Friday, July 26, 2019

"လောက မှာ အဆိပ်​မရှိတဲ့ သူက အန္တရာယ်​ အကင်းဆုံး"


မြွေ​ဟောက်​ တစ်​​ကောင်​က ကျွန်​​တော့်​ကို​ပြောတယ်​...

"ငါကလျှင်​မြန်​တယ်​...အဆိပ်​ရှိတယ်​...ငါ့ကို လူ​တွေ​ကြောက်ကြတယ်​" တဲ့...

ကျွန်​​တော်​သူ့ကို အရမ်းအားကျမိတယ်​...သူ့လို လျှင်​မြန်​ပြီး အဆိပ်​ရှိတဲ့ ​မြွေ ဖြစ်​ချင်​ခဲ့တယ်​....

နောက်​​နေ့မှာ ကျွန်​​တော်​ ​မြွေ​ပွေး တစ်​​ကောင်​နဲ့​တွေ့တယ်​...
မြွေ​ပွေးက ကျွန်​​တော့်​ကို​ပြောတယ်​...

"ငါက တည်​ငြိမ်​တယ်​...ငါ့ဟာငါ ​အေး​ဆေး​နေတယ်​ ..ငါ ဘယ်​သူ့ကို မှ ရန်​မရှာဘူး...ဒါ​ပေမယ့်​ ငါ့ကို ​တော့ လာမထိနဲ့ ယင်​​ကောင်​​တောင်​ အလွတ်​မ​ပေးဘူး" တဲ့...

ကျွန်​​တော်​ သူ့ကို အရမ်း​လေးစားမိတယ်​...ကျွန်​​တော်​ သူ့လို တည်​တည်​ငြိမ်​ငြိမ်​ နဲ့ အဆိပ်​ရှိတဲ့သူ ဖြစ်​ချင်​ခဲ့တယ်​...

နောက်​တစ်​ရက်​မှာ ကျွန်​​တော်​ ​ရေ​မြွေ တစ်​​ကောင်​နဲ့ ​တွေ့တယ်​...
ရေ​မြွေက ကျွန်​​တော့ကို ​ပြောတယ်​....

"ငါက အဆိပ်​မရှိဘူး...​ပျော်​​ပျော်​ပဲ​နေတတ်​တယ်​...ငါ့ကို လာရန်​စ ရင်​လည်း ငါဘာမှမတုန့်​ပြန်​ဘူး..ငါ့မှာ အဆိပ်​မရှိမှန်း​သိ​တော့ ဘယ်​သူမှ ငါ့ကို မ​လေးစားကြဘူး....ငါ့ကို ဟာသ တစ်​​ကောင်​အဖြစ်​ပဲ လူ​တွေ သ​ဘောထားကြတယ်​" တဲ့...

ကျွန်​​တော်​ သူ့ကို စိတ်​အရမ်းပျက်​မိတယ်​...အဆိပ်​မရှိတဲ့ ​မြွေတစ်​​ကောင်​က ဘယ်​​နေရာမှာ သွားပြီး အသုံးကျပါ့မလဲ..ကျွန်​​တော်​သူ့ကို အထင်​​သေးတယ်​...အတုမယူ ထိုက်​တဲ့သူမို့ ​ဝေး​ဝေးက ​ရှောင်​ဖို့ ဆုံးဖြတ်​လိုက်​တယ်​...

ဒီအဖြစ်​အပျက်​​တွေဖြစ်​ပြီး ဆယ်​ရက်​​လောက်​ကြာ​တော့ ကျွန်​​တော်​ လယ်​သမား ကြီး တစ်​ဦးနဲ့ ​တွေ့တယ်​...သူ့ရဲ့ ပလိုင်းထဲမှာ ​မြွေအ​သေ နှစ်​​ကောင်​ကို ​တွေ့လို့ ​သေချာ ကြည့်​လိုက်​​တော့ ကျွန်​​တော်​​လေးစားရ တဲ့ ​မြွေ​ပွေး နဲ့ ​မြွေ​ဟောက်​ဖြစ်​​နေတယ်​...

ကျွန်​​တော်​ ဘာမှ မ​မေးခင်​မှာပဲ လယ်​သမားကြီးက ကျွန်​​တော့်​ကို ​ပြောတယ်​....

" ငါ့လယ်​ထဲမှာ ​တွေ့တာ​တော့ ​မြွေက သုံး​ကောင်​ကွ....ငါသူတို့ကို မသတ်​ချင်​ပါဘူး...ဒါ​ပေမယ့်​ကွာ ဒီနှစ်​​ကောင်​က အဆိပ်​ရှိတဲ့ သတ္တဝါ​တွေဆို​တော့ လူ​တွေအတွက်​ အန္တရာယ်​ရှိလာနိုင်​တယ်​...ဒါ​ကြောင့်​ပဲ သူတို့ကို သတ်​လိုက်​ရတာ...ကျန်​တဲ့တစ်​​ကောင်​က​တော့ ဘာအဆိပ်​မှရှိတဲ့ အ​ကောင်​မလို့ သတ်​စရာ မလိုဘူး​ပေါ့ကွာ..." တဲ့...

ကျွန်​​တော်​ ​နောင်​တ တစ်​ခုရလိုက်​သလို...အသိတရား တစ်​ခုလည်း ရလိုက်​တယ်​...​"လောက မှာ အဆိပ်​မရှိတဲ့ သူက အန္တရာယ်​ အကင်းဆုံး"းဆိုတာကို...အဲ့ ​နေ့က စပြီး ကျွန်​​တော့်​ရဲ့ လွဲမှား​နေတဲ့ အ​တွေးအ​ခေါ်​တွေကို ပြုပြင်​ဖို့ ဆုံးဖြတ်​လိုက်​တယ်​...

" ကိုယ့်​ခန္တာ မှာရှိတဲ့ အဆိပ်​ဆိုတဲ့ အရာကို ဖယ်​ထုတ်​ပြီး...ငြိမ်းချမ်းတဲ့ ဘဝ...လွတ်​လပ်​တဲ့ ဘဝတစ်​ခုကို ရှာ​ဖွေဖို့နဲ့..ကြုံလာသမျှ အတိုက်​အခိုက်​ကို အပြုံးနဲ့ပဲတုန့်​ပြန်​ဖို့ပါ."...

#ဓမ္မအလင်းရောင်
Credit:

No comments:

Post a Comment