Wednesday, July 10, 2019
နေတတ်ရင်....... မဆင်းရဲပါ
★ နေတတ်ရင်....... မဆင်းရဲပါ
စိတ်ဆင်းရဲတယ်ဆိုတဲ့နေရာမှာ
ပတ်ဝန်းကျင်ဆိုတဲ့ အပြင်အကြောင်းတရားက
သာမညပါ
ကိုယ့်အတွေးဆိုတဲ့ အတွင်းအကြောင်းတရားက
အဓိကပါ
ပတ်ဝန်းကျင်အကြောင်းတရားဆိုတာက
ဖယ်ချင်တိုင်းလည်း ဖယ်လို့မရဘူး
ပြင်ချင်တိုင်လည်းပြင်လို့မရဘူး
ကိုယ့်အတွေးတွေကတော့
ဖယ်ချင်တိုင်းလည်းဖယ်လို့ရတယ်
ပြင်ချင်တိုင်းလည်းပြင်လို့ရတယ်
ကိုယ့်အတွက် ချမ်းသာဆင်းရဲက
ကိုယ်ပေါ်မှာပဲ အဓိကမူတည်တာ
တခြားဘယ်သူ့အပေါ်မှာမှ
ဘယ်အရာပေါ်မှာမှ
အဓိက မူမတည်ဘူး
နောက်တစ်ခုကသိရမှာက
မရလို့ ဆင်းရဲတာမဟုတ်ဘူး
ရချင်လို့ ဆင်းရဲတာ
မရလို့ဆင်းရဲတာလို့ ထင်နေရင်တော့
မရတိုင်းဆင်းရဲနေရမှာပဲ
ရချင်လို့ဆင်းရဲတာလို့သိမှ
အမှန်သိလို့ ခေါ်တာပါ
ရချင်စိတ်ကိုလျှော့လိုက်တာနဲ့
ဆင်းရဲလည်းလျော့သွားတာပဲ
ဒါ သဘာဝ ပါ
သဘာဝတရားတွေဆိုတာ စက်တွေလိုပဲ
ဒီခလုပ်နိပ်လိုက်ရင် ဒီအလုပ်လုပ်မှာ
ကား ဆိုပါတော့-
လီဗာနင်းလိုက်ရင်တော့
ရှေ့မှာ ဘယ်သူရှိရှိ ဘာရှိရှိ တိုက်ပစ်လိုက်မှာပဲ
ကားပေါ်မှာ ဘယ်လိုလူပဲပါပါ တိုက်ပစ်မှာပဲ
ဘယ်သူမှငဲ့ညှာ ထောက်ထားတဲ့သဘောမရှိဘူး
သဘာဝတရားတွေဟာလည်း
ဒီတိုင်းပဲ ဒီအကြောင်းရှိရင် ဒီအကျိုးဖြစ်မှာ
ဆင်းရဲစရာအကြောင်းရှိရင် ဆင်းရဲမှာပဲ
ချမ်းသာစရာအကြောင်းရှိရင်
ဘယ်သူမှမငဲ့ညှာဘူး ချမ်းသာမှာပဲ
စိတ်မဆင်းရဲအောင်
ကိုယ့်စိတ်ကို မှန်မှန်ကန်ကန်သိပြီး
ကိုင်တွယ်တတ်ဖို့လိုတယ်
နေတတ်ဖို့လိုတယ်
နေတတ်ရင်ချမ်းသာပါတယ်
(သစ္စာရွှေစည်ဆရာတော်)
🌼Nge Nge Myat Aung🌼
#Credit
Subscribe to:
Post Comments (Atom)
No comments:
Post a Comment