လူ (၃)မျိုး
၁)လု
လု ဆိုတာက လောကကြီးဆီက ကိုယ့်အတ္တအတွက်
ယူသင့်တာရော မယူသင့်တာတွေရာ
အတင်းအဓမ္မ ဇွတ်ယူနေတဲ့ လူတစ်မျိုးပါ
အကောင်းအဆိုး ၊ တရားတာမတရားတာ မသိဘဲ
ကိုယ်သာရင် ၊ ကိုယ်ချမ်းသာရင်ပီးရောဆိုတဲ့
"ငါ"သမားတွေကို ဆိုလိုတာပါ။
၂)လူ
လူဆိုတာကတော့ လူသားတစ်ယောက် စောင့်ထိန်းသင့်တဲ့
ကိုယ်ချင်းစာတရား၊ မေတ္တာတရား ၊ ကူညီတတ်မှူ
စသော စိတ်ရင်းစေတနာကောင်းတွေတည်ရှိနေပြီး
လူ့လောကအတွက် အဆိပ်မဖြစ်စေသူတွေကို
ဆိုလိုတာပါ။
လူသားကောင်းကျိုးမထမ်းနိုင်ရင်တောင်မှ ကိုယ့်ကြောင့်
အခြားသူမထိခိုက်အောင် အတတ်နိုင်ဆုံး အမှားနည်းအောင်
နေထိုင်ကျင့်ကြံနေသူတွေကို ဆိုလိုပါတယ်။
၃)လူး
လောကကြီးဆီက မယူသင့်တာတွေယူတာများလာပြီး
အတ္တမီးတွေအရှိန်ပြင်းပြင်းတောက်လောင်နေကာ
ယခုဘဝတွင်သာမက သံသရာမှာပါ "လူး"နေမည့်
အကုသိုလ်အထုပ်ကြီး မနိုင်မနင်းထမ်းနေရသူတွေကို
ဆိုလိုပါတယ်။
မတရားယူတာတွေများလာတော့ ပြန်ပေးရမှာက မတန်တဆဖြစ်နေပြီး
အတိုးရောအရင်းပါ ပေါင်းဆပ်ရမှာ သေချာနေတဲ့ လူတစ်မျိုးပါ။
သူငယ်ချင်းတို့......
လူ (၃)မျိုးထဲက "လူ"ပီသအောင် အရင်ကြိုးစားနေထိုင်ထားမှ
ယခုဘဝတွင်သာမက သံသရာအတွက်ပါ
လွတ်လွတ်လပ်လပ် အေးချမ်းစွာ ပျံသန်းနိုင်ပါလိမ့်မယ်။
လေးစားစွာဖြင့်♥ ♥ ♥
ဇင်းနစ် မကွေး[at 11: 00AM....23.3.2017]

No comments:
Post a Comment