Thursday, July 25, 2019

ခင်ဗျားကိုခင်ဗျား ဂုဏ်ယူပါ

ခင်ဗျား အခြောက်ဆိုရင်
ခင်ဗျားကို ဆုတောင်းမှားခဲ့တာလို့ ပြောကြလိမ့်မယ်

ခင်ဗျား ပိန်ကပ်နေရင်
ခင်ဗျားကို ဆေးသမားလို့ ပြောကြလိမ့်မယ်

ခင်ဗျား ဝတုတ်နေရင်
ခင်ဗျားကို ငပျင်းကြီးလို့ ပြောကြလိမ့်မယ်

ခင်ဗျား တက်တူးတွေ ထိုးထားရင်
ခင်ဗျားကို လူမိုက်လို့ ပြောကြလိမ့်မယ်

ခင်ဗျား ဆံပင်အနီရောင် ဆိုးထားရင်
ခင်ဗျားကို မကောင်းတဲ့မိန်းမလို့ ပြောကြလိမ့်မယ်

ခင်ဗျား ဆင်းရဲနေရင်
ခင်ဗျားကို ညံ့ဖျင်းလွန်းတယ်လို့ ပြောကြလိမ့်မယ်

ခင်ဗျား ချမ်းသာနေရင်
ခင်ဗျားကို ရိုးမှရိုးရဲ့လားလို့ ပြောကြလိမ့်မယ်

ခင်ဗျား မိန်းကလေးတစ်ယောက်နဲ့ စကားပြောနေရင်
ခင်ဗျားကို လှည့်စားတတ်တဲ့သူလို့ ပြောကြလိမ့်မယ်

ခင်ဗျား ယောက်ျားလေးတစ်ယောက်နဲ့ စကားပြောနေရင်
ခင်ဗျားကို မျက်နှာများတဲ့သူလို့ ပြောကြလိမ့်မယ်

ခင်ဗျား ရယ်နေရင်
ခင်ဗျားကို ငပေါကြီးလို့ ပြောကြလိမ့်မယ်

ခင်ဗျား ငိုနေရင်
ခင်ဗျားကို အပိုလုပ်ပြနေတယ်လို့ ပြောကြလိမ့်မယ်

ခင်ဗျား သန့်သန့်ပြန့်ပြန့် ဝတ်ထားရင်
ခင်ဗျားကို ဘဝင်မြင့်နေတယ်လို့ ပြောကြလိမ့်မယ်

ခင်ဗျား နှုတ်ဆိတ်နေရင်
ခင်ဗျားကို လူမှုရေးခေါင်းပါးတယ်လို့ ပြောကြလိမ့်မယ်

ခင်ဗျား အလိုက်သိနေရင်
ခင်ဗျားကို ငဖားကြီးလို့ ပြောကြလိမ့်မယ်

ခင်ဗျားရဲ့ဘဝမှာ ဝေဖန်မှုတွေ မရှိဘဲ
ခင်ဗျား ဘာမှ လုပ်လို့မရနိုင်ဘူး

ခင်ဗျားရပ်တည်နေတဲ့ ပတ်ဝန်းကျင်ကြီးကိုက
ကိုယ့်ဘေးက လူကိုမှ မဝေဖန်ရရင်
ရှင်သန်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ နေရာကြီးပဲ
ခင်ဗျား ခံယူထားရမှာတစ်ခုက
သူတို့ ခင်ဗျားကို ချစ်ကြသည်ဖြစ်စေ
သူတို့ ခင်ဗျားကို မုန်းကြသည်ဖြစ်စေ
အဲ့ဒီသူတို့ ဆိုတာတွေသည် ခင်ဗျားဘဝကို
ပြောင်းလဲမပေးနိုင်ဘူးဆိုတာပဲ

ခင်ဗျားဘဝကို ပြောင်းလဲပေးနိုင်တာ
ခင်ဗျားကိုယ်တိုင်ပဲ
ပတ်ဝန်းကျင်ကို ခင်ဗျားလေးစားဖို့လိုပေမယ့်
ပတ်ဝန်းကျင်ကြောင့် ခင်ဗျားဘဝကိုတော့
မတိမ်းစောင်းပါစေနဲ့

ဒီတော့
ခင်ဗျားခံယူချက်ကို ထိန်းသိမ်းပါ
ခင်ဗျားယုံကြည်ချက်ကို ဆက်လျှောက်ပါ
ခင်ဗျားရည်မှန်းချက်ကို ကြိုးစားပါ
ခင်ဗျားရပ်တည်ချက်ကို အားထားပါ
ခင်ဗျားကိုခင်ဗျား ဂုဏ်ယူပါ
Inspiring Stuff ၏ status ကို မှီငြမ်း၍
ပြန်လည်ရေးသားထားခြင်းဖြစ်ပါသည်...

Wai Phyo Maung
23.6.2016
Credit 

No comments:

Post a Comment