ကိုယ့်ဘဝနဲ့ ကိုယ်
➳ ➳ ➳ ➳ ➳
လင်းတစ်လှည့် မှိန်တစ်လှည့် လောကကြီးမှာ
ပျော်သလိုနေတတ်ဖို့ လက်ခံရဲတဲ့စိတ်ရှိဖို့လိုတယ်
ပျော်ပျော်နေတယ်ဆိုတာ အများအမြင်မှာ
မခံစားတတ်ဘူး ထင်ချင်ထင်မယ်
တကယ်တမ်းတော့
သူများနည်းတူ ခံစားတတ်တယ်
ငိုနေလိုရော ဘာထူးမှာလဲ
ဘနဖူး သိုက်တူးတဲ့လူကိုရှောင်ချင်ရှောင်လို့ရမယ်
လောကဓံရဲ့ ပြတ်ရှမှုတော့
ခပ်ဆက်ဆက်လေး ခံစားရမှာ
အပြုံးတွေနောက်က ရှိုက်သံကပိုခံစားခက်တာ
ဘယ်သူကသိမှာလဲ
ကိုယ်ငိုနေချိန် လှောင်ပြုံးတွေနဲ့ ကျိတ်ပုန်းခနေတာ
ဘယ်သူမြင်ခဲ့လဲ
အနားသတ်မလှသလို အနားကပ်သူမရှိလည်း
ဘဝ ဆိုတာ ကိုယ်လမ်းကိုယ်ဖောက်
ကိုယ့်ထူကိုယ်ထမို့ ငိုမနေနဲ့
အပိုအလိုများနဲ့ ဖြတ်လျှောက်လှမ်းရာလမ်းမှာ
နာကျင်ခြင်း ဝမ်းနည်းခြင်းတွေထားခဲ့
တတ်နိုင်သလောက် ပျော်အောင်နေ မပျက်စေနဲ့
မြစ်တစ်ခုလို စီးဆင်းခွင့်ရတဲ့ ဘဝမှာ
ကျောက်ဆောင်လို အဟန့်အတားတွေလည်းရှိမယ်
ကိုယ့်ကိုယ်မှီခို ရှင်သန်သူတွေလည်းရှိမယ်
ကိုယ် ခိုင်မာဖို့ တိုက်စားခြင်းတွေလည်းရှိရမယ်
ကံကြမ္မာ ဆိုတာ ငါးဟင်းတစ်ခွက်လိုပဲ
ဘယ်အချိန် အရိုးဆူးမလဲ သေချာမသိနိုင်ဘူး
တခါတလေ သေချာဂရုစိုက်ထားတာတောင်
အခန့်မသင့်ရင် ခြေချော်လက်ချော်ဖြစ်သေးတာပဲ
ကြုံလာမယ့် လောကဓံကို ခပ်ပြုံးပြုံးလေးကြည့်ပြီး
ကိုယ့်ဘဝ နဲ့ ကိုယ် လို့တိုးတိုးလေးအားပေးလိုက်တယ်။
ပြုံးထား များများလေးပြုံးထား
အပြုံးတွေရဲ့နောက်ကွယ်မှာ အားအင်တွေ
ပါလာတတ်ပါတယ်...
#credit
No comments:
Post a Comment