Wednesday, July 10, 2019

💦💦အရှက်တရားမှာ တားဆေးမရှိဘူး💦💦

💦💦အရှက်တရားမှာ တားဆေးမရှိဘူး💦💦
:-)
"ဟျောင့် သားကြီး မနေ့က မင်းဖုန်းငါဆက်သေးတယ်
စက်ပိတ်ထားတယ်တဲ့ ဘာဖြစ်လို့လဲဟ"

"သြော် ဒါလား မနေ့က ငါရယ် ငါ့ဆော်ရယ်
တည်းခိုခန်းမှာရောက်နေလို့ ပိတ်ထားလိုက်တာ"
:-)
"ဟာ သားကြီး စွံလှချည်လား မင်းသူ့ကို ခိုးပြေးလိုက်တာပေါ့"

"မင်းကလည်း ဝေးလိုက်တာ ဒီခေတ်ကြီးထဲ ဆော်ကိုခေါ်ပြီး
တည်းခိုခန်းသွားနေတာတွေ တစ်ပုံကြီးပါကွ"
:-)
"ဟာ အဲ့လိုမဟုတ်ဘူးလေ ဒါဆိုမင်းညက အဲ့မှာ
ကောင်မလေးနဲ့ ဘာတွေများလုပ်နေလို့……"

"သားကြီး မင်းတော်တော်ထူတာပဲနှစ်ယောက်တည်းဆိုမှတော့ ဘာလုပ်မလဲဟ လင်မယားလုပ်တာဟေ့ ဟုတ်ပလား"
:-)
"ဟာ မင်းသူ့ကို ယူမှာပေါ့"

"ရော် …ခက်ပီ သားကြီးရာ ရည်းစားထားပါတယ်ဆို
အဆင်မပြေရင်ပြတ်ပေါ့ ဖူးစာပါရင်ငြားပေါ့ဒါပဲရှိတာ
ငါမဖြေတတ်ဘူး"

:-)
"ဟင် မင်းကလည်း တာဝန်မယူချင်တဲ့သဘောပေါ့"


"ဒီခေတ်ကြီးထဲမှာလေ ယောက်ျားလေးတစ်ယောက်
တော်ကီ ကြွယ်ရင် မိန်းမလှလေးတွေရဲ့ body ကို
ဝယ်စရာတောင်မလိုဘူးကွ"

:-)
"မိန်းကလေးက ဘယ်ကျေနပ်နိုင်မလဲကွ ဘဝနဲ့ရင်းရတာ"


"ဟား အခုခေတ်က ကွန်ဒုံးက လိုသုံးဖြစ်သလို
မိန်းမဆိုတာလည်း ငွေပေးရင် ကျေအေးတတ်ပါတယ်ကွာ…"

:-)
"သူကမင်းကို တကယ်ချစ်လို့ ဒီလောက်ထိ
ပေးဆပ်တာဖြစ်မှာပါ ကွာ မင်းသူ့ကို ယူလိုက်ပါ"


"ယူစရာလားဟ မနေ့ညကပဲ သူ့ကို တာဆေး ဝယ်ပေးပြီးသား သူနဲ့ငါလက်ထပ်ဖို့ကဝေးကြီး ဒီလို အညှာလွယ်နေမှတော့
ဘယ်ကြာမလဲ ဖောက်ပြန်မှာပေါ့ဟ"

:-)
"အဲ့လိုလည်း မတွေးနဲ့လေ မင်းလည်းသူ့ချစ်လို့
သူနဲ့တူတူနေတာ သူကလည်းမင်းကို တကယ်ချစ်လို့ ယုံလို့
ပေးဆပ်တာဆိုရင်ကော"


"သားကြီး ဟာသတွေလာမပြနဲ့ ငါစိတ်မဝင်စားဘူး
အထာကျတဲ့ဆော်တွေတစ်ပုံကြီး သူမပြတ်လည်း ငါပြတ်တဲ့ခါ
နောက်တစ်ယောက်ပေါ့ကွ"

:-)
"ဒါဆို သူအတွက် မင်းဘက်က မသေချာဘူးပေါ့"


"ထားပါတော့ သားကြီးရာ
သူလည်းတားဆေးနဲ့အဆင်ပြေနေလောက်ပီ
မင်းနဲ့ငါ ဝါးတီးသွားဆွဲစို့ နောက်မှ မင်းတရားဆက်ဟော"

:-)
"သြော် …မင်းကတော့ သူ့အတွက် တားဆေးပေးခဲ့တာ
သူအတွက် အရှက်တရားကတော့ တားဆေးမရှိဘူးကွ "

➡ဒီလိုနဲ့ သူတို့ အတူတူ ထမင်းစားရင်း ခဏကြာ ……⏰

:-)
'သားကြီး မင်းမှာ ညီမ မရှိဘူးလား"


"ညီမလည်းမရှိဘူး အမလည်းမရှိဘူး ဘာလဲ မင်းက
စောနက ဟာကို ငါ့ ဝဋ်လိုက်မှာစိုးရိမ်နေတာလား"

:-)
"ဝဋ်ဆိုတာ လည်စမြဲပဲလေ"


"ဟား ငါ့မှာမောင်နှမ မရှိဘူး အဲ့တော့ ဘာဝဋ်မှလည်မလဲ ကိုယ့်ကံနဲ့ကိုယ် ဆော်ကြည်တာ မနာလိုမဖြစ်ပါနဲ့ ကွာ ဟက်ဟက်;;"

:-)
"အေးပါကွာ……"

👉ယောက်ျားလေးဘက်က တစ်သက်မှာ ဆော်ဘယ်နှယောက်ထားထား မျက်နှာများတဲ့ စကားကို ဂုဏ်ပုဒ်တစ်ခုလို့ ထင်နေပြီး အထည်အလဲတွဲတတ်သလို တစ်ချို့က ရေကြည် ရေနောက်
သောက်မြည်းတတ်ပြီး ဘဝဖျက်ဆီးတတ်သည့် virus တစ်ခုလို ရွံဖို့ကောင်းသည်။😪

👇👀
"ကို ချစ်ကို ပစ်မသွားနဲ့နော် ကို့အလိုကျ အကုန်ဖြစ်စေရမယ်"

👇👀
"အေးပါချစ်ရယ် ပစ်ဘူးနော် ချစ်ကိုချစ်လို့ ဒီအဆင့်ထိ ကိုစွန့်စားခဲ့တာပေါ့ "

👇👀
"ရော့ တားဆေးလေး တစ်ပတ်တစ်ခါသောက်နော် "😪

👇👀
"ဟုတ်ကိုကို ချစ်ဗိုက်မပေါ်ဖို့ တားဆေးရှိတယ် ကိုပစ်သွားတဲ့အခါ ချစ်အရှက်ရတာ တားဆေးမရှိဘူးနော် အရှက်နဲ့လူလုပ်နေရတာပါ ချစ်တို့က"😪

👇👀
"အေးပါကွာ ချစ်တယ်နော……"

သူငယ်ချင်းနှစ်ယောက်မတွေ့ဖြစ်တာ
 ရက်အနည်းငယ်အကြာတွင်⌚⌚

"တူ……တူ"☎

:-)
"အေး သားကြီးပြော"


"သားကြီး ငါ ဟိုဆော် နဲ့ပြတ်သွားပြီ "

:-)
"ဟေ ဟုတ်လား ဘာဖြစ်ကြတာလဲ"


"အေး သူက အရင်က ရည်းစားရှိခဲ့ဖူးတယ်ဟ"

:-)
"ဒါကတော့ မင်းလည်းတူတူပဲဟာ"


"အာ  မင်းကလည်း သူလို အညှာလွယ်ပုံနဲ့
သူများစားပြီးသားကြီး ငါမယူချင်ပါဘူး"

:-)
"ဟာ သားကြီး တစ်ဖက်သက်ဆန်တာ မင်းပြောတာက"


"သူကတော့ ဘာမှမဖြစ်ခဲ့ဘူးပြောပေမယ့်
ငါကတော့ အချိုသပ်ပြီး ဖြတ်လိုက်တယ် "

:-)
"သေချာစဉ်းစားပါဦး ဟိုကမိန်းကလေးလေ
တွေးကြည့်စမ်းပါကွ မင်းဆော်ကြည့်ရတာ
အဲ့လိုထဲကဟုတ်ပါဘူး ရိုးရိုးလေးပါ"


"ငါမသိဘူးအဲ့ဒါတွေ အေး အဲ့အကြောင်းပြောတာ ဘာပြောပြော မဆက်တော့ဘူးပြတ်ပြီ အခုတောင် နောင်တရတယ် "

:-)
"အေးပါကွာ မင်းကံပေါ့ ဝဋ်ဆိုတာ မကြာဘူးနော်"


"ဝဋ်……ထားပါတော့ ဒါပဲနော် ဖုန်းချပီ"

👉နှစ်အတော် ကြာတော့ သူအိမ်ထောင်ကျသွားတယ်။
နောက်တော့ သူ့မှာ သမီးလေးမွေးလာခဲ့တယ်။
တဖြည်းဖြည်း သမီးလေးအရွယ်ရောက်လာတော့
ဒီကောင် ရွှေလိုဥပြီး တန်ဖိုးရှိတဲ့ ကျောက် မျက် ရတနာထက် ဂရုစိုက်ကာ သာယာတဲအိမ်ထောင်ရေးလေးပိုင်ဆိုင်နေပါတယ်။

👉ကိုယ့်ဟာကျ တုန်နေအောင်နှမျောတတ်တဲ့ ဖခင်မေတ္တာနဲ့ ကုန်နေအောင် ချစ်ပြနေတယ်။ သမီးကညာ အပျိုပေါက်ဖြစ်ပြီး တစ်နေ့တော့ စစ်ပွဲကြီးတစ်ခု ကြုံလိုက်ရတယ်။😪

:-)
"ငါ့ကောင်ကြီး မင်းကို မတွေ့တာကြာလို့
အိမ်ထိလိုက်လာခဲ့တာ နေမှကောင်းလားလို့"


"ငါအိမ်ထဲအိမ်ပြင်ကို မထွက်ရဲလို့ပါကွာ"(မျက်နှာပျက်လျက်)

:-)
"ဟာ မျက်နှာလည်းမကောင်းပါလား ဘာဖြစ်တာလဲဟ"


"သားကြီး မင်းပြောတာမှန်တယ်ကွာ" (ဖက်ပြီး ငိုသည်)

:-)
"မင်းကလည်း အကြောင်းရင်းလည်းငါ့ပြောပါဦးဟ"

(^_^)
"ဒီလိုပါတော် သူ့သမီး မှာ ဗိုက်ရနေလို့လေ "

:-)
"ဟာ ဟုတ်လား မင်းကလည်း
စောစောစီးစီး မြေးချီရတော့မယ်ဟာ ဝမ်းသာရမယ်လေ"


"မဟုတ်ဘူး မဟုတ်ဘူး" (ကယောက်ချောက်ချား)

:-)
"ဟေ ဘာလဲဟ ပြောပြပါကွာ"


"ငါ့သမီးလေး ငါ့ရဲ့အုပ်ချုပ်မှုအောက်မှာ နေလာခဲ့တာ
ခုအသက်၁၈နှစ် ထိပါမင်းသိပါတယ်"
"ဒါပေမယ့်ကွာ မနေ့က ကျောင်းကအပြန် သူနေမကောင်းဘူးဆိုပြီး အိပ်နေတာ ငါတို့လဲ ဘာမှန်းမသိရလို့
ဆရာဝန်ခေါ်စစ်မှ……ကိုယ် ကိုယ်ဝန်တဲ့ကွာ ဟီးးး"

:-)
"ဟာ မင်းပြောတဲ့ တား တားဆေးရော"


"မနောက်ပါနဲ့ ကွာ ငါ့သမီးကိုမေးတယ်"

:-)
"အေးပြောလေ"


"သူတို့အရမ်းချစ်တာတဲ့
အဲ့ဒါနဲ့ လိုက်လျောပေးလိုက်မိတာပါ တဲ့
တားဆေးမသုံးလိုက်မိဘူး သူ့ကောင်လေးက ရတယ်ဆိုလို့တဲ့ကွာ"

:-)
"ဟေ သူ့ကောင်လေးဘယ်မှာလဲ ပြောမပြဘူးလား"


"အဲ့ကောင် /တောက်!! ဟိုနေ့ကပဲ ခရီးထွက်သွားတယ်တဲ့ကွာ"

:-)
"ပြန်လာမှာပါ ပြန်လာတော့အေးဆေးပြောပြပေါ့ "


မဟုတ်ဘူး မဟုတ်ဘူး ကွာ သူကငါ့သမီးကို အပျော်ကြံတာ
ငါသိတယ် ငါပြန်ဝဋ်လည်တာ ဟူးး!!!;;;"😪

:-)
"မဟုတ်ပါဘူး စိတ်အေးအေးထားပါကွ မင့်သမီးရော "


"သူအရမ်းရှက်နေတယ် မစားမသောက်နဲ ဖျားနေတယ် "

:-)
"မင်းသမီးလေးကို ဂရုစိုက်ပါကွာ မင်လည်းဂရုစိုက်ဦး"


"ငါရှက်တယ် ကွာ ငါအရမ်းရှက်တယ်
ငါ့အသိုင်းအဝိုင်းထဲမှာ ဘယ်လိုမျက်နှာပြရမလဲ
သမီးမိုက် ငါ့မျကိနှာကို အိုးမဲသုတ်တယ် တောက်!!"//😪

:-)
"ဟာ မင်းအဲ့လိုပြောထွက်တယ်နော် ဒီမှာ ဟျောင့်
မင်းရက်စက်စွာ ခြွေချခဲ့တဲ့ ပန်းလေးတွေတုန်းက မင်းနင်းချေပြီး လွှင့်ပစ်ခဲ့သေးတာပဲ အခုမင်းအလှည့်ကျတော့
မင်းက ကြွေပန်းဖြစ်မှာကြောက်လို့
ရေလောင်းပေါင်းသင်နေသော်လည်း ကြွေသွားတဲ့ပန်းဖြစ်တော့ မင်းက နာကျင်တတ်ပြီးပေါ့နော် မင်းပြောဖူးတယ်လေ
တားဆေးရှိရင် ပြီးတယ်ဆို"


"ငါသိပါပြီကွာ ငါ့မှာ မောင်နှမ မရှိပေမယ့်
ငါ့သားသမီးနဲ့ကျမှ ဝဋ်လည်ရတယ်
ငါသိပါပြီ ငါနားလည်ပါပြီကွာ "
"အရှက်တရားမှာ တားဆေးမရှိဘူး ငာ့တစ်သက်လုံး ဒီစကား
ငါ့နားမှာ ကြားလို့ ငါနောင်တရပါပြီကွာ ;;(ငိုနေလျက်)😭

➡ဒီခေတ်ကြီးဝယ် အရှက်တရားကို တန်ဖိုးမဲ့သောအတွေးနဲ့
ဝေးဝေးမှာ ထားတတ်ကြလို့ မိန်းမလှလေးတွေ ဘဝပျက် ကာ လမ်းမပေါ်ကဘဝတွေကို ပိုင်ဆိုင်ကြရသည်။

ထို့ကြောင့် 💦💦
👉လူတစ်ယောက်အတွက် အရှက်တရားမှာ တားဆေးမရှိ။
သိက္ခာမဲ့ သူဟာ ဘဝနိမ့်ကျဖို့အတွက် ရာနှုန်းတစ်ဝက်
သေချာနေပါပြီ။

အဆင်ပြေကြပါစေ……💦

🔥စာရေးသူ- အက္ခရာ
Follow me Saya Pauksa ထံမှ တဆင့်
ကိုယ်သိသလို အမျိုးကောင်းသားသမီးများ သိစေရန်
စေတနာဖြင့် ပြန်လည်ဝေမျှပါသည်...

အမျိုးကောင်းသားသမီးများ
ဆန္ဒ နှင့် ဘဝ
ဦး​ဏှောက်​ နှင့် နှလုံးသား
ချစ်သူ နှင့် အိမ်ထောင်ဖတ်
အိမ်ထောင်ဖတ် နှင့် မိသားစုဆန္ဒ တထပ်တည်းကျပါစေ....

စိတ်သဘောထားချင်းတိုက်ဆိုင်ရင် Share ပေးပါ....

No comments:

Post a Comment