Monday, July 22, 2019

✨ Self-mastery ✨

✨ Self-mastery ✨

ကျွန်မ တို့တွေ ခံစားချက်တွေကို ဘာသာပြန်တဲ့ အခါ ( ထုတ်ဖော်ပြောဆို ) တဲ့အခါတွေမှာ မမှန်ကန်တဲ့ ဘာသာစကားရွေးချယ်မှု တွေကြောင့် မရေရာမှုတွေ ပိုပြီးဖြစ်စေပါတယ် !

ဥပမာ - “နင် ငါ့ကိုမချစ်ဘူးလို့ ခံစားနေရတယ် "
           
          " I feel like you don’t love me” ဆိုပါတော့ .!

ဒီ statement မှာဆို  ကိုယ်ခံစားရတာကို ပြောတာပဲလို့ ဆိုလိုလို့ ရပေမယ့် .,
တကယ့် အမှန်တရားကို ဘာသာပြန်တာ လွဲနေ တယ်လို့
ကျွန်မက ပြောချင်ပါတယ် ..

 ဒီ statement ကို အသေးစိတ် ပြန်ခွဲကြည့်ရအောင် !

A • FEELINGS - ဖောဋဿဌဗ္ဗာရုံ / အထိအတွေ့နဲ့ဆိုင်တဲ့ ခံစားမှု
- ဥပမာ ( မျက်ရည်ကျချင်လာတာမျိုး , လည်ချောင်းမှာတစ်ဆို့လာတာမျိုး , ရင်ဘတ်ထဲကအောင့်လာတာမျိုး )  ကိုယ့်ရဲ့ ခန္ဓာက တုံ့ပြန်လာတဲ့ sensations တွေ!

B • THOUGHTS -  စိတ်ထဲမှာ ကိုယ့်ဟာကို ပုံဖော်နေတဲ့ အတွေးတွေ
-ဥပမာ ( သူက ငါ့ကိုမချစ်တော့ဘူး ., ငါကလည်းချစ်ဖို့မှမကောင်းတာ ., အို လူတွေအားလုံးကလည်း ငါ့ကိုနားမလည်ကြဘူး / လက်မခံဘူး/ မချစ်ကြဘူး ) ဆိုတဲ့
ကိုယ့်ဟာကို လုပ်ယူနေတဲ့ negative thoughts တွေ!

C • EMOTIONS - ကိုယ်လုပ်ယူလိုက်တဲ့ အဲ့ဒီ negative thoughts တွေကို agreed လုပ်တယ်, ပြီးတော့ label တွေတပ်ချလိုက်တယ် !
-ဥပမာ ( ဝမ်းနည်းတယ်, ကြောက်ရွံ့တယ် , နာကြင်တယ်, စိတ်ဖိစီးတယ် , ဒေါသထွက်တယ် ) ဆိုတဲ့ label တွေတပ်ထားတဲ့ emotions တွေ !

ကျွန်မတို့ရဲ့ ဦးနှောက်ကလည်း 
" ငါက A ကိုခံစားရတယ်...
ဒါကြောင့် ငါဟာB ကိုယုံကြည်တယ်..,
ဒါဆိုရင်  C က ဖြစ်ကိုဖြစ်ရမယ်"
ဆိုပြီး အလိုအလျောက် တုံ့ပြန်လိုက်တယ်.

ဒါဆိုရင် ဒီ A, B နဲ့ C မှာ ဘယ်ဟာက
တကယ်အမှန်ဖြစ်ပေါ်တာလဲလို့မေးရင် အဖြေက -
A ဆိုတဲ့ FEELINGS

ဒါပေမယ့် မေးခွန်းကို တစ်မျိုးပြောင်းမေးကြည့်ရအောင်!

ဒီ A, B နဲ့ C မှာ ဘယ်အပိုင်းက
ကိုယ့်ရဲ့ အတ္တ, အတွေးတွေနဲ့ ယုံကြည်မှုတွေ
လွှမ်းမိုးထားလဲဆိုရင်တော့ အဖြေက -
B နဲ့ C ဆိုတဲ့ THOUGHTS နဲ့ EMOTIONS

ဒါကြောင့် ကျွန်မတို့ရဲ့ feelings တွေကို
ဘာသာပြန်တာလေး တစ်ချက်လွဲလိုက်တာနဲ့ တကယ့် actual cause of suffering ကို မမြင်နိုင်တော့ဘူးပေါ့
ကျွန်မတို့ရဲ့ တကယ့် ခံစားချက်ကို
ခွဲခြမ်းစိတ်ဖြာတဲ့အခါမှာ အတ္တတွေ , ယုံကြည်မှု တွေနောက် ဘက်မလိုက်ဘဲ ဖော်ပြနိုင်ရပါမယ် .!

ဥပမာ - " I feel like you don’t love me “ ဆိုတာကို
ပိုပြီးဖြစ်သင့်တဲ့ ဖော်ပြမှုဆိုရင်..

" I feel pain because I think you don’t love me, that makes me sad “ 

ဒါဆိုရင် အခု ကိုယ်ခံစားနေရတာတွေရဲ့
အရင်းအမြစ် ( cause ) က
ကိုယ့်ရဲ့ အတွေးတွေ( thoughts) ကြောင့်ဆိုတာဟာ
ပိုပြီး ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီ. 

ကိုယ်ရဲ့ ခံစားချက်တွေကို
ထုတ်ဖော်တဲ့အခါမှာလည်း သူများတွေကို (outside world ) လက်ညှိုးထိုး အပြစ်တင်တာထက်
ကိုယ့်တာဝန်ကိုယ်ယူရဲတာ.,
ကိုယ်ရဲ့အတွေးတွေကြောင့်
ဒီမရေရာ မသေချာ မလိုအပ်တဲ့ စိတ်ခံစားမှုတွေ
ဖြစ်ပေါ်လာတယ်ဆိုတာကိုမြင်နိုင်ရင်
ဒါဟာ self mastery ပါပဲ ..

ဒါဆိုရင်တော့ ဘယ်လို outside world ကမှ
ကိုယ့်ကို မတွန်းထိုး မလှုပ်ကန်နိုင်တော့ပါဘူး .!

                             🙏🏽🦋🙏🏽

The incorrect use of language creates confusion!

“I feel like you don’t love me”

This statement is a perfect example of improper language usage which causes us to mistake interpretations of reality for reality itself

Let’s break it down:

A. FEELINGS aka Tactile Sensations: (possibly but not limited to) tingling behind the eyes, tightness in the throat or, pain in the stomach

B. THOUGHTS aka mind created Story: “You don’t love me”, “I’m not lovable”, “people don’t accept/understand/love me”

C. EMOTIONS aka collective agreement or label: Sadness, fear, hurt, stress, anger


This is the default way our brain works: “Since I feel A & I believe B then I must be feeling C”


Which part is real- A, B, or C?
Answer: A

A better question might be which parts are more dictated by the Ego, by ideas, or beliefs?
Answer: B & C

When we twist our language confusing thoughts for feelings then we can not see the actual cause of our suffering. The capacity to objectively audit our beliefs comes from observing them from a place of unbiased detachment.

A more accurate statement would be: “I’m feeling pain, because I think you don’t love me, & that makes me sad”

This brings clarity that the thoughts are the cause. Rather than pointing a finger at the outside world. Self responsibility is the key to empowerment.

✨That’s lead to Self- mastery ✨

-Rites of passage 🙏🏽🦋
Credit

No comments:

Post a Comment