အကောင်းမြင်နှင့် အဆိုးမြင်
------
အကောင်းမြင်သမားရော ၊ အဆိုးမြင်သမားတို့ပါ လူ့အဖွဲ့အစည်းကို
အကျိုးပြုကြ၏ ။ အကောင်းမြင်သမားက လေယာဉ်ကို တီထွင်သည်။
အဆိုးမြင်သမားက လေထီးကို တီထွင်သည်။
ဂစ်လ်-စာတန်း
(ဂစ်စာတန်းသည် မျက်မှောက်ခေတ် စာရေးဆရာ တစ်ဦးဖြစ်သည်။
အကောင်းမြင်သမားအဖြစ် လေယာဉ်ကို တီထွင်ပြီးလျှင် လူတို့၏
သွားလာရေး၊ သယ်ယူပို့ဆောင်ရေးကို ဖြစ်ထွန်းစေသည်ဆိုလျှင်
အပျက်မြင်သမားကလည်း မတောတဆ လေယာဉ်ပျက်ကျသော်
မသေကြေ မပျက်စီးနိုင်ရန် ကြိုတင် ပူပန်သည့်အလျောက် လေထီးကို
တီထွင်ပေးလိုက်သည်။ ဆိုလိုသည်မှာ အဖြစ်ကိုချည်း စဉ်းစား၍
လုပ်ဆောင်နေရုံဖြင့် မပြီးသေး။ အပျက်ကိုလည်း ထည့်သွင်းစဉ်းစား၍
လိုအပ်သော ကြိုတင်ကာကွယ်မှုတို့ကို ပြုနိုင်ရန် စီစဉ်ထားရမည်ဟူ၏)
ဤတွင် …
လေယာဉ်ပျက်ကျနိုင်မှုကို အဆိုးမြင်ကာ လေထီးမထွင်ပဲ …လေယာဉ်တီထွင်မှုအား ကန့်ကွက်မည်ဆိုမှသာ အဆိုးမြင်သမား ဧကန်ဖြစ်မည်ဖြစ်သည်…။အဆိုးသာမြင် အဆိုးသာဖြစ်ဟုတွေးကာ အကောင်းရလဒ်များကို ပိတ်ပင်လိုက်သောကြောင့် အဆိုးမြင်သမား ဧကန်ဖြစ်သွားခြင်းဖြစ်လေ၏…။
----
ကျနော်သည် ဂစ်လ်အား အကောင်းမြင် သမားဟု သုံးသပ်မိ၏…။အဘယ်ကြောင့်ဆိုသော် အဆိုးမြင်သည်ကိုပါ အကျိုးရှိသည်ဟု သူတွေးပေးနိုင်သောကြောင့်ဖြစ်၏…။
သို့သော် အကောင်းအဆိုးနှင့် ပတ်သတ်၍ ပြောစရာ ကျန်ရှိနေဦးဟု ထင်မြင်မိပါသည်…။
နေ့စဉ်မတော်တဆမှုများစွာ ရှိနေတတ်သည်…။ဥပမာ…ယဉ်မတော်တဆမှု…။
"ကားတွေရှိပြီး လမ်းပေါ်၌သာ ယဉ်မတော်တဆမှု့ များစွာဖြစ်ပွား၏…။သို့သော်…ယဉ်မတော်ဆမှု့တိုင်းကို လမ်းပေါ်ရှိသူတိုင်း ကြုံတွေ့ရသည် မဟုတ်ပါ…။"
ဤစကားရပ်သည် 90%ကျော်ကျော် မှန်ပါသည်ဟု ဆိုရမည်…။ဤအမှန်နောက်က ပြုလုပ်စရာ နှစ်မျိုးပေါ်ပေါက်လာ၏…။
မတော်တဆမှု့ကို ကြောက်ရွံ၍ ကျနော်တို့ လမ်းတွေ ကားတွေ မပြုလုပ်ပဲ…အသုံးမပြုပဲနေမည်လား…။ဒါမှမဟုတ် မတော်တဆမှု့ဖြစ်နိုင်ချေရှိသည်များကို ကာကွယ်သတိပေး၍ အသုံးပြုမည်လား…။
အသုံးပြုပါက …အချိန် …လူ့စွမ်းအင် …အလုပ်အကိုင် အခွင့်အလမ်း စသည့်ကောင်းကျိုးများ ရရှိစေမည်…။မကောင်းကျိုးရှု့ထောင့်မှ ကြည့်လျှင် စောနလို မတော်တဆ ဖြစ်နိုင်ဖွယ်ရှိသည်…။ဤမကောင်းကျိုးကို ကာကွယ်ရန် လမ်းစည်းကမ်း ယဉ်စည်းကမ်းလိုက်နှာပြီး မောင်းနှင်သူ လမ်းအသုံးပြုသူများ ဆင်ခြေကြမည်ဆိုလျင် မကောင်းကျိုးဖြစ်နိုင်ခြေလျော့ပါးပေမည်…။
ဤတွင် …
မကောင်းမြင်သောကြောင့် အသုံးမပြုလျှင် ကောင်းကျိုးရလဒ်ကို ကျနော်တို့ ခံစားရမည် မဟုတ်ပေ…။
တနည်းအားဖြင့် အဆိုးမြင်တယ်ဆိုသည်မှာ အားနည်းချက်များကို ဝေဖန်ထောက်ပြသည်နှင့် တူပေသည်…။
အဆိုးမြင်တယ်ဟူတိုင်း အကျိုးမရှိသည် မဟုတ်ပါ…။အဆိုးမြင်ခြင်းသည် လိုအပ်ပါသည်…။ထိုမှသာ အဆိုးကိုပြင်နိုင် ကာကွယ်နိုင်မည် လျော့ချနိုင်မည်ဖြစ်သည်…။
အဓိကက အဆိုးမလုပ်သူ ဖြစ်ဖို့သာ လိုအပ်၏…။အဆိုးလုပ်သူများ ရန်ကသာ ကာကွယ်ဖို့သာ လိုအပ်ပေသည်…။
--
လောကသည် ဒွန်စနစ်ဖြစ်သည့် အလျှောက်…ကိစ္စတစ်ခု စနစ်တစ်ခု အစားအစာတစ်ခု ခန္ဓာကိုယ်တစ်ခု စသဖြင့်တို့တွင် အကောင်းအဆိုး ဒွန်တွဲ တတ်စမြဲ …။
အကြောင်းဖြစ်ရပ်တစ်ခု …စနစ်တစ်ခု …
ထုတ်ကုန်ကုန်တစ်ခု၌ ကောင်းကျိုးရနိုင်ချေ…၉ပုံပါမည်…။၁ပုံသာ မကောင်းကျိုးပါမည်…။ဤသို့ဆိုလျင် မကောင်းကျိုးပါသည့် ၁ပုံအတွက် ကာကွယ်သတိပေးခြင်းများ ဆောင်ရွက်၍ ထိုအကြောင်းဖြစ်ရပ်ကို ကျနော်တို့ လက်ခံကျင့်သုံးရမည်ဖြစ်သည်…။
ထိုသို့မဟုတ်ပါပဲ…အဆိုးတစ်ပုံကို ထောက်ပြ၍ မပြုသင့် မကျင့်သုံးသင့်ဟု ကန့်ကွက်နေမည်ဆိုလျင် …အထက်၌ ပြဆိုပြီးသော ကားများလမ်းများ ဥပမာကဲ့သို့ …ကားများမထုတ်ပဲ လမ်းများ မဖောက်လုပ်ပဲ…နေကြမည်ဆိုလျင် ကျနော်တို့ ကောင်ကျိုး၉ပုံကိုလဲ ခံရစားရမည် မဟုတ်ပါချေ…။
ဤကဲ့သို့ပင် …
အဆိုး အကောင်း ၉ပုံ၁ပုံရှိသည့် အကြောင်းရပ်များလည်းရှိမည်…။အချိုးညီမှု့များလည်းရှိမည်…။ဒါမှမဟုတ် အဆိုးများသည့် ကိစ္စအကြောင်းအရပ်များလည်းရှိမည်…။
အဆိုးများနေသည့် အကြောင်းအရပ်များအတွက်တော့ ကန့်ကွက်ရမည်ဖြစ်သည်…။
ထိုသို့မှ မဟုတ်ပါပဲ…အဆိုးတစ်ပုံကို ထုတ်ပြ၍ လူပုဂ္ဂိုလ်တစ်ဦးအပေါ် လုံးဝကန့်ကွက်နေမည်…ထုတ်ကုန်စတစ်ခု စနစ်တစ်ခုအပေါ် ကန့်ကွက်ဖို့ ပြုမှုနေသည်ဆိုမှသူ အဆိုးလုပ်သူများဖြစ်သွားမည်ဖြစ်သည်…။
ထို့ကြောင့်
ကျနော်တော့ ဒီကိစ္စမှာ ဒီလိုပြသနာရှိနိုင်တယ်…မြင်တယ်…ဒါပေမယ့် ကျန်တာတွေအတွက်တော့ မဆိုးပါဘူး…။ဒီပြသနာလေးအတွက် ဘယ်လိုကာကွယ်ရမယ်…ဘယ်လိုဖြေရှင်းရမယ်…ဘယ်လိုရှောင်သင့်တယ်…ဟုချပြနေခြင်းကို…အဆိုးမြင်သမားဟူ၍ ရှုံချစရာ အကြောင်းဟူ၍ မရှိပေ…။
သို့သော် အဆိုးတစ်ကွက်သာ စဉ်းစားပြီး မုန်းတီးနေခြင်းကို ရှောင်ရှားရမည်ဖြစ်သည်…။
---
အနှစ်ချုပ်ဆိုရလျှင်…
အဆိုးကို အဆိုးလို့မြင်တာ အပြစ်မဟုတ်ချေ…။အမှန်မြင်ခြင်းသာဖြစ်သည်…။
ကျနော်တို့သည်…
အဆိုးရော အကောင်းပါ မြင်နိုင်လျှင် ပိုသင့်တော်မည်…။ထိုမှသာ အဆိုးများသည် အကောင်းများဟူ၍ လုပ်သင့်မသင့် ဆုံးဖြတ်နိုင်မည်ဖြစ်သည်…။
ကျနော်တို့သည်
အဆိုးရော အကောင်းပါမြင်ရမည်…။
သို့သော်…အဆိုးမြင်ပြီး အဆိုး မလုပ်သူဖြစ်ဖို့ အရေးကြီးပြီး …အကောင်းမြင်ပြီး အဆိုးမလုပ်သူ ဖြစ်ဖို့လည်း အရေးကြီးပါပေသည် …။
ကျနော်တို့သည်
အဆိုးကိုမြင်ပြီး အဆိုးကို ဖယ်ရှားမှသာ
နည်းလမ်းကျမည်ဖြစ်သည်…။ကာကွယ်နိုင်ဖို့ ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာကြံခြင်းက ကျနော်တို့ လူအဖွဲ့အစည်းအား ပိုမိုကောင်းမွန် သန်မာ လာစေမည်ဖြစ်ပါသည်…။
-----
-မှတ်စုကြမ်း
#zeroneo
Credit
No comments:
Post a Comment