ဥပဒေဆိုတာကြီးကို ငွေနဲဝယ်လို့မရဘူးနော်။
ရဲ (or) တရားသူကြီးကိုပဲ ငွေနဲ့ ဝယ်လို့ရတာ။
သူငယ်ချင်းတယောက်ကို မေးဖူးတယ်။
" ငါ လိုင်းကားစီးနေတုန်း
ငါ့အရှေ့မှာ ခါးပိုက်နှိုက်တဲ့ အဖွဲ့နဲ့ ကြုံရင်
ငါ ဘာလုပ်သင့်လဲ " ဆိုပြီး။
" သားကြီး မင်း ဘာမှသွားမလုပ်နဲ့
သူတို့ဘာသာသူတို့ နှိုက်သွားပါစေ ထားလိုက်
ငါ စေတနာနဲ့ပြောတာ
မင်း သွားတားရင် ဟိုက အဖွဲ့လိုက်
ဓါးနဲ့ ဝိုင်းထိုးသွားလိမ့်မယ်
မင်း ဓါးထိုးခံရရင် အဲ့ဒီကားပေါ်ကလူတွေက
သူရဲကောင်းလုပ်လို့ ဆေးရုံပို့ပေးမယ် ထင်လား
မင်း သူတို့ကို အဲ့လိုမတားခင်
မင်းမှာ မိသားစုရှိသေးတယ်ဆိုတာ သတိရ " တဲ့။
လူတိုင်းမှာ မိသားစုဆိုတာရှိတယ်။
မိဘမဲ့တွေမှာတောင် သူ့တို့စိတ်ထဲမှာ သတ်မှတ်ထားတဲ့
မိသားစုရှိတယ်။
လူတစ်ယောက်ရဲ့ နဖူးကို သေနတ်နဲ့ ချိန်ထားပြီး
သူမလုပ်ချင်တဲ့ဟာ ခိုင်းရင်
အဲ့ဒီလူက " ပစ်လိုက်တော့လေ ဘာလုပ်နေတာလဲ " လို့
ပြောနိုင်ပေမယ့်
သူ့ရဲ့ မိဘ (or) သားသမီးရဲ့ နဖူးကို
သေနတ်နဲ့ ချိန်ထားပြီး
သူ မလုပ်ချင်တဲ့ဟာ ခိုင်းရင်တော့
အဲ့ဒီလူဟာ ဘာပဲခိုင်းခိုင်း လုပ်ပေးရတာပါပဲ။
ပိတ်သွားတဲ့ အမှုကြီးတွေဟာ
မတရားသဖြင့် လာဘ်စားပြီး ပိတ်သွားတာချည်းမဟုတ်ဘူး။
လာဘ်ထိုးတဲ့ မသမာကောင်တွေဟာလည်း
သူတို့ကိစ္စကို ဖုံးဖိပေးဖို့ လာဘ်ထိုးတာထက်
အသက်အန္တရာယ်မဖြစ်ချင်ရင်
ပေးတာယူ၊ ခိုင်းတာလုပ်ဆိုတဲ့ အထာတွေကြောင့်
သူတို့ ခိုင်းတာ လုပ်ပေးလိုက်ရတာ များတယ်။
မြန်မာနိုင်ငံရဲ့ ဥပဒေဟာ
ပြည်သူတွေအတွက်တော့ နှာခေါင်းရှုံစရာပါ။
ဒါဟာလည်း မြန်မာနိုင်ငံရဲ့ မှောင်မည်းနေတဲ့ ဥပဒေကို
တွန်းလှန်မယ့် ဟီးရိုး မရှိသေးလို့ပေါ့။
ကျွန်တော်တို့လို ငကြောက်တွေရယ်၊
သာမာန်ရာထူးတွေနဲ့ လူတွေရယ်၊
ဘာကောင်မှ မဟုတ်တဲ့သူတွေကတော့
မှောင်မည်းနေတဲ့ဥပဒေကို
ဘယ်နည်းနဲ့မှ တွန်းလှန်လို့ရမှာမဟုတ်ဘူးဗျ။
လိုအပ်နေတာက
ဝန်ကြီးလောက်နီးနီး ရာထူးရှိတဲ့
ဘယ်ဌာနကိုမဆို မွှေနှောက်လို့ရပြီး
မေးခွန်းထုတ်နိုင်တဲ့ အာဏာမျိုး ရှိတဲ့သူတွေထဲက
တယောက်ယောက်က
(1) ပိတ်သွားတဲ့ အမှုကြီး ၄ ခု၊ ၅ ခုလောက်ကို ပြန်လိုက်ပြီး
အဲ့အမှုတွေမှာပါတဲ့ လာဘ်စားတဲ့သူတွေ၊ တရားခံတွေ၊
နောက်ကွယ်က အမိန့်ပေးနေတဲ့သူတွေကို
သက်သေတိတိကျကျနဲ့ အရေးယူဖော်ထုတ်ပြီး
ထောင်သွင်း အကျဉ်းချပစ်လိုက်ဖို့ လိုအပ်တယ်။
(2) လာဘ်အသေစားတဲ့သူတွေပါ ဖြုတ်ပစ်ဖို့ကတော့
ပြောစရာလိုမယ်မထင်ပါဘူး။
(3) ပြီးတော့ သက်ငယ်မုဒိန်း သေဒဏ်ပေးတဲ့ ကိစ္စကိုလည်း
တိတိကျကျ ဥပဒေပြဌာန်းပြီး
နမူနာအနေနဲ့ ပြည်သူတွေရှေ့မှာ ပြစ်ဒဏ်ပေးဖို့လည်း
လိုအပ်တယ်။
ဒီနိုင်ငံမှာ ဖြောင့်တန်းတဲ့ ဥပဒေတစ်ခုဖြစ်ဖို့အတွက်
အဲ့လိုလူမျိုး ၁ ယောက်လောက်ကတော့
အနည်းဆုံး လိုအပ်ပါတယ်။
ဒါပေမယ့် အမြင့်ပိုင်းရောက်လေလေ၊
အောက်ကို ပြန်ပြုတ်ကျမှာကြောက်လေလေက
လူတွေရဲ့ ထုံးစံဖြစ်နေလေတော့
အမြင့်ပိုင်းရာထူးတွေထဲက
ဘယ်သူကမှ တိုင်းပြည်ရဲ့ဟီးရိုး မလုပ်ရဲကြပါဘူး 😂
ပြီးတော့ မဲဆွယ်တဲ့ လူတွေကလည်း
သူ့ကို မဲပေးရင် ဘယ်လိုချမ်းသာရမယ်၊
ဘာလမ်းတွေခင်းပေးမယ်ပဲ မဲဆွယ်ကြတာ။
ဘယ်အမှုကို ဘယ်လိုဖော်ထုတ်ပေးမယ်
တရားဥပဒေကို ဘယ်လိုဖြစ်အောင်လုပ်ပေးမယ်ဆိုပြီး
မဲဆွယ်တာလည်း မတွေ့ဘူး။
#Kwee_Ar
No comments:
Post a Comment