. "လူယုတ်မာတို့ရဲ့အကျင့်စရိုက်"
♨️ လောကမှာ
သူတစ်ပါးရဲ့ ဂုဏ် သိက္ခာကို
ပျက်ပြားအောင်
ချိုးဖဲ့ ဖျက်ဆီးတတ်တဲ့
သူတွေဟာ
သူတော်ကောင်း ယောင်ဆောင်ပြီး
နေတတ်ကြပါတယ်။
♨️ ဒီလိုလူတွေဟာ
သူများ အမှားကို
မရှိ ရှိလာအောင်လုပ်တတ်သလို
ရှာကြံပြီးတော့လည်း ရှိသယောင်
ဖန်တီး ဖျက်ဆီးတတ်တာဟာ
လူယုတ်မာရဲ့
အကျင့်စရိုက် တွေပဲဖြစ်ပါတယ်။
♨️ အဲလိုလူစားတွေဟာ
မျက်နှာဖုံးတစ်ခုဖြစ်တဲ့
သူများ သနားစေအောင်
ခန္ဓာကိုယ် ချို့ယွင်းမှုရှိတာသော်၎င်း
ဒါမှမဟုတ်
အားငယ်သယောင်၊
မပြည့်စုံသယောင်တွေ ကို
ပြတတ်ကာ တစ်ဖက်သားရဲ့
သနားမှုမျိုးကို ယူပြီး
သူတစ်ပါးကို မလိုရင်မလိုသလို
အကွက်ကျကျ ဒုက္ခပေး
ပြဿနာ လုပ်တတ်သူတွေဖြစ်လို့
အလွန်အန္တရာယ်များတဲ့
လူစားမျိုးပဲ ဖြစ်ပါတယ်။
♨️ အဲဒီလို လူယုတ်မာဆိုတာ
သူကိုယ်တိုင် ဘဝကြမ်းရင်ကြမ်း
ဒါမှမဟုတ် လူယုတ်မာ မိဘ ဆွေမျိုး
အသိုင်း အဝိုင်းမှာ
ကြီးပြင်းလာပြီး
နိုင်ထက်ကလူ
လုပ်ခံခဲ့ရဖူးတာတွေကြောင့်
သူတစ်ပါးရဲ့အပေါ်ကို
အကွက်ကျကျ
ယုတ်မာတတ်ကြတာ ဖြစ်ပါတယ်။
♨️ သူ ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်
ဒါမှမဟုတ်
အဖေက အမေကို
နှိပ်စက်ကလူ ပြုခံရတဲ့
မိဘ၊ ဝန်းကျင် ကြောင့်လည်း
ဒီလူရဲ့စိတ်မှာ
သူများအပေါ် ယုတ်မာရတာ
ထမင်းစားရေသောက် လိုမျိုး
ဖြစ်နေရတာပါ။
♨️ တွေ့ဖူး ကြားဖူးကြမှာပါ
အလွန် ရွံ စရာကောင်းတဲ့
လူယုတ်မာတွေဟာ
ကိုယ်ကျိုး စီးပွားတွက်ဆို
ဘယ်သူ သေ ငတေမာပြီးရော ဆိုတဲ့
ကြောက်စရာ လူယုတ်မာ
လူတန်းစားတစ်မျိုး ဖြစ်ပါတယ်။
♨️ သူတို့တွေဟာ
စိတ်သဘောထား နိမ့်ကျသလို
တစ်ပါးသူကိုလည်း
အန္တရာယ် ပေးတတ်သူဖြစ်ပါတယ်။
♨️ ကျေးဇူးတရား ရှိနေရင်လည်း
ကျေးဇူးကန်းတတ်တဲ့ သူမျိုးဖြစ်သလို
ကိုယ်တိုင်ကလည်း
လက်ကြောမတင်းတတ်သလို
အခွင့်အရေး ရရင်လည်း
သူတစ်ပါးဆီက
အမျိုးမျိုး လိမ်လည် ရယူ
တတ်ကြပါတယ်။
♨️ လိမ်လည်ရယူလို့မှ မရရင်လည်း
သူတစ်ပါးရဲ့ အားနည်းချက်ကို
ရှာဖွေဆုပ်ကိုင်ပြီး
လိုအပ်တာကို
ရယူတတ်သူ တွေလည်းဖြစ်ပါတယ်။
♨️ မည်သို့ဆိုစေ
ရိုင်းစိုင်းတဲ့သူဆိုတာဟာ
ရည်ရွယ်ပြီးတော့
မရိုင်းတတ်ကြပါဘူး။
မှတ်တမဲ့ ရိုင်းတတ်တာဟာ
အကျင့်စရိုက် အတိုင်း
ရိုင်းတာဖြစ်ပေမဲ့
လူယုတ်မာ ကတော့
အကွက်ကျကျ စီစဉ်
ယုတ်မာတာဖြစ်ပါတယ်။
♨️ ဒါ့ကြောင့်...
လူယုတ်မာတွေရဲ့
လားရာဟာ မကောင်းနိုင်ကြပါဘူး။
ဘဝမကူးခင်မှာတင်
ပျက်စီးသွားတာ မြင်ဖူးကြမှာပါ။
♨️ ယုတ်မာမှုများပြီး ပျက်စီးပြီ ဆိုရင်
လူတွေရဲ့ ဖိနပ်အောက်
အနိမ့်ဆုံးအထိ
ကျသွားတတ် ကြပါတယ်။
♨️ ဒီတော့
ကိုယ်ဟာ ဘယ်တော့မှ
လူယုတ်မာ မဖြစ်ပါစေနဲ့လို့
သတိပေးပါရစေ။
☮️ လူယုတ်မာများရဲ့
လက်ကလည်း ကင်းဝေးနိုင်ကြပါစေ။
copy ယူရင်စာရေးသူအမည်အား credit ပေးပါ။
credit- #မေခ🍀

No comments:
Post a Comment