#အတွေးက_စိတ်ကိုအုပ်ချုပ်တယ်
•••••••••••••••••••••••••••••••••••••
စိတ်ချမ်းသာမှု စိတ်ဆင်းရဲမှုဆိုတာ
ကိုယ့်ရဲ့ အတွေးပေါ်မှာ မူတည်တယ်။
ကောင်းတာ တွေးရင်
စိတ်ချမ်းသာမယ်။
မကောင်းတာတွေ တွေးရင်တော့
စိတ်ဆင်းရဲတယ်။
ဒါကြောင့် စိတ်ချမ်းသာချင်ရင်
မကောင်းတာတွေ မတွေးပါနဲ့။
ကောင်းတာတွေပဲ တွေးပါ။
#ဒါတွေ_မတွေးနဲ့။
၁။ ကိုယ့်ကို ဒုက္ခပေးတဲ့သူတွေ အများကြီး ရှိတယ်။ အဲဒီလူတွေအကြောင်း မတွေးနဲ့။
၂။ ကိုယ့်ကို ကျေးဇူးကန်းတဲ့သူတွေ အများ ကြီးရှိတယ်။ အဲဒီလူတွေအကြောင်း မတွေးနဲ့။
၃။ ကိုယ့်အပေါ် သစ္စာမရှိတဲ့သူတွေ အများ ကြီးရှိတယ်။ အဲဒီလူတွေအကြောင်း မတွေးပါနဲ့။
၎။ ကိုယ့်ကို မေတ္တာမထားတဲ့သူတွေ အများကြီး ရှိတယ်။ အဲဒီလူတွေအကြောင်း မတွေးပါနဲ့။
၅။ ကိုယ့်ကို နှိမ်ခဲ့ဖူးတဲ့သူတွေ အများကြီး ရှိတယ်။ အဲဒီလူတွေအကြောင်း မတွေးနဲ့။
သူတို့အကြောင်းတွေးတော့
စိတ်ဆင်းရဲရုံပဲ အဖတ်တင်တယ်။
ဒါကြောင့် ကိုယ့်စိတ်ကို မဆင်းရဲစေချင်ရင် ကိုယ့်အပေါ် မကောင်းတဲ့ သူတွေအကြောင်း မတွေးပါနဲ့။
မကောင်းတဲ့ သူတွေအကြောင်း
တွေးလေ စိတ်မချမ်းသာလေပဲလေ။
#ဒါတွေတွေးလိုက်စမ်းပါ။
ဒီတော့ စိတ်ချမ်းသာဖို့အတွက် ....
၁။ ကိုယ့်ကို ကူညီတဲ့သူတွေ အများကြီး
ရှိတယ်။ အဲဒီလူတွေအကြောင်း တွေးပါ။
၂။ ကိုယ့်ကို ကျေးဇူးပြုသူတွေ အများကြီး ရှိတယ်။ အဲဒီလူတွေအကြောင်း တွေးပါ။
၃။ ကိုယ့်အပေါ် သစ္စာရှိသူတွေ အများကြီး ရှိတယ်။
အဲဒီလူတွေ အကြောင်း တွေးပါ။
၎။ ကိုယ့်အပေါ် မေတ္တာထားသူတွေ အများကြီး ရှိတယ်။ အဲဒီလူတွေအကြောင်း တွေးပါ။
၅။ ကိုယ့်ကိုယ် လေးစားတဲ့သူတွေ အများကြီး ရှိတယ်။ အဲဒီလူတွေအကြောင်း တွေးပါ။
သူတို့အကြောင်း တွေးလေ
စိတ်ထဲမှာ ကျေနပ်လေပဲ။
ဒါကြောင့် တွေးမည့်တွေးတော့ ကိုယ့်အပေါ်ကောင်းတဲ့သူတွေ
အကြောင်းပဲ တွေးလိုက်ပေါ့။
ဒါမှ စိတ်ချမ်းသာမယ်လေ။
တကယ်တော့ ကိုယ့်အတွေးကပဲ
ကိုယ့်စိတ်ကို အုပ်ချုပ်နေတာပါ။
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
(လေးမြတ်စွာမျှဝေပါသည် ဘုရား)
မင်္ဂလာ နံနက်ခင်းပါ
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော
နေ့သစ်ဖြစ်ကြပါစေ.. ရှင်
#SYO
Credit : Original uploader
No comments:
Post a Comment