Wednesday, July 10, 2019

I think positive, it comes positive ✨✨

I think positive, it comes positive ✨✨
"ကောင်းတာတွေတွေးတော့ ကောင်းတာတွေဖြစ်လာပါတယ်" တဲ့။ အဲ့ဒါကိုတစ်ကယ်လည်းယုံကြည်တယ် အမြဲတွေးနိုင်အောင်လည်းကြိုးစားတယ် ဘယ်လိုကိစ္စမျိုးမဆိုပေါ့။

ဥပမာ စာမေးပွဲဖြေထားတယ်ဆိုရင် ငါအောင်ပါ့မလားလို့တွေးနေမယ့်အစား ငါအောင်ကိုအောင်မှာလို့တွေးကြည့်ပါ။ ဒီလိုတွေးလိုက်ခြင်းအားဖြင့် အောင်ဖို့ကနောက်ထား ပထမဆုံးအနေနဲ့စိတ်ချမ်းသာရပါပြီ။ ကိုယ်တစ်ကယ်မဖြေနိုင်ခဲ့လို့ကျသွားရင်တောင် ကိုယ်မပျော်ရွှင်ဖြစ်တာ အောင်စာရင်းထွက်တဲ့အခိုက်အတန့်ရောက်မှပါ။ အောင်ပါ့မလားဆိုပြီးတွေးနေခဲ့တယ်ဆိုရင် စာမေးပွဲအောင်ရင်တောင် စိုးရိမ်ပူပန်မှုတွေနဲ့ဒီချိန်ထိဖြတ်သန်းလာရတဲ့အတွက် ကိုယ့်ပျော်ရွှင်မှုကို အရမ်းထိခိုက်ပါတယ်။

Relationship တစ်ခုမှာဆိုလည်း သူကိုယ့်ကိုသစ္စာရှိရဲ့လား တစ်ကယ်ချစ်ရဲ့လား တွေးပြီးပူပန်နေတာထက် သူကိုယ့်ကိုချစ်တယ်လို့ယုံကြည်မှုထားပြီး နားလည်မှုသာထားလိုက်ရင် အများကြီးပိုပျော်ကြရမှာသေချာပါတယ်။

ဘဝအတွက်ဆိုလည်း ကိုယ့်ကိုကိုယ်ယုံကြည်ပြီး နောက် ၃ နှစ်မှာ ငါဘယ်ရာထူးရရမယ် ငါကိုယ်ပိုင်အလုပ်လုပ်နိုင်ရမယ် ငါလုပ်ထားတဲ့အလုပ်အောင်မြင်ရမယ် ဆိုပြီး positive thinking တွေတွေးရင် မိမိအတွက်ရှေ့ဆက်ဖို့စိတ်ခွန်အား တကယ်ရပါတယ်။

ကိစ္စတွေကိုကြိုတွေးထားတာကောင်းပါတယ်။ ဒါပေမဲ့ကောင်းတာလေးတွေ တွေးဖို့တော့လိုတာပေါ့။ Negative thinking တွေများတာ ကိုယ့်အတွက်လုံးဝမကောင်းပါဘူးနော် ကိုယ်တွေ့ 😬။

အဓိကက စိတ်ထားတတ်ဖို့ဆိုတော့လေ စိတ်ညစ်ညူးစရာများတွေးမိရင် တခြားဝါသနာပါတာဖြစ်ဖြစ်လုပ်ရင်း အာရုံလွှဲပစ်တာအကောင်းဆုံးပါ။ မဟုတ်ရင်အဲ့ဒါက ကိုယ့်ရဲ့တခြားအလုပ်နဲ့ပါတ်ဝန်းကျင်ပါထိခိုက်လို့ပါ။

ဒီတော့လေ ကောင်းတာလေးတွေတွေးရင်း စိတ်လေးကြည်အောင်လုပ်ပြီး စိတ်ချမ်းသာမှုကိုအလွယ်တကူယူကြရအောင်ပါ။ 🥰🥰

#Credit #Ktivity

No comments:

Post a Comment