အဆင်မပြေမှုတွေကို
ဘယ်လိုဖြတ်ကျော်မလဲ ?
_______________________
ဘဝမှာ
အဆင်မပြေမှုတွေ
ကြုံရတိုင်းကြုံရတိုင်း
ကိုယ့်ထက်ဆိုးတဲ့သူတွေ
ကိုယ့်ထက်အဆင်မပြေတဲ့သူတွေကိုကြည့်ပြီး
စိတ်ဖြေ အားတင်းထားတတ်ရမယ် ၊
တစ်ခါတလေများ
အဆင်ပြေလာပြန်တော့လည်း
မာန်မာနမဖြစ်ရအောင်
ကိုယ့်ထက်ပိုပြီး
အဆင်ပြေနေတဲ့သူတွေကို ကြည့်ပြီး
နှိမ့်ချနေတတ်ရမယ် ၊
တကယ်တမ်းတော့
ဘဝဆိုတာ
ဘယ်လိုပုံစံမျိုးနဲ့ပဲကျကျ
နေတတ်ဖို့က အဓိကကျပါတယ် ၊
ဆင်းရဲသားဘဝကလည်း
ဆင်းရဲသားဘဝနဲ့
ပျော်အောင် နေတတ်ရမယ်၊
ချမ်းသာတဲ့ဘဝကလည်း
ချမ်းသာတဲ့ဘဝကို
ပျော်အောင် နေတတ်ရမယ်၊
ကံကံ၏အကျိုးက
ဘယ်လိုပုံစံမျိုးနဲ့ပဲပေးပေး ရလာတဲ့အကျိုးကို ကျေနပ်အောင် နေတတ်ဖို့လိုတယ်၊
တစ်ချို့ဆိုရင် ကိုယ့်မှာမရှိတဲ့အရာကြီးကို
အရမ်းလိုချင်ရတာ
အရမ်းစိတ်ပင်ပန်းလွန်းပါတယ် ၊
အဲလိုအချိန်မျိုးကျရင် ရှိတာလေးနဲ့
အဆင်ပြေအောင်နေတတ်ဖို့
ကြိုးစားဖို့ လိုပါတယ် ၊
ဘာလို့လည်းဆိုတော့ ကံတရားက (ကိုယ်ပြုလုပ်ခဲ့တဲ့ကံ)
ဒီလောက်ပဲ အကျိုးပေးနိုင်တာမို့ပါ ၊
သတိထားရမှာက အတိတ်ကံက
ကိုယ်ဘာတွေလုပ်ခဲ့တယ်ဆိုတာ
မသိနိုင်ဘူးလေ ၊
ဒါပေမယ့် ကိုယ်က
ပစ္စုပ္ပန်ကံတွေကောင်းအောင် လုပ်ထား
ဖို့တော့ လိုပါလိမ့်မယ် ၊
တကယ်လက်တွေ့ လူ့ဘဝမှာ
တကယ်စိတ်အေးချမ်းချင်တယ် ဆိုရင်တော့
မရနိုင်တာကို အတင်းမလိုချင်နဲ့
မဖြစ်နိုင်သေးတာကိုလည်း
အရမ်းမမျှော်လင့်ပါနဲ့
မလုပ်နိုင်သေးတာကိုလည်း စိတ်မပူပန်ပါနဲ့ ၊
အချိန်အခါ ကျရောက်လာတဲ့အခါ
သူ့အလိုလို ဖြစ်သွားမှာပါ ၊
လူတိုင်းလူတိုင်းကတော့
အဆင်ပြေတဲ့ဘဝ
သာယာငြိမ်းချမ်း တဲ့ဘဝ
ချမ်းသာတဲ့ဘဝတွေကို လိုချင်ကြတာပဲလေ ၊
ကိုယ်လိုချင်တဲ့ဘဝကို
တကယ်ရလားဆိုတော့လည်း မရပါဘူး ၊
တစ်ချို့တွေက
အဆင်ပြေနေတဲ့ သူတစ်ပါးဘဝတွေကို
ကြည့်ပြီး အကုန်ပြည့်စုံ နေပြီလို့
ထင်နေကြတယ်
စိတ်ချမ်းသာလိုက်တာလို့ ထင်နေကြ တယ် ၊
အဲလိုလည်းမထင်လိုက်နဲ့
သူတို့လည်း နောက်ထပ်နောက်ထပ်
လိုချင်တဲ့အရာတွေလည်း ရှိနေဦးမှာပဲ
လိုအပ်ချက်တွေလည်း ရှိတာပဲ ၊
ဘယ်သူမှ တော်ပြီ ပြည့်စုံပြီ
မလိုချင်တော့ဘူးဆိုတာ မရှိပါဘူး၊
ရတယ်ဆိုရင် နောက်ထပ်လိုချင်လေလေပါပဲ ၊
တစ်ခါတစ်ခါ ဘဝက
မလိုချင်တာတွေ ရတတ်သလို
လိုချင်တာလည်း မရတတ်ဘူး ၊
အဆင်ပြေနေတုန်းက
ပူပင်မှုနည်းတယ် စိတ်ဆင်းရဲမှု
နည်းတယ်၊
အဆင်မပြေတော့
ပူပန်မှုတွေများလာတယ်
စိတ်ဆင်းရဲမှု များလာတယ် ၊
ဒါပါပဲ
အဲဒီအခိုက်အတန့် သဘောတရားလေးကို
နားလည်သဘောပေါက်ဖို့ပဲ လိုတာပါ ၊
အဆင်မပြေတဲ့ဘဝဆိုတာ
အချိန်အကြာကြီး ကန့်သတ်မထားပါဘူး ၊
ဆိုလိုတာကတော့
လူတစ်ယောက်ဟာ
အမြဲတမ်း
အဆင်မပြေတတ်သလို
အမြဲတမ်းလည်း
အဆင်ပြေမနေတတ်ပါဘူး ၊
ကိုယ့်အလှည့် အချိန်အခါ
မကျရောက်သေးတာပဲ ရှိတာပါ ၊
အခုလက်ရှိ အဆင်မပြေသေးတာဟာ
အဆင်ပြေလာဖို့အတွက်
အခြေအနေကောင်းတစ်ခု
ဖန်တီးပေးနေတာပဲလို့
ခံယူထားဖို့ လည်း အဓိကကျပါတယ် ၊
ဘယ်အရာမှ နေရာတစ်ခုတည်းမှာ
အမြဲထာဝရ တည်တံ့နေတယ်ဆိုတာ မရှိပါဘူး ၊
ဒါကြောင့် ငါတို့တစ်တွေဟာ ကျန်ရှိနေသေးတဲ့ ဘဝရဲ့လက်ကျန် အချိန်တွေကို ဘယ်လိုပုံစံမျိုးနဲ့ပဲကျကျ ဘယ်လိုပဲ ခက်ခဲခက်ခဲ
ဘယ်လိုပဲကြမ်းတမ်းကြမ်းတမ်း ရရှိလာတဲ့ဘဝကို
အကောင်းဆုံးဖြစ်အောင် ကျေနပ်အောင် လက်ရှိဘဝထက် ပိုပြီးမဆိုးရွားသွားအောင် စိတ်ထားတတ်အောင် ကံကံ၏အကျိုးကို ဆင်ခြင်သုံးသပ်တတ်အောင် နေတတ်ဖို့ စားတတ်ဖို့ သွားတတ်ဖို့ပြောတတ်ဖို့ လုပ်ကိုင်တတ်ဖို့
စဉ်းစားတွေးတောတတ်ဖို့ လိုပါတယ်။
အဓိကအချုပ်အနေနဲ့ပြောရရင်
ဘယ်လိုအခြေအနေမျိုးကိုပဲရောက်နေရောက်နေ ဘဝကိုရိုးရိုးသားသားနဲ့ ဖြတ်သန်းပါ
ကျော်ဖြတ်ပါ ၊
ဘဝကအဆင်မပြေဘူးဆိုပြီး
မရိုးသားတဲ့ဖြတ်လမ်းနည်းတွေကို
ဘယ်တော့မှ မလုပ်မိစေနဲ့၊
မကောင်းတာတွေလုပ်လို့
ကြီးပွားနေတယ်ဆိုတာ
ရေရှည်အထိမဖြစ်ပါဘူး ။
ဖြတ်လမ်းနည်းဆိုတာလည်း
ရေရှည်မှာတည်တံ့ခိုင်မြဲဖို့မသေချာပါဘူး ၊
ကိုယ့်ရဲ့ယုံကြည်ချက်တစ်ခုကို
ရည်မှန်းချက်ပန်းတိုင်တစ်ခုအဖြစ်ထားပြီး
အဆင်မပြေမှုတွေကို
ကျော်လွှာပါ
ဖြတ်ကျော်ပါ၊
အဆင်မပြေမှုတွေရဲ့နောက်ကွယ်မှာ
ရိုးရိုးသားသားနဲ့ယုံကြည်ချက်အပြည့်ထားပြီး
ကြိုးစားနေသရွေ့
အဆင်ပြေခြင်းတွေဟာ
ငါတို့အတွက်
လက်ကမ်းပြီး
ကြိုဆိုနေပါလိမ့်မယ်....။
မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)
M.A ဓမ္မာစရိယ

No comments:
Post a Comment