👉တချို့ မိန်းမတွေ သိပ် `` အ ``တယ်
ယောက်ျာသားတွေဆိုတာ အချိုကြိုက်တဲ့အမျိုး
ဒါကို အိညှက် အိညှက် နဲ့  စကားချိုချိုလေးပြောပြီး
ကိုယ်လိုရာဖက် မသိမ်းသွင်းတတ်ဘူး …
ဒါပေမဲ့ ကျွန်မတို့ လိုမိန်းမတွေက
ယောက်ျား လုပ်စာထိုင်စားမဲ့ မိန်းမတွေမှမဟုတ်တာ
မောင်တစ်ထမ်း မယ်တစ်ရွက် အေးအတူပူအမျှ
ဘဝလမ်းကို လျှောက်ရဲတဲ့သူတွေလေ 👍👍👍
👉 တချို့ ယောက်ျားတွေက သိပ် `` အ `` တာ
ကိုယ့်အနားမှာ အကောင်းအဆိုးဝေဖန်ပိုင်းခြားပြတဲ့
မိန်းမတွေကို တန်ဖိုးထားရကောင်းမှန်း မသိဘူး …
`` နေရာတကာ လိုက်ပြောနေတာဘဲ ``
သိပ်စိတ်ပျက်ဖို့ ကောင်းတဲ့ မိန်းမဆိုပြီး မျက်လုံးထဲမှာ
သရဲမလို မြင်ကြပြီး ရှုန်းထွက်ကြပြေးတယ် 😂😂😂
👉 တချို့ မိန်းမတွေက တအား `` တုံး `` ကြတာ
ယောက်ျားဆိုတာ သာယာမှုကြိုက်တာ သိရက်နဲ့ 
လေပြေလေးသွေးပြီး ဆွဲဆောင်ဖို့ လည်းမသိဘူး
လိုရာကို မတောင်းဆိုဘဲ အချစ်ထက်
ဘဝကို ဦးစားပေးနေခဲ့တာ ……
ဒါပေမယ့် ကိုယ်တွေက အသက်ထက် အရှက်ကို
ဦးစားပေးတဲ့သူတွေလေ ……
ယောက်ျားကို ခိုင်းစားမယ့် မိန်းမတွေမှ မဟုတ်တာ ✌✌✌
👉 တချို့ ယောက်ျားတွေလေ အရမ်းကို ``တုံး `` တာ
ကိုယ့်ကို အရှိတိုင်ဆက်ဆံပြီး ကောင်းတဲ့လမ်းပြပေးတဲ့
မိန်းမတွေကို ဖမ်းဆုပ်ထားရမယ် မသိဘူး …
တဒင်္ဂ သာယာမှုပေးပြီး တန်ရာတန်ကျေးပြန်ယူတတ်တဲ့
မိန်းမတွေကိုမှ လိုက်ဖမ်းဆွဲနေကြတာ 😂😂😂
👉 တချို့ မိန်းမတွေလေ အရမ်းကို `` ထုံ `` ကြတာ
ယောက်ျားဆိုတာ လိုက်ဆွဲရင် ပတ်ပြေးတတ်မှန်း
သိရက်နဲ့  …
ကိုယ့်အပေါ်မကောင်းမှန်းသိတဲ့ ယောက်ျားကိုတောင်
တန်ဖိုးရှိရှိထားပြီး သစ္စာရှိရှိ ချစ်တတ်နေလိုက်ကြတာ
နောက်ကွယ်မှာ သာယာမှုရှာနေတာကို သိရက်နဲ့ တောင်
ရင်အနာခံ အမိအရ ဖမ်းဆွဲထားတတ်ကြတာ …
မှန်တယ်လေ ကိုယ်တွေက နောက်ကွယ်မှာ လော်မာ
ဖောက်ပြန်တတ်တဲ့ မိန်းမတွေမှ မဟုတ်တာ …
ကိုယ်တိုင်လည်း သစ္စာတရားကို တန်ဖိုးထားသလို
တစ်ယောက်ဆိုတစ်ယောက် တန်ဖိုးထားပြီး
ချစ်ခဲ့ရ တာလေ ✊✊✊
👉 တချို့ ယောက်ျားတွေလေ အရမ်းကို `` မိုက်မဲ`` တာ
ကိုယ့်အပေါ် စိုးရိမ်ကြီးပြီး စေတနာနဲ့  အမြင်မတော်တာ
ထောက်ပြ ''' ကိုယ့်အပေါ် ချစ်လွန်းတော့ သဝန်တိုတတ်တဲ့
သစ္စာကြီးကြီးမားမားထားပြီး ချစ်တတ်တဲ့
မိန်းကလေးတွေကိုကျ ရစ်လွန်းတယ်ဆိုပြီး စွန့် ပစ်လိုက်
ကြတယ်လေ …
ယင်ကောင်မတွေလို အသံတိတ်ပြီး အေးအေးလေးနဲ့ 
ကိုယ့်ကို နွားလို ခိုင်းစားမဲ့ မိန်းမတွေကိုကျ ပိုပြီးတန်ဖိုးရှိတယ်
မှတ်ယူကြတာ 😂😂😂
👉 တချို့ မိန်းမတွေလေ သိပ် `` ရိုး ``တာ
ယောက်ျားဆိုတာ ဆန်းဆန်းပြားပြားတွေဘဲ မက်မောကြ
တာ သိရက်နဲ့  မာယာဆိုတဲ့ လက်နက်ကို မသုံးဘူး …
ကိုယ့်ချစ်သူ အပေါ် ပွင့်ပွင့်လင်းလင်းဘဲဆက်ဆံခဲ့တာ
ကိုယ့်ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်မဲ့အရာ ဘာမှမပေးတတ်ဘူး…
နေမကောင်းတာတောင် ကောင်းတယ် ပြောတတ်ကြတာ……
ဒါဘဲလေ ကိုယ်တွေက သူတပါးအားကိုးပြီး အသက်ရှင်မဲ့
မိန်းမတွေမှ မဟုတ်တာ ကိုယ့်ခြေကိုယ့်လက်နဲ့ 
ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေကြတာလေ …
သူမျာနှာခေါင်းနဲ့  အငှားသုံးပြီး အသက်ရှူမဲ့သူတွေမှ
မဟုတ်တာ 👆👆👆👆
👉 တချို့ ယောက်ျားတွေလေ အရမ်း `` ပြိန်းတာ ``
ကိုယ့်အပေါ် နားလည်မှုအပြည့်ထားပြီး ဂရုတစိုက်ရှိတဲ့
မိန်းမကိုကျ ခံစားလို့  မရဘူးတဲ့ …
ခွေးအကြီးလို သဘောထားပြီး `` လိပ်တစ်ကောင်လို
ယက်ယူမဲ့ မိန်းမတွေကိုကျ မြတ်နိုးတန်ဖိုးထားလိုက်
ကြတာ လျှာတစ်လစ်ထွက်ရင်တောင် နောင်တရကြမှာ
မဟုတ်ဖူး 😂😂😂
👉👉 သေချာမှတ်ထား ဘယ်မိန်းမမှ
မ `` အ ` ` ဘူး ရိုးသားမှုကို လက်ကိုင်ထားနေကြတာ ။
မ``တုံး ``ဘူး မေတ္တာထားတတ်လွန်းလို့  ခွင့်လွှတ်ပေးနေတာ။
မ `` ပြိန်း `` ဘူး သစ္စာတရားကို တန်ဖိုးထားလို့  သည်းခံပေး
နေတာ ။
မ `` ထုံ `` ဘူး ပြောသမျှစကား ယုံကြည်ပေးနေတာ
ကိုယ့်ချစ်သူကို တန်ဖိုးထားလို့  နားလည်မှုပေးထားတာ ။
မိန်းမခြင်းတူတယ် စိတ်ဓါတ်ခြင်းကွဲပြားတယ် ။
ပစ္စည်းခြင်းတူတယ် ကိုယ်တန်ဖိုးထားတတ်မှုအပေါ်
တန်ဖိုးသက်ရောက်သွားတယ် ။
တန်ဖိုးကို ခွဲခြားတတ်ဖို့ က သင့်ရဲ့ စိတ်ဓါတ်နဲ့ 
လုပ်ရပ်အပေါ်မှာဘဲ ကွဲပြားပါလိမ့်မယ် ။
credit
Photo crd

No comments:
Post a Comment