်သေနတ်ကိုင်တပ်ဖွဲ့မှူး ဒါးတညံ (အလက်ဇန္ဒားဒူးမား၏ သူရဲကောင်း သုံးယောက်ဝတ္ထုတွင်ပါဝင်သူ) က လာရောက်ဖမ်းဆီးသည်။ နောက်သုံးလအကြာတွင် သူ့အား တိုင်းပြည်ဘဏ္ဍာငွေ များ အလွဲသုံးစားလုပ်မှုဖြင့် ရုံးတင်သည်။ သုံးနှစ်ကြာအောင် စစ်ဆေးပြီးနောက် ထောင်ဒဏ်တစ်သက်ပြစ်ဒဏ် ချမှတ်ခြင်း ခံရသည်။ ပြင်သစ်ပြည်တောင်ဘက်ဖျား ပိုင်ရီးနီး တောင်တန်း များပေါ်ရှိ လူသူအကင်းဝေးဆုံး အကျဉ်းထောင်သို့ သူ့အားပို့ထားခဲ့သည်။ အကျဉ်းစံဘဝတွင် အနှစ်နှစ်ဆယ်မျှကြာပြီးနောက် နီကိုလတ်ဖူးကေး ကွယ်လွန်သည်။

လူဝီ- ၁၄ ခေတ် ပြင်သစ်ပြည်သမိုင်းကို နှစ်ပေါင်း ၂၀ ကြာလေ့လာပြုစုခဲ့သည့် ပြင်သစ်စာရေးဆရာကြီး ဗော်လတဲယားက ဖူးကေးကျင်းပခဲ့သည့် ဧည့်ခံပွဲကြီးနှင့် စပ်လျဉ်း၍၊  ‘ညချမ်းအစက ဖူးကေးသည် ကမ္ဘာမှာ ထိပ်ဖြစ်သည်။ ပွဲသိမ်းချိန်၌မူ အောက်ဆုံးသို့ သူရောက်ရှိသွားလေသည်’ ဟူ၍ မှတ်ချက်ချ ရေးသားခဲ့ပေသည်။


ဖေမြင့် [Beauty ၂၀၀၃၊ မေ]

K.K(ကနောင်)
Credit 

နှောင်ကြိုးလေး တစ်မျှင်

နှောင်ကြိုးလေး တစ်မျှင်
*****************
တစ်ခါက လူကြီးတစ်ယောက်ဟာ ဆင်စခန်း
ထဲ ဖြတ်လျှောက်လာစဉ့့် ဆင်တွေကို
လှောင်အိမ်တွေထဲ မထားတာ   သံကြိုးတွေ
နဲ့ ချည်မထား တာကို တွေ့ရ ပါတယ်
သေချာလိုက်ကြည့်တော့  ဆင်တွေရဲ့ ခြေထောက် တစ်ချောင်းစီမှာ ကြိုးလေးတစ် ချောင်း စီနဲ့ သာ ချည်ထားတာ  တွေ့ရပါတယ်
အဲ့ဒီလူကြီးလည်း ဆင်တွေကို သေချာကြည့်
ပြီ့း့ ဘာကြောင့်များ  ဒီလို လုပ်ပါလိမ့်
ဆင်လိုအင်အားကြီးတဲ့သတ္တဝါကိုဘာကြောင့်
ဒီလို လုပ်ရသလဲ့ ဒီကြိုးလေးလောက် ကို
အသာလေး ရုန်းဖြတ် လွှတ်မြောက် နိုင်တာပဲ
" သူတို့ အလွယ်တကူ လုပ်နိုင်ပေမယ့်
ဘာဖြစ်လို့  မလုပ်ပါ လိမ့် "
သိချင်စိတ် ပြင်းပြလာတဲ့ အတွက် အနီးအနား ရှိ ဆင်များလေ့ကျင့်ပေးသူ ကို
မေးမိပါတယ်
" တစ်ဆိတ်လောက် ဗျာ  မေး ပါ ရစေ ဗျာ
ဆင်တွေကို ကြည့်ရင်း  သံကြိုးတွေ မချည်
ပဲ  ခုလို ကြိုးလေး တစ်ချောင်း နဲ့ချည်ထား တာ ဘယ်လို အဓိပ္ပါယ် လည်း ဗျာ့ သူတို့
အသာရုန်း  ထွက်ပြေးနိုင်ပေမယ့်  ဘာလို့
မဖြစ်တာ လည်း ဗျာ ?  "
" ဒါက ဒီလိုဗျ့ ဆင်တွေကို ငယ်ငယ်လေး
ကတည်းက  အရွယ်အစားတူ တဲ့ ကြိုးနဲ့ ပဲ
ချည်ခဲ့တယ့့် ငယ်တုန်းက သူတို့ အားနဲ့
ရုန်းမရ တော့  ကြိုးက အနေတော်ပေါ့ "
" နောက်  အရွယ်ရောက်လာ တော့ လည်း
ဒီကြိုး နဲ့ ပဲ ဆက်ချည် တယ့့် ဒါပေမယ့်
သူတို့ စိတ်ထဲမှာ  စွဲမြဲ သွားတဲ့ အချက် ရှိလို့
ရုန်းမထွက်ပဲ  နေတာပေါ့ ဗျာ "
" အဲ့ဒီ အချက်က တော့ ငယ်ဘဝက ရုန်းမရ
တဲ့ ကြိုး ဟာ  ကြီးလာတဲ့ အခါမှာ လည်း
ဒီကြိုး ရှိနေရင်  ဘယ်တော့မှ ရုန်းမရ ဆိုတဲ့
အသားသေအတွေး က  သူတို့ ဦးနှောက်ထဲ
စွဲ သွားတဲ့  အချက်ပဲ  ဖြစ်ပါတယ် ဗျာ "
" ဟာ့ ဒါကြောင့်ကို့ ကျေးဇူးပါ ဗျာ
ဆင်တွေ ထွက်မပြေး တာ့ အဓိက ကတော့  သူ့တို့ဦးနှောက် ထဲ စွဲမြဲ အမြဲချည်
ထားတဲ့  နှောင်ကြိုးလေး တစ်မျှင် ကြောင့်
ဖြစ်နေပါလား နော် "
" အကယ်၍ များ  အခုလိုကြိုး ကို ပြောင်းလဲ
ပြီး  သံကြိုး နဲ့ ပြောင်းချည် ရင်တောင်  ထွက်
ပြေး ရင် ပြေး မှာ  ဗျ "
ဒီ ဆင်တွေ လိုပါပဲ့ ဘဝ မှာ လည်း စွဲမြဲ
စွာ မှတ်သားမိတဲ့ အချက်တွေ ရှိပါတယ်
ဘာပြုရင်  ဘာဖြစ်သွား နိုင်တယ့့်ဘာကို ဆိုရင်  နောက်တခါ မလုပ်ရ စသဖြင့် ပေါ့
ကျနော်တို့ဟာ  တစ်ကြိမ် ခြေချော်လက်ချော်
ကျဆုံးဘူး ရင် နောက်တစ်ကြိမ် ထပ်လုပ်ဖို့
လက်တွန့် နေတတ် ကြပါတယ်
တခါက အဖြစ်ဟာ  အမြဲလာပြီး ဖြစ်မှာ မဟုတ် ဘူးဆိုတဲ့  အတွေးစ ကို သတိပြု သင့်
ပါတယ့့် တရားသေ  ဆုပ်ကိုင်ရမယ့်
အရာ ရှိသလို  လွတ်ကျ သင့် တဲ့ အရာတွေ
လည်း ရှိကြောင်း သတိ ချပ်သင့်ပါတယ်
အောင်မြင်မှု ရလာမယ် လို့ ယုံကြည်ခြင်း ဟာ
အမှန်တစ်ကယ် အောင်မြင်မှု ရရှိ ဖို့ အရေး ကြီး တဲ့ အချက် ဖြစ်ကြောင်း မှတ်ယူ ထားသင့် ပါ တယ် ဗျာ့

#kazaw  မှတ်စုကြမ်း
Ref : White Hole
Credit 

အထီးကျန်သလို ခံစားရတဲ့ အခါ

အထီးကျန်သလို ခံစားတဲ့ အခါ
----------------------------------------

ဘဝဆိုတာ တခါတလေ အသက်ရှင်ဖို့ ခက်ခဲပြီး နေ့ရက်တိုင်းက ကုန်ဆုံးဖို့ ခက်ခဲ နေတဲ့ အချိန်တွေရှိတတ်ပါတယ် ။ အဲ့ဒီအချိန် တွေက မိမိတစ်ယောက်တည်း ဖြစ်ပြီး အထီးကျန်နေတဲ့ အချိန် တွေမှာပါ။ တကယ်တော့ တစ်ယောက်တည်း အထီးကျန်ပြီး အဖော်မဲ့ ပျင်းနေတာ မဟုတ်ပါဘူး။ မိမိ ခံစားချက် သက်သက် ကြောင့်ပါ။ အထီးကျန်ခြင်း ဆိုတာကို မေ့ပျောက်သွားအောင် လုပ်ပေးနိုင်တဲ့ အရာလေး တွေကို လိုက်လုပ်ကြည့်ပါ။ အချိန်ဆိုတာက ကုန်မှန်းမသိ ကုန်သွားမှာပါ။

(၁) အကောင်းမြင် စိတ်ရှိပါ

သင် ရဲ့ အတွေးတွေထဲမှာ မကောင်းစိတ်တွေချည်း ပဲ တွေးနေမယ် ဆိုရင် သင်ဘဝထဲမှာလည်း မကောင်းတဲ့ အတွေးတွေပဲ ရှိနေမှာပါ ။ ထိုသို့ ဆိုလျှင် လူများက သဘောကျမှာ မဟုတ်သလို သူငယ်ချင်းလည်း ရှိမှာ မဟုတ်ပါဘူး ။အကယ်၍ အကောင်းပဲ တွေးနေမယ် ဆိုပါက အကောင်းမြင်စိတ် တိုးပွါးလာမှာပါ။

(၂) ဝါသနာ ပါတာ ပြုလုပ်ပေးပါ

အထီးကျန်တယ် ဆိုတာ လူတွေအပေါ် မှီခို လွန်းလို့ ဖြစ်ရတာပါ။ ထို့ကြောင့် မိမိဝါသနာ ပါတာကို ပြု လုပ်ပေးပါ ။သင်နှစ်သက်ရာများကို လုပ်ဆောင်ရင်း ပျော်ရွှင်ကြည်နူးလိုက်ပါ။

(၃) ထွက်ပေါက်ရှာပါ

ဘယ်အရာက သင့်ကို ပျော်ရွှင် စေသလဲ ဆိုတာ ရှာဖွေပါ။ စာဖတ်ခြင်း၊ အားကစား လုပ်ပေးခြင်း ၊ ပန်းချီ ဆွဲခြင်း ၊ တူရိယာ တစ်ခုခု ကို တီးခတ်ခြင်း မျိုးပါ။

(၄) အပေါင်း အသင်း ဝင်ဆံ့ပါ

လူတွေနဲ့ စကားပြောဖို့ ရှောင်ဖယ်တာမျိုး မလုပ်ပါနဲ့။ အပြင် ထွက်ပေးပါ။ တစ်ယောက်တည်း ဖြစ်နေတဲ့ သူတွေနဲ့ စကားပြောပေးပါ။ သူတို့ လည်း သင့်လို အဖော်မပါလို့ ဖြစ်နိုင်တာပဲလေ ။ မျက်မှန်း တန်းမိပေမယ့် စကားမပြောဖူးတဲ့ သူတွေနဲ့ စကားပြောကြည့်ပါ ။

(၅) အရှုံး မပေးပါနဲ့

အခက်အခဲ ကြီးကြီးမားမား တွေ့ခဲ့သည် ရှိသော် အရှုံး မပေးပါနဲ့။ စိတ်ဓါတ်ကျ အားငယ်ပြီး အိမ်ပြန် အခန်းအောင်း ငိုနေတာမျိုး မလုပ်ပါနဲ့။ ဖြစ်သမျှ အကောင်းချည်း လို့ပဲ မှတ်ယူပြီး ကိုယ့်ကို ကိုယ် အားပေးပါ။ သင်လုပ်နိုင် တယ် ဆိုတာ သင့်ကိုယ် သင်ယုံကြည်ပါ။

Credit : Ayesay

' လောက '' မှာ...

ဒီစာလေးကို
စိတ်အရမ်းညစ်နေတဲ့ သူတွေ
လက်ရှိ အခြေအနေ တစ်ခုမှာ
အဆင်မပြေဖြစ်နေတဲ့ သူတွေအတွက်
ရည်ရွယ်ပြီး ရေးပေးထားလို့ 
ဖတ်ကြည့်စေချင်ပါတယ်။

===========================

'' လောက '' မှာ...

ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း
 '' ကိုယ်ပါပဲ ''

ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း
 '' ကိုယ်ပါပဲ ''

ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း
 '' ကိုယ်ပါပဲ ''

ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း
 '' ကိုယ်ပါပဲ ''

'' အဓိက '' က ကိုယ့်ရဲ့ '' စိတ် '' ပါပဲ
စိတ် ဆိုတာ အရမ်းကြောက်ဖို့ ကောင်းပါတယ်။

'' စိတ် ''ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့
'' ဆေးတစ်ခွက် '' ဖြစ်နိုင်ပြီး ……
မကောင်းတဲ့ '' စိတ် ''တွေ ထားမယ်ဆိုရင်တော့
ကြောက်စရာကောင်းတဲ့ '' ဘေး '' အန္တရာယ်
 တစ်ခု ဖြစ်သွားနိုင်ပါတယ် ……

ကဲ့ …… အဲ့တော့ အရေးအကြီး ဆုံးက …
 မိမိကိုယ် မိမိ စိတ်ချမ်းသာအောင်ထားဖို့ နဲ့
 တန်ဖိုး ရှိအောင်နေထိုင်ဖို့ ပဲ မဟုတ်လား……

ဥပမာ - ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ ကိုင်ထားကြည့်လိုက်ပါ
သင်ကိုင်ထားသ၍ ကတော့ အဲ့ဒီ '' အပူဒဏ် ''ကို ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ ……
သင် လွှတ်ချ နိုင်လိုက်မှသာ သင်အပူဒဏ်နဲ့ ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ် ……

ဒီလိုပဲ …… သင်မှာရှိတဲ့ စိတ်ညစ်စရာတွေကို သင်တွေးနေသ၍ စိတ်ညစ်စရာတွေဟာ
ပိုကြီးထွားလာပြီး … သင်ဆက်ပြီး စိတ်ဆင်းရဲနေရဦးမှာပါ……
ဒါတွေကို မတွေးတော့ပဲ … ဖြေရှင်းဖို့ နည်းလမ်းရှာမှသာ ………အဆင်ပြေမှာပါ ……

တစ်ချို့က အိမ်အတွက် စိတ်ညစ်ကြတယ် တစ်ချို့က ချစ်သူရည်းစားအတွက် / တစ်ချို့က အလုပ်အတွက် / ငွေကြေးပြသနာအတွက်
အစရှိတယ် …… စိတ်ညစ်မှု့မျိုးဆုံပေါ့။

ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ ……
ကိုယ် ကို ကိုယ် ……
'' ပြစ်ဒဏ် '' ပေး အကျဉ်းချနေတာပါ ……
'' အဓိက '' ဘာလုပ်ရမှာလည်း ဖြေရှင်းနိုင်မဲ့ နည်းလမ်းရှာဖို့ ပါပဲ
'' အကျိုးရှိရင် အကြောင်းရှိသလို ''
အခက်အခဲ ရှိရင် ဖြေရှင်းလို့ ရမဲ့ နည်းလမ်းဆိုတာရှိစမြဲပါ …

သင်တို့ လွန်ခဲ့တဲ့ ၂ / ၃ နှစ်တုန်းကလည်း စိတ်ညစ်ဖူးမှာပါ
ဒါတွေက ခုချိန်မှာ ရယ်စရာ တစ်ခုသာသာ ဖြစ်သွားတာပဲလေ ……
အတွေ့အကြုံ နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ။

အပျော်တွေနဲ့ပဲ နေပါ / အပျော်တွေကို ဖန်တီးပါ / စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ။ ……

'' လောက '' ကြီးက '' စိန်ခေါ်မှု့'' တွေ အရမ်းများတယ် …… ဆုံးရှုံးမှု့ဒဏ်တွေ / ဝမ်းနည်းကြေကွဲမှု့ ဒဏ်တွေ / ကို သင်မခံနိုင် ရင် '' စိန်ခေါ်မှု့'' တွေ များတဲ့ '' လောက'' ကြီးကို ဘယ်လို ဆက်ပြီး ရင်ဆိုင်မလည်း ………??? စဉ်းစားပါ ………®

'' ကိုယ့် ကို ကိုယ် '' သေကြောင်းကြံတဲ့ နည်းနဲ့ ဖြေရှင်းမှားလား ……??
ဒါဆို သင် '' လုံလောက်တဲ့ '' ရင့်ကျက်မှု့မရှိသေးလို့ ဆိုတာ မမေ့ပါနဲ့

" လုံလောက်တဲ့ " ရင့်ကျက်မှု့ရှိသူတိုင်းဟာ '' ကိစ္စတိုင်း ''ကို ထည့်တွက်မနေကြပါဘူး

'' ပူလောင်မှု့'' ကိုခံစားနေရတယ် ဆိုတာ ''မေတ္တာ'' စိတ်မရှိလို့ ပါ
ပြီးတော့ ''အတ္တ'' စိတ်ကြီးနေတာ မိမိ ကိုယ် မိမိ ချစ်တာ / မိမိ လောဘ ကို မိမိ မြှောက်ပေးနေတာ / မိမိ မာန ကို ''ရှေ့ တန်း ''တင်ပေးနေတာ
ဒီတော့ ဒါတွေမဖြစ်အောင် / သင်စိတ်ညစ်စရာတွေနဲ့ ဝေးသွားအောင် …… ဒီလိုစိတ်ထားကြည့်ပါ ………

{ ၁ }ခွင့်လွှတ်နားလည်ပေးကြည့်ပါ
{ ၂ }ကိုယ်ချင်းစာစိတ်နဲ့ကြည့်ပါ
{ ၃ }အကောင်းမြင်စိတ်လေးနဲ့ အကောင်းမြင်ပေးပါ ……

အရင်ငြိမ်းချမ်းသွားမှာက သင်ပါ
လူတစ်ယောက်ရဲ့ '' အမှား ''ကို မေ့ပစ်ခြင်းဟာ လည်း
အကောင်းဆုံး ''ဂလဲ့စား'' ချေခြင်းတစ်မျိုးပါပဲ ……

'' ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ '' တဲ့
မိုးလည်း ( ၁၂ ) ရာသီ လုံးလိုက်မရွာ နိုင်ပါဘူး …
( သူလည်းအားချင်မှအားမှာလေ )
smile emoticon

'' မုန်တိုင်း '' ပြီးရင်တော့ '' လေပြေ '' ရောက်လာစမြဲပါ ……

'' အကောင်းဆုံး ''တွေ လာဖို့  အဆိုးတွေ အရင် လာလည်တာပါ ……

'' နေရိပ် '' ကို လိုချင်လို့ နေပူထဲ ရပ်စောင့်နေရပါလားလို့ အကောင်းမြင်စိတ်လေးနဲ့တွေးကြည့်ပါ

ငါ '' ပေ '' ဖြစ်နေလို့ ခံနေရတာ '' တူ ''ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ် မွေးကြည့်ပါ ..……

လူဘဝ ဆိုတာ တစ်ကယ်တော့ '' ခနတာ '' လေးပါ အဲ့ထဲမှာ
သင်က ……
ထမင်းစားဖို့ အသက်ရှင်နေတာလား ……?
အသက်ရှင်ဖို့  ထမင်းစားနေတာလား …… ?
ဆိုတာ အရင်တွေးပါ .……

''ကာဗွန် '' ခြင်း တူရင်တောင် မီးသွေး အဖြစ်မခံပါနဲ့ ……
တန်ဖိုးရှိတဲ့ '' စိန် '' ပဲ ဖြစ်အောင်ပဲကြိုးစားပါ ……

သင်အလုပ်တွေ လုပ်နေရင်းနဲ့ ပညာတွေဆက်ရှာပါ / အမြဲမပြတ် လေ့လာပါ / သင်ယူပါ /

ပြီးတော့ လူသားတွေ ကို အကျိုးပြု နိုင်တဲ့ '' ပရဟိတ '' တွေများများလုပ်ပါ
များများလှူပါ / ကူညီပါ / ဖေးမပါ / စိတ်ကောင်းထားပါ / "ရိုးသားစွာ" ကြိုးစားပါ ……

ကဲ .… ဒါဆို သင် ဘဝတစ်ခုလုံးအတွက် "တန်ဖိုး" ရှိစွာနေထိုင်နိုင်တဲ့ '' လူ '' တစ်ယောက်ဖြစ်သွားနိုင်ပါပြီ
smile emoticon

============
ဒီလိုစာမျိုး ရေးနိုင်အောင် / တွေးနိုင်အောင် သင်ပေးခဲ့ တဲ့ / သင်ဆရာ … မြင်ဆရာ … ကြားဆရာ နှင့် အတွေ့အကြုံ များကို အထူးကျေးဇူးတင်လျှက်ပါ ………

>>>>> JJPH <<<<<
#ဂျူဂျူးပန်ထွာ
Credit

အကယ်၍ (IF)

အကယ်၍
မင်းရဲ. အမှန်စကားတွေကို
လူလိမ် လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ. နာကြားနိုင်မယ်ဆိုရင်....
ဒါမှမဟုတ်
မင်းဘ၀ တခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့
အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ
အရာရာနဲ.
ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင်....
အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတလှည့် ကြက်တစ်ခုန်ပမာ
တလှည့်တခါတည်းနဲ.ဆုံးရှုံးသွားခဲ့ရင်....
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကြမ္မာရယ်လို.
ဘယ်သောခါမှ ညည်းညူမနေဘူးဆိုရင်....
အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို.
အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ.မာန်နဲ. ဇွဲသတ္တိရှိရှိ
ဆက်ကြိုးစားနိုင်မယ်ဆိုရင်...
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို.
ဘာဆိုဘာမှ မရှိတော့တဲအခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ.ပဲ ဆက်လက်
ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်...
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း
နေနိုင်မယ်ဆိုရင်...
ဒါမှမဟုတ်
မင်းရဲ.အကြောင်း
မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ.
မတုံ.ပြန်ဘူးဆိုရင်.....
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်း မုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်...
ပြီးတော့
မင်းကိုယ်မင်း လူတော်တယောက်ရယ်လို.
မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင်...
အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင်....
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက် သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင်....
အကယ်၍
အောင်မြင်မှုသုခနဲ. ဆုံးရှုံးမှု ဒုက္ခတွေကို
ကြုံတွေ.ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို.
ခံယူထားနိုင်မယ်ဆိုရင်....
အကယ်၍
လူတွေနဲ. ထိတွေ.ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို
စောင့်ထိန်းနိုင်မယ်ဆိုရင်...
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ. အတူ
လမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်....
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေက ဖြစ်စေ
မင်းကို သိပ်ပြီး နာကျည်းအောင်
မလုပ်နိုင်စေရင်.....
အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်......
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့
တစ်မိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန်.ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်.....
ငါ့သားရေ....
မင်းဟာ
အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို.
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့....
အဲဒီတော့ မင်းဟာလည်း
ယောကျာင်္းကောင်း တယောက်ပဲပေါ့......။ ။

IF "
If you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor talk too wise:
If you can dream and not make dreams your master;
If you can think and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two imposters just the same;
If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build’ em up with worn-out tools:
If you can make one heap of all your winnings
And risk it on one turn of pitch-and –toss.
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: “ Hold on:!”
If you can talk with crowds and keep your virtue,
Or walk with Kings-nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds’ worth of distance run.
Yours is the Earth and everything that’s in it,
And which is more - you’ll be a Man, my son!

RUDYARD KIPLING
(1865 – 1936)

“တုန့်ပြန်ချင်စိတ်”

“တုန့်ပြန်ချင်စိတ်”
+++++++++++++

မခံချင်တဲ့စိတ်၊ တုန့်ပြန်ချင်တဲ့စိတ်ဟာ လူတိုင်းလူတိုင်းမှာ ရှိတယ်။ ကိုယ့်ကို အပြုသဘောနဲ့မဟုတ်ပဲ တမင်တကာ အပြစ်ရှာပြောနေရင်၊ ကိုယ့်ကို လိုက်ကဲ့ရဲ့နေရင် တုန့်ပြန်ချင်တယ်နော်။ မဟုတ်တာလာပြောရင် ပိုလို့တောင် မခံချင်စိတ်ဖြစ်ပြီး ပိုတုန့်ပြန်ချင်နေတယ်။

စိတ်ကခိုင်းတယ် မင်းပြန်ပြောလိုက်၊ မင်းကို ဒီလိုလာပြောနေတယ်၊ ငြိမ်ခံနေမှာလား၊ ငြိမ်ခံမနေနဲ့ ပြောပစ်လိုက် လုပ်ပစ်လိုက်လို့ တိုက်တွန်းတယ်။ မာနတရားက ထပ်ဦးစီးရင် သူလိုလူကများ ‘ငါ့’ကို လာပြောနေတယ်။ သူကဘယ်လောက်ကောင်းနေ မှန်နေလို့လဲ? ဘယ်လောက် တော်နေ တတ်နေလို့လဲ? ဘယ်လောက်သိနေတာမို့လဲ? ပြောပလိုက်စမ်းပါ ပြန်တုန့်ပြန်လိုက်လို့ တိုက်တွန်းတယ်။

ပညာဗဟုသုတ ဦးစီးတဲ့ အသိဥာဏ်က တားတတ်တယ်။ မင်း ပြန်လုပ်စရာ မလိုပါဘူးကွာ။ မင်းပြန်ပြောစရာ မလိုပါဘူး။ သည်းခံတယ်ဆိုတာ ဘုရားကြိုက်တဲ့ သူတော်ကောင်းတို့ရဲ့အား။ ဒီလိုလူမျိုးကို ဒီလိုနည်းနဲ့ တုန့်ပြန်စရာ မလိုပါဘူးကွာ။ မင်းသည်းခံလိုက်ပါ။ ဒေါသထွက်နေသူကို ပြန်ဒေါသထွက်တာဟာ ပထမဒေါသထွက်သူထက် မိုက်မဲတယ်တဲ့။ မင်းဒေါသမထွက်နဲ့.. သည်းခံလိုက်။ သည်းခံလိုက်။ မဟုတ်တာကို မဟုတ်တာနဲ့ ပြန်တုန့်ပြန်စရာ မလိုဘူး။ သူဖြစ်စေချင်တဲ့အတိုင်း စိတ်တိုနေရမှာလား? စိတ်ထဲထားမနေပါနဲ့။ ဒီလောက်အရေးမကြီးပါဘူး။ သူကဲ့ရဲ့တယ်ဆိုတာ တဒင်္ဂလေးပါ။ ကဲရဲ့တယ်ဆိုတာ လူဖျင်းလူညံ့တွေ လုပ်တတ်တဲ့အလုပ်။ သည်းခံတယ်ဆိုတာ သူတော်ကောင်းတွေကြိုက်တဲ့ အလုပ်။ ဘုရားကြိုက်တဲ့အလုပ်။
သူတော်ကောင်းတွေ ချီးမွမ်းမယ့်အလုပ်ကိုပဲ လုပ်ပါ။ တုန့်ပြန်မနေပါနဲ့ကွာ…။ ဒီလောက် မလိုအပ်ပါဘူး။

ဒီလို အားပြိုင်နေတဲ့အခါ….
သူတော်ကောင်းတွေ ချီးမွမ်းမယ့်အလုပ်ကိုပဲ ရွေးပြီး လုပ်လိုက်ပါ။
စိတ်ထဲကနေ “တိုးတိုးလေးပြောနေပါ.. သည်းခံတယ်ဆိုတာ သူတော်ကောင်းတို့ရဲ့အားတဲ့” “သည်းခံတယ်ဆိုတာ သူတော်ကောင်းတွေ ချီးမွမ်းမယ့်အလုပ်”လို့…. ဒီလိုဆို သူများ လိုက်ကဲ့ရဲ့နေလည်း စိတ်ချမ်းသာသွားလိမ့်မယ်။ ပါရမီလည်း ဖြစ်သွားတယ်။
ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ ရင့်ကျက်မှု၊ လေးစားမှု တိုးလာတယ်။ တကယ်ဆို သူများတွေက ကိုယ့်ကို (အပြုသဘောမဆောင်ဘဲ) အပြစ်ပြောတာတွေဟာ ကိုယ့်ကို ရင့်ကျက်လာအောင် သည်းခံတတ်လာအောင် လုပ်ပေးနေတယ်။

ဒီလို တုန့်ပြန်ချင်တဲ့စိတ်ကြောင့် ကိုယ့်အမှားပဲ ဖြစ်သွားတတ်တယ်ဆိုတာ သတိရပါ။ ကိုယ်က မှန်နေသော်လည်းပဲ ပြန်တုန့်ပြန်ချင်တဲ့စိတ်၊ မခံချင်တဲ့စိတ်ကြောင့် သူ့အမှားဟာ ကိုယ့်အမှားဖြစ်သွားတတ်တယ်။ ကိုယ်က မခံချင်စိတ်နဲ့ လွဲမှားတဲ့နည်းနဲ့ တုန့်ပြန်လိုက်ရင် သူများမကောင်းတာ အကြောင်းပြုပြီး ကိုယ်ပါမကောင်းတဲ့သူဖြစ်အောင် လုပ်နေတာပဲ။ ဒီလောက်မလိုအပ်ပါဘူး။

လူတိုင်းနီးပါး.. ကိုယ့်အပေါ်အရင်လာစပြီး ခနဲ့တာလိုလို ကဲ့ရဲ့တာလိုလို လုပ်တာမျိုးတွေကို ပြန်တုန့်ပြန်ခဲ့ဖူးပါလိမ့်မယ်။ လုပ်ခဲ့ဖူးပါလိမ့်မယ်..။ ကျွန်တော်လည်း လုပ်ခဲ့ဖူးတယ်။ ဘယ်ငြိမ်နေပါ့မလဲ လုပ်ခဲ့ဖူးတာပေါ့။ သူများကို ပျက်စီးသွားပါစေ ဆိုတာမျိုးတော့ မလုပ်ဖူးခဲ့ပါ။ အရင်လာစပြီး ခနဲ့တာလိုလို ရွှဲ့တာလိုလို ပြောတာဆိုတာမျိုးတွေကို အငြိမ်မနေဘူး။ ပြန်တုန့်ပြန်ချင်တယ်။ ပြန်တုန့်ပြန်ခဲ့ဖူးတယ်။ အကြိမ်ကြိမ်ပဲဗျ။

ဒါဆို..... တုန့်ပြန်လိုက်ပါပြီ…။
ဘာပြန်ရသလဲ? ဘာအဖတ်တင်လဲ?
ဒီလိုလုပ်လိုက်လို့ ကိုယ့်အတွက် ဘာကျန်သွားသလဲ? ဘာအကျိုးရှိလဲ?
ကိုယ့်အတွက်ကော အကျိုးရှိသွားလား? သူ့အတွက်ကော အကျိုးရှိသွားလား?
ရန်ငြိုးရန်စပဲ အဖက်တင်တယ်။ ရန်ငြိုးရန်စပဲ ကျန်တယ်။ အလဟသ ကိုယ့်စိတ်ဓါတ်အင်အားတွေ အချိန်တွေ ဖြုန်းပစ်လိုက်တာပဲ အဖတ်တင်တယ်။ သူပြော ကိုယ်ပြောနဲ့ စိတ်အညစ်အကြေးများတာပဲ အဖတ်တင်တယ်။ စိတ်ထားလည်း ကြီးမလာဘူး။ ဒေါသပဲကြီးလာစေတယ်။ ဒေါသကြီးတော့ အကုသိုလ်သာ ကြီးစေတယ်။ တကယ်တမ်း အရေးကြီးလှတဲ့ တန်ဖိုးရှိတဲ့ ကိုယ့်ရဲ့စိတ်ဓါတ်အင်အားတွေ ဖြုန်းပစ်လိုက်တာကို သိပ်နှမြောတာပဲ။ ဒီလိုပြန်တုန့်ပြန်နေတာမျိုးနဲ့ ကိုယ့်ရဲ့စိတ်ဓါတ်အင်အားကို မဖြုန်းပစ်ချင်ပါနဲ့။ သူက သိပ်တန်ဖိုးရှိတယ်။ မဖြုန်းမိပါစေနဲ့။

တုန့်ပြန်ချင်စိတ်တွေနဲအောင် ဘာလုပ်ရမလဲ? လို့ဆိုရင်…. ဆရာတော်ဦးဇောတိက စာအုပ်တွေကို အချိန်ပေးပြီးတော့ ဖတ်ပါ။ ကိုယ့်အတွက် အခုရော နောင်ပါ၊ ပစ္စုပ္ပန်ရော သံသရာပါအကျိုးရှိစေတယ်။ ကျွန်တော်ကတော့ ဆရာတော်ဦးဇောတိက စာအုပ်တွေဖတ်ပြီး တုန့်ပြန်ချင်စိတ်တွေ နဲလာတယ်။ ငယ်တုန်းကလို မတုန့်ပြန်ချင်တော့ဘူး။ ဒါတောင် အရှိန်မကုန်သေးဘူး။ မထင်ရင် မထင်သလို တုန့်ပြန်ချင်နေတုန်းပဲ။ အထက်ပါနည်းနဲ့ ထိန်းနေဆဲပါ။

သူတုန့်ပြန် ကိုယ်တုန့်ပြန်နဲ့ ရန်ငြိုးရန်စ တိုးစေတယ်။ တုန့်ပြန်ချင်စိတ်ဟာ ကိုယ့်စိတ် အင်အားနဲသေးတယ်ဆိုတာကို ပြနေတယ်။ အင်အားကြီးတဲ့သူရဲ့စိတ်ဟာ သည်းခံနိုင်သွားပြီ။ ခံနိုင်ရည်ရှိသွားပြီ။ စိတ်အား သေးတဲ့သူကျတော့လည်း သူများကို လိုက်မကောင်းပြောနေရမှ၊ လိုက်အပြစ်ပြောနေမှ၊ သူများစိတ်ထဲ ကသိကအောက်ဖြစ်သွားမှ၊ သူများစိတ်ဆင်းရဲ စိတ်ညစ်နေမှ သူ့ခမျာ နေသာထိုင်သာ ရှိရှာတယ်။ ဒီလိုလုပ်နေရမှ အရသာရှိတယ်လို့ အထင်ရောက်နေတယ်။ သူ့ပြောလိုက် လုပ်လိုက်လို့ တစ်ဖက်သားဂုဏ်သိက္ခာကျသွားတယ်လို့ ထင်နေမှ နေသာထိုင်သာ ရှိရှာတယ်။ သူများကျ မကျတော့ မသေချာဘူး ကိုယ်အရင်ပူလောင်ရတယ်ဆိုတာ မသိရှာဘူး။ ဒါလည်း သူ့ရဲ့စိတ်အင်အားတွေကို ဖြုန်းနေတာပဲ။ ကောင်းတဲ့ဘက်မှာ အသုံးမချနိုင်ပဲ တစ်ဖက်သားကို လိုက်ပြောဖို့ပဲ အချိန်ပေးနေရရှာတယ်။ ကောင်းတဲ့ဘက်မှာ အသုံးချတတ်ရင် အကျိုးတော်တော်ရှိမှာပဲ။

ကိုယ်ကလည်း တစ်ဖက်သားကို အပြုသဘောနဲ့မဟုတ်ပဲ အပျက်သဘောနဲ့ မပြောမိ၊ မဆိုမိအောင် စောင့်ထိန်းပါ။ ပြောချင်ဆိုချင် တုန့်ပြန်ချင်တဲ့ စိတ်ကို ထိန်းချုပ်ပါ။ အသိဥာဏ်မဦးစီးပဲ စိတ်အတိုင်းသာ လွှတ်ထားရင် အကုသိုလ်တွေ ဝင်ချင်တိုင်းဝင်နဲ့ ကိုယ့်ဘဝလမ်းလည်း အဆင်ပြေမှာ မဟုတ်ဘူး။ ဘဝလမ်းကို အဆင်ပြေပြေနေချင်ရင် စောင့်စည်းနိုင်မှ ဖြစ်မယ်။ မစောင့်စည်းခဲ့လို့ပဲ အဆင်မပြေခဲ့တာတွေ များပြီ။ မထိန်းချုပ်လို့ပဲ ပြဿနာဖြစ်တာတွေ များပြီ။ တုန့်ပြန်ချင်တဲ့ စိတ်ကြောင့်ပဲ ရန်ငြိုးရန်စတွေ များခဲ့ပြီ။ တဒင်္ဂ တုန့်ပြန်ချင်တဲ့စိတ်ကို မထိန်းချုပ်တတ်လို့ စိတ်ရှုတ်ရတာလည်း များပြီ။ စိတ်မညစ်သင့်ပဲ ညစ်ရတာများပြီ။ စိတ်ချမ်းသာရမယ့် စိတ်ချမ်းသာမှုတွေ ဆုံးရှုံးတာများပြီ။

နောက်ထပ် အဆင်ပြေပြေ နေသွားချင်တယ်ဆိုရင် ထိန်းချုပ်တတ်မှ ဖြစ်တော့မယ်။
ကိုယ့်ရဲ့စိတ်ဓါတ်အင်အားတွေကို မဖြုန်းတီးပဲ အကျိုးရှိစေချင်ရင်..
ကိုယ့်ကိုကိုယ် ယုံကြည်မှု လေးစားမှုတိုးပြီး တန်ဖိုးရှိစေချင်ရင်..
ကိုယ့်စိတ်ထားတွေ မြင့်လာစေချင်ရင်..
တုန့်ပြန်ချင်တဲ့စိတ်တွေကို ထိန်းမှဖြစ်တော့မယ်။

Credit;နှလုံးသားအာဟာရ

(just sharing my opinion)

ဂရုစိုက်မခံရလို့ ဝမ်းနည်းနေပါသလား....
ဒါဆိုရင်မှားနေပြီလို့မြင်မိပါတယ်....
ဘာကြောင့်လဲဆိုတော့
ကျန်းမာရေးမကောင်းတာတို့ သက်ကြီးရွယ်အိုဖြစ်နေတာတို့ကလွဲလို့
ကိုယ်က ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူပါ....
အရာရာကိုစွမ်းဆောင်နိုင်ဖို့ ကိုယ့်မှာအင်အားတွေရှိပါတယ်....
ကိုယ်တဒင်္ဂစိတ်ပျော်ရွှင်မှုရဖို့အတွက် တစ်ပါးသူထံမှ ဂရုစိုက်မှုကိုမျှော်လင့်မနေပါနဲ့....
မပေးချင်တဲ့သူထံကမျှော်လင့်ရတာလောက်....
မလုပ်ချင်တဲ့သူကိုအကူညီတောင်းရတာလောက်...
ပြောရဆိုရတာခက်တာမရှိပါဘူး....
စိတ်အပင်ပန်းမခံပါနဲ့....
အခန့်မသင့်ရင်ကိုယ်ပါမုန်းခံရတတ်ပါတယ်.....
ဒါကြောင့် ဘာလို့တစ်ပါးသူဂရုစိုက်တာကိုမျှော်လင့်နေမှာလဲ....
လုပ်ချင်တဲ့သူကတော့ ဘယ်လိုနေနေရအောင်လုပ်မှာပါပဲ....
ဂရုစိုက်ချင်တဲ့သူကလည်းဘယ်လိုနေနေ ဂရုစိုက်မှာပါပဲ....
ကိုယ်ကတောင်ပြောနေစရာမေးနေစရာမလိုပါဘူး...
ကိုယ်တဒင်္ဂပျော်ရွှင်မှုရဖို့အတွက် တစ်ပါးသူထံမှမျှော်လင့်မနေပါနဲ့....
ဘယ်အရာမှမမြဲပါဘူး...
ရလာတဲ့ပျော်ရွှင်မှုကလည်း မိနစ်ပိုင်းခံစားပြီးရင် ပျောက်ကွယ်သွားမှာပါပဲ...
ဂရုစိုက်ဖို့ပြောရင်းဆိုရင်း အခန့်မသင့်ရင်စကားများ အထင်တွေလွဲပြီး ရင်ထဲမှာဒဏ်ရာကျန်ခဲ့မှ တော်တော်နဲ့မေ့မရဖြစ်နေရင်ပိုဆိုးနေပါမယ်....
သေသွားရင်အရာအားလုံးထားခဲ့ရမှာမို့ တတ်နိုင်သလောက်လိုချင်တပ်မက်မှုတွေကိုလျှော့ကြည့်ပါ.....
ဘဝမှာမလိုအပ်တဲ့ အရေးမကြီးတဲ့တပ်မက်မှုတွေကိုဆိုလိုတာပါ....
ချစ်သူရည်းစားဂရုစိုက်မှုအတွက်ကျတော့
လူဆိုတာအများအားဖြင့် ကိုယ်ချစ်ရင်ဂရုစိုက်ကြမှာပါပဲ....
တစ်ခုရှိတာက အနည်းအများတော့ကွာမှာပေါ့....
များများရှိတဲ့သူက နည်းနည်းရှိတဲ့သူကိုကြည့်ရင်နည်းနည်းလေးလို့ထင်မှာသေချာပါတယ်....
ဥပမာ ချမ်းသာတဲ့သူက ဆင်းရဲတဲ့သူကိုကြည့်ရင် သူ့ထက်ဆင်းရဲလို့ထင်မှာပဲ....
အဲ့ဒီဆင်းရဲတဲ့သူကလည်း သူ့ထက်မွဲတဲ့သူကိုကြည့်ရင် ဆင်းရဲတယ်လို့ထပ်ထင်ဦးမှာပါပဲ....
ဘဝဆိုတာကိုယ်စိတ်ကြိုက်ဖန်တီးလို့ရပါတယ်....
ညှိယူလို့ရပါတယ်....
ကြိုးစားလို့ရပါတယ်....
ဒါကြောင့် အကောင်းမြင်စိတ်လေးတွေနဲ့ အများအပေါ်မှာကောင်းကောင်းဆက်ဆံပြီး ဘဝမှာပျော်ရွှင်မှုတွေရပါစေ.....

#siri (just sharing my opinion)

Do you feeling sadness about that happened by careless from others?
I feel like you're wrong then!
Cuz except patients and old people, you can stand on your own kneel!
You've energy to achieve anything in ya life!
Don't hope caring from other to get happiness for a moment!
There's nothing hard as you asking help from people who won't give you!
Don't feeling about tension!
If be not suitable, you could suffering dislike from them!
So why will you hope from others?
If they have actual desire, they will do it for sure!
If they really wanna care, they will care!
We even don't need to ask about it!
Please don't hope anything from other to get happiness for a moment!
Nothing is forever!
Happiness that you've got will be lost after a few minutes!
It could be get worse if be not suitable that they've got embitter in their mind by asking them to care when they're misunderstanding!
As we've to leave everything after we died, try to reduce your wanted!
I just mean the things not that important in your life!
For relationships!
For those people who really love, they will care each other for sure!
But there's one thing that less or much!
If the person who has much look at to the person who has less, he will thinks he is less for sure!
As an example, rich people will think that poor people who poor than them are poor!
Then those poor people will think again that poor people are poor than them!
You can create your life as you want!
You can adjust!
You can try hard!
I hope may you be thinking positive and have good relationships on others!

#siri (just sharing my opinion)

Credit

Sunday, July 28, 2019

ကိုယ်ပိုင်နံပါတ် ၅၂ဝ၇

ကိုယ်ပိုင်နံပါတ် ၅၂ဝ၇
-----
ဒီဇာတ်လမ်းမှာ ဇာတ်ကောင်ရဲ့နာမည်ကို ပေးစရာမလိုဘူး၊ လိုလည်း မလိုအပ်ဘူးလို့ ကျုပ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီထဲမှာရှိနေတဲ့ လူတွေကို ကျုပ်တို့က နာမည်အစား ကိုယ်ပိုင်နံပါတ်နဲ့ခေါ်လို့ပါပဲ။

“ငိုက်မနေနဲ့ကွာ အကြောင်းကြားတဲ့လူတွေ လာနေပြီ”

ဘေးက လုပ်ဖော်ကိုင်ဖက်က ကျုပ်ပခုံးကို ခပ်ကြမ်းကြမ်းလေး ပုတ်လိုက်မှ မှေးနေတဲ့ ကျုပ်မျက်လုံးကို ဖွင့်လိုက်မိတယ်။ တစ်နေ့လုံး ဒီထဲမှာပဲ တာဝန်ကျနေတဲ့အတွက် လူကလည်း နှုံးချိပင်ပန်းနေပြီ။ ကျုပ် ပျင်းကြောတစ်ချက်ဆန့်ပြီး တံခါးဘက်ဆီကို လျှောက်သွားလိုက်တယ်။

ဒီနေ့ ထောင်သားအသစ်တစ်ဦး ထပ်ရောက်လာပါတယ်။ နာမည်စာရင်းထဲက တရားခံရဲ့ကိုယ်ရေးမှတ်တမ်း အကျဉ်းကို တစ်ချက် လှန်ကြည့်လိုက်တော့ ကျုပ် မင်သက်သွားမိတယ်။ ကိုယ်ပိုင်နံပါတ်အောက်မှာ ထင်ရှားပြတ်သားအောင် ရေးထားတဲ့ စာလုံးက နှစ်လုံးထဲ “သေဒဏ်”တဲ့။ ကျုပ်ပိုအံသြသွားတာက တရားခံဟာ အသက်(၁၇)နှစ်ပဲ ရှိသေးလို့ပဲ။ အင်မတန်မှ ဖြစ်ခဲတဲ့ကိစ္စတစ်ရပ်ပါ။ ကျုပ်တာဝန်ထမ်းဆောင်လာတဲ့ သက်တမ်းတလျောက် တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဖူးဘူး။ ရဲသားနှစ်ယောက်ကြားက အချုပ်ခံပြီး ၀င်လာတဲ့ ငယ်ရွယ်နုနုယ်တဲ့မျက်နှာနဲ့ သူ့ကို ကျုပ်မြင်လိုက်ပါတယ်။

“ဒါ ... ၅၂ဝ၇ လားဟေ့”

“ဟုတ်ပါတယ်။ ဆရာတို့လက်ထဲ ကျွန်တော်တို့ အပ်ပါတယ်”

လွတ်နေတဲ့အခန်းထဲ တရားခံကိုထားဖို့ ကျုပ်ဦးဆောင်လိုက်တယ်။ တိတ်ဆိတ်အိပ်မောကျနေတဲ့ နံနက်ခင်းမှာ ကြမ်းပြင်ပေါ်ကို ရှပ်တိုက်သွားတဲ့ တရားခံရဲ့ ခြေထိပ်သံက နားထဲကို စူးပြီးတိုးဝင်လာတယ်။ ကျုပ် မယုံနိုင်အောင်ဘဲ မှတ်တမ်းစာအုပ်ကို ပြန်ကြည့်လိုက်မိတယ်။ အသက်(၁၇)နှစ်သာရှိပြီး ကြီးလေးတဲ့ အပြစ်ဒဏ်ကိုခံရတဲ့သူရဲ့နောက်ကြောင်း ရာဇဝင်ကို ကျုပ်စိတ်ဝင်စားသွားမိတယ်။

“နံပါတ်... ၅၂ဝ၇ မှတ်တမ်းမှာ ခင်ဗျားရဲ့ အသက်က (၁၇)နှစ်ပဲ ရှိသေးတယ်ဆိုတာ တကယ်လား”

“သေဒဏ်ဆိုမှတော့ အသက်က အတုဖြစ်ရဦးမလားဗျာ”

သူ ကျုပ်ကို ဘုကြည့်ကြည့်ပြီး ဖြေလိုက်တယ်။ သူ့ရဲ့မျက်လုံးက ကျုပ်ကို တုံးအတဲ့မေးခွန်းကို မေးနေသလားလို့ လှောင်ပြောင်နေသလိုပဲ။

“ကျုပ်က ဒီထောင်ရဲ့ လက်ထောက်ထောင်မှူးပါ။ ဒီနေရာကို ရောက်လာကြတဲ့ တရားခံတွေရဲ့ နောက်ကြောင်းရာဇဝင် ရင်ဖွင့်တာကို ကျုပ်အမြဲနားထောင်တယ်။ ခင်ဗျားရော ခင်ဗျားရဲ့ နောက်ကြောင်းတွေ ကျုပ်ကို ပြောမပြချင်ဘူးလား”

သတိလေးနဲ့ သူ့ကို ကျုပ်မေးလိုက်တယ်။ အရမ်း စိတ်ထိခိုက်ဝမ်းနည်းတဲ့ ဇာတ်လမ်းတွေလည်း ဒီနေရာမှာပဲ ကျုပ် နားထောင်ခဲ့ဖူးတယ်လေ။

“ဟင်း..........”

ပြင်းသက်တစ်ချက်ကို သူလေးတွဲ့စွာချရင်း စကားဆက်ပါတယ်။

“ကောင်းပြီလေ.. ဘယ်လိုပဲပြောပြော သေဒဏ်က သေဒဏ်ပါပဲ။ မသေခင် ကျွန်တော့် ပုံပြင်လေးကို ချန်ထားခဲ့ရလည်း မဆိုးပါဘူး”

ကျုပ်စားပွဲရှေ့က ထိုင်ခုံမှာ သူ့ကို ထိုင်ခိုင်းလိုက်တယ်။ လင်းထိန်နေတဲ့ အခန်းရဲ့ မီးရောင်အောက်မှာ သူ့မျက်နှာကို ထင်ထင်ရှားရှား ကျုပ်တွေ့လိုက်ရတယ်။ ရှင်းသန့်ပြီး ရည်မွန်နေတဲ့ သူရုပ်ရည်ဟာ ဒီလိုနေရာနဲ့ နည်းနည်းမှ မဟပ်စပ်ဘူး။ ဒီလိုနေရာဟာ ရုပ်ရည်ကြမ်းတမ်းပြီး လူဆိုးရုပ် ပေါက်နေတဲ့လူတွေသာ အလာများတဲ့နေရာပါ။ သူ့လို လိမ္မာရေးခြားရှိမယ့် လူတစ်ယောက်ဟာ ဒီလိုနေရာကို ရောက်လာတဲ့အတွက် သူ့နောက်ကြောင်း ရာဇဝင်က ကျုပ်ရဲ့သိလိုစိတ်ကို ပိုပြင်းပြစေခဲ့တယ်။ ကျုပ်ရှေ့မှာ သူဟာ တရိုတသေထိုင်ရင်း သူ့ဇာတ်လမ်းလေးကို ပြောပြပါတော့တယ်။

*******

“ကျွန်တော်ကို ပညာတတ် အဆင့်အတန်းရှိတဲ့ မိသားစုက မွေးဖွားလာခဲ့တာပါ။ ကျွန်တော့်မှာ ညီတစ်ယောက်ရှိပါတယ်။ အဲဒီလို မိသားစုက ပေါက်ဖွားလာလို့ပဲလား မသိဘူး။ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက စည်းစနစ်ကြားမှာ ကြီးပြင်းလာခဲ့တယ်။ မိဘတွေက ကျွန်တော်တို့ကို လူတော်လူကောင်းတွေဖြစ်အောင် သွန်သင်ဆုံးမခဲ့တယ်။ ပညာတတ်ကြီး ဖြစ်အောင် အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ဆိုဆုံးမမှုက ကျွန်တော့်အပေါ်မှာပဲ အကျုံးဝင်ခဲ့တယ်။ ကျွန်တော့်ညီလေးအတွက် နည်းနည်းမှ အသုံးမဝင်ခဲ့ဘူး။ ညီလေးဟာ တခြားလူနဲ့ ရန်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင်လည်း ပြဿနာအမျိုးမျိုး ဖြစ်အောင်လုပ်ခဲ့တယ်။ မိဘတွေက သူ့အတွက် ဦးနှောက် တော်တော်ခြောက်ခဲ့ရတယ်။ ကျွန်တော်ကတော့ ညီလေးနဲ့ ဆန့်ကျင်ဘက်ပါ။ ကျွန်တော်ကြီးပြင်းလာတဲ့ တစ်လျှောက်မှာ မိဘစကားကို မြေဝယ်မကျ နားထောင်ခဲ့တယ်။ အတန်းထဲမှာလည်း အမြဲတမ်း အဆင့်တစ် နေရာမှာ မြဲခဲ့တယ်။ ပြိုင်ပွဲတိုင်းမှာလည်း ဆုတံဆိပ်တွေ အမြဲ ဆွတ်ခူးနိုင်ခဲ့တယ်။

ဒါကြောင့်လည်း ဖေဖေ မေမေတို့ရဲ့အချစ်နဲ့ အလိုလိုက်မှုကို ညီလေးထက် ပိုရခဲ့တယ်။ ညီလေးကတော့ သူ့ရဲ့ဆိုးသွမ်းမှုတွေကြောင့် မိဘတွေရဲ့ဥပက္ခာပြုတာကို ခံခဲ့ရတယ်။ သူတို့ရဲ့အချစ်ဟာ ညီလေးအပေါ်မှာ အေးစက်ခဲ့တယ်။ ကျွန်တော်နဲ့ ညီလေးကြားမှာလည်း ဆက်ဆံရေးဆိုတာ မရှိသလောက်ဘဲ။ ဆက်ဆံရေးက သုညလို့ ဆိုနိုင်တယ်။ ကျွန်တော် အနားယူအိပ်စက်တဲ့အချိန်ဟာ ညီလေးအတွက် ပျော်ပါးဆိုးသွမ်းဖို့စတင်တဲ့ အချိန်ဖြစ်တယ်။ ဒါကြောင့် သူနဲ့ မျက်နှာချင်းဆိုင်တဲ့အချိန်တွေ မရှိသလောက်ဘဲ။ မျက်နှာချင်းဆိုင် မိရင်လည်း တစ်နေ့ကို စကား(၁ဝ)ခွန်း ပြည့်အောင် မပြောဖြစ်ကြဘူး။ ကျွန်တော်တို့ဟာ သွေးသားတူစပ်တဲ့ ညီအစ်ကို အရင်းခေါက်ခေါက်တွေပါ။ ဒါပေမဲ့ သူနဲ့ကျွန်တော်ရဲ့ ဆက်ဆံရေးက သူစိမ်းတွေထက်တောင် ပိုသူစိမ်းဆန်ခဲ့ကြတယ်။

ကျွန်တော် ကျောင်းတက်လာတဲ့ ကာလတလျှောက် စာတွေနဲ့ပတ်သက်ပြီး ကျွန်တော့်အတွက် ဘာအခက်အခဲမှ မရှိခဲ့ဖူးဘူး။ ဒီလိုနဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဖို့ အချိန်တွေ တဖြည်းဖြည်း နီးကပ်လာခဲ့တယ်။ အကောင်းဆုံး နာမည်ကြီး တက္ကသိုလ်ကိုတက်ဖို့ ကျွန်တော် မျှော်လင့်ခဲ့တယ်။ ကျွန်တော့်အရည်အချင်းနဲ့ ကျွန်တော် လုပ်နိုင်မယ်လို့လည်း ယုံကြည်ခဲ့တယ်။ သန်းခေါင်ယံညနက်အထိ ကျွန်တော် ကြိုတင်ပြင်ဆင်ခဲ့တယ်။ ကြိုးစားခဲ့တယ်။

ဒီလိုနဲ့ စာမေးပွဲစဖြေမဲ့နေ့မတိုင်ခင် ညမှာ အိပ်ရာ စောစောဝင်ဖို့ ကျွန်တော် စိတ်ကူးလိုက်တယ်။ အခန်းမီးကိုပိတ်ပြီး ကျွန်တော်အိပ်မလို ပြင်ဆင်နေတဲ့အချိန်မှာ တံခါးခေါက်သံ တိုးတိုးလေးကို ကျွန်တော် ကြားလိုက်မိတယ်။ စာမေးပွဲ ဖြေနိုင်ဖို့အတွက် ဖေဖေနဲ့မေမေ ကျွန်တော့်ကို လာအားပေးတယ်လို့ စိတ်ထဲထင်လိုက်မိတယ်။ တံခါးဖွင့်လိုက်တော့ တံခါးဝမှာရပ်နေတဲ့ညီလေးကို မမျှော်လင့်ဘဲတွေ့လိုက်တဲ့အတွက် ကျွန်တော် ထိတ်လန့်သွားမိတယ်။

“ဟာ.. ညီ မအိပ်သေးဘူးလား မေမေထင်နေတာ”

ကျွန်တော် တအံ့တသြနဲ့ မေးတော့ “ဒါ မင်းအတွက်” ဆိုပြီး ကျွန်တော်ကို နွားနို့တစ်ခွက် ကမ်းပေးတယ်။ အရင်က သူစိမ်းလို့ ဆက်ဆံခဲ့တဲ့ ညီလေးရဲ့အပြုအမူကြောင့် ကျွန်တော် မအံသြဘဲ မနေနိုင်ဘူး။

“နို့ပူပူလေးသောက်ပြီး စောစောအိပ်လိုက်.. ငါလည်း အိပ်တော့မယ်”

လှည့်ထွက်သွားတဲ့ ညီလေးရဲ့ကျောပြင်ကို ကြည့်ပြီး ကျွန်တော် မယုံကြည်နိုင်အောင် အံ့သြဝမ်းသာမိတယ်။ နို့ပူပူလေးကို တစ်ချက်ထဲကုန်အောင် ကျွန်တော် သောက်လိုက်မိတယ်။ အိပ်ရာပေါ်လဲရင်း ကျွန်တော်တို့ကြားမှာ အခေါ်အပြော နည်းခဲ့တဲ့ ညီလေးရဲ့အပြုအမူနဲ့ ဂရုစိုက်တတ်မှုကို တွေးမိပြီး ကျွန်တော် အရမ်းကြည်နူးမိတယ်။ ဘာပဲဖြစ်ဖြစ် အရေးကြုံရင် သွေးက စကားပြောတယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။

နောက်တစ်နေ့မှာ သူတို့ရဲ့ အားပေးမှုတွေနဲ့ စာမေးပွဲခန်းထဲကို ကျွန်တော် ရဲရဲဝံ့ဝံ့ဝင်ခဲ့တယ်။ ပထမ တစ်ဘာသာကို ကျွန်တော်ကောင်းကောင်း ဖြေနိုင်ခဲ့တယ်။ ဒုတိယ ဖြေရမှာက ကျွန်တော်အကြိုက်ဆုံး သင်္ချာပါ။ စဖြေဖို့ ခေါင်းလောင်သံကြားတာနဲ့ ကျွန်တော်ဟာ တစ်ပုဒ်ပြီးတစ်ပုဒ် ဖြေဆိုနိုင်ခဲ့တယ်။ ဖြေနေတုန်း အချိန်တစ်ဝက်ရောက်တော့ ဗိုက်က နာလာခဲ့တယ်။ စိတ်လှုပ်ရှားလို့ နာတာဖြစ်မယ်လို့ ကျွန်တော်ထင်လိုက်တယ်။ ဒါပေမဲ့ ဗိုက်က မခံမရပ်နိုင်အောင် နာလာတယ်။ မခံနိုင်တဲ့အဆုံး ဆရာ့ဆီ ခွင့်တောင်းပြီး အိမ်သာဘက်ကို ကျွန်တော် ထွက်လာခဲ့တယ်။ နာကျင်တဲ့ ဝေဒနာနဲ့ အိမ်သာမှာ ကျွန်တော် ဘယ်လောက်ကြာသွားလဲ မသိဘူး။ ဖြေတဲ့အခန်းကို ပြန်ရောက်တော့ တစ်ဝက်သာ ဖြေရသေးတဲ့ ကျွန်တော့်အဖြေလွာကို ဆရာကသိမ်းသွားလိုက်ပြီ။ ဘာလို့ ဒီလိုအချိန်မှာမှ ဗိုက်ကနာရသလဲလို့ ကျွန်တော်ကိုယ်ကျွန်တော် အပြစ်တင်မိတယ်။

အောင်မှတ်သာသာပဲ ဖြေဆိုခဲ့ရတဲ့အတွက် ကျွန်တော် ဝမ်းနည်းမိတယ်။ စိတ်အနှောင့်အယှက် ဖြစ်မိတယ်။ အဲဒီစိတ်နဲ့ပဲ နောက်ဘာသာတွေလည်း အောင်မှတ်လောက်ပဲ ကျွန်တော် ဖြေနိုင်ခဲ့တယ်။ အောင်စာရင်းထွက်တော့ နာမည်မကြီးတဲ့ တက္ကသိုလ် တစ်ခုမှာ ရိုးရိုးမေဂျာပဲ ကျွန်တော်ရခဲ့တယ်။ ကျွန်တော့်မျှော်လင့်ချက်တွေ ကမ်းကုန် ပျောက်ဆုံးသွားခဲ့တယ်။ မိဘတွေက ကျွန်တော့်ကို အပြစ်မတင်ပေမယ့် သူတို့လည်း စိတ်မကောင်းဖြစ်ခဲ့တယ်။ ကျွန်တော့်ကို သူတို့ အရမ်း မျှော်လင့်ခဲ့တယ်လေ...

အဖြစ်အပျက်တစ်ခုက မယုံကြည်နိုင်လောက်အောင် ပြောင်းလဲခဲ့တယ်။ ကျွန်တော်ထက် တစ်နှစ်ငယ်တဲ့ ကျွန်တော့်ညီက အကောင်းဆုံး၊ နာမည်အကြီးဆုံးဆိုတဲ့ တက္ကသိုလ်ရဲ့ကျောင်းသားတစ်ဦးဖြစ်ခဲ့တယ်။ သူ့ အရည်အချင်းနဲ့ ဒါဟာ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာက ညီလေးဟာ စာမကြိုးစားခဲ့ဘူး။ ဒါပေမဲ့ ကျောင်းသားတွေကို အနိုင်ကျင့်ဗိုလ်ကျတဲ့ နေရာမှာ သရဖူဆောင်းခဲ့တယ်။ ဒီစာမေးပွဲဖြေတဲ့ အချိန်မှာလည်း ခိုးချရာမှာ ကူညီပေးဖို့ ကျောင်းသားတွေကို ခြိမ်းခြောက်ခဲ့ပုံရတယ်။

ဒီအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲက ကျွန်တော့်မိဘရဲ့ အမြင်ကို ပြောင်းလဲစေခဲ့တယ်။ သူတို့ရဲ့မျှော်လင့်ချက်နဲ့ ဂရုစိုက်မှုတွေက ကျွန်တော်အပေါ် ပြောင်းလဲလာခဲ့တယ်။ ဒါပေမဲ့ သူတို့အပေါ် ကျွန်တော် အပြစ်မမြင်ရက်ခဲ့ပါဘူး။ အရင်တုန်းက မိဘတွေရဲ့ လျစ်လျူရှုခံခဲ့ရတဲ့ ညီလေးနေရာမှာ ကျွန်တော် အစားဝင်ခံစားကြည့်ပြီး ကိုယ်ချင်းစာမိတယ်။ အကောင်းဆုံးနေရာကို မရောက်ခဲ့လည်း ရောက်တဲ့နေရာကနေ အကောင်းဆုံး ဖြစ်အောင် ကျွန်တော် ကြိုးစားလို့ ရပါသေးတယ်။ အားလုံးကို ကျွန်တော် နားလည်ခဲ့ပါတယ်။

အချိန်တွေ တစ်ရွေ့ရွေ့ ကုန်ခဲ့တယ်။ တစ်နေ့မှာ ကျွန်တော်ကျောင်းက စောစောပြန်လာခဲ့တယ်။ ညီလေးလည်း အိမ်မှာရှိနေတယ်။

“ညီ နေမကောင်းဘူးလား။ ဒီအချိန်က ကျောင်းတက်တဲ့အချိန်ပဲ ကျောင်းမသွားဘူးလား” ကျွန်တော် စိုးရိမ်စိတ်နဲ့ မေးလိုက်မိတယ်။

“ငါ့ဘာသာ တက်ချင်တက်မယ်။ မတက်ချင် မတက်ဘူး။ ဒါ ငါ့လွတ်လပ်ခွင့်ပဲ မင်းမေးစရာမလိုဘူး”

“ဘာလို့ ဒီလို ပြောရတာလဲ ညီ... မင်းအခု တက်နေတဲ့ကျောင်းက နာမည်ကြီးကျောင်း၊ အရည်အချင်းရှိတဲ့ လူတွေမှ တက်လို့ရတာ။ အဲဒီကျောင်းကို တက်ရတယ်ဆိုတာ နည်းတဲ့အခွင့်အရေး မဟုတ်ဘူး။ ဒီအခွင့်အရေးကို မင်း တန်ဖိုးထားသင့်တယ်”

“အော်... မင်းရည်မှန်းခဲ့ဖူးတဲ့ အဲဒီကျောင်းက နာမည်ကြီးတဲ့လား.. ကောင်းသတင်းတော့ မဖြစ်နိုင်ဘူး။ ဆိုးသတင်းပဲ ဖြစ်ရမယ်။ မင်းလူပြိန်းပဲ... အဲဒီကျောင်းက ကျောင်းသားတွေ ရန်ဖြစ်တာ၊ ဖဲချတာ၊ အရက်သောက်တာ မင်းမှ မမြင်ဖူးတာ.. ငါ့အတွက်တော့ အဲဒီကျောင်းက ခွေးချီးပဲ”

“စကားကို ကြည့်ပြော ညီ... ကိုယ်တက်တဲ့ ကျောင်းကို မင်းဘာလို့ အဲလို အပုပ်ချရသလဲ”

“သွားစမ်းပါ... အရည်အချင်းရှိရင် မင်းလာတက်လေ... စာမေးပွဲ ဖြေနေတုန်း မင်း ဗိုက်နာခဲ့တာ ကံကောင်းတယ်မှတ်ပါ”

“ဒါ ကံတရားပဲလေ... စိတ်လှုပ်ရှားတိုင်း ငါက ဗိုက်နာတတ်တာကိုး.. မတတ်နိုင်ဘူး”

“အဲဒီ ဗိုက်နာတုန်းက မင်းစိတ်လှုပ်ရှားလို့ နာတယ် ထင်နေတာလား... စာမေးပွဲ မဖြေခင်ညက နွားနို့တစ်ခွက်ကို မင်းမှတ်မိသေးလား...။ နွားနို့ထဲ ငါဝမ်းနှုတ်ဆေး ထည့်လိုက်တာ ဟား....ဟား... မင်း တော်တော် အတဲ့ကောင် ဟား... ဟား... ဟား...”

“ဘာ... ဘာပြောတယ် ညီ... မင်းဘာလို့ အဲလို ယုတ်မာရသလဲ”

ညီလေးရဲ့စကားအဆုံးမှာ ကျွန်တော်ဟာ ကိုယ့်နားကိုမယုံနိုင်အောင် ဖြစ်မိတယ်။ ဒေါသကြောင့် သွေးတွေ နားထင်းဆီ ထောင်းခနဲ ရောက်လာတယ်။

“ ဘာဖြစ်လို့လဲ သိလား... ငယ်ရာကနေ ကြီးလာတဲ့အထိ အမေတို့က မင်းကိုပဲ ပိုချစ်ခဲ့တယ်။ ပိုဂရုစိုက်ခဲ့ကြတယ်။ ငါ့ကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် မထင်ကြဘူး။ ငါဘယ်လို ခံစားခဲ့ရမလဲ ကိုယ်ချင်းစာကြည့်စမ်းပါ။ အဲဒီ အငြိုးတွေနဲ့ မင်းကို ဗိုက်ပဲနာစေခဲ့တာ ကံကောင်းတယ် မှတ်ပါ။ ခုတော့ မင်းဟာ ငါ့ရဲ့ခြေဖဝါးအောက်ကပါပဲ.. ဟား..ဟား”

အဲဒီ စကားတွေ ကြားတော့ ကျွန်တော့်စိတ်ကို လုံးဝမထိန်းနိုင်တော့ဘူး။ ကျွန်တော့်အိပ်မက်၊ ကျွန်တော့်ဘဝတစ်ခုလုံးကို ဗြောင်းဆန်အောင်လုပ်ပစ်တဲ့ ညီလေးကို ကျွန်တော် မကြည့်ချင်တော့ဘူး။ ကျွန်တော် ဘာကိုမှ စဉ်းစားမနေတော့ဘူး။ နံရံဘေးမှာ ထောင်ထားတဲ့ ဘေ့စ်ဘောတုတ်ကို ယူပြီး မည်းမည်းမြင်သမျှ ကျွန်တော် ရိုက်ချလိုက်တယ်။ ကျွန်တော်ရှေ့က ညီလေးအပါအ င် အရာအားလုံး ပျောက်ကွယ်သွားအောင် မျက်စိစုံမှိတ်ပြီး အားနဲ့ ကျွန်တော်လွှဲရမ်းလိုက်တယ်။

“ဒုတ်...”

တစ်ခုခုကို ရိုက်မိသွားတဲ့ အထိအတွေ့နဲ့အတူ အရိုးအက်သွားတဲ့ အသံတိုးတိုးလေးကို ကျွန်တော် ကြားလိုက်မိတယ်။ အဲဒီအရာကိုပဲ ကျွန်တော် ဆင့်ကာဆင့်ကာ ရိုက်ချလိုက်မိတယ်။

“ရပ်လိုက်.. အဲဒါ ဖေဖေ.. ဖေဖေကို ရိုက်မိပြီ.. တော်တော့”

တုတ်ကိုဝင်ဆွဲပြီး အော်လိုက်တဲ့ ညီလေးရဲ့အသံကြားမှ ကျွန်တော် သတိဝင်လာတယ်။ အိမ်ထဲကို လှမ်းဝင်လာတဲ့ ဖေဖေ့ဦးခေါင်းကို ကျွန်တော်ရိုက်လိုက်မိတယ်။ ဆေးရုံကို ချက်ချင်းပို့ခဲ့ပေမယ့် ဦးခေါင်းခွံ ကွဲအက်သွားတဲ့အတွက် ဖေဖေအသက်ကို မကယ်နိုင်ခဲ့ဘူး။ ဖေဖေ မဆုံးခင်မှာ ကျွန်တော်နဲ့ ညီလေးရဲ့လက်ကိုကိုင်ပြီး...

“ဖေဖေ ဘယ်သူ့ကိုမှ အပြစ်မယူပါဘူး သားရယ်.. ဒါတွေ အားလုံးဟာ ဖေဖေတို့ ဖန်တီးခဲ့လို့ ခုလိုဖြစ်ရတာ။ တော်တဲ့လူကိုချီးကျူးပြီး မတော်တဲ့လူကို လျစ်လျူရှုမိတဲ့ ဖေဖေတို့ရဲ့ အမှားပါ။ ပညာဆိုတဲ့အရာနဲ့ သားတို့ရဲ့စာရိတ္တကို တိုင်းတာခဲ့ကြတယ်။ သားတို့ရှိထားတဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ပုံစံပြောင်းခဲ့မိကြတယ်။ ဖေဖေ မရှိတော့ရင် ချစ်ချစ်ခင်ခင် နေကြပါနော်။ မေမေကိုလည်း ဂရုစိုက်ကြပါ”

ဒေါသပို မထိန်းချုပ်နိုင်ခဲ့တဲ့ ကျွန်တော်လည်း နောက်ဆုံးတော့ အဖေ့သတ်မှုနဲ့ လူငယ်ထိန်းသိမ်းရေးစခန်းကို ရောက်ခဲ့တယ်။ နောက်ဆုံးချမှတ်လိုက်တဲ့ သေဒဏ်ဆိုတဲ့ အမိန့်နဲ့ ကျွန်တော် ဒီကို ရောက်လာခဲ့တာပဲ”

***

"ကျွန်တော်ရဲ့ပုံပြင်ကတော့ ဒါပါပဲ”

သူ့စကားအဆုံးမှာ ကျုပ်ရင်မှာ အမည်မသိ ဝေဒနာတစ်ခုကို ခံစားမိတယ်။ သူ့ညီရဲ့လုပ်ရပ်တွေကိုလည်း မယုံကြည်နိုင်အောင် အံ့သြမိတယ်။

“မင်းပုံပြင်ကို နားထောင်ရတာ အရမ်းတန်းဖိုရှိတယ်။ မင်းညီကို မင်းမုန်းလား”

“အစကတော့ ကျွန်တော် မုန်းမိတယ်။ ဒါပေမဲ့ အခုတော့ ဘာမှ မခံစားမိတော့ဘူး။ ဖြစ်လာခဲ့ ပြီးပြီပဲ။ ဖြစ်လာသမျှကို ရဲရဲ ရင်ဆိုင်ရုံပါပဲ။ အပြစ်တင် မုန်းနေလို့လည်း အရာအားလုံးက ပြန်ကောင်းသွားမှာမှ မဟုတ်တာ”

ကျုပ် အားရင် အားသလို သူနဲ့ စကားတွေ ပြောဖြစ်ခဲ့တယ်။ စာနာသနားစိတ်နဲ့ သူ့အပေါ် ကျွန်တော် သံယောဇဉ်ဖြစ်မိတယ်။ သံယောဇဉ်ဆိုတဲ့ ကြိုးတစ်ချောင်းနဲ့ ကျုပ် ထောင်စည်းကမ်းတွေကို ဖောက်ဖျက်မိနေပြီလား မပြောတတ်ဘူး။

သန်ဘက်ခါဆိုရင် (၅၂ဝ၇)ကို စီရင်မဲ့နေ့ဖြစ်တယ်။ သူ့ကို ကြည့်ရတာ တည်ငြိမ်ပြီး ထိတ်လန့်တဲ့ပုံ မပြခဲ့ဘူး။ သေဒဏ်ချခံရတဲ့ တရားခံတွေက သေမိန့်နီးလာရင် စိတ်ချောက်ချားပြီး ငိုလိုက်ရယ်လိုက် အော်နေတတ်တယ်။ တကယ့်ဆိုး တကယ့်ပေတဲ့ လူဆိုးတွေတောင် သေမှာကြောက်ကြတယ်။

"မင်း မကြောက်ဘူးလား”

“ကြောက်ရင်လည်း သေရမယ်။ မကြောက်ရင်လည်း သေရမယ့် အတူတူ ကြောက်စိတ်ကို ချွေတာလိုက်တာ ပိုမကောင်းဘူးလား”

သူ့အသက်အရွယ်နဲ့ ဒီစကားကို တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။

“မင်း မသေခင် ဘာများ မှာခဲ့ချင်သလဲ.. ဥပမာ မင်းကို သပ်သပ်ရပ်ရပ် သင်္ဂြိုလ်ပေးရလား.. ဒါမှမဟုတ်... ”

“အင်း.. ကူညီနိုင်မယ်ဆိုရင် ကျွန်တော် တစ်ခုတောင်းဆိုချင်တယ်။ မသေခင်လေးမှာ ကျွန်တော် အရမ်းတက်ချင်ခဲ့တဲ့ ကျောင်းကထုတ်တဲ့ဝတ်စုံနဲ့ လွယ်အိတ်လေးကို ကျွန်တော် ဝတ်ခဲ့ဖူးချင်တယ်။ ကူညီနိုင်မလား”

“ဒါ မခက်ခဲပါဘူး။ ကျုပ်ကူညီမယ်”

အလုပ်ဆင်းတာနဲ့ ချက်ချင်းပဲ သူ့ညီလေးဆီက ကျောင်းဝတ်စုံနဲ့ လွယ်အိတ်ကိုတောင်းပြီး သူ့ကို ပေးလိုက်တယ်။

“ကျေးဇူးတင်ပါတယ်ဗျာ။ အခုဆိုရင် ကျွန်တော့်မှာ တမ်းတစရာ ဘာမှ ကျန်မနေခဲ့တော့ပါဘူး”

****

မနက် ၃နာရီ ၂၅ မိနစ်

ဝရန်တာက ခြေသံတချို့ကို ကျုပ်ကြားလိုက်မိတယ်။ (၅၂ဝ၇)ကို လာခေါ်တဲ့လူတွေ ဖြစ်မယ်။ ကျုပ်ဆီမှာ လူတောင်းဖို့ ရောက်လာကြပြီ။ ကျုပ် စိတ်မသက်မသာနဲ့ (၅၂ဝ၇)ရဲ့အခန်းရှေ့ကို ဦးဆောင် ခေါ်သွားလိုက်တယ်။

“၅၂ဝ၇ အမိန့်နာခံဖို့ ထွက်လာခဲ့ပါ”

တံခါးကို ဖွင့်ရင်း ကျုပ်အော်လိုက်တယ်။ အခန်းထဲမှာ ဘာတုံ့ပြန်သံမှ မကြားလိုက်ဘူး။ မှောင်နေတဲ့ အခန်းထောင့် တစ်နေရာမှာ ခေါင်းငိုက်စိုက်ပြီးထိုင်နေတဲ့ သူဟာ တုတ်တုတ်မှ မလှုပ်ဘူး။

“မင်းပြောတော့ သေမှာ မကြောက်ဘူးဆို...ရောက်လာမယ့်ရက်လည်း ရောက်လာခဲ့ပြီ။ ထွက်လာခဲ့ပါ ၅၂ဝ၇”

“ကြာတယ်ကွာ ဝင်ဖမ်းမယ်”

ရဲသားတစ်ဦးက စိတ်မရှည်စွာပြောပြီး အချုပ်ခန်းထဲ ဝင်ဆွဲဖို့ ဝင်လိုက်တယ်။ အခန်းထောင့်မှာ ထိုင်နေတဲ့ သူ့ကိုယ်ပေါ်ကို လက်နိုပ်ဓာတ်မီးရောင် ဖြာအကျမှာ...

“ဟာ.. မြန်မြန်.. မြန်မြန် ကယ်ပါ..”

ရဲသားရဲ့ အထိတ်တလန့် အော်သံကို ကျုပ်ကြားလိုက်တယ်။ အခန်းထဲကို ကျုပ်တဟုန်ထိုး ပြေးဝင်သွားမိတယ်။

“မရတော့ဘူး.. ဆုံးသွားပြီ”

ရဲသားတစ်ယောက်ရဲ့အသံအဆုံး ကျုပ် သူ့ကို စိတ်မကောင်းစွာ ကြည့်လိုက်မိတယ်။ ကျုပ်ယူပေးခဲ့တဲ့ ကျောင်းဝတ်စုံကို သူ့ကိုယ်ပေါ်မှာ ဝတ်ဆင်ထားတယ်။ အခန်းရဲ့လေဝင်ပေါက်က သံတိုင်တွေနဲ့ လွယ်အိတ်ကြိုးကို အသုံးပြုပြီး သူဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်တယ်။ သေဆုံးသွားတဲ့ သူ့မျက်နှာပေါ်ကအပြုံးဟာ အားရကျေနပ်ကြောင်း ကျုပ်ကို ပြောနေသလိုပါပဲ။

****

ကျုပ်တို့ တွေ့ကြပြန်ပြီနော် ၅၂ဝ၇.. ဒါဟာ ၃နှစ်မြောက် ခင်ဗျားကို ကျုပ်လာကြည့်တာပဲ။ ကြည့်စမ်း... မင်းရဲ့ဘေးမှာ မြက်ရိုင်းတွေ ပေါက်လာပြန်ပြီ။ မြက်ရိုင်းတွေကို ကျုပ်ရှင်းခဲ့ရဦးမယ်။ အခုတလော ကျုပ်လည်း အလုပ်များနေတယ်။ ဟိုတစ်ခေါက်က ကိစ္စ၊ ခင်ဗျားကို ကျုပ်ကျောင်းဝတ်စုံ ယူပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်လည်း တာဝန်က ရပ်နားခံလိုက်ရတယ်။ ကောင်းပါတယ်လေ.. ကျုပ်လည်း အဲအလုပ်မှာ ငြီးငွေ့နေပါပြီ။ အခု ကုမ္ပဏီတစ်ခုမှာ လုပ်ရတာ ကျုပ်နေပျော်ပါတယ်။ ဟိုတစ်လောက ခင်ဗျားအိမ်ကို ကျုပ်ရောက်ခဲ့သေးတယ်။ ခင်ဗျားညီလည်း လူပြောင်းသွားသလိုပဲ တော်တော် လိမ္မာလာတယ်။ ခင်ဗျားအမေရဲ့စီးပွားရေးမှာ ကူလုပ်နေတယ်။

ကောင်းပြီလေ.. နောက်နှစ်ကျရင် ကျုပ်လာခဲ့ဦးမယ်။ ကျုပ်နာမည်ကို မှတ်ပြီး ခင်ဗျား ထွက်သွားခဲ့ပြီ။ ကျုပ်ကတော့ ခင်ဗျားရဲ့နံပါတ်ကိုပဲ မှတ်ထားခဲ့တယ် ကိုယ်ပိုင်နံပါတ် ၅၂ဝ၇ ရေ...

****
အင်တာနက်တစ်ခုပေါ်မှာ ဖတ်ခဲ့ဖူးတဲ့စာလေးပါ။ စာစရေးတဲ့ ၂ဝဝ၄ခုနှစ်လောက်မှာ ဘာသာပြန်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကိုအရမ်းကြိုက်ခဲ့ပြီး ပြန်ဖတ်တိုင်းလည်း ရင်ထဲတစ်ခုခုကျန်စေခဲ့ပါတယ်။ ဒါပေမဲ့ မူရင်းရေးသူက ဇာတ်နာအောင်လို့ပဲလား မသိ .. ဇာတ်ကောင်ကို ၁၇ နှစ်နဲ့ သေမိန့်ချပစ်ပါတယ်။ အသက်မပြည့်သူကို သေမိန့်ချရမရ ကျွန်မလည်း မသိပါဘူး... ဒီလို အဖြစ်အပျက်နဲ့ ခပ်ဆင်ဆင်တွေလည်း အပြင်မှာ ရှိကောင်းရှိပါလိမ့်မယ်။
.

#နိုင်းနိုင်းစနေ
.
Credit