Wednesday, July 17, 2019

ခင်တတ်ပါတယ် ! ခင်မင်မှုကိုတော့ အရောင်မဆိုးမိပါစေနဲ့

ခင်တတ်ပါတယ် !
ခင်မင်မှုကိုတော့ အရောင်မဆိုးမိပါစေနဲ့ ။

တန်ဖိုးထားတတ်ပါတယ် !
တန်ဖိုးမဲ့တဲ့ စကားတွေနဲ့တော့ မထိုးနှပ်မိပါစေနဲ့ ။

စာနာတတ်ပါတယ် !
ဟန်ဆောင်မှုတွေနဲ့တော့ အလဲမထိုးမိပါစေနဲ့ ။

အားနာတတ်ပါတယ် !
အခုတစ်မျိုးတော်ကြာတစ်မျိုးတော့ မဆက်ဆံမိပါစေနဲ့

ပျော်တတ်ပါတယ် !
ပျော်ရွှင်မှုတွေကိုဖျက်ဆီးဖို့တော့ မိတ်လာမဖွဲ့ပါနဲ့ ။

ကူညီတတ်ပါတယ် !
လိုတစ်မျိုးမလိုတစ်မျိုး အချိုးမျိုးတွေတော့ မလုပ်မိစေနဲ့ပေါ့ဟာ  ။

နားလည်မှုရှိသူတိုင်းဟာ လူတစ်ယောက်ကို
ဥပေက္ခာပြုလိုက်ရင် ပြန်လှည့်မကြည့်တတ် မွေးရာပါ
အကျင့်တစ်ခုတော့ရှိတတ်ကြတယ်  ။

#လွှမ်းရစ်ဖူး((Hlwan Yit Phoo))

No comments:

Post a Comment