#ငါ....ငါ......ငါ.........
===========(Credit)
#ဒီနေ့က စပြီး ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။🤔
#ငါဟာ အရာအားလုံး ပြည့်စုံတဲ့သူ မဟုတ်ဘူး။🤔
#ငါ့မှာ အားသာချက်တွေ အတိုင်းအတာတစ်ခုရှိတယ်ဆိုတာ ဟုတ်တယ်။
#အဲဒီလိုပဲ ငါ့မှာ အားနည်းချက်တွေလည်း အများကြီးရှိနေသေးတယ်။
#ငါ့ကို လူတွေ သဘောကျနေကြတယ်လို့ထင်နေတဲ့အချိန်မှာ ငါ့ကို သဘောမကျတဲ့သူတွေလည်း ဒူးနဲ့ ဒေးရှိနေတယ်။
#ငါဟာ ဟာသဥာဏ်ရွှင်တယ်လို့ ငါ့ဟာငါ ယူဆနေပေမယ့် ငါ့ဟာသတွေဟာ အဲဒီလောက်တော့လည်း ရယ်စရာကောင်းချင်မှ ကောင်းနေလိမ့်မယ်။
#ငါဟာ တော်တော်သိ တော်တော်တတ်တဲ့သူလို့ ငါ့ဟာငါ စိတ်ကြီးဝင်နေချိန်မှာ ငါ့ထက် ပိုသိ ပိုတတ်တဲ့သူတွေ ကမ္ဘာမှာ အများအပြား ရှိနေသေးတယ်။
#ငါဟာ ငါ့ကိုယ်ငါ တော်တော် ယဉ်ကျေးလှပြီ ထင်နေတဲ့ အချိန်မှာ တခြားလူတွေရဲ့ အမြင်မှာ တော်တော်အချိုးမပြေတဲ့သူ ဖြစ်နေနိုင်သေးတယ်။
#ငါ့ရဲ့ အပြုအမူတွေကြောင့် လူတွေ ငါ့ကို သိပ်အကောင်းမြင်ကြမှာပဲလို့ တွေးနေတဲ့အချိန်တွေမှာ ငါ့ရဲ့ မရင့်ကျက်တဲ့ အပြုအမူတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်နေရတဲ့သူတွေ အများကြီး ရှိနေသေးတယ်။
#ငါဟာ ပညာတွေ အများကြီး လေ့လာပြီးပြီလို့ မြင်နေတဲ့အချိန်မှာ ငါသိတယ်ဆိုတာတွေကို တကယ်သေချာမသိတာတွေ အများကြီး ရှိနေသေးသလို ငါမသိသေးတာတွေကလည်း တစ်သက်တာမှာ လေ့လာလို့ မကုန်အောင်ကို ရှိနေသေးတယ်။
#ငါဟာ ငါ့ဘ၀ ရုပ်ရှင်ကားမှာ မင်းသားဖြစ်ပေမယ့် တခြားသူရဲ့ ဘ၀ရုပ်ရှင်ကားမှာ ဇာတ်ပို့သာ ဖြစ်တယ်။
#ခေါင်းဆောင်မှုဆိုတာဟာ ငါ့ကိုယ်ငါ ဘယ်လိုမြင်သလဲဆိုတာထက် ငါဦးဆောင်နေတဲ့သူတွေ ငါ့ကို ဘယ်လိုမြင်ကြလဲဆိုတာနဲ့ အများကြီး သက်ဆိုင်တယ်။
အဲဒါတွေကို သိပါ။
ပြီးတော့ ဒီနေ့က စပြီး ကိုယ့်ကိုယ်ကိုယ် ခံယူပါ။
ငါ့မှာ တိုးတက်စရာ အများကြီး ကျန်သေးတယ်။
ငါ မကောင်းတာတွေကို တခြားသူတွေထက် ငါပိုသိတယ်။
ငါ အချိုးမပြေတာတွေကို ငါ့ကိုယ်ငါ အသိဆုံးပဲ။
ငါ အများကြီး ပြင်ရဦးမယ်။
ငါ့ရဲ့ တလွဲမာနတွေ မာန်တွေကို လျှော့ချရဦးမယ်။
ငါ အများကြီး ရင့်ကျက်ဖို့ လိုနေသေးတယ်။
အဲဒါတွေ ပြင်တဲ့အတွက်ကြောင့် ငါအပါအဝင် ငါ့ပတ်ဝန်းကျင်ကလူတွေ ပိုပြီးစိတ်ချမ်းသာ ပျော်ရွှင်လာကြလိမ့်မယ်။
ကောင်းမွန်တဲ့ခံစားချက်တွေနဲ့အတူ ပိုပြီး ငြိမ်းချမ်းသာယာလာကြလိမ့်မယ်။
Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
#naingwinaungexecutivecoach
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place
ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုတွေးမိနေလို့ ခံစားပြီး ရေးပါတယ်။ လွတ်လွတ်လပ်လပ် share နိုင်ပြန်ကူးတင်နိုင်ပါတယ်။
No comments:
Post a Comment