Tuesday, July 9, 2019

ကိုယ့်စိတ်နဲ့နှိုင်း မရိုင်းစေနဲ့

ကိုယ့်စိတ်နဲ့နှိုင်း မရိုင်းစေနဲ့

တစ်ခါက
ရွာတစ်ရွာမှာ သူခိုးဝင်ခိုးတော့
ရွာသားတွေ ဝိုင်းပြီး ဖမ်းကြသတဲ့။

သူခိုးကလည်း ကြံရာမရဖြစ်ပြီးတော့၊ မနီးမဝေးမှာ
 ရှိနေတဲ့ သင်္ချိုင်းထဲကို ကမန်းကတမ်းနှင့် ဝင်ပြေးပြီး
 ပုန်းနေရပါသတဲ့။

ရွာသားတွေ ပြန်လည်ထွက်ခွါသွားတော့မှ
ှ ပုန်းနေရာကနေ ခေါင်းကလေးပြူပြီး ဟိုဟိုဒီဒီ
ကြည့်လိုက်တော့သူနှင့် မလှမ်းမကန်းမှာ
ရသေ့တစ်ပါးတရားထိုင်နေတာကို သွားပြီး
 မြင်ပါသတဲ့။
ဒီတော့ သူခိုးက တွေးလိုက်တာက...
" သြော်..လက်စသတ်တော့ ဒီသင်္ချိုင်းထဲမှာ
 ငါတစ်ယောက်တည်းမှ မဟုတ်ပဲ။
ဟိုဖက်မှာလည်း သူခိုးတစ်ယောက်
ပုန်းနေပါလား "လို့
တွေးမိပါသတဲ့။

 ရသေ့ကြီးကလည်းပဲ လူသံသူသံကြားရတာနှင့်
ဘာတွေများပါလိမ့်လို့ခေါင်းကလေး မော့ပြီးကြည့်လို်က်တော့၊
မလှမ်းမကန်းမှာ ရှိနေတဲ့ သူခိုးကို မြင်လိုက်ရတော့
ရသေ့ကြီးက တွေးပါသတဲ့။

" သြော်... ဒီသင်္ချိုင်းထဲမှာငါတစ်ယောက်တည်း
တရားအားထုတ်နေတယ်လို့ ထင်နေတာ။
ဟိုဖက်မှာလည်း သူတော်ကောင်းတစ်ယောက်
 တရားအားထုတ်နေပါလား " လို့
တွေးပြီး သာဓု အကြိမ်ကြိမ်ခေါ်မိပါသတဲ့။

လူတွေဟာ မိမိစိတ်အတိုင်း သူတပါးကို
 မြင်တတ်ကြတယ်လို့ ဆိုလိုတာပါပဲ။
စိတ်ထားမကောင်းသူက
သူတပါးကိုလည်း  မကောင်းမြင်တတ်ကြတယ်။
မကောင်းပြောတတ်ကြတယ်။မကောင်းကြံတတ်ကြတယ်။

 စိတ်ထားကောင်းသူများကတော့
မကောင်းတဲ့သူကိုတောင်မှ ဖြည့်ပြီး
အကောင်းပြောတတ်ကြပါတယ်။
အကောင်မြင်တတ်ကြပါတယ် ။

ပြောချင်တာကတော့
 ကိုယ့်စိတ်နဲ့နှိုင်း မရိုင်းစေနဲ့ပေါ့ ။

Credit

No comments:

Post a Comment