ညာလက်မှာကိုက်တဲ့ ခြင်ကို
ညာလက်နဲ့ ရိုက်လို့မရဘူး...။
ဘယ်တံတောင်ဆစ်ကို
ဘယ်လက်ချောင်းတွေနဲ့
ထိတွေ့ကိုင်တွယ်မရ သလို
ညာတံတောင်ဆစ်ကို
ညာလက်ချောင်းတွေနဲ့
ကိုင်တွယ်မရဘူး...။
ကြေးမုံလို
အလင်းပြန်တဲ့အရာတွေ မရှိရင်
ကိုယ့်ရုပ်ကိုကိုယ်ပြန်ကြည့်မရဘူး....။
ဘယ်လက်ရဲ့ လက်သည်းတွေကို
ဘယ်လက်နဲ့ပြန်ပြီး ညှပ်လို့မရဘူး...။
(ကျွန်တော့်ရဲ့မှန်ကန်ခြင်းတွေနော်
တခြားသူတွေ ရ မရ ကျွန်တော် မသိ...)
တချို့အရာတွေမှာ
အကူအညီဆိုတာ လိုအပ်နေတာပဲဗျ။
တစ်ဦး ၊ တစ်ယောက်၊ တစ်ခု၊ တစ်ဖဲ့ ၊
တစ်ခြမ်း တည်း နဲ့လုပ်လို့မရတဲ့ အရာတွေ
အတော်များများ ရှိနေပါတယ်။
ဒါကြောင့်....
``ကိုယ့်မြင်း ကိုယ်စိုင်းတာပဲ´´
``ကိုယ့်လှေ ကိုယ်ထိုးတာပဲ´´
ဆိုတဲ့ အတ္တကြီးတော့မယ် ဆို......
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ ။
ကိုယ်ပိုင်မာန ထားပါ ။
သို့သော် မလွန်ကဲပါစေနဲ့ ။
တချို့အရာတွေက အသင်းအဖွဲ့ အစုအပေါင်းနဲ့မှ အောင်မြင်နိုင်တာပါ။
"ပြိုင်တူတွန်းက ရွေ့နိုင်၏"
"စည်းလုံးခြင်းသည် အင်အား"ဆိုတဲ့ စကားတွေဟာ
တစ်ဦးတစ်ယောက်တည်း နဲ့ မစွမ်းနိုင်
အားလုံးစုပေါင်း ညီညွတ်မှုအင်အား ရှိမှသာ အောင်မြင်နိုင်ကြောင်း ဖော်ပြထားတဲ့ စကားပါ။
ဒါကြောင့်____
အများနဲ့ ညီညွတ်မျှတအောင် နေတတ်တဲ့ အကျင့်စရိုက်လေးမွေးပါ။
အတ္တ၊ပရ မျှတအောင်နေတတ်ပါစေ။
Credit
No comments:
Post a Comment