ယုံကြည်မှုတွေပျောက်ဆုံးသွားတဲ့အခါ
သံသယတွေအစားထိုးဝင်တယ်။
နားလည်မှုတွေမပေးနိုင်တော့တဲ့အခါ
နာကျည်းခြင်းတွေအစားထိုးဝင်တယ်။
သည်းခံနိုင်စွမ်းတွေကုန်ဆုံးသွားတဲ့အခါ
အမုန်းတရားတွေအစားထိုးဝင်တယ်။
ခွင့်လွှတ်နိုင်ခြင်းတွေကုန်ဆုံးသွားတဲ့အခါ
စိတ်ကုန်စိတ်ပျက်ခြင်းတွေအစားထိုးဝင်တယ်။
ဘဝအတွက်အရေးမပါတဲ့တစ်ချို့ကိုဦးစားပေးလို့
ကိုယ့်ကိုမှတစ်ဘဝလို့ တန်ဖိုးထားတဲ့သူ
တစ်ယောက်ကို ဆုံးရှုံးရခြင်းအတွက်
ဘယ်သောအခါမှနောင်တမရဘူးလို့မင်းထင်ခဲ့ရင်
မှားတဲ့အကြောင်း အချိန်ကသက်သေပြသွားလိမ့်မယ်။
နောင်တနဲ့အတူကျတဲ့မျက်ရည်တစ်စက်ဟာ
သူ့ခံစားခဲ့ရသမျှထက် ပူလောင်နာကျင်ရတယ်ဆိုတာ
မင်းကိုယ်တွေ့ ကြုံမှ ယုံလိမ့်မယ်။
Credit
No comments:
Post a Comment