Thursday, July 25, 2019

သက်တန့် လို အရောင်မစုံ ပေမယ့်

သက်တန့် လို အရောင်မစုံပေမယ့်
***********************

တစ်ခါက  ကိုက  ရယ် ကိုခ ရယ် လူနှစ်ယောက်  မိုးရွာပြီး စ တစ်ညနေ မှာ
အတူ လမ်းလျှောက် ထွက်လာကြတယ်

" ဟာ့  ဟိုမှာ ကြည့်စမ်း  ကိုခ ရေ
လှ လိုက်တဲ့  သက်တန့် ကြီး ကွာ့ အရောင်
တွေ စုံပြီး  ကောင်းကင်မှာ ခန့်ငြား လိုက်တာ"
လို့  ကိုက  က  ပြောပါတယ်

" မင်း ကလည်း ကွာ  သက်တန့် ဖြစ်နေတာ
အထူးအဆန်း မှ  မဟုတ်တာ အမြဲ ဖြစ်တာ
လည်း  မဟုတ်ဘူး  ဟိုး အဝေး မှာ မိုးတွေ
ရွာ  နေရောင်က ထိုး လို့ ဖြစ်လာတာ ပဲ့
သူ့ အစွမ်းကြောင့် မှ  မဟုတ်တာ " လို့  ကိုခ
က  ပြန်ပြောတော့

" ဘယ်လို ပဲ ဖြစ်ဖြစ်ပါကွာ့ သူ ဖြစ်ချိန်
လေး အတွင်းမှာ  လောကကို အလှဆင် နိုင်
အောင်  ကျိုးစားပန်းစား  လုပ်ပြနေတယ် မဟုတ်လား  ဒီအတွက်  ငါတို့  ပျော်ရွှင် ရ သလို  သူ အပေါ် လည်း မုဒိတာ ပွားပေး
လိုက်စမ်းပါ့ ဂုဏ်ပြု နေတဲ့ အနေ ပေါ့ "
လို့  ကိုက က  ပြောလိုက်ပါတယ်

-------------------------------------
ဒီ အဖြစ်အပျက်လေး ကို ဖတ်မိတော့
ကျနော် တို့ တစ်တွေ လည်း  တိုတောင်းလှ
တဲ့ ဘဝ မှာ  လူ လာဖြစ်ကြ ရ ပါတယ်

ဘယ်လို အကြောင်းကြောင့် ပဲ ဖြစ်ဖြစ်
အကျိုးဖြစ်အောင်တော့  လုပ်ဆောင်ရ မှာ
အမှန်ပဲ လေ

သက်တန့် လို  ရောင်စုံတွေ ဖြာ ပြီး လောက
ကို အလှ မဆင်နိုင်ပေမယ့်  ကိုယ်ပိုင် အစွမ်း
ရှိ သမျှ လေးနဲ့  အများအတွက် မဟုတ်တောင်  ကိုယ့် အတွက် ကောင်း
အောင်  လုပ်မယ် ဆိုရင်

အခြားလူတွေ အနေ နဲ့  ကိုယ် ကို  မချီးမွှန်း
ရင်  နေပါစေ  ကဲ့ရဲ့ မခံရ ဖို့ ကတော့  လိုအပ်
တယ် လို့  ခံယူ မိပါတယ် ဗျာ

#kazaw
မှ တ် စု ကြ မ်း.
Credit

No comments:

Post a Comment