Sunday, July 14, 2019

ဒေါသတွေကို မြို ချနိုင်ခဲ့ရင် နောင်တတွေနဲ့ ကင်းဝေးနေမှာပဲ

ဒေါသတွေကို မြို ချနိုင်ခဲ့ရင်
နောင်တတွေနဲ့ ကင်းဝေးနေမှာပဲ ။
🌷
သည်းခံမှုကို ရက်ရော နိုင်ခဲ့ရင်
ရှုံးနိမ့်ခြင်းက ဝေးလွင့်သွားမှာပဲ ။
🌷
မနာလိုခြင်းတွေ ဖယ်ရှားပစ်လိုက်ရင်
အပြုံးတွေက ကြည်လင်နေမှာပဲ ။
🌷
ဘယ်အရာကိုမှ စိတ်နဲ့ ဆုပ်ကိုင်မထားခဲ့ရင်
ကိုယ့် စိတ်တွေ ပေါ့ပါးနေမှာပဲ ။
🌷
ကိုယ် မနှစ်သက်တဲ့အရာတွေကို
ဥပက္ခာပြု တတ်ရင်
ပူလောင်မှုနဲ့ ကင်းဝေးနေမှာပဲ ။
🌷
အသိဥာဏ်က ဆုံးမ တတ်ခဲ့ရင်
စိတ်နှလုံးသားက ငြိမ်းချမ်းနေမှာပဲ
🌷
ကိုယ်ကလွဲရင် လူတိုင်းအဆင်ပြေနေကြတယ်လို့
တွေးထင်ပြီး ကိုယ့်ဘဝ အတွက်
စိတ်ဓာတ်မကျ ပါနဲ့
အဆင်ပြေနေတယ်ထင်ရတဲ့ သူတွေမှာလည်း
သူ့အကြောင်းနဲ့သူ
အဆင်မပြေတာတွေ တစ်ခုထက် မက
ရှိနေနိုင်တယ်လေ
🌷
ဘဝ လမ်းက ကြမ်းတမ်း ခက်ထန်လို့
မပျော်ရွှင် နိုင်ခဲ့ရင်တောင်
စိတ်ညစ်ခြင်း ကင်းအောင်တော့ နေထိုင်ရမှာပဲ
🌷
ဘာပဲဖြစ်ဖြစ်
အဆင်ပြေတဲ့အထိလည်းထိုင်စောင့်မနေပါနဲ့
အဆင်ပြေအောင်ဆုတောင်းနေမယ့်အစား
အဆင်မပြေမှုတွေကြားကဖောက်ထွက်ကြည့်လိုက်ပါ
🌷
မတူညီတဲ့ဘဝတွေကိုလိုက်ညှိနေမယ့်အစား
မကင်းနိုင်တဲ့လူတွေကြားထဲမှာ
လိုက်လျောညီထွေ နေတတ်အောင်ပဲ
ကြိုးစားနေထိုင်ပါ...။

Credit   to #...ဒီနေ့ သစ်  2 1 : 6 : 19

No comments:

Post a Comment