Sunday, July 21, 2019

ဖတ်ပြီး ပြုံးလာနိုင်လိမ့်မယ်....

📚

ဖတ်ပြီး ပြုံးလာနိုင်လိမ့်မယ်....
---------------------------------

 အမြဲမှတ်ထားရမှာက
တစ်မိနစ် ဒေါသထွက်မိခြင်းက သောကတွေ
ကိုယ်နဲ့အတူ သုံးနာရီကြာအောင် ရှိနေစေပါလိမ့်မယ်။

 မှန်ထဲမှာ ရှိနေတဲ့သူကို ပြုံးပြနိုင်ရင်
သူကအမြဲတမ်း
ပြန်ပြုံးပြနေလိမ့်မယ်ဆိုတာ လုံးဝ အာမခံပါတယ်။

 ကိုယ့်ရှေ့က ကိစ္စတစ်ခုခုဟာ
ခက်ခဲလွန်းတယ်လို့ ခံစားမိရင်
၃- မိနစ်လောက် ငြိမ်ငြိမ်လေး မျက်စိမှိတ်နေကြည့်လိုက်ပါ။

သွားတိုက်နေတုန်းမှာ
ကိုယ်အကြိုက်ဆုံးသီချင်းတစ်ပုဒ်ကို
ပြီးဆုံးတဲ့ထိ လည်ချောင်းကနေ
ညည်းဆိုနေလိုက်ရင် သွားတွေ
၂-ဆ ပိုမိုဖြူ ဖွေးသန့်ရှင်းစေပါလိမ့်မယ်။

``ဘာမှမဖြစ်ပါဘူး´´ဆိုတဲ့စကားကို
``ဘယ်လိုလုပ်ကြမလဲ´´ဆိုတာထက်
ပါးစပ်မှာ စွဲနေအောင် လေ့ကျင့်ပြောကြည့်ပါ။

 အိမ်မွေးတိရိစ္ဆာန်လေးတွေဟာ
ကိုယ့်ရဲ့ လျိှု့ဝှက်ချက်တွေကို
ထိန်းသိမ်းပေးတတ်ကြတာ တော်ပါတယ်။
ဒါကြောင့် တစ်ပါးသူ မသိစေလိုတဲ့ ကိစ္စတွေဆိုရင် သူတို့လေးတွေကို ပြောပြလို့ရပါတယ်။

ငယ်ငယ်က မကြိုက်ခဲ့တဲ့ အစားအစာတွေ ပါးစပ်ထဲခပ်ထည့်ကြည့်လိုက်ပါ 
တော်နေ အကြိုက်ဆုံးအစာလဲ ဖြစ်လာတတ်ပါတယ်။

ကိုယ်မုန်းတဲ့သူတွေရဲ့ နာမည်တွေကို
စာရွက်ထဲမှာ ချချရေးပြီး စာရွက်ကို
အစိတ်စိတ်အမွာမွာ ဖြဲပစ်ပါ
အမုန်းတွေ တဖြည်းဖြည်း ပြောလျော့လာပါလိမ့်မယ်။

စီးကျလာတဲ့ မျက်ရည်တွေကို
လုံးဝမသုတ်ပဲ ထားပစ်လိုက်ပါ
မျက်ရည်တွေ ခမ်းခြောက်သွားတဲ့အခါ
ငိုထားခဲ့ကြောင်း မသိသာနိုင်တော့ပါဘူး။

တစ်ခုခု ဝယ်လိုက်မယ်ကြံတိုင်း
အဲအရာကနေ ရနိုင်မဲ့အကျိုးကျေးဇူး
အနည်းဆုံး ၃-မျိုးလောက် အရင်ရှာတွေးကြည့်လိုက်ပါ။

အဝတ်အစား ဗီရိုသေတ္တာတွေထဲမှာ
ဝတ်စရာ အင်္ကျီနဲ့ဘောင်းဘီ နည်းနေပါစေ
အကုန်လုံးကို တစ်လှည့်စီ ပုံမှန်ထုတ်ဝတ်လိုက်ရင် များလာတယ်လို့ ထင်ရလာပါလိမ့်မယ်။

ဝမ်းနည်းအားငယ်တယ်လို့ ခံစားမိတဲ့နေ့ဆိုရင်
ပန်းဆိုင်သွားပြီး ပန်းလေးတစ်စည်းဖြစ်စေ တစ်ပွင့်လောက်ဖြစ်စေ သွားဝယ်လာပြီး ကိုယ့်ကိုပြန်ပေးကြည့်ပါ
နေလို့ထိုင်လို့ ကောင်းလာပါလိမ့်မယ်။

တစ်စုံတစ်ယောက်ကို
တိတ်တခိုးချစ်နေမိတာကမှ အချစ်ဆိုတာဟာ
ဘယ်လိုဟာမှန်းမသိရတာထက် ပိုကောင်းနေပါလိမ့်မယ်။

ဘယ်ကိုမှ မထွက်ရ မလည်ရပါပဲ
လှလှပပ ကျော့ကျော့မော့မော့ မဝတ်စားမပြင်ဆင်ရဘူးရယ်လို့မှ မဆိုလိုတာ။

ကိုယ့်ဆီမှာ ရှိတဲ့ စာအုပ်တွေအားလုံးကို တစ်အုပ်လုံးကုန်အောင် ကြိုးစားဖတ်ကြည့်လိုက်ပါ မကြိုက်မနှစ်သက်ခဲ့ရင်တောင်မှ
သူ့မှာ အကျိုးကျေးဇူးတွေ ထည့်မြှပ်ထားတာတွေ့လာပါလိမ့်မယ်။

မနက်စောစော နိုးလာလို့ ပျင်းနေရင် ပျင်းတာကို ဘယ်လောက်ကြာလဲဆိုတာ
အကြာနိုင်ဆုံး ရေတွက်ကြည့်နေလိုက်ပါ
လေ့ကျင့်ခန်း ထလုပ်ရမှာ ပျင်းနေရင် ပြောတာပါ။

အပင်မှာ ပွင့်တဲ့ပန်းဟာ ဘယ်လိုပဲထားထား ပန်းအိုးထဲမှာနေရတာထက် ပိုကြာကြာ ပွင့်လန်းနိုင်တယ်ဆိုတာ သိပါသလား။

ဘယ်သူနဲ့ပဲ ရန်ဖြစ်ဖြစ် အပြုံးလေးနဲ့
ရန်ဖြစ်တာဟာ ပြဿနာကို
ပိုပြေလည်လွယ်စေတာ တွေ့ရပါလိမ့်မယ်။

စိတ်ညစ်တဲ့အခါ ငယ်ငယ်တုန်းက ပုံလေးတွေ ပြန်ပြန်ထုတ်ကြည့်လိုက်ပါ
မယုံနိုင်စရာကောင်းအောင်
စိတ်ညစ်ပြေသွားတာ တွေ့ရပါလိမ့်မယ်။

လွတ်လပ်မှုဆိုတာ
လူတိုင်းအတွက်ဖြစ်နိုင်ပါတယ် ကိုယ်ဘာသာရွေးချယ်နိုင်မလား ဆိုတာ မူတည်သွားတာပါ။

သင်သိရင် အမြတ်ပါပဲ...

credit

ထူးဆန်း​ထွေလာ သုတကမ္ဘာ page မှ-

No comments:

Post a Comment