ရှက်တက်ပါစေ....
မိဘက ချမ်းသာတယ်
လိုလေသေးမရှိ
ပြည့်စုံအောင်ထားတယ် ဆိုတာ
ငယ်တုန်းမှာပဲ ဂုဏ်ယူစရာတစ်ခုလို
ပြောနေလို့ကောင်းပေမယ့်
အရွယ်တစ်ခုရောက်နေတဲ့အထိ
မိဘဆီက လက်ဖြန့်တောင်းနေရတာကိုက
သိပ်ရှက်စရာကောင်းမှန်း
နားလည်လာလိမ့်မယ်။
(Guilty) အပြစ်ရှိသလို ခံစားလာရလိမ့်မယ်။
ငယ်ငယ်ကတော့
ငါက ဒေါသကြီးတယ် စိတ်ကြီးတယ်
ကိုယ်မှန်နေရင် ဆတ်ဆတ်ထိမခံဘူး
ကိုယ်နဲ့Type မတူရင်
သည်းခံပြီး မပေါင်းသင်းနိုင်ဘူး
စိတ်ခုမိရင် လှည့်မကြည့်တော့ဘူး
ဆိုတာမျိုးတွေကို
ဂုဏ်ယူစရာကြီးလို ပြောတတ်ခဲ့ပေမယ့်
အရွယ်တစ်ခုရောက်လာရင်
ဒီအပြုအမူမျိုးတွေဟာ
စိတ်ဓါတ်မကြံ့ခိုင်တဲ့သူတွေ၊
မရင့်ကျက်တဲ့သူတွေ၊
Professional မဆန်တဲ့လူတွေ၊
အခုတစ်မျိုး တော်ကြာတစ်မျိုး
Bipolar သမားတွေပဲလုပ်မှန်း သိသွားရင်
သိပ်ရှက်ဖို့ကောင်းမှန်း နားလည်လာလိမ့်မယ်။
လူငယ်ဘဝမှာ
တို့က စကားပြောရင် ဘွင်းဘွင်းပဲ
စိတ်ထဲရှိတာ ပြောချပြစ်မှာပဲဆိုတာကို
ဂုဏ်ယူစရာတစ်ခုလို့ မြင်နေလို့ရတယ်။
အရွယ်တစ်ခုရောက်လာလို့
လူပေါင်းစုံ အလွှာပေါင်းစုံနဲ့
ပေါင်းသင်းဆက်ဆံရတဲ့အခါ
ဒီတိုင်းဆက်သွားနေဦးမယ်ဆို
လူတောမတိုးပဲ ရှက်စရာကောင်းမှန်း
သိလာလိမ့်မယ်။
ငယ်ငယ်ကတော့ တစ်ယောက်တည်းဆို
ဘယ်မှ မသွားတတ် မလာတတ်
မလုပ်တတ် မကိုင်တတ်ဘူးလို့ပြောရင်
အထင်သေးမယ့်လူတွေ မရှိပေမယ့်
အရွယ်တစ်ခုရောက်လာတဲ့အထိ
ဒီတိုင်းပဲဖြစ်နေဦးမယ်ဆို
မသနားမယ့်အပြင် နုံအလိုက်တာနော် ဆိုတဲ့
အကြည့်တွေကြား
သိပ်ရှက်စရာကောင်းမှန်း
နားလည်သွားလိမ့်မယ်။
ချာတိတ်ဘဝက ကျောင်းတက်ရမှာပျင်းတယ်
စာလုပ်ရမှာ စိတ်ညစ်တယ် လို့
အခါခါညည်းလို့ရပေမယ့်
မဟာဘွဲ့တွေ၊ ဘွဲ့လွန်တွေ
တက်နေချိန်မှာတော့
အပြိုင်အဆိုင်ကြိုးစားနေတဲ့သူတွေကြား
ဒီလိုညည်းတွားပြနေခြင်းဟာ
အင်မတန်ရှက်စရာကောင်းမှန်း
နားလည်လာလိမ့်မယ်။
ဝန်ထမ်းဘဝမှာတော့ ရုံးမသွားချင်ဘူး
အလုပ်မတက်ချင်ဘူး ရုံးပိတ်ရက်ရောက်ရင်
ပျော်တယ်ဆိုတဲ့ စိတ်တွေရှိကြပေမယ့်
ကိုယ်တိုင် လူကြီးနေရာ ဖြစ်ချင်လာတဲ့အခါ
ကိုယ်တိုင် ဦးစီးသူ ဖြစ်ချင်တဲ့အခါ
ကိုယ်တိုင် သူဌေးနေရာ ရောက်ချင်လာတဲ့အခါ
ဒီစိတ်တွေဟာ သိပ်ရှက်စရာကောင်းမှန်း
သူ့အလိုလို နားလည်သွားလိမ့်မယ်။
ရှက်သင့်တာတွေကို ရှက်တတ်ဖို့က
အသက်အရွယ်ထက် အသိဉာဏ်ပဲလိုတယ်။
နောက်ပြီး ....
အချိန်တစ်ခု လိုတယ်။....။
အဲ့ဒီ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်ဖို့
အချိန်တစ်ခုဆိုတာ
တစ်စက္ကန့်အတွင်းဖြစ်သွားနိုင်သလို
လေးအသေင်္ချေနဲ့ ကမ္ဘာတစ်သိန်းလည်း
ကြာသွားနိုင်တယ်။
Credit Ni Phyo Kyaing
မောင်ပေါက်စာစုများ မှ။Dr Shwe Tun

No comments:
Post a Comment