"ဒုံရင်းက ဒုံရင်းဘဲ"
------------
လူမျိုးခြားတစ်ယောက်နဲ့မြန်မာတစ်ယောက်ဟာ
ပဲခူးရိုးမတောထဲမှာ သစ်အတူခုတ်ကြတယ်။လူငယ်
တွေပီပီ ကြိုးစားလုပ်ကိုင်ကြတယ်။ဝင်ငွေလည်း
ကောင်းကြတယ်။လူမျိုးခြားကတော့ ငွေကိုသေချာစု
တယ်။မရှိတဲ့ အချိန်မှာ အဆင်ပြေသလိုစားသောက်
တယ်။မြန်မာကတော့ ငွေသိပ်မစုဘူး။စားတယ်
သောက်တယ်။လျှာအရသာ ခံလွန်းတယ်။သူ ဘယ်လို
စားတယ်,သောက်တယ်ဆိုပြီး ကြွားဝါတယ်။
(၁၀)နှစ်လောက်ကြာတဲ့အခါမှာ ငွေစုစောင်းမိ
တဲ့ လူမျိုးခြားက ရန်ကုန်သွားပြီး စီးပွားရေးလုပ်ငန်း
ပြောင်းလုပ်တယ်။အစားအသောက်တွေဘဲ အကောင်း
စားတွေ စားနေတဲ့ မြန်မာကတော့ ပဲခူးရိုးမတောထဲမှာ
သစ် ဆက်လက်ခုတ်နေတယ်။ငွေလဲ တစ်ပြားမှ မစု
မိဘူး။
လူမျိုးခြား ရန်ကုန်ရောက်ပြီး ၁၀ နှစ်လောက်
အကြာမှာတော့ မြန်မာသစ်ခုတ်သမားဟာ လွှ,ရဲတင်း
တွေဝယ်ဖို့ ရန်ကုန်တက်လာတယ်။လွှ,ရဲတင်း စတဲ့
အိမ်ဆောက်ပစ္စည်းမျိုးစုံရောင်းတဲ့ဆိုင်ကြီးတစ်ခုထဲကို
ဝင်လိုက်တယ်။တိုက်တိုက်ဆိုင်ဆိုင်ဘဲ ဒီဆိုင်ကြီးဟာ
သူနဲ့အတူ ပဲခူးရိုးမမှာ သစ်ခုတ်တဲ့ သူ့သူငယ်ချင်းဆိုင်
့ဖြစ်နေတယ်။
ဆိုင်ထဲကိုဝင်ပြီး လိုအပ်တဲ့ပစ္စည်းကို ရွေးတယ်။
ဆိုင်သူဋ္ဌေးဆီသွားပြီးငွေရှင်းတယ်။မြန်မာသစ်ခုတ်
သမားက လူမျို့းခြားသူဋ္ဌေးကို သေချာကြည့်တယ်။
မြန်မာသစ်ခုတ်သမားက
"ငါ ဒီလူကို သေချာသိပါတယ်,အော် သိပြီ,ပဲခူးရိုးမမှာ
ငါနဲ့ သစ်အတူခုတ်တဲ့ လူဘဲ"
"ဒီမှာ သူဋ္ဌေး.......ခင်ဗျားကျုပ်ကို မှတ်မိလား"
"ဟာ....သူငယ်ချင်း မှတ်မိတာပေါ့ လာ ထိုင်"
"ဒီဆိုင်က ခင်ဗျားဆိုင်လား"
"ဟုတ်တယ်လေ ကျွန်တော့ဆိုင်ဘဲ,
ဘာလာဝယ်တာလဲ"
"သစ်ခုတ်ဖို့ လိုအပ်တဲ့ ပစ္စည်းလေး လာဝယ်တာပါ။
ခင်ဗျားနဲ့ကျွန်တော်ဟာ ပဲခူးရိုးမမှာ သစ်ခုတ်တာခြင်း
အတူတူ,ခင်ဗျားက ရန်ကုန်မြို့ကြီးမှာ ဆိုင်အကြီးကြီးနဲ့
သူဋ္ဌေးဖြစ်နေတယ်။ကျွန်တော်ကတော့ သစ်ခုတ်နေ
ရတုန်းဘဲ။
"ဒုံရင်း ဒုံရင်းဘဲ"...ဘာကွာလို့လဲဗျာ,
"ခင်ဗျားကို အဲဒါပြောချင်တာ...
"ခင်ဗျားက ဝက်သားအစား စောတယ်ဗျာ"
"ဘာလဲဗျ...နားမလည်ဘူး"
"ဝက်သားအစား စောတယ်ဆိုတာ,
လျှာအလိုလိုက်တယ်ပြောတာပါ။မရှိတဲ့ အချိန်မှာ
ချွေတာမစားဘူး။လျှာအလိုလိုက်ပြီးကောင်းကောင်းစား
ကောင်းကောင်းသုံးဖြုန်းတယ်။ငွေမစုဘူး။ခင်ဗျားက
ငွေရတာကိုရသလို သုံးဖြုန်းစားသောက်ပြစ်တယ်။
ကျွန်တော်က မရှိတဲ့ အချိန်မှာ ချွေတာစားသောက်ပြီး
စုစောင်းခဲ့လို့ခုတော့ သူဋ္ဌေးဖြစ်နေပြီဗျာ"
"ခု ဆိုရင် ကျွန်တော် ကြိုက်တာစားလို့ရပြီဗျာ"
ခင်ဗျား လိုချင်တာ ယူသွားပါ။ပိုက်ဆံမပေးနဲ့။ခင်ဗျား
ကြိုက်တာစားဗျာ။ကျွန်တော်ကျွေးမယ်"
လူမျိုးခြားသည် မြန်မာသစ်ခုတ်သမားအား သစ်ခုတ်
ရန်လိုအပ်သည့် ပစ္စည်းများ ပေးလိုက်သည့်အပြင်
အစားအသောက်ကိုလည်းစိတ်ကြိုက်ကျွေးမွေး၏။
ပဲခူးရိုးမတွင် သစ်ခုတ်သမားခြင်းအတူတူ
တစ်ယောက်က ရန်ကုန်မြို့တွင် ဆိုင်ကြီးကနားကြီး
ဖြင့် သူဋ္ဌေးဖြစ်နေပြီး ကျန်တစ်ယောက်သည် သစ်ခုတ်
သမားဘဝ "ဒုံရင်း ဒုံရင်း"အတိုင်းရှိနေခြင်းသည်
အဘယ်ကြောင့်နည်း!
လူ့ဘဝတွင် လူတို့၏ ကံဇာတာအား လေ့လာ
ကြည့်ပါက လူ့ဘဝတစ်ခုတွင် ကုသိုလ်ကံ အကျိုးပေး
ကောင်းတစ်ခု လူတိုင်းကြုံရမည်ဖြစ်၏။ဤသို့ ကုသိုလ်
ကံ အကျိုးပေးကောင်းချိန်တွင် ချွေတာစုစောင်းမိပါက
အသက်ကြီးသည်အထိ ချမ်းချမ်းသာသာနေထိုင်သွား
ရမည်ဖြစ်၏။
ထိုသို့ မဟုတ်ဘဲ ကုသိုလ်ကံအကျိုးပေးကောင်းချိန်
ငွေများဝင်ချိန်တွင် မစုမစောင်းဘဲ သုံးဖြုန်း ပျော်ပါး
စားသောက် ကြွားဝါနေပါက အသက်ကြီးချိန်တွင်
စိတ်သောက ပူလောင်မှုများနှင့်နေထိုင်သွားရမည်
ဖြစ်ပေသည်။
သို့ပါ၍ သုံးဖြုန်းခြင်း,စုစောင်းခြင်းသည် မိမိတို့၏
သဘောဆန္ဒသာဖြစ်၍ မိမိ၏အသိဥာဏ်ဖြင့်သာ
မိမိဘဝရှေ့ရေးအတွက် စဉ်းစားဆုံးဖြတ်ရမည်
ဖြစ်ပေသည်။
u tin ko
Credit
No comments:
Post a Comment