Sunday, July 21, 2019

ကိုယ်​ရခဲ့သမျှ အ​ကောင်းဆုံး​တွေ ရ​စေပိုင်​​စေချင်

" အ​ဖေ .. ​ကျောင်းက ဟို​ကောင်​​တွေကို မ​ကျေနပ်​ဖူး.. အ​ဖေ.."
" လာပါဦး..သားကြီးရ.. သား​တောင်​ မာနသံ​တွေနဲ့ စကားဆိုတတ်​​နေပြီဘဲ..."
"သား..မာနတက်​တာမဟုတ်​ဖူး အ​ဖေ .. မခံချင်​တာ..."
" ​အေးပါ..သားရယ်​...ကဲ..ကဲ..ဘာ​တွေ ဖြစ်​ခဲ့ ကြုံခဲ့လဲ..အ​ဖေ့ကို ​ပြောပါဦး..ကွ.."

" ​ကျောင်းမှာ ဟိုအရာရှိကြီးသားရယ်​ ဟိုသူ​ဌေးသားရယ်​အုပ်​စုက သားတို့ကို မတူသလိုမတန်​သလို နှိမ်​​နေတယ်​..."
" အားဝါး... သားကို သူတို့က တိုက်​ရိုက်​လာ​ပြော...လာဆက်​ဆံ​နေသလား..သား.."
" အ​ဖေ​မေးသလို သားကို ဒဲ့ လာလုပ်​ကြည့်​ပါ့လား... မိုးမီး​လောင်​သွားမှာ​ပေါ့..အ​ဖေ..ရ.."
" ဒါဆိုရင်​ သူက သားကို နှိမ်​​နေတယ်​လို့ ဘယ်​လိုသိတာလဲသား...သူများက​ လာ​ပြောတာလား...ကိုယ်​ဖာသာ သိတာလား...​သေ​သေချာချာ စဉ်းစားပြီး ​ဖြေ​ပေး​စေချင်​တယ်​..သား..."

" အင်း...အဲ...သားဖာသာ သား ထင်​တာပါ...အပြင်မှာ..​တကယ်​လဲ..ဟုတ်​​နေတယ်​​လေ..."
" ကဲ..ဟုတ်​ပါပြီ..သားရယ်​..သား​ဖြေတဲ့ အထဲမှာ သူတို့အ​ကြောင်း မသိလိုက်​​ပေမဲ့ အ​ဖေ့သား အ​ကြောင်း​တော့ သိသင့်​တာတချို့ အ​ဖေသိလိုက်​ရတာ...​ကျေးဇူးဘဲ..သားကြီး.."

" သားကြီးကို မိသားစုနဲ့​အလှမ်းကွာတဲ့ ​ဘော်​ဒါ​ကျောင်း​ဆောင်​ကို ပို့လိုက်​တဲ့ အချိန်​ ​တွေ့ကြုံရမဲ့ လူ​တော်​​တော်​များ အကျင့်​စရိုက်​​တွေကို အ​ဖေ ​မ​ပြောပြမိလိုက်​ဖူး.."

" ဒီလိုကွ..သားကြီး ကြုံ​တွေ့ရတဲ့သူ​တွေဟာ..."

ကြွားတတ်သူလား …
ပေးကြွားလိုက်စမ်းပါ... အခုမှ ဒီအရာသုံးဖူးသူမို့လို့​လေ....။

ဂုဏ်မောက်သူလား …
ပေးမောက်လိုက်ပါ... သူဟာ ဒီအဆင့်​​ရောက်​​အောင်​ မနည်းကြိုးစားခဲ့ရသူမို့ပါ...။

အောက်ခြေလွတ်သူလား …
ပေးလွတ်လိုက်ပါ... သူ့ဘ၀မှာ တစ်ခုခု မပြည့်ဝခဲ့သူမို့ပါ...။

ကဲ့ရဲ့တင်းဖျင်းပြောသူလား …
နားထောင်​ပေးလိုက်ပါ... သူဟာ အချိန်​​တွေ ဘယ်​လိုအသုံးချရမလဲ နားမလည်​သူတ​ယောက်​မို့ပါ...။

ဆင်းရဲနိမ့်ကျသူလား …
ဖော်ရွေပျုငှာစွာ ဆက်​ဆံ​ပေးလိုက်​ပါ...သူစိတ်​ထဲမှာ သိမ်ငယ်တတ်သူမို့်ပါ...။

ချမ်းသာပြည့်စုံသူလား …
နေရာပေးအလေးထား​ပေးလိုက်​...သူ့အတွက်ေ​ရာ ကိုယ့်​အတွက်​ပါ ပေါက်ရောက်နိုင်​သူ ဖြစ်​လာနိုင်​တယ်​​လေ....။

ရိုးသားအရည်အချင်းရှိသူလား …
စောင့်​​ရှောက်​​ပေါင်းသင်းလိုက်​ပါ... တချိန်​ချိန်​မှာ ကိုယ့်​ကို ​အ​ထောက်အကူပြုတတ်သူမို့ပါ...။

အောင်မြင်ကျော်ကြားသူလား …
အတုယူပါ... သူဟာ သူတပါးထက်​ လုံ့လ ဝီရိယရှိသူမို့ပါ...။

လိမ်တတ်သူလား …
ပေးလိမ်လိုက်ပါ... သူ့ရဲ့ ၀ိညာဉ်​မှာ အမှန်တရားရဲ့ချိုမြိန်မှုကို
မခံစားတတ်​သူ​လေ...​ဝေး​ဝေးက ​ရှောင်​နိုင်​​အောင်​ ကြိုးစားပါ....။

" ဒီ​လောက်​ဆိုရင်​ ဘယ်​လိုသူမျိုး​တွေ ​တွေ့ခဲ့ရင်​ ဘယ်​လို တုံ့ပြန်​ရမယ်​ဆိုတာ သား သိသင့်​သ​လောက်​ သိသွားမယ်​ နားလည်​သွားမယ်​..လို့.. အ​ဖေ ယုံထားမယ်​ သား​ရေ..."

( ကိုယ်​ရခဲ့သမျှ အ​ကောင်းဆုံး​တွေ ရ​စေပိုင်​​စေချင်​ ... ကိုယ်​ရင်​ဆိုင်​ခဲ့တဲ့ အခက်​အခဲ​တွေ ပြဿနာမျိုး​တွေ ​ရင်​ဆိုင်​ခဲ့ရင်​ ​ချော​ချော​မွေ့​မွေ့ ​ဖြေရှင်းတတ်​​စေချင်​... ငါများ ​လောဘ​တွေ ကြီး​နေပြီလား ဇ​ဝေဇ၀ါ...)

#AloangSiThu
Credit

No comments:

Post a Comment