Tuesday, July 23, 2019

Motivational Topic : ရည်မှန်းချက် ပန်းတိုင်သို့ လျှောက်ခြင်း

Motivational Topic : ရည်မှန်းချက် ပန်းတိုင်သို့လျှောက်ခြင်း
--------------------
ကျဆုံးခဲ့တိုင်း "အစကနေဘယ်လိုပြန်စလိုက်ရရင်တော့ကွာ" လို့မတွေးနဲ့။ အဆုံးကို အကောင်းဆုံး ဖြစ်အောင် ဘယ်လိုလုပ်မလဲပဲ ခင်ဗျားတို့ စဉ်းစားပါ။

ပစ္စုပ္ပန်ဆိုတာသင့်လက်ထဲမှာ။ ပန်းတိုင်ကို သင် ကြိုက်သလို ပြီးဆုံးအောင် စီရင်ခွင့်ရှိတယ်။

ပန်းတိုင်မရောက်တဲ့ လူတိုင်းကို လေ့လာ ကြည့်ရင် အဆုံးထိ မသွားကြည့်တဲ့ သူရယ် စကိုမစတဲ့ သူရယ် ဆိုပြီး ပန်းတိုင် မရောက်တဲ့ လူစား ၂ မျိုး ရှိကြတယ်။

ဘာလို့ သူတို့တွေ ပန်းတိုင်မရောက်ကြတာလဲ။ မနက်ဖြန် ပူဆွေးရဖို့အတွက် စိုးရိမ် နေတဲ့အခါ ဒီကနေ့ အခွင့်အရေးတွေအကုန်လွတ်တာပေါ့။

မြဲမြဲ မှတ်ထား ရမှာက ပိုးတုံးလုံး ကိုယ်ထဲမှာ လိပ်ပြာနဲ့ တူတာဆိုလို့ ဘာတစ်ခုမှ မရှိခဲ့ဘူး။ ဒါပေမယ့် လိပ်ပြာဖြစ်လာ တာပဲ မဟုတ်လား။

ပြတာထက်ပိုရှိပါစေ။ သိတာထက်တော့ ခင်ဗျားတို့ပိုမဟပါနဲ့။

ရှေ့မှာဘာရှိသလဲ သိချင်ရင် ပြန်လာသူတို့ကို မေးမြန်းပါ။

မဖြစ်နိုင်တာ မှန်သမျှဟာ အကုန်စိတ်ဖြာချလိုက်ရင် ဖြစ်နိုင်တာတွေချည်းသာ။

- မှတ်စုကြမ်း #kyawnge
Credit

No comments:

Post a Comment