#သူငယ်ချင်းများအတွက်_စကားလက်ဆောင်
+++++++++++++++++++++++%
#သူငယ်ချင်း
*မင်းအခု အရမ်းဝမ်းနည်းနေလား.....
*မင်းငိုချင်ရင် ငိုကြွေးလိုက်ပါ..ဒါပေမယ့်မင်းတယောက်
တည်း နာကျင်နေရတာမဟုတ်ပါဘူး...ကမ္ဘာပေါ်မှာ..
စက္ကန့်တိုင်း စက္ကန့်တိုင်း ဝမ်းနည်းကြေကွဲနေရသူတွေ
မင်းထက်ပိုပြီး အများကြီးရှိနေပါသေးတယ်....
*ဘဝဆိုတာ အမြဲတမ်းဝမ်းနည်းမှုတွေနဲ့ဖန်တီးထားတဲ့
ကစားပွဲတခုမဟုတ်ဘူး..သူငယ်ချင်း..မနက်ဖြန်တိုင်း
မှာ ပျှော်ရွှင်ခြင်းတွေကို ထုဆစ်နိုင်တဲ့မျော်လင့်ချက်
တွေနဲ့ယက်လုပ်ထားတဲ့ပန်းချီကားတချပ်ပါ....
#သူငယ်ချင်း
*မင်းအရမ်းစိတ်ဓာတ်ကျနေလား...
*အားတင်းထားစမ်းပါ..ငါတို့ရဲ့မနက်ဖြန်ကောင်းကင်
တွေပေါ်မှာ မင်းကြည်ကြည်နူးနူးပျံသန်းရဦးမယ်လေ
မင်းမျက်ရည်တွေ ကုန်ဆုံးတော့မှာပါ..ကြိုးစားပြီးခေါင်း
မော့ ပြုံးလိုက်စမ်းပါ....
*မင်းပြုံးနေရင် အရမ်းလှတယ် သူငယ်ချင်း...
#သူငယ်ချင်း..
*ဟိုမှာကြည့်လိုက်စမ်းပါ...
နေထွက်နေပြီလေ...ဘဝဆိုတာဒီလိုပါပဲ သူငယ်ချင်း
အမြဲတမ်းမှောင်မနေပါဘူး...တချိန်ချိန်မှာတော့နေ
သာကို သာလာမှာပါ...အခုနာကျင်နေရတာတွေအား
လုံးဟာ တဖြည်းဖြည်းအငွေ့ပျံပျောက်ကွယ်သွားမှာပါ..
#သူငယ်ချင်း.....
*တို့ဟာ ဘဝလှေပေါ်က ခရီးသည်တွေချည်းပါပဲ...
တို့ပန်းဝင်နိုင်အောင် ကြိုးစားကြရမယ်.............
တက်ကျိုးနေပြီလား...မင်းလက်နှစ်ဖက်နဲ့ဆက်ထိုး
လှော်ရမယ်လေ....
#အချိန်ဆိုတာ_အကောင်းဆုံးသမားတော်ပါ_သူငယ်ချင်း..
မေတ္တာဖြင့်…
#TKW
#CREDIT _ Vampire's 💖

No comments:
Post a Comment