Wednesday, July 10, 2019

(လောဘအလို ပိုမလိုက်နဲ့ ကိုယ်ထိုက်တာနဲ့ကြေနပ်လေ)

(လောဘအလို ပိုမလိုက်နဲ့ ကိုယ်ထိုက်တာနဲ့ကြေနပ်လေ)
-----------------------------------------------------------------------

စာရေးသူတို့ဟာ ကျောင်းနေစဉ်တုန်းက နေ့စဉ်ဆိုခဲ့ရတဲ့
မင်္ဂလာတရားတော်ထဲမှာ (သန္တုဋ္ဌီစ)ဆိုတဲ့စကားကို ကဗျာ
လေးနဲ့ ဆိုခဲ့ဖူးကြပါတယ် ။

(လောဘအလို ပိုမလိုက်နဲ့ ကိုယ့်ထိုက်တာနဲ့ကြေနပ်လေ)

ဒီစကားက ညာဏ်နည်းသူတွေဖတ်ရရင်တော့ ဆန့်ကျင်ဖက်
ပဲကြား/မြင်/သိသွားကြပါလိမ့်မယ် ။သူတို့ဆီကပြောလာမဲ့စကား
ကလဲ ဆန့်ကျင်ဖက်စကားပဲထွက်လာမှာ အသေအချာပါပဲ ။

(လောဘမရှိရင် ဘဝကိုဘယ်လိုရပ်တည်မလဲ)ဆိုတဲ့အမြင်ပါ
အမှန်တော့ ဗုဒ္ဓ ဟောတာဟာ လောဘကို မရှိအောင်နေခိုင်းတဲ့
သဘောမဟုတ်ပါဘူး ။ဒီလိုဆိုပြန်တော့လဲသူတို့တွေက မေးခွန်း
ဆက်ထုတ်ကြမှာအသေအချာပါပဲ ။

(ဒါဆိုရင်မရှာပဲနေရမှာလား)ဆိုတဲ့မေးခွန်းကို ဆက်မေးမှာသေ
ချာပါတယ် ။ ဗုဒ္ဓကတော့ လူ့ဘဝရပ်တည်မယ်ဆိုရင် လောဘ
ရှိရမယ် ဒါပေမဲ့ပိုမရှိစေနဲ့ မတော်မတရားမရှိစေနဲ့ သမ္မာအာဇီဝ
လို့ခေါ်တဲ့ရိုးသားစွာနဲ့ရှာပါ ရိုးသားတဲ့လောဘ ကိုလက်စွဲကိုင်
ထားပါလို့ပြောတာပါ ။

(နိဗ္ဗာန်ကိုလို ချင်ရင်တော့ ခေါင်းပါးအောင်လုပ်ရပါမယ်
လောဘကိုသတ်နိုင်ရင် အသေသတ်သတ်ရမယ်။ဒီနေရာ
မှာတော့ စီးပွါးရေးနဲ့ဆက်စပ်တဲ့အမြင်လေးတင်ပြချင်လို့
နိဗ္ဗာန်ရောက်ကြောင်းကိုခနလေးမေ့ထားခဲ့ပါမယ် )

နောက်တချက်က လောဘနောက်ကို မိုက်ရူးရဲစိတ်နဲ့မလိုက်နဲ့
လိုက်မိလို့ အသက်ဆုံရှုံးသွားယင် ရခဲလှတဲ့လူ့ဘဝဟာ တိုး
တောင်းစွာနဲ့အဆုံးသတ်သွားလိမ့်မယ် လို့ဆိုလိုတဲ့သဘောပါ ။

ဥပမာသာဓက တခုပြောပြချင်ပါတယ် ။ဘုရားလောင်းစကြာမင်း
အကြောင်းပါ ။

ဘုရားလောင်းဟာ စကြာမင်းဘဝတခုကိုရခဲ့စဉ်က စကြာမင်း
ဆိုတဲ့ပါဝါနဲ့ကမ္ဘာ့လူထုတခုလုံးကို အုပ်ချုပ်ခဲ့ပါတယ် ။တနေ့မှာ
စကြာမင်းကြီးရဲ့စိတ်ထဲကို အတွေးတခုဝင်လာပါတယ် ။

(လူ့ပြည်ကိုအုပ်ချုပ်ရတာပျင်းလာပြီ နတ်ပြည်ကိုအပိုင်းသိမ်းပြီး
အုပ်ချုပ်မှ စကြာမင်းဖြစ်ရတာဂုဏ်ရှိမယ်)လို့ လောဘ(လိုချင်
တက်မက်မှု)ဖြစ်လာပါတယ် ။

သူ့ရဲ့အကြံကို နောက်လိုက်တွေဆီပြောပြေတော့လဲ စကြာမင်း
ရဲ့နောက်လိုက်တွေက  ။ မင်းအလိုလိုက်ပြီး နတ်ပြည်သိမ်းဖို့အားပေးကြပါတယ်
ဒီတော့ပင်ကိုယ်က လိုချင်နေတဲ့ စကြားမင်းရဲ့စိတ်ဟာ လောဘ
အလိုကို လိုက်ဖို့ပိုပြီးအားသန်သွားပါတော့တယ် ။

စကြာမင်းကလဲ အချိန်ဆွဲမနေတော့ပဲ နတ်ပြည်ကို တက်သိမ်း
လိုက်တယ် ။နတ်ပြည်မှာမူလရှိနေတဲ့သိကြားမင်းကလဲ

 (ဒီစကြားမင်းကတော့ တော်တော်လောဘအလိုကိုလိုက်နေတာ
   ပဲ-အုပ်ချုပ်ပါစေလေ-လူ့အသက်ကငါတို့နတ်ရဲ့တရက်စာပဲ
   ရှိပါတယ်လေ )

ဆိုပြီး အုပ်ချုပ်ခွင့်ပေးလိုက်တယ် ။စကြားရတနာဆိုတာပိုင်ရှင်
ဖြစ်သူစိတ်ထဲကမှန်းလိုက်တိုင်းလုပ်ပေးတဲ့လက်နက်တမျိုး
ဆိုတော့ သိကြားမင်းကလဲ ရန်ပြိုင်ဖြစ်ချင်ပုံမရပါဘူး ။

ဒါပေမဲ့သိကြားမင်းကနပ်ပါးသူဆိုတော့ သူရဲ့မိဖုရားနဲ့အခြွေအရံ
တွေကိုတော့ မသိမ်းဖို့ မသတ်ဖို့တောင်းပန်လိုက်ပါတယ် ။စကြာ
မင်းကြီးကတော့ သိကြားမင်းရဲ့အလိုအတိုင်း ပေးသင့်တာကိုပေး
ပြီးအုပ်ချုပ်လိုက်တယ် ။

လူ့မှာတသက် နတ်မှာတရက်ဆိုတဲ့အတိုင်း နတ်ပြည်သက်တမ်း
နဲ့ဆိုတော့ တရေးအိပ်အချိန်လောက်ပဲကြာမယ်ထင်ပါတယ် ။
စကြားမင်းကြီးက လောဘဇောတဆင့်တက်လာပြန်တယ် ။သူ
စဉ်းစားလိုက်တာကတော့ -

(ငါလိုစကြာမင်းကြီးတယောက်ဟာ နတ်ပြည်ကိုတောင်အကုန်
မရပဲအုပ်ချုပ်နေရပါလား ။စကြာမင်းသိက္ခာကျတယ် ။ဒီနေ့ပဲ
သိကြားမင်းကိုသတ်ပြီးနတ်ပြည်ကိုအပိုင်သိမ်းမယ်)လို့စိတ်ကူး
လိုက်စဉ်မှာပဲ

စကြာမင်းရဲ့ကံတရားဟာ ကုန်ဆုံးချိန်ကိုရောက်သွားတာနဲ့တိုက်
ဆိုင်လာပြီးနတ်ပြည်က လူ့ပြည်ကို သစ်ရွက်ကြေကျသလို ကြွေ
ကျလာပါတော့တယ် ။

လူ့ပြည်မှာရှိတဲ့စကြားမင်းကြီးရဲ့နန်းတော်ထဲကပန်းခြံထဲ ဘုရင်
ထိုင်တဲ့နေရာပေါ်ကို ပြုတ်ကျလာတယ် ။ လူ့ပြည်မှာရှိတဲ့ စကြာ
မင်းရဲ့သားသမီးမြေးမြစ်တွေဟာ အပြေးအလွှားရောက်လာကြ
ပြီးတော့ စကြာမင်းကြီးကို ဝိုင်းမေးကြပါတယ် ။

စာရေးသူတို့ နဲ့ရင်းနှီးသူတယောက် မြို့ကြီးပြကြီး/နိုင်ငံခြားတိုင်း
ပြည်တခုခုကပြန်လာရင် သိချင်တာလေးတွေကိုမေးကြသလို
မျိုးဖြစ်မှာပါ ။

(အဖေနတ်သမီးတွေကော ချောကြရဲ့လား ။နတ်ပြည်မှာဘာတွေ
မြင်ခဲ့သလဲ ။ပျော်စရာရောကောင်းရဲ့လား )နဲ့သိချင်တာတွေကို
ဝိုင်းမေးကြပါတယ် ။

စကြားမင်းကြီးကဘာပြန်ပြောသလဲဆိုရင်

(ဟေ့ ကောင်တွေ မင်းတို့မေးတာကို ငါရှင်းပြနေဖို့အချိန်မရှိဘူး
 ငါပြောတာကို သေချာနားထောင် မင်းတို့သေသေချာချာမှတ်
 ထားကြ-

(လောဘခေါ်တိုင်းလောဘနောက်ကိုဘယ်တော့ ဘယ်တော့မှ
 လိုက်မသွားကြနဲ့ လောဘဆိုတာ အဆုံးမရှိဘူး လိုက်ရင်းနဲ့
 အသက်ပဲသေမယ်  ရပြီလို့စိတ်ကကြေနပ်မယ်
ဆိုတာဘယ်တော့မှမရှိဘူး-ဒီတော့ ကိုယ်ရသင့်လို့ရလာတဲ့
အရာတွေနဲ့ ကြေနပ် ပြီးနေတတ်အောင် မင်းတို့ကြိုးစားကြ )

ဒီစကားကိုပြောပြီးတာနဲ့စကြာမင်းကြီးနတ်ရွာစံသွားပါတော့
တယ်။

*   *   *    *    *    *     *    *     *     *     *      *

(ကြံစည်တိုင်းထိုက်တန်သလောက်အောင်မြင်သူ)

စာရေးသူတို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာဟာ ဒဿနတွေ လက်တွေ့
တွေ စိတ္တဗေဒ  ရူပဗေဒ ဓာတုဗေဒ စတဲ့ဘာသာရပ်ပေါင်းစုံတွေ
တွေကို ပြည့်စုံစွာဟောထားတဲ့ဘာသာတခုပါ ။

လက်ရှိသိပ္ပံအတတ်လို့ခေါ်တဲ့(sciences)မှာ ဗုဒ္ဓဟောတဲ့
တရားတွေနဲ့မလွဲတာများပါတယ် ။အတွင်းကျကျလေ့လာနေတဲ့
သိပ္ပံပညာရှင်တွေဟာလဲ နောက်ဆုံးတော့ ဗုဒ္ဓတရားတော်တွေ
ကိုလက်ခံပြီးဗုဒ္ဓဘာသာကို ကူးပြောင်းကိုးကွယ်လာကြပါတယ်။

ပြောချင်တာက ဗုဒ္ဓဟာ နည်းမျိုးစုံကိုလူသားတွေအတွက်ဟော
တော်မူခဲ့။လမ်းညွှန်ခဲ့ပါတယ် ။ဟောတော်မူထားတဲ့တရားတော်
အတိုင်းတသွေမတိမ်းလုပ်နိုင်ရင် သေချာတဲ့အောင်မြင်မှုကိုရရှိ
ကြမှာမလွဲပါဘူး ။

ဗုဒ္ဓဟောတဲ့ စီးပွါးရေးဘာသာရပ်တခုကို ပြောပြချင်ပါတယ်။ဗုဒ္ဓ
ရဲ့စီးပွါးရေး လမ်းညွှန်ကိုအတိုင်းလုပ်ချင်တယ်ဆိုရင် ဗုဒ္ဓပြော
တဲ့စီးပွါးရေးအင်္ဂါရပ်နဲ့တွေညီညွတ်ဖို့လိုပါတယ် ။

ညီညွတ်မယ်ဆိုရင်တော့ ထိုက်တန်သလောက်အကျိုးတခုကို
တော့ လိုက်နာသူဖက်က ခံစားရမှာ မြေကြီးလက်ခတ်မလွဲနိုင်
ပါဘူး ။

*       *       *       *       *       *        *        *

(ဗုဒ္ဓရဲ့အခြေခံစီးပွါးရေးအင်္ဂါရပ်-၃-မျိုး)

(က)-ကံ     (ကမ္မ)
( ခ)-ဉာဏ် (ဉာဏ)
(ဂ )-ဝိရိယ (ဝိရိယ)

ဒီအခြေခံသုံးချက်ညီညွတ်ရင်တော့ အောင်မြင်တဲ့စီးပွါးပညာ
ရှင်တယောက်ဖြစ်မှာမလွဲပါဘူး ။

-----------        *****     ----------

(က)-ကံ(ကမ္မ)၏-အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်(ကံ)၏စွမ်းရည်

ကံ-ဆိုတာ ပါဠိစကားကဆင်းသက်လာတာပါ ။အပြည့်အစုံက
ကမ္မ-ပဲဖြစ်ပါတယ် ။တိုက်ရိုက်ဘာသာပြန်ဆိုချက်က

ကံ-ကမ္မ-အလုပ်

ကံဆိုတာအလုပ်ကိုပြောတာပါ ။စီးပွါးရေးလုပ်တော့မယ်ဆိုရင်
ကိုယ်နဲ့လိုက်ဖက်တဲ့(သို့)ကိုယ်ဝါသနာပါတဲ့ အလုပ်မျိုး ကိုရွေး
ချယ်တတ်ရပါမယ် ။

ကိုယ်ကဝါသနာပါလို့ ကျွမ်းကျင်နေတာက ပွဲရုံအလုပ် ။ရွေးချယ်
ထားတာက ကိုယ်မသိနားမလည်တဲ့အခြားအလုပ်တခု ။ဒီလိုဆို
ယင် အဲ့ဒီလူဟာ ရွေးချယ်လိုက်တဲ့လုပ်ငန်းအပေါ်မှာအောင်မြင်
နိုင်ဖို့ အချိန်တွေ အများကြီးပေးရပါ့မယ် ။

မိတ်သစ်ရှာရမယ်။တတ်သိနားလည်အောင်အချိန်ပေးပြီးလေ့
လာရမယ် ။ နေရာသစ်ရှာရမယ် ။ရင်နှီးမြှုပ်နှံမှုအသစ်လုပ်ရမယ်
ဈေးကွက်ရှာရမယ် ။

အခြေချနေတာနဲ့အချိန်ကုန်မယ်။ဝယ်လက်ရှာနေတုန်းမှာပဲ အ
လုပ်သမားစရိတ် ရုံးခန်းစရိတ်တွေ တိုးကုန်သွားမယ်။ အမြတ်အ
စွန်းမရပဲ ထွက်ငွေနဲ့လိုငွေပြမှုတွေက နေရာယူလာကြမယ် ။

ဒါဟာ ကံလို့ခေါ်တဲ့ အလုပ်ရွေးချယ်တတ်မှု မှန်ကန်ခြင်း/လွဲ
ချြော်ခင်း ရလာဒ်ပါပဲ ။

------  ***   -------   ****   --------

(ခ)-ဉာဏ်(ဉာဏ)၏ အဓိပ္ပါယ်နှင့်ဉာဏ်၏စွမ်းရည်

ဘယ်အလုပ်မှာပဲဖြစ်ဖြစ် ဉာဏ်ကိုမသုံးပဲ မိုက်ရူးရဲဆန်ဆန်လုပ်
ယင် ဘယ်တော့မှမအောင်မြင်နိုင်ပါဘူး ။ဉာဏ်ရှိသူက ဉာဏ်
နည်းသူထက် အရာရာမှာအောင်မြင်အနိုင်ယူပါတယ် ။

ဉာဏ်ဆိုတာလူတယောက်အတွက် ဘဝတခုလုံးရဲ့ပင်ကိုယ်အ
ရေအသွေးပါပဲ ။လူတယောက်ရဲ့စွမ်းရည်ဟာ ဉာဏ်ပါပဲ ။

စီးပွါးရေးလုပ်ပြီဆိုယင်ဉာဏ်မရှိလို့မဖြစ်ပါဘူး ဉာဏ်ဆိုတာ
ဘဝတခုလုံးအတွက်အခရာကျလှပါတယ် ။

စီမံခန့်ခွဲရေးအပိုင်း ။ မိမိရဲ့စီးပွါးရေးမအောင်မြင်ရခြင်း
အောင်မြင်ရခြင်း ။ဒါတွေကိုသုံးသပ်ပြီး လိုတိုး ပိုလျှော့လုပ်
တတ်ခြင်းဟာဉာဏ်ပါပဲ ။

-----*   -----------*     -----------*      ----------*

(ဝိရိယ)၏အဓိပ္ပါယ်နှင့်ဝိရိယ၏ စွမ်းရည်

ဝိရိယ ဆိုတာလုံ့လဇွဲကိုခေါ်ပါတယ်။ ကြိုးစားအားထုတ်မှုအပိုင်း
မန်သမျှမှာ ဝိရိယမပါပဲ ခရီးမရောက်နိုင်ပါဘူး ။

သတ်မှတ်ချက်မူဘောင်ထဲမှာ သတ်မှတ်နှုန်းကိုတော့ ဝိရိယနဲ့
အားစိုက်လုပ်ရမှာပါ ။ မလုပ်ချင်သေးဘူး ။ မနက်မှလုပ်မယ်
နောက်တနေ့မှလုပ်မယ် လို့ပေါ့လျေှာ့ခြင်းဟာ ဝိရိယအားနည်း
ချက်ပါပဲ ။

*    *   *     *     *      *     *     *    *     *      *      *

ကံ-ဉာဏ်-ဝိရိယ

စီးပွးရှာရာမှာ

(ကံ)-မိမိနဲ့လိုက်ဖက်မဲ့အလုပ်ကိုရွေးချယ်တတ်ရမယ်
(ဉာဏ်)-ဉာဏ်ရှိရမယ်
(ဝိရိယ)-အားစိုက်ထုတ်မှုဇွဲရှိရမယ် ။

ဒီအချက်သုံးမျိုးနဲ့ပြည့်စုံရင် အောင်မြင်တဲ့စီးပွါးချင်တယောက်
ဖြစ်လာမှာပါပဲ ။ ဒီအချက်တွေဟာဗုဒ္ဓပြောတဲ့ စီးပွါးရေးဥပဒေသ
တွေပါ ။(ဒီသုံးပါးဟာဗုဒ္ဓပေးတဲ့ လူဘဝတခုရဲ့တိုးတက်ရာအ
ကြောင်းတရားသုံးမျိုးပဲဖြစ်ပါတယ် ဘယ်အရာမှာမဆိုဒီလက်
နက်သုံးမျိုးနဲ့ထုတ်သုံးတတ်ရင် အရာရာမှာအောင်မြင်နိုင်ပါ
တယ် ။ဘက်စုံသုံးလက်နက်သုံးမျိုးပါ)

ဒီလိုကံဉာဏ်ဝိရိယနဲ့အလုပ်လုပ်ခဲ့ကြလို့ လွန်ခဲ့တဲ့နှစ်ပေါင်း
၅၀၀၀ ခန့်က အရှေ့အလယ်ပိုင်းအီရတ်နိုင်ငံမှာတည်ရှိခဲ့တဲ့
ဘေဘီလုံမြို့ဟာ တမြို့လုံးနီးပါးချမ်းသာကုန်ကြပါတယ် ။

ဘေဘီလုံ မြို့ဟာ အစပထမက ကျေးကျွန်တွေနဲ့အလွန်ဆင်းရဲ
တဲ့မြို့ငယ်တမြို့ပါ ။ ချမ်းသာလာရခြင်းအကြောင်းကတော့

သူဌေးအိမ်မှာနေတဲ့ကျွန်တယောက်ကစခဲ့ပါတယ် ။ သူဌေးက
လဲစိတ်နှလုံးကောင်းဆိုတော့ သူ့ရဲ့ကျွန်ကို ကျေးကျွန်ဘဝက
လွတ်မြောက်စေချင်နေပါတယ် ။

ကျွန်လုပ်သူဟာ မနက်၆နာရီမှ ညနေ၆ နာရီထိ သူဌေးအလုပ်
ကိုလုပ်ပေးရပါတယ်။ ညနေ၆နာရီကျော်ပြီဆိုရင် သူဌေးကသူ့
ရဲ့ကျေးကျွန်ကို အပြင်ကိုထွက်ပြီးအလုပ်လုပ်ခိုင်းပါတယ် ။

သူဌေးက(မင်းဒီအတိုင်းနေရင် ငါ့ဆီမှာကျွန်ဘဝကလွတ်မှာမ
ဟုတ်ဘူး ဒီတော့ မင်းတာဝန်ပြီးတာနဲ့ အပြင်ထွက်ပိုက်ဆံရှာ
မင်းကိုဝယ်ယူထားတဲ့ ငွေ ၃၀၀ ကိုင့ါကိုနည်းနည်းဆတ်)လို့
အကြံပေးလိုက်တယ် ။

ကျွန်လုပ်သူကအားတက်သွားပြီး အပြင်ထွက်ပြီးငွေရှာတယ်
ည (၉ )နာရီထိ။အချိန်ပိုလုပ်ချင်ပေမဲ့သူဌေးက မလုပ်ခိုင်းဘူး
သူဌေးအိမ်ကအလုပ်ကိုလဲ ညဖက်ကိုအခကြေးငွေနဲ့ဝင်လုပ်
သေးတယ် ။သူဌေးက

(မင်းစည်းကမ်းမရှိမလုပ်နဲ့ သတ်မှတ်ထားတဲ့ချိန်ကိုပဲလုပ်
ဒီတနေ့ထဲနဲ့မချမ်းသာသလို နောက်နေ့တွေအတွက်အားမွေး
ရမယ်) လို့ပြောပြတယ် ။

သူဌေးပြောတိုင်းလုပ်တော့ငွေတွေရလာတယ် ။သူဌေးကိုပေး
တယ် ။ သူဌေးကလဲစိတ်ကောင်းရှိလေတော့ နည်းစနစ်တခု
ကိုသင်ပေးပြန်ပါတယ် ။

(မင်းရလာတဲ့ငွေကိုငါ့ကိုအကုန်မပေးနဲ့ 10%နှုန်းစု ဒီလိုစုတဲ့
ငွေကိုဘယ်လိုမှမသုံးပစ်နဲ့ စုငွေကိုလုံးဝမထိနဲ့ စုငွေနဲ့ငွေတိုး
အောင်လုပ် ငါ့ကို ကျန်တာကို ဆပ်)ဆိုတော့ သူဌေးညွှန်ပြတဲ့
အတိုင်းလုပ်တယ် ။မကြာခင်ကျွန်ဖိုးငွေ ၃၀၀ ကျေသွားတယ်။

သူဌေးကလဲ ထပ်ပြီးငွေစုနည်းတွေကိုပေးလိုက်တယ် ။ဒီလိုနဲ့
ချမ်းသာသွားလိုက်တာ အဲ့ဒီကျွန်ဟာ တမြို့လုံးရဲ့အချမ်းသာ
ဆုံးဖြစ်သွားပါတော့တယ် ။

နောက်ဆုံးဘုရင်ရဲ့ဘဏ္ဍာတိုက်ကငွေတွေဟာ သူ့ဆီကိုအကုန်
ရောက်ကုန်တယ် ။ဘဏ္ဍာဝန်က ဘုရင်ကိုသွားလျှောက်တင်
လိုက်တယ်

(မှန်လှပါ အရှင်မင်းကြီးဘဏ္ဍာတိုက်မှာဘဏ္ဍာငွေတွေပြန်ပြည့်
မလာပဲ လျှော့လျှော့ကုန်တယ် တလစာလောက်ပဲရှိပါတော့
တယ်ဘုရား)

လို့လျှောက်တင်လိုက်တော့စာရင်းတွေစစ်ကြတယ်။အသုံးစာ
ရင်းလဲမှန်နေပါလျှက်နဲ့ဒီငွေတွေဟာ ဘယ်သူ့လက်ထဲကို
ရောက်ကုန်တာလဲလို့စစ်လိုက်တော့ ကျွန်ဘဝက ချမ်းသာလာ
တဲ့သူဌေးဆီမှာစုပြုံရောက်နေတာကိုတွေ့ရပါတယ် ။

ဘုရင်မင်းကြီးက ဒီလိုဖြစ်ရခြင်းအကြောင်းကိုမေးတော့သူဌေးက
ငွေစုနည်းလျှို့ဝှက်ချက်ကြောင့် ဒီငွေတွေသူ့ဆီကိုရောက်လာ
ကြောင်းလျှောက်တင်လိုက်တယ် ။

ဘုရင်မင်းကြီးကလဲကောင်းချီးသြဘာပေးပြီး

(သူဌေး ဒီချမ်းသာနည်းတွေကို ငါ့ပြည်သူတွေကိုသင်ကြားပေပါ
လား သင်ကြားပေးဖို့လိုအပ်တာတွေကိုငါကိုယ်တော် ပံ့ပိုးပေး
ပါ့မယ်)

လို့ဘုရင်မင်းကြီးပြောလိုက်တယ် ။တနေ့တွင်လူ၃၀၀ ဆန့်
ကျောင်းဆောက်ပြီးသင်တန်းပေးလိုက်တော့ တမြို့လုံးချမ်း
သာသွားတယ် ။

သင်္ခန်းစာအကျဉ်း

၁-တနေ့ရှာလို့ရတဲ့ငွေထဲက ၁၀% နှုန်းကိုစုပါ
၂-ကျန်တဲ့ငွေတွေကို ကဏ္ဍ အလိုက်သုံးပါ
၃-စုငွေကို ဘယ်ကိစ္စမှာမှမသုံးနဲ့
၎-စုငွေကို ကိုယ်တတ်တဲ့နည်းနဲ့တိုးပွါးအောင်လုပ်ပါ

(မှတ်ချက်-ဘေဘီလုံမြို့သည် ။သဲမုန်တိုင်းကြောင့် တမြို့လုံး
နစ်မြှုပ်ကုန်ပြီး ယခုအခါ ပြန်လည်တူးဖေါ်ပြီးဖြစ်ပါသည်။
တူးဖေါ်ရရှိသောမြို့ဟောင်းမှ ရွံ့စေးပြားများတွင် ရေးမှတ်ထား
သော ဖေါ်ပြပါ ချမ်းသာနည်းကို တွေ့ရှိကြခြင်းဖြစ်ပေရာ
ထိုချမ်းသာနည်းအတိုင်း အမေရိကန်နိုင်ငံသားများအချို့လိုက်နာ
ကျင့်သုံးကြ၏ ။ လိုက်နာကျင့်သုံးသူတချို့လည်းချမ်းသာသူများ
ဖြစ်ကုန်ကြလေသည်)

ဒီပုံပြင်ဟာတကယ်ဖြစ်ခဲ့တယ်လို့သမိုင်းသုတေသီသီတွေက
အသိအမှတ်ပြုထားကြပါတယ် ။

ဒီတော့ ဒီလူရဲ့အလုပ်ဟာ အလုပ်မှန်တယ် ညာဏ်ရှိတယ်
ဝိရိယအားကောင်းတယ် ။ဒါကြောင့်ချမ်းသာသူဖြစ်သွားတာပါပဲ
အလုပ်မှန် နေရာမှန်ရွေးချယ်တတ်ရပါ့မယ်။ အနောက်ဥရောပ
နိုင်ငံတွေဟာ အလုပ်မှန်နေရာမှန်တွေကို ရွေးချယ်တဲ့နေရာမှာ
တကယ်တော်ကြတဲ့လူတွေပါ ။

ဝါသနာကို မပိတ်ပင်ကြပါဘူး ။ မြေတောင်ပဲမြှောက်ပေးကြပါ
တယ် ။စာရေးသူတို့အရှေ့တိုင်းနိုင်ငံတွေ မှာတော့ တသွေး
တမိန့်ဆန်ပြီး မြှောက်စားမှုလဲ နည်းပါတယ် ။

တီထွင်ကြံဆလိုတဲ့ လူတယောက်ပေါ်လာပြီဆိုရင်(အရူး)စာ
ရင်းထဲကို ထည့်သွင်းတတ်ကြပါတယ် ။ပံ့ပိုးပေးဖို့ဝေးစွ ။

အားပေးတဲ့ပါတ်ဝန်းကျင်ကောင်းမရှိသည့်အခါ ဝါသနာနဲ့စွမ်း
ရည်တွေဟာလဲ တိမ်မြုပ်ကုန်ပါတော့တယ် ။

အနောက်နိုင်ငံတွေကတော့ အရှေ့တိုင်းနိုင်ငံတွေနဲ့မတူပါဘူး
ရေလောင်းပေးတယ် ပေါင်းသင်ပေးကြပါတယ် ။ ဒီလိုပါတ်ဝန်း
ကျင်ကောင်းတွေရှိလို့လဲ အမေရိကန်လို သမိုင်းမရှည်သေးတဲ့
နိုင်ငံတွေဟာစက်မှုထွန်းကားပြီးနိုင်ငံ( G 7/8/20) နိုင်ငံတွေ
ဖြစ်ကုန်ကြတာပါ ။

လူသားမျိုးနွယ်စုကိုအာရှဒေသကစခဲ့ပေမဲ့ ။နည်းပညာ မှန်သ
မျှကို အနောက်နိုင်ငံတွေဆီက ပြန်လည်တပည့်ခံနေကြရပါ
တော့တယ် ။

ဒါဟာဘာကြောင့်လဲဆိုရင်

၁-ဝါသနာကိုပိတ်ပင်တယ်
၂-တသွေးတအာဏာဆန်တယ်
၃-မြေတောင်မြှောက်ပေးလိုစိတ် နည်းပါးတယ်
၎-မှတ်တမ်းမထားတတ်ဘူး

ဒီလိုအချက်တွေကြောင့် သမိုင်းဦးကနိုင်ငံတွေဟာ သမိုင်း
နောက်ကနိုင်ငံတွေ နောက်ကိုရောက်ကုန်ကြပါတော့တယ် ။

သူတို့တွေဟာ အလုပ်တခုကိုလုပ်ပြီဆိုရင်စူးစူးစိုက်စိုက်လုပ်
(သမာဓိ)ပါတယ် ။ အလုပ်လုပ်သူကို အနှောင့်အယှက်မပေး
ပါဘူး ။

ခလေးတယောက်ဟာ ကျောင်းစာကို စိတ်မဝင်စားဘူး ကျောင်း
ပြေးနေတယ် ။စိတ်ဝင်စားအောင်မိဘတွေက ပံ့ပိုးပေးတယ် ။
ကျောင်းစာကိုသင်ကြားနေတုန်းမှာ ပန်းချီဆွဲတာ/သီချင်းဆိုတာ
ကိုချည်းသားသမီးကလုပ်နေတယ်ဆိုရင် သူလုပ်ချင်တဲ့အလုပ်
ကိုပံ့ပိုးပေးလိုက်ပါတယ် ။

ခလေးက သူလုပ်ချင်တဲ့အလုပ်ကိုလုပ်ပိုင်ခွင့်ရတဲ့အခါ ကျောင်း
တက်ဖို့ကို ဝန်မလေးတော့ဘူး ။ ထူးခြားတာက အဲ့ဒီခလေးဟာ
သူဝါသနာပါတဲ့ဘာသာရပ်တခုကို သူမတူအောင်ထူးချွန်သွား
ခြင်းပါပဲ ။

အရွယ်ရောက်လာတဲ့အခါ အဲ့ဒီခလေးဟာ သူဝါသနာပါတာနဲ့
နာမည်ကြီးလူတယောက်ဖြစ်သွားပါတော့တယ် ။

ဒီနေရာမှာ စာဖတ်သူကမေးချင်ပါလိမ့်မယ် ။ ဝါသနာပါတိုင်းခွင့်
ပြုရမှာလားလို့။ဝါသနာပါတယ်ဆိုတာ မကောင်းတာကိုဝါသနာ
ပါခြင်းမျိုးကိုပြောတာမဟုတ်ပါဘူး ။ ဘဝတိုးတက်စေတဲ့ဝါသနာ
မျိုးကိုဆိုလိုတာပဲဖြစ်ပါတယ် ။

-------******-------*****---------*******-----------*****

(သမာဓိ)

သမာဓိဆိုတာ တည်ငြိမ်ခြင်းလို့အဓိပ္ပါယ်ရပါတယ် ။ဘယ်အ
လုပ်မှာပဲဖြစ်ဖြစ်တည်တည်ငြိမ်ငြိမ်နဲ့လုပ်ကိုင်တတ်သူတွေဟာ
အောင်မြင်ကြပါတယ် ။

တရားရှာရင်လဲ (သမာဓိ)စိတ်ငြိမ်ဖို့လိုအပ်ပါတယ်
အလုပ်အကိုင်လုပ်ရင်လဲ(သမာဓိ)စိတ်မများဖို့လိုအပ်ပါတယ်
စာသင်ရင်လဲ စိတ်တည်ငြိမ်မှစာရလွယ်ပါတယ် ။

ဒီတခုလုပ်နေရင်းနဲ့မပြီးသေးဘူးနောက်တခုကိုသွားဆက်တယ်
ဒီနေရာမှာရောင်းချနေရင်းနဲ့ နောက်တနေရာကို ပြောင်းရွှေ့ပစ်
တယ် ။ ဒါဆိုရင်မိတ်သစ်ရှာရပြီ ။ အလုပ်တွေတိုးလာပြီ ဝန်
ဆောင်ခတွေ တိုးလာပြီ ။

ဒီတော့ ဂနာမငြိမ်တဲ့အလုပ်မှန်သမျှဟာ မအောင်မြင်ပါဘူး ။
ငွေကြေးချမ်းသာတဲ့လူတွေဟာ ချက်ချင်းကြီး ပြည့်စုံလာတယ်
လို့မရှိကြပါဘူး ။အချိန်တွေ ကိုအများကြီးရင်းနှီးပြီးမှ ပြည့်စုံ
လာကြသူတွေဖြစ်ကြပါတယ် ။

ဒီတော့ လူတိုင်းလုပ်ငန်းသမာဓိရှိဖို့လိုအပ်ပါတယ် ။ ယာယီလုပ်
ငန်းဆိုတဲ့အပိုင်းကတော့ အခစားငွေများတဲ့နေရာကိုပြောင်းရွေ့
လုပ်ရတာပါ ။ ဒီအပိုင်းက တမျိုးတဖုံပါ ရွှေ့ပြောင်းလုပ်ငန်းက
တော့ ကာလအလိုက်အလုပ်လုပ်ရတာဖြစ်လေတော့ ။ ထာဝရ
အလုပ်နဲ့မတူပါဘူး ဒါပေမဲ့အလုပ်ကို နိုင်နင်းရင် ဆယ်ခုမက
ပြိုင်တူလုပ်နိုင်ပါတယ် ။

ခုတမျိုးတော်ကြာတမျိုးမလုပ်မိဖို့သာအရေးကြီးပါတယ် ။အဲ့ဒီ
လိုလုပ်သူကိုသာ မတည်ငြိမ်သူလို့ခေါ်ဆိုခြင်းဖြစ်ပါတယ် ။

*-----*-----*------*-------*------*--------*--------*-----*

(လူတိုင်းဟာ ဆင်းရဲခွင့်ချမ်းသာခွင့်ရှိတယ်)

လူသားတိုင်းဟာ မသေသေးသရွေ့ ချမ်းသာခွင့်ဆင်းရဲခွင့်ရှိပါ
တယ် ။ ဒါပေမဲ့ ဆင်းရဲခွင့်ကတော့ မွေးတဲ့အချိန်ကစပြီး မွေးရာ
ပါ ပါလာနိုင်တဲ့အရာပါ ။

ချမ်းသာခွင့်ကတော့ လူတိုင်းမရနိုင်ကြပါဘူး ။ ဘယ်သူတွေရ
ကြသလဲဆိုတော့ ကံ/ဉာဏ်/ဝိရိယ-ဆိုတဲ့အင်္ဂါရပ်ပြည့်စုံပါမှ
ချမ်းသာခွင့်ကိုရကြတာပါ ။

လုပ်တိုင်းလဲမအောင်မြင်ခြင်းဟာ ကံ/ဉာဏ်/ဝိရိယ-တခုခုချို့
ယွင်းနေလို့ပါပဲ-

လူသားတိုင်းဟာ ဘဝတခုပြီးပြည့်စုံဖို့အလုပ်လုပ်ကြရပါတယ် ။
ရချင်တိုင်းရှာလို့ရလာတာ မှန်သမျှနဲ့ တင်းတိမ်အောင်နေတတ်
ဖို့အခရာကျလှပါတယ် ။ တချို့နေရာမှာ စွန့်စွန့်စားစားလုပ်လို့
အောင်မြင်နိုင်ပေမဲ့ ဥပဒေနဲ့ငြိစွန်းတဲ့စီးပွါးရှာနည်းမှာတော့ စွန့်
စားလေ ဒုက္ခများလေပါပဲ ။

ဒါကိုဗုဒ္ဓက

-(သန္တုဋ္ဌီစ)ရောင့်ရဲလွယ်ရမယ် ။
-လောဘခေါ်ရာနောက်ကိုသိပ်မလိုက်နဲ့။သတိနဲ့လိုက်ပါ ။
-ရိုးသားစွာနဲ့ရှာဖွေပါ ။
-ရှာလို့ရတာလေးနဲ့ကြေနပ်စွာနေတတ်အောင်လုပ်ပါ ။
-အလောတကြီးချမ်းသာချင်တဲ့စိတ်နဲ့ မကောင်းမှန်းသိလဲ
  ဇွတ်မလုပ်နဲ့ ။
-တချက်မှားတာနဲ့ ကိုယ့်မှာရှိတာတွေအားလုံးကုန်သွားမယ်
-မူလရှိပြီးသား အတိုင်းပြန်ဖြစ်ဖို့မလွယ်ဘူး ။
-ဘဝနဲ့အချိန်တွေကို အများကြီးပေးပြန်ပေးတာတောင် မူလ
 အတိုင်းပြန်ဖြစ်ဖို့ဆိုတာ မလွယ်တော့ဘူး ။

ဗုဒ္ဓရဲ့(လောဘအလိုပိုမလိုက်နဲ့ ကိုယ့်ထိုက်တာနဲ့ကြေနပ်လေ)
ဆိုတဲ့(သန္တုဋ္ဌီစ)စကားရဲ့ဆိုလိုရင်းပါ ။

x   x    x    x    x     x     x      x     x     x      x

(အချုပ်အားဖြင့်)

ကံ
ဉာဏ်
ဝိရိယ
သမာဓိ

ဆိုတဲ့တရားတွေကတော့ ဘက်စုံသုံးတရာတွေပါ -အကျိုးရှိ
အောင် သုံးတတ်ရင် အရာရာမှာအသုံးဝင်ပါတယ်။ ဉာဏ်နည်း
ရင်တော့ ဆေးဖက်ဝင်တဲ့အပင်ဟာ မိမိအနီးအနားမှာ ရှိနေ
ရင်လဲ အသုံးဝင်မှာမဟုတ်ပါဘူး ။

ဒီတော့ အားလုံးစားဖတ်သူများအနေဖြင့် ဒီလက်နက်သုံးပါးကို
အကျိုးရှိရှိ အသုံးချတတ်ပါစေ ။

အောင်မြင်တဲ့စီးပွါးရှင်တယောက်ဖြစ်ပါစေ ။

လောဘနောက်ကို ပိုလိုက်မိလို့ကျဆုံးသူဘဝမှလွတ်မြောက်နိုင်
ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း (အတွေးအမြင်တခုအ
ဖြစ်တင်ရေးသားလိုက်ရပါတယ်)

စာဖတ်သူမိတ်ဆွေများ အမှားကင်း၍အမှန်ရောက်နိုင်ကြပါစေ

စာဖတ်သူများကိုထာဝရလေးစားလျှက်
   ရရ
(ရိုးမရိပ်)
12/9/2016

No comments:

Post a Comment