Tuesday, July 23, 2019

ကျွန်တော့် အကြိုက်ဆုံး 10 Metaphors

ကျွန်တော့် အကြိုက်ဆုံး 10 Metaphors
--------------------

(၁) ခြင်္သေ့တစ်ကောင်ဦးဆောင်တဲ့ သိုးတစ်အုပ်ဟာ သိုးတစ်ကောင် ဦးဆောင်တဲ့ ခြင်္သေ့ တစ်အုပ်ကို အသာလေး လွယ်လင့်တကူ အနိုင်ယူနိုင်တယ်။ 

(၂) ရိုးရှင်းတဲ့ ဘဝဆိုတာ ဖြူးနေတဲ့ ကတ္တရာလမ်းနဲ့ တူတယ်။ ဘယ်တော့မှ ထိခိုက်မယ့် ဆူးညောင့် ခလုတ် ဆိုတာ မရှိဘူး။ ဒါပေမယ့် ဘယ်တော့မှ ပန်းပွင့်လာစရာ အကြောင်းမရှိဘူး။

(၃) ဘဝဟာ စန္ဒယားခလုတ်တွေနဲ့ တူတယ်။ အဖြူခလုတ်တွေက ပျော်ရွှင်ခြင်းနဲ့တူပြီး အမည်းတွေက ဝမ်းနည်းခြင်းနဲ့ တူတယ်။ ဒီလိုပဲ ဘဝ လမ်းပေါ် လျှောက်တဲ့ အခါ အမည်း ခလုတ်လေးတွေ ကလည်း သီချင်း ဖြစ်လာမှာကို သတိပြု သင့်တယ်။

(၄) ပန်းတွေ အိပ်မက်မက်နေရုံနဲ့ ပျားတွေရောက်မလာနိုင်။ ပွင့်လိုက်မှသာ ပျားတွေ အလိုလို ရောက်လာ တာ မဟုတ်လား။

(၅) "ရလဒ်" ဆိုတာချောကလက်တစ်လုံးနဲ့တူရင် "ဆင်ခြေ" တွေဟာ ချောကလက် ကို အထပ်ထပ် ပတ်ထားတဲ့ စက္ကူတွေ ပလပ်စတစ်တွေ နဲ့ တူတယ်။ ဒါတွေအားလုံးခွာပြီ်းမှပဲ ချောကလက် ကို မြင်ရသလို စားဖို့လဲ ဖြစ်နိုင်မယ်။

(၆) အပြင်ကအားကြောင့် ဥဟာကွဲခဲ့ရင် ဘဝတစ်ခု သေဆုံးတယ်။ အတွင်းက အားကြောင့် ဥဟာ ပွင့်လာခဲ့ ရင်တော့ ဘဝတစ်ခု စပြီ။ ခမ်းနားသော မွေးဖွားမှုတိုင်းဟာ အတွင်းကသာ မြစ်ဖျားခံတယ်။

(၇) အချစ်ဟာ.. အရမ်း ဆန်းကျယ်တယ်။ အသန်ဆုံး ဆိုတဲ့ လူကို ယိုင်နဲ့ စေပြီး ယိုင်နဲ့နေသူကို သန်စွမ်း လာစေတယ်။

(၈) လှေမမှောက် ချင်ရင် ကမ်းမခွာရုံ ပေါ့ကွယ်။ ဒါပေမယ့်... လှေဆိုတာ ကမ်းမှာ ကပ်နေဖို့ ဆောက်လုပ် ထားတာ မဟုတ်ဘူး။

(၉) လူတိုင်းဟာ မနာကျင်ပဲနဲ့ ပျော်ရွှင်ပြီးပဲနေချင်ကြတယ်။ သို့ပေတဲ့... ဘယ်သက်တန့်မှ မိုးမရွာပဲ မထွက်ဘူးလေ။

(၁၀) ဉာဏ်ပညာဟာ အလင်းနဲ့တူတယ်။ အိုးထဲကို အလင်းတွေ ကောက် ဖြည့်လို့ရသလား။ အဲဒီ ဘာမှန်း မသိတာတွေ ပြည့်နေတဲ့ အိုးကို မဖိတ်အောင် ထိန်းသိမ်းနေရတဲ့ ခင်ဗျားတို့ကို အဲ့ဒါကြောင့် သနား တယ် ပြောတာ။

#kyawnge
Credit

No comments:

Post a Comment