💚#ကတိတခုရဲ့တန်ဖိုး💚
.💜💜💜💜💜💜💜
❤#အရမ်းအေးတဲ့ ညတစ်ညမှာ
ဘုရင်ကြီးသည် မိမိရဲ့ နန်းတော်ကို ပြန်လာခဲ့စဉ်
အဝတ်ပါးပါးလေးဝတ်ပြီး မတ်တတ်ရပ်နေတဲ့
အဖိုအိုကင်းသမားကိုတွေ့လေသည်။
❤#ထိုအခါ ဘုရင်ကြီးသည်
အဖိုးအိုနားကပ်၍မေးလေသည်။
အဘ အအေးဒဏ်မခံရဘူးလား?မအေးဘူးလား?
❤#အဖိုးအိုပြန်ဖြေလေသည်။
ဘုရင်ကြီး အရမ်းအေးပေမဲ့လဲ
ဝတ်စရာအနွေးထည် ကျွန်ုပ်မှာမရှိပါဘူး။
ဒါကြောင့် ကျွန်ုပ်အဖို့အအေးဒဏ်ကို ခံနေယုံမှ
အပ တခြားလွတ်မြောက်စရာနည်းလမ်းမရှိပါ။
❤#ဘုရင်ကြီးက မိန့်လေသည်။
ကယ် ကောင်းပြီး။
ကျွန်တော်ယခုနန်းတော်ထဲသွားပြီး အစေခံတစ်ယောက်ကို အဘ
အတွက် အနွေးထည်ပေး၍လွတ်ပေးပါမည်။
❤#ကင်းသမားအဖိုးအိုသည်
ဘုရင့်ကတိစကားကြား၍
အတိုင်းမသိ ဝမ်းသာသွားလေသည်။
❤#ဒါပေမဲ့လဲ ဘုရင်ကြီးသည်
နန်းတွင်းသို့ရောက်ပြီးသည်နှင့်
မိမိကတိစကားကိုမေ့သွားလေးသည်။
❤#မနက်လင်းသော်
ကင်းသမားအဖိုးအိုသေဆုံးနေပြီး။
မိမိရဲ့အနားမှာ တုန်ရီနေသောလက်ရေးဖြင့်
စာလေးတစ်စောင်ရေးထားခဲ့သည်။
💚#စာထဲမှာရေးထားသည်မှာ.…………
💙#ကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း
အအေးဒဏ်ခံရင် ကျော်ဖြတ်ခဲ့ပါတယ်။
သို့သော် ဘုရင်ကြီး ကျွန်ုပ်ကို
အနွေထည်ပေးမည် ဆိုတဲ့ကတိစကားသည်
ကျွန်ုပ်ရဲ့အအေးဒဏ်ခံနိုင်စွမ်းကို ရုတ်သိမ်း၍
နောက်ဆုံး ကျွန်ုပ်ကို သေစေခဲ့သည်။
💚#မှတ်ချက်
💜#ရံဖန်ရံခါ မိမိရဲ့ ပေါ့ပျက်ပျက်ကတိစကားသည်
မိမိထင်ထားသည်ထက်ပို၍ သူတစ်ပါးကို
ဒုက္ခ ရောက်စေနိုင်သည်။ဒါကြောင့်
လွယ်လွယ်နှင့်ကတိမပေးလေနှင့်။
ပေးပြီးသားကတိ မဖျက်လေနှင့်။
သင့်ရဲ့ကတိစကားသည် မည်သို့မည်ပုံ
ထိခိုက်နှစ်နာစေသည်ကိုသင်မသိနိုင်ပါ။
အားနွဲ့သူများကိုစာနာပါ။
💖#CREDIT_ဘုန်း

No comments:
Post a Comment