Sunday, July 14, 2019

" ဘဝဇာတ်​ခုံ "

" ဘဝဇာတ်​ခုံ "
•••••••••••
ငိုချင်​​ပေမယ့်​လည်း
ပြုံးပြခဲ့ရတာ​တွေရှိခဲ့ဖူးတယ်​ ။

ပြောချင်​​ပေမယ့်​​လည်း
နှုတ်​ပိတ်​ခဲ့ရတာ​တွေရှိခဲ့ဖူးတယ်​ ။

နာကျင်​​ပေမယ့်​လည်း
ကြိတ်​မှိတ်​ပြီး​နေရတာ​တွေလည်းရှိခဲ့ဖူးတယ်​ ။

စိတ်​​လျှော့ချင်​​ပေမယ့်​လည်း
အားတင်းပြီး​နေရတာ​တွေလည်းရှိခဲ့ဖူးတယ်​ ။

အရှုံး​ပေးချင်​​ပေမယ့်​လည်း
ရည်ရွယ်ချက်တွေအတွက်ကြိုးစားနေရတာ​တွေရှိခဲ့ဖူးတယ် ။

ပေါက်​ကွဲချင်​​ပေမယ့်​လည်း
ရင်​ထဲမျိုချလိုက်​ရတာ​တွေလည်းရှိခဲ့ဖူးတယ်​ ။

ပြောဖို့စကား​လုံး​တွေရှိ​နေ​ပေမယ့်​လည်း
စာနာ​ထောက်​ထားပြီးသီးခံရတာ​တွေရှိခဲ့ဖူးတယ်​ ။

အနိုင်​ယူလို့ရ​ပေမယ့်​လည်း
အ​ခြေအ​နေအရ အရှုံး​ပေးလိုက်​ရတာ​တွေရှိခဲ့ဖူးတယ်​ ။

ရင်​နာ​ပေမယ့်​လည်း
ဟန်​​ဆောင်​​နေရတာ​တွေလည်းခဲ့ဖူးတယ်​ ။

ရင့်​ကျက်​လာတဲ့လူတစ်​​ယောက်​ဖြစ်​ဖို့က
ဘဝဇာတ်​ခုံမှာ
ပုံစံအမျိုးမျိုးသ​ရုပ်​​ဆောင်​လာခဲ့ရတာပါ ။

ဒါ​တွေဟာ
ကျော်​ပြီးဖတ်​လို့မရသလို
မဖတ်​ချင်​လို့လည်းမရတဲ့
လောကဓံက​ပေးလာတဲ့ သင်​ခန်းစာ​တွေပါ ။

ဘဝဆိုတာကလည်း
ကိုယ့်​ဘဝကိုတစ်​​နေ့နဲ့တစ်​​နေ
ကောင်းလှ​အောင်
တော်​လာ​အောင်
လှပ​​လာ​အောင်
မရိုးနိုင်​တဲ့Character အမျိုးမျိုးနဲ့
ဖြတ်​သန်း​ကျော်​ဖြတ်​ရတာပါ ။

ဒါ​ကြောင့်
လဲ​နေရင်​ ကိုယ့်​ကိုယ်​ကိုပြန်​ထနိုင်​ရမယ်

ငိုင်​​နေရင်​ ကိုယ့်​ကိုယ်​ကိုပြန်တည့်​နိုင်​ရမယ်

စောင်း​နေရင်​ ကိုယ့်​ကိုယ်​ကိုပြန်မတ်​နိုင်​မယ်

ကျ​နေရင်​ ကိုယ့်​ကိုယ်​ကိုပြန်​​ကောက်​နိုင်​ရမယ်

ဘဝဆိုတာကိုယ်​အရှုံး​ပေးမှ
ရှုံးတာမဟုတ်​လား
ကိုယ့်​ကအရှုံးမ​ပေးသ​ရွေ့
ဘယ်​​တော့မှမရှုံးပါဘူး ။

ခဏတာယာယီဆုံးရှုံမှု​တွေကို
ထာဝရဆုံးရှုံးမှုလို့
ဘယ်​​တော့မှ
မသက်​မှတ်​လို​က်​ပါနဲ့ ။

ကိုယ့်​ဘဝရဲ့ဖန်​တီးရှင်
ကိုယ့်​ဘဝရဲ့ပဲ့ကိုင်​ရှင်​ဟာ
ကိုယ်​ကို​ယ်​တိုင်​ပါပဲ ။

ဒီ​တော့
ကိုယ်​လိုချင်​တဲ့
အောင်​မြင်​မှု ​အေးချမ်းမှု စိတ်​ချမ်းသာမှု ​ပျော်​ရွှင်​မှု​တွေဟာ
အ​ဝေးကြီးမှာ
သွားရှာစရာမလိုပါဘူး
ကိုယ့်​ရဲ့လက်​ထဲမှာဆိုတာ
မ​မေ့လိုက်​ပါနဲ့....။

ကိုယ်​ငိုရင်
ကိုယ်​ဆင်းရဲမှာပဲ ။

ကိုယ်​အားငယ်​ရင်
ကိုယ်​ကျရှုံးမှာပဲ ။

ကိုယ်​အရှုံး​ပေးရင်
ကိုယ်​​အောင်​မြင်​မှုနဲ့​ဝေးမှာပဲ ။

ကို​ယ်​မုန်းရင်
ကိုယ်​ပူ​လောင်​မှာပဲ ။

လောကရဲ့
ဘဝဇာတ်​ခုံမှာ
ဘယ်​လိုCharacterမျိုးပုံစံနဲ့ပဲကျကျ
ကိုယ့်​ဘဝကို
အ​ကောင်းဆုံးဖြစ်​​အောင်
အ​တော်​ဆုံးဖြစ်​​အောင်
လှပ​အောင်
သရုပ်​​ဆောင်​နိုင်​ဖို့ပါပဲ ။

" သက်​ရှည်​ကျန်းမာ စိတ်​ချမ်းသာ
လိုရာဆန္ဒ​တွေပြည့်​ဝကြပါ​စေ "

မျိုးဆက်​သစ်​အရှင်​{ဖို​လေးလုံး)

No comments:

Post a Comment